နေပြည်တော်၌ ပညာဒါနသင်တန်းကျောင်း များကို လူငယ်များ အားကိုးအားထားပြုလာ

နေပြည်တော်ကောင်စီနယ်မြေရှိ မြို့နယ်အချို့၌ အလုပ်အကိုင်အခွင့်အလမ်းအတွက် အသက်မွေး
ဝမ်း ကျောင်းသင်တန်းများ တက်ရောက်သင်ကြားရာတွင် ပညာဒါနသင်တန်းများကို အားကိုးအား
ထားပြုလာကြသည်ဟု ပညာဒါနသင်တန်းများနှင့် ဒေသခံ လူငယ်များထံမှ စုံစမ်းသိရသည်။

"သင်တန်းတွေက အပြင်မှာဆို ကျပ် နှစ်သောင်း၊ သုံးသောင်းပေးပြီး တက်ရတာ။ မတက်နိုင်တဲ့
ကလေးတွေအတွက် သူတို့ဘ၀လေးတွေ တိုးတက်အောင်ရည်ရွယ်ပြီး ဖွင့်ဖြစ်တာပါ" ဟု ပျဉ်းမနား
မြို့၌ အင်္ဂလိပ်စာနှင့် ကွန်ပျူတာပညာဒါနသင်တန်း ဖွင့်လှစ်ထားသူ ဆရာတော် ဦးနာယကက
မိန့်ကြားသည်။

ပြီးခဲ့သည့် တစ်နှစ်ခန့်မှစ၍သင်တန်းကို စတင်ဖွင့်လှစ်ခဲ့သောအဆိုပါသင်တန်းတွင် နေ့စဉ် အင်္ဂလိပ်
စာနှင့် ကွန်ပျူတာသင်တန်းချိန် ခြောက်ချိန်ရှိပြီး သင်တန်းသားပေါင်း ၁၀၀ ခန့် ရှိသည် ဟု
ဆရာတော်က မိန့်ကြားသည်။

နံနက်ပိုင်းအချိန်တွင် လူငယ်ကျောင်းသားများ အများစုတက်ရောက်ပြီး ညနေရုံးဆင်းချိန်များတွင်မူ
အစိုးရ နှင့် ပုဂ္ဂလိက၀န်ထမ်းများ အများစုတက် ရောက်ကြသည်ဟု ဆရာတော်က မိန့် ကြားသည်။

"ပျဉ်းမနားမြို့ထဲနဲ့ အနီးဝန်းကျင်ရွာ တွေက အဓိက တက်ကြပါတယ်။ ဘုန်းဘုန်းက ရခိုင်ဇာတိဆို
တော့ ရခိုင် ပြည်နယ်ကနေလာပြီးတော့ ကျောင်းမှာ နေပြီး တက်နေတဲ့သူတွေလည်းရှိပါ တယ်"ဟု
ဆရာတော်က မိန့်သည်။

"ကွန်ပျူတာ ဖိုတိုရှော့သင်တန်းပြီး သွားပြီ။ ကွန်ပျူတာနဲ့ပတ်သက်ပြီး အသက်မွေးချင်ပါတယ်"ဟု
စစ်ကိုင်း တိုင်းဒေသကြီး၊ ရေဦးမြို့နယ်မှ ဘုန်းကြီး ကျောင်း၌ နေထိုင်၍ သင်တန်းတက်သူ နောက်
ဆုံးနှစ်ကျောင်းသား ကိုချမ်းကိုကို ထွန်းက ပြောသည်။

'စိုး' လျှပ်စစ်ဖောင်ဒေးရှင်းမှ ဖွင့်လှစ် သည့် ကွန်ပျူတာသင်တန်းတွင်လည်း ကွန်ပျူတာပညာကို
အခြေခံမှစတင်၍ သင်ကြားပေးနေပြီး သင်တန်းသား ပေါင်း ၁၂၀ ခန့် ရှိသည်ဟု ဖောင်ဒေးရှင်း
ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောသည်။

ပျဉ်းမနားမြို့နယ်ရှိ တက္ကသိုလ်ဝင် တန်းအောင်၊ ဘွဲ့ရ၊ အခြားအခြေခံပညာ အောင်မြင်ပြီး အလုပ်
မရှိသူလူငယ် လူရွယ်များ ရိုးသားကြိုးစား၍ လူ့အဆင့် အတန်း တန်းတူရပ်တည်နိုင်ရန် အသက်
မွေးဝမ်းကျောင်းပညာများ အခမဲ့သင် ကြားတက်မြောက်စေရန် ရည်ရွယ်သည် ဟုလည်း ၎င်းက
ပြောသည်။

"ယဉ်ကျေးလိမ္မာသော သားကောင်း သမီးကောင်းများဖြစ်စေဖို့ ရည်ရွယ်ပြီး ယဉ်ကျေးလိမ္မာအခြေခံ
သင်တန်းတွေ၊ အဘိဓမ္မာပြန့်ပွားရေးသင်တန်းတွေကို လည်း ပူးတွဲသင်ကြားပေးပါမယ်" ဟု ၎င်းက
ပြောသည်။

အလုပ်အကိုင် တိုက်ရိုက်ရရှိနိုင်သည့် ယာဉ်မောင်းသင်တန်း၊ စက်ပြင်သင် တန်းများနှင့် အင်္ဂလိပ်စာ
ရေး၊ ဖတ်၊ ပြော သင်တန်းများကိုလည်း မကြာမီ တိုးချဲ့ ဖွင့်လှစ်သွားမည်ဟုလည်း ၎င်းက
ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - နေပြည်တော်

အကြည့်အများဆုံး - နေပြည်တော်သတင်း