နေပြည်တော် လယ်ဝေးမြို့နယ် ရွှေပြည်သာကျေးရွာ၌ အစိုးရ မူလတန်းကျောင်း ဖွင့်ပေးစေလို

နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပေါက်မြိုင်ကျေးရွာ အုပ်စု၊ ရွှေပြည်သာကျေးရွာရှိ
ကိုယ်ထူ ကိုယ်ထကျောင်းကို အစိုးရ အခြေခံပညာ မူလတန်းကျောင်းခွဲအဖြစ် တိုးမြှင့် ဖွင့်လှစ်ပေး
ရန်လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

"ကိုယ်ထူကိုယ်ထကျောင်းဖြစ်လို့ ကလေးတွေ ပညာရေးအတွက် တကယ့်ကို အခက်အခဲရှိပါ
တယ်။ ပြီးခဲ့တဲ့နှစ်ကဆိုရင် ဆရာမနှစ်ဦးကို ငှားပြီး သင်နိုင်တယ်။ ဒီနှစ်ကတော့ စားဝတ်နေရေး
အခက်အခဲကြောင့် တစ်ယောက်ပဲငှားပြီး သင်နိုင်တယ်"ဟု ရွှေပြည်သာကျေးရွာမှ ဦးတင်စိုးက
ပြောသည်။

အဆိုပါကျောင်းကို ၁၉၈၇ - ၈၈ ပညာသင်နှစ်မှ စတင်၍ ကိုယ့်အားကိုယ်ကိုး ဖွင့်လှစ်ခဲ့ပြီး အငှား
ဆရာများ ဖြင့်သာ ယနေ့တိုင် သင်ကြားနေရကြောင်း သိရသည်။

လက်ရှိ သင်ကြားနေသည့် ကျောင်းသား ကျောင်းသူ စာရင်းအရ ၇၇ ဦးရှိပြီး ရွှေပြည်သာကျေးရွာ
တွင် နေထိုင်သူ အိမ်ထောင်စု ၈၀ နှင့် လူဦးရေ ၅၆၀ ရှိသည်။

"ဒီမှာ အစိုးရကျောင်းသာဆိုရင် ကလေးတွေ ပညာသင်ရတာလည်း အများကြီးကောင်းမယ်။
နောက်တစ်ချက်က ဒီရွာက ဆင်းရဲတော့ ကိုယ်ထူ ကိုယ်ထမှာ တစ်နှစ်ထက်တစ်နှစ် စာသင်မပြတ်
အောင် ကြိုးပမ်းနေရတယ်။ လမ်းပန်းဆက်သွယ်ရေး မကောင်းတော့ မြို့အထိ ကျောင်းသွားတက်
ရမယ်ဆိုရင်လည်း အခက်အခဲတွေ အများကြီး ရှိနေတယ်" ဟု ၎င်းက ပြောသည်။

ပေါက်မြိုင်ကျေးရွာ အုပ်စုအတွင်း ရွှေပြည်သာ ကျေးရွာတစ်ရွာသာ အစိုးရ စာသင်ကျောင်းထားရှိ
ရန် လိုအပ်နေခြင်းဖြစ်ကာ အခြားသော အောင်သုခ၊ အင်တိုင်းသာ၊ ကြို့ပင်သာ၊ ပေါင်းလောင်း၊
ရေလဲပေါက်ကျေးရွာများတွင် အစိုးရမူလ တန်းကျောင်းများရှိပြီး ပေါက်မြိုင်ကျေးရွာတွင်မူ အလယ်
တန်းအဆင့်အထိ စာသင်ကျောင်းရှိကြောင်း ၎င်းက ပြောသည်။

"အစိုးရကခန့်တဲ့ ဆရာ၊ ဆရာမတွေနဲ့ ဆိုရင် ကုန်ကျစရိတ်သက်သာမယ်လို့ ထင်ပါတယ်။
နောက်ပြီး အခုက ကလေးတစ်ယောက်ကို တစ်လမှာ ကျပ် ၁,၅၀၀ လောက်ပေးသင်နေရတယ်"
ဟု ရွှေပြည်သာရွာမှ ဦးစိန်ဝင်းက ပြောသည်။

ကျောင်းဆရာတစ်ဦးကို သင်ကြားစရိတ်မှာ တစ်လလျှင် ကျပ် ၁၁၅,၅၀၀ ပေးရသည်ဟု ၎င်းက
ပြောသည်။

"ဒီကျောင်းကို မူလတန်းကျောင်းခွဲ ဖွင့်ဖို့အတွက်လည်း မြို့နယ်ပညာရေး မှူးရုံးကို တင်ပြထားပါ
တယ်" ဟု ကျောင်းဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌက ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - နေပြည်တော်

အကြည့်အများဆုံး - နေပြည်တော်သတင်း