Thursday, 31 July 2014

လာမည့်ကြံစိုက်ရာသီအတွက် ပျဉ်းမနားနှင့် လယ်ဝေးရှိ ကြံစိုက်ဧက ၆,၅၀၀ ကို စိုက်စရိတ် ထုတ်ချေးမည်

အမှတ်(၂)သကြားစက်တွင် ကြံကားများနှင့် ကြံများ လာရောက်ရောင်းချနေသည်ကို တွေ့ရစဉ်။ စုလှိုင်ထွန်း/မြန်မာတိုင်း(မ်)အမှတ်(၂)သကြားစက်တွင် ကြံကားများနှင့် ကြံများ လာရောက်ရောင်းချနေသည်ကို တွေ့ရစဉ်။ စုလှိုင်ထွန်း/မြန်မာတိုင်း(မ်)

နေပြည်တော် ပျဉ်းမနားနှင့် လယ်ဝေးရှိ ကြံစိုက်တောင်သူများအတွက် စိုက်ဧက ၆၅၀၀ ခန့်ကို စိုက်စရိတ်ထုတ်ချေး
ပေးမည်ဟု အမှတ်(၂)သကြားစက် ပျဉ်းမနား စက်ရုံ၏ စက်ရုံမှူးက ဒီဇင်ဘာလ ၇ ရက် နေ့က မြန်မာတိုင်း(မ်)ကို
ပြောသည်။

၂၀၁၃-၁၄ ကြံစိုက်ရာသီအတွက် ပထမအရစ် စိုက်စရိတ်ကို ပြီးခဲ့သည့် နိုဝင်ဘာလက ဧက ၃၅၀ ကျော်အတွက်
ချေးငွေကျပ် ၆၀၁ သိန်း ထုတ်ပေးပြီးဖြစ်သည်။

"စိုက်စရိတ်တွေကို ကုမ္ပဏီကလည်း ထုတ်ပေးတယ်။ တောင်သူတွေအနေနဲ့ အထွက်နှုန်းတိုးအောင် ကိုယ့်စိုက်ခင်း
တွေကို ပစ်မထားဘဲ ဂရုစိုက်စေချင်တယ်။ ပေးတဲ့ဈေးမှာဆို အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်မယ်ဆိုပိုရပါတယ်"ဟု စက်ရုံ
မှူး ဦးခင်မောင်အေးက ပြောသည်။

ယုဇနစိုက်ပျိုးရေးကုမ္ပဏီက ဘီအိုတီစနစ်နှင့် ပြောင်းလဲယူခဲ့သည့် အဆိုပါသကြားစက်သည် စိုက်ဧကတစ်ဧကလျှင်
ကျပ် ၂၆၈,၀၀၀ ဖြင့် ကြိုတင်ထုတ် ချေးခဲ့ကြောင်း သိရသည်။

ထိုထဲတွင် မြေပြင်စရိတ်၊ မျိုးစေ့ခ၊ ဓါတ်မြေဩဇာခ နှင့် မိုးကျလုပ်သားခများပါဝင်သည်။

"ခုဆို တစ်နှစ်ထက်တစ်နှစ် စိုက်ဧက တွေလည်းတိုးလာပြီး တန်ချိန်တွေလည်း တော်တော်များ တိုးလာပါတယ်"ဟု
ဦးခင်မောင်အေးက ပြောသည်။

၂၀၁၂-၂၀၁၃ ခုနှစ်က ကြံစိုက်ဧက ၄,၀၀၀ စိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် ဧက ၅၅၀၀ ခန့်စိုက်ပျိုးမည့်အနေအထားကို
တွေ့ရှိရသည်။

ယုဇနစိုက်ပျိုးရေးကုမ္ပဏီက စိုက်ဧက ၁၀,၀၀၀ခန့်ထိ ချေးငွေ ထုတ်ပေးရန်စီမံထားကြောင်း စိုက်ပျိုးရေးတာဝန်ခံက
ပြောသည်။

ယခုနှစ်တွင်လည်း ကြံတစ်တန်ကို ကျပ် ၃၀,၀၀၀ အသားတင်နှင့် သယ်ယူစရိတ်၊ လုပ်သားခတို့ကို ထုတ်ပေးခဲ့
ကြောင်း သိရသည်။

"ကိုယ်တွေက အဲဒီလောက်ထိ ထုတ်ချေးချင်တယ်။ ဒါပေမယ့် တောင်သူတွေက မလိုက်နိုင်ကြသေးဘူး။ မတ်ပဲစိုက်
ရင် ကောင်းမလားဆိုတာတွေ ရှိသေးတယ်။ စက်ရုံလည်း တစ်နှစ်ကို လေးလလောက် လည်နိုင်တဲ့အထိ ဖြစ်စေချင်
တယ် မှန်းထားတယ်။ တကယ်စိုက်ရင် ကိုက်တယ်ဆိုတာသိလို့ ဧကတိုးစိုက်တဲ့ တောင်သူတွေရှိပါတယ်"ဟု
စိုက်ပျိုးရေး တာဝန်ခံ ကိုသန်းဇော်က ပြောသည်။

လက်ရှိအချိန်ထိ စိုက်ချေးငွေထုတ်ပေးပြီး တောင်သူ ၂၀၄ ဦးနှင့် စိုက်ဧက ၃၅၆ ဒသမ ၅ ဧက ဖြစ်ကြောင်းသိရ
သည်။

ကြံစိုက်တောင်သူများတွင် စိုက်ဧကများသည့် တောင်သူကြီးများသည်သာ ကြွေးကျန်မရှိနှင့် ဧကနည်းသည့်
တောင်သူများသည် စိုက်ခင်းဂရုပြုမှုနည်းခြင်း၊ အခြေခံပြည့်စုံမှုမရှိခြင်းများကြောင့် အမြတ်ငွေပိုရရှိမှုနည်းနေသည်
ကို တွေ့ရသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နေပြည်တော်သတင်း