အမေရိကန် ဂျီအီးကုမ္ပဏီရုံးခန်း နေပြည်တော်၌ ဖွင့်လှစ်

နိုင်ငံတကာ၌ စက်ယန္တရားထုတ်လုပ်မှုတွင် ထိပ်တန်းနေရာရရှိထားသည့် အမေရိကန်အခြေစိုက် 
GE ကုမ္ပဏီက နေပြည်တော်၊ သင်္ဂဟဟိုတယ်တွင် မေလ ၂၂ ရက်နေ့က ရုံးခန်းဖွင့်လှစ်လိုက်ပြီဖြစ်
ကာ ရုံးခန်းဖွင့်လှစ်ပွဲနှင့်အတူ မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအင် ထုတ်လုပ်နိုင်မှု စွမ်းဆောင်ရည်မြင့်မား
စေရေးကိုလည်း တာဝန်ရှိသူများ နှင့် ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

"ပြည်တွင်းပြုပြင်ပြောင်းလဲမှုတွေ တိုးတက်နေတဲ့ မြန်မာနိုင်ငံရဲ့ လတ်တလောလိုအပ်နေတဲ့
လျှပ်စစ်စွမ်းအား၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ သယ်ယူပို့ဆောင်ရေး ဆိုင်ရာတွေမှာ တိုင်းပြည်ရဲ့
အနာဂတ်အတွက် ထောက်ပံ့မှုတွေကို တိုးတက်ကူညီသွားဖို့ ကျွန်တော်တို့မျှော်မှန်းထားပါတယ်။
ဒီနေ့ရုံးခန်းဖွင့်လှစ်ပွဲက မြန်မာနိုင်ငံတိုးတက်မှုအတွက် ရေရှည်ပူးပေါင်းဆောင်ရွက်ခြင်းနဲ့ ကြုံတွေ့
နေရတဲ့ စိန်ခေါ်မှုအခက်အခဲတွေကို ပြည်တွင်း အဖွဲ့အစည်းတွေ အစိုးရအဖွဲ့အစည်း တွေနဲ့အတူ
ပူးပေါင်းလုပ်ဆောင်သွားမယ့် ပြယုဂ်လည်း ဖြစ်ပါတယ်"ဟု GE ကုမ္ပဏီ၏ အာဆီယံဒေသဆိုင်ရာ
အမှုဆောင် အရာရှိချုပ် Mr.Stuart Deam က ပြောသည်။

အလုပ်ရုံ ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး Parami Energy ကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ်
ဦးပြည့်ဝထွန်း ကလည်း "ဒီအလုပ်ရုံဆွေးနွေးပွဲကတော့ မြန်မာနိုင်ငံမှာ ဂက်စ်ထုတ်နေတဲ့ ကိုးနေရာ
မှာရှိတဲ့ စက်တွေ စွမ်းဆောင်ရည် တွေကျနေပြီး ထုတ်လုပ်နိုင်မှုက တစ်ဝက်လောက်ပဲရှိတယ်။
ဒါက စက်ပစ္စည်းတွေမှာ တစ်ခုခုဖြစ်နေလို့။ အဲဒီထဲမှာ GE ပစ္စည်းတွေကို မူရင်းထုတ်လုပ်သူတွေ
ကိုယ်တိုင် အဖြေရှာပြီး အချိန်တိုတိုနဲ့ စွမ်းဆောင်ရည်မြင့်တက်လာအောင် ဆောင်ရွက်နိုင်ဖို့၊
ဒါတွေကို ကိုင်တွယ်နေတဲ့ အင်ဂျင်နီယာတွေနဲ့ GE က ပညာရှင်တွေတိုင်ပင်ကြမှာပါ"ဟု ပြော
သည်။

ယခင်က စီးပွားရေးပိတ်ဆို့မှုများကြောင့် GE စက်ပစ္စည်းတွေရဲ့ အပိုပစ္စည်းများကို မူရင်းမထည့်ခြင်း၊
ပြုပြင်ထိန်းသိမ်းခြင်း မလုပ်ခြင်းတို့ကြောင့် ဓာတ်အားထုတ်လုပ်မှုများတွင် စွမ်းဆောင်ရည် လျော့
ကျလာခြင်းဖြစ်သည်ဟု သိရသည်။

ထို့အတွက် မြန်မာ နိုင်ငံတွင် ဂက်စ်ဖြင့် လျှပ်စစ်ထုတ်လုပ်နေသည့် ကိုးနေရာ၏ ဓာတ်အားထုတ်
လုပ်နိုင်မှုသည် မဂ္ဂါဝပ် ၇၀၀ ဟု ဆိုသော် လည်း မဂ္ဂါဝပ် ၃၅၀ သာ ထုတ်လုပ်နိုင်သည်ဟု
ဦးပြည့်ဝထွန်းက ဆိုသည်။

"ဒါက နိုင်ငံအတွက် အရမ်းကောင်းတဲ့ အစီအစဉ်ပါ။ လက်ရှိ ဟောင်းနေတဲ့ ဂက်စ်တာဘိုင်တွေကို
မူရင်း GE က ပြန်လာပြီး ပြတ်သွားတဲ့ နှစ် ၂၀ လောက်မှာ သူတို့ရဲ့ အဆမတန်မြင့် တက်သွားတဲ့
နည်းပညာတွေကို အပြီးသတ် အစားထိုးရမှာတွေကို ဆောင်ရွက်နိုင်ဖို့ အမှန်တကယ်လုပ်ပေးမှာပါ။
ဒီအဖွဲ့အစည်းက အကျိုးအမြတ်တစ်ခုတည်းအတွက် မြန်မာနိုင်ငံကို ရောက်လာတာ မဟုတ်ပါဘူး"
ဟု ပြည်တွင်း စွမ်းအင်ကုမ္ပဏီအဖြစ် တွဲဖက်လုပ်ကိုင်မည့် ၎င်းက ပြောသည်။

၂၀၁၅ ခုနှစ်အရောက် မြန်မာနိုင်ငံတွင် ပြည်တွင်းလျှပ်စစ်စွမ်းအားပမာဏ နှစ်ဆတိုးတက်စေရန်ဟူ
သည့် ရည်မှန်းချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဓာတ်ငွေ့ အခြေခံထုတ်လုပ်သော လျှပ်စစ်စွမ်းအား
မဂ္ဂါဝပ် ၅၀၀ တိုးတက်ထုတ်လုပ်နိုင်ရန် GE က မျှော်မှန်းထားသည်ဟု ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် အသုံးပြုနေသည့် လျှပ်စစ်စွမ်းအင်၏ ၂၀ ရာခိုင်နှုန်းကို သဘာဝဓာတ်ငွေ့ ဓာတ်
အားပေးစက်ရုံများမှ ထုတ်လုပ်နေသည့်အတွက် ထိုစက်ရုံများ၏ တာဘိုင်များ၊ အင်ဂျင်များ
ကြုံတွေ့နေရသည့် အခက်အခဲများကို ဖြေရှင်းမည်ဖြစ်သည်။

GE သည် ယမန်နှစ်က မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်လာခဲ့ပြီး အများ ပြည်သူများနှင့် သက်ဆိုင်
သည့် ကျန်းမာရေးစောင့်ရှောက်မှုများ၊ သယ်ယူပို့ဆောင်ရေးဆိုင်ရာ လိုအပ်ချက်များ၊ စွမ်းအင်ထုတ်
လုပ်မှုများကို ပုဂ္ဂလိက ကဏ္ဍ၊ အများပိုင်ကဏ္ဍများနှင့် တွဲဖက်ဆောင်ရွက်နေသလို လျှပ်စစ်ကဏ္ဍ
လိုအပ်ချက်များကိုလည်း ဆောင်ရွက်နေသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - နေပြည်တော်

အကြည့်အများဆုံး - နေပြည်တော်သတင်း