လ၀က၀န်ထမ်းဦးရေ ၅၀ ဦး အရေးယူထားကြောင်း ပြည်ထောင်စုဝန်ကြီးပြော

လက်ရှိအစိုးရသစ်လက်ထက်တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
လက်အောက်ရှိ လူဝင်မှုကြီးကြပ်ရေး ၀န်ထမ်းဦးရေ ၅၀ ဦးကို အရေးယူထားသည်ဟု ပြည်ထောင်စု
ဝန်ကြီး ဦးသိန်းဆွေက မတ်လ ၉ ရက်နေ့တွင် ပြောကြားလိုက်သည်။

အဆိုပါနေ့က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ
မေးမြန်းသည့် မေးခွန်းများလာရောက်ဖြေဆိုပြီးနောက် ပြန်လည်ထွက်ခွာစဉ် ၄င်းက အထက်ပါအတိုင်း
ပြောကြားခဲ့ခြင်းဖြစ်သည်။

“လက်ရှိအရတော့ ၅၀ ဦးလောက် ရှိနေပြီ၊ လ၀က စည်းမျဉ်းစည်းကမ်းတွေ ဖောက်ဖျက်လို့၊
လိုအပ်ချက်တွေရှိလို့၊ တိုင်ကြားချက်တွေရှိလို့၊ နောက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေရဲ့
မေးခွန်းများအရ ဆောင်ရွက်တာ တွေမရှိလို့ အရေးယူရတာဖြစ်တယ်” ဟု ဦးသိန်းဆွေက ပြောသည်။

လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းများ အရေးယူခံရသည့် အဓိကအချက်များမှာ မသင့်မလျော်သည့်
ငွေကြေး တောင်းခံခြင်း၊ ဆက်ဆံရေး အဆင်မပြေခြင်းနှင့် ချမှတ်ထားသည့် အမိန့်နှင့်
ညွှန်ကြားချက်များ ပျက်ကွက်ခြင်းတို့ကြောင့် ဖြစ်ကြောင်း ၄င်းက ဆိုသည်။

“ဒီလိုဖြစ်စဉ်တွေနဲ့ အခုအချိန်မှာ အရေးယူခံရတဲ့ ဖြစ်စဉ်ကတော့ ရန်ကုန်တိုင်းဒေသကြီးက
အများဆုံးဖြစ်နေတာပေါ့” ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်
ဦးမြင့်ကြိုင်က မြန်မာတိုင်း(မ်)ကို ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - နေပြည်တော်

အကြည့်အများဆုံး - နေပြည်တော်သတင်း