တက္ကသိုလ်ဆောက်လုပ်မည် ဖြစ်သော်လည်း အိမ်ခြံမြေဈေးကွက် ထူးခြားမှုမရှိသေး

နေပြည်တော် တည်ဆောက်ရေးလုပ်ငန်းခွင်တစ်ခုကို ၂ဝ၁ဝ ပြည့်နှစ်အတွင်းက တွေ့ရစဉ်။  ဓာတ်ပုံ - မြန်မာတိုင်း (မ်)နေပြည်တော် တည်ဆောက်ရေးလုပ်ငန်းခွင်တစ်ခုကို ၂ဝ၁ဝ ပြည့်နှစ်အတွင်းက တွေ့ရစဉ်။  ဓာတ်ပုံ - မြန်မာတိုင်း (မ်)

နေပြည်တော်၏ ပထမဆုံးတက္ကသိုလ်ကို ပုဗ္ဗသီရိမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်အကြားတွင်
တည်ဆောက်မည်ဖြစ်သော်လည်း အိမ်ခြံ မြေဈေးကွက်မှာမူ ထူးခြားမှုမရှိသေးကြောင်း
မြန်မာနိုင်ငံအိမ်ခြံမြေအသင်း (နေပြည်တော်)၏ အိမ်ခြံမြေအခက်အခဲ ဖြေရှင်းရေး
အဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဝင်းက ဒီဇင်ဘာ ၅ ရက်တွင် ပြောသည်။

''တက္ကသိုလ်ဆောက်မယ်ဆိုတာ သတင်း အရတော့ ကြားသိထားတာရှိပါတယ်။
ပုဗ္ဗသီရိမြေဈေးကတော့ တက္ကသိုလ်ဆောက် မယ်လို့ ပြောတာနဲ့ အခုလောလောဆယ်မှာ
မြေဈေးအတက်အကျ ထူးခြားမှုဖြစ်စဉ်တစ်ခုအနေနဲ့တော့ မတွေ့ရှိရသေးပါဘူး။

ယခင်သာမန်အရောင်း၊ အဝယ်အတိုင်းပဲ ပုံမှန်ပဲရှိတယ်''ဟု ¤င်းက ပြောသည်။
ပုဗ္ဗသီရိမြို့နယ်တွင် အစိုးရအငြိမ်းစား များ နေထိုင်သည့် ရပ်ကွက်များတွင် အိမ်ခြံမြေ
အရောင်းအဝယ်ပိုဖြစ်ပြီး၊ တပ်မတော်မှ အငြိမ်းစားများနေထိုင်သည့် ရပ်ကွက်များတွင်
ပုံမှန်အရောင်း၊အဝယ်သာရှိသည် ဟု ဆိုသည်။ ''တပ်ပုဗ္ဗသီရ (တပ်မတော် အငြိမ်းစားများ
နေထိုင်ရာ)က နေပြည်တော်မှာ ဈေးနှုန်း အချိုဆုံးနေရာဖြစ်တယ်။ နေရာအနေအထားအလိုက်
ဆိုရင်တော့ မြေကွက်တစ်ကွက်ကို ကျပ်သိန်း ၁ဝဝ ပတ်ချာလည် ရနေတယ်''ဟု
ဦးခင်မောင်ဝင်းက ပြောသည်။

လတ်တလောပေါက်ဈေးအရ ပေ ၄ဝ၊ ပေ ၆ဝ မြေကွက်တစ်ကွက်လျှင် ငွေကျပ် သိန်း ၆ဝ နှင့်
၈ဝ ကြား ရှိနေပြီး ပေ ၆ဝ၊ ပေ ၈ဝ မြေကွက်မှာ ကျပ်သိန်း ၇ဝ မှ ၁ဝဝ အကြားရှိနေသည်ဟု ဆိုသည်။
''ပုဗ္ဗသီရိရဲ့ မြေဈေး ကွက်က ကြိုက်ရောင်း၊ ကြိုက်ဝယ်အနေ အထားပဲရှိနေပါတယ်''ဟု
ဦးခင်မောင်ဝင်းက ပြောသည်။ ပုဗ္ဗသီရိမြို့နယ်တွင် နေ့စဉ်မြေကွက် တစ်ကွက်မှ နှစ်ကွက်အထိသာ
အရောင်းအဝယ်ဖြစ်နေပြီး နေပြည်တော်အိမ်ခြံမြေ ဈေးကွက်သည် နိုင်ငံရေးအရ ဒွန်တွဲနေသည့်အတွက်
လာမည့်နှစ်တွင် ပြန်လည်ဦး မော့ လာနိုင်သည်ဟု ဦးခင်မောင်ဝင်းက သုံးသပ် ထားသည်။

''မြေဈေးအတက်အကျက လက်ရှိ အစိုးရရဲ့ ဆောင်ရွက်နေမှုအပေါ်မှာ မူတည်တယ်၊
နောက်ပြီး ဒါက နိုင်ငံရေးနဲ့လည်း ဆက်နွှယ်နေတာဖြစ်တဲ့အတွက် နိုင်ငံရေးအပေါ်မှာပဲ
မူတည်တယ်။ စီးပွားရေးလုပ်ငန်းရှင်ကြီး တွေက စောင့်ကြည့်နေတဲ့ အနေအထားဖြစ်တယ်။
ရင်းနှီးမြှုပ်နှံမယ့်သူက စဉ်းစားနေတဲ့အနေအထားမှာ ရှိနေတယ်၊ ပုံမှန်ကတော့
အရောင်းအဝယ်ဖြစ်ပါတယ်''ဟု ¤င်းက ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - နေပြည်တော်

အကြည့်အများဆုံး - နေပြည်တော်သတင်း