ထပ်မံစောင့်ကြည့်ရဦးမည့် ဝိုင်ဘီအက်စ်

ရန်ကုန်မြို့မှာ ခရီးသည်တင်ယာဉ်လိုင်း
စနစ်သစ်(YBS) စတင်ပြေးဆွဲခဲ့တာ လွန်ခဲ့တဲ့
ဖေဖော်ဝါရီ ၁၆ ရက်က တစ်လပြည့်မြောက်ခဲ့ပြီ
ဖြစ်ပါတယ်။ 

» အပြည့်အစုံသို့

ရန်ကုန်တွံတေး ကားလမ်းဘေးက စိတ်ဝင်စားဖွယ် စီဘီတီကျေးရွာ

ကိုယ်တိုင်က ပရဟိတ အလုပ်တွေမှာ စိတ်ပါဝင်စားတယ်
ဆိုရင် ရန်ကုန်မြို့နဲ့မနီးမဝေးက ကျိုက်သလဲရွာလေးမှာ
သွားရောက်လည်ပတ်ရင်း လုပ်အားပေးနိုင်ပါတယ်။
ကျိုက်သလဲရွာဆိုတာ ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းနဲ့
တွဲဆက်ထားတာကြောင့် ကျေးရွာနေပြည်သူတွေရဲ့ဘဝကို
လေ့လာနိုင်ပြီး မွမ်းကျပ်တဲ့ မြို့ပြလူနေမှုက ခဏတစ်ဖြုတ်
အနားယူလို့ ကောင်းတဲ့နေရာလေး ဖြစ်ပါတယ်။

» အပြည့်အစုံသို့

အလုပ်သမား ၉ ဦးအား နစ်နာမှုလျော်ကြေးပေးပြီး အလုပ်ပြန်ခန့်ရန် ခုံသမာဓိ ဆုံးဖြတ်

အလုပ်ထုတ်ခံထားရသည့် အလုပ်သမားများမှ ၉ ဦးအား
အငြင်းပွားမှုကြားကာလအတွက် နစ်နာကြေးပေးပြီး
အလုပ်ပြန်ခန့်ရန် ရန်ကုန်တိုင်းခုံသမာဓိအဖွဲ့က
ယူနိုက်တက်တပ်စ် အိုဗာစီး အမည်ရှိ အထည်ချုပ်စက်ရုံကို
ဖေဖော်ဝါရီ ၁၅ ရက်က အမိန့်ချမှတ်လိုက်သည်။

» အပြည့်အစုံသို့

တရားမဝင်သစ်လက်ခံထားရှိသည့် မြေပိုင်ရှင်များကို အရေးယူထား

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဇန်နဝါရီလမှ ယခုလအထိ ရက်ပေါင်း ၂ဝ အတွင်း တရားမဝင်
သစ်ခွဲသားတန် ၁,၂ဝဝ ခန့် ဖမ်းဆီးရမိခဲ့ပြီး တရားမဝင်သစ်ထားရှိသည့် ခြံပိုင်ရှင်များကို
အမှုဖွင့်တရားစွဲဆိုထားကာ သစ်ပိုင်ရှင်များကို ဆက်လက်ဖော်ထုတ်သွားမည်ဟု
ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာနညွှန်ကြားရေးမှူး ဦးသိန်းတိုးက ပြောသည်။

» အပြည့်အစုံသို့

လှည့်ကင်းတာဝန်ကျ ရဲတပ်ဖွဲ့ဝင်ကို ကားဖြင့်တိုက်သတ်ခဲ့သူ ဖမ်းမိ

မြောက်ဥက္ကလာပမြို့နယ်တွင် ညဥ့်နက်နေပြီဖြစ်၍ အိမ်သို့ပြန်ရန်ပြောဆိုသည့် လှည့်ကင်း
တာဝန်ကျ ရဲတပ်ဖွဲ့ဝင်ကို ကားဖြင့်တိုက်သတ်ခဲ့အပေါ် သက်ဆိုင်ရာက ဖေဖော်ဝါရီ ၁၃ ရက်တွင်
အမှုဖွင့် အရေးယူခဲ့သည်။

» အပြည့်အစုံသို့

ရွှေတိဂုံစေတီနှင့် ပုံတောင်ပရိုင်းမိတ်ဒေသများကို ယူနက်စကို စာရင်းတင်သွင်းမည်

ရွှေတိဂုံစေတီတော်နှင့် ကမ္ဘာဦးအစ လူသားကျောက်ဖြစ်
ရုပ်ကြွင်းများ တွေ့ရှိရာ မကွေးတိုင်းဒေသကြီး
အတွင်းရှိ ပုံတောင်ဒေသကို ကမ္ဘာ့အမွေအနှစ်
လျာထားစာရင်း (UNESCO's tentative list)
ထည့်သွင်းရန် ယခုရက်သတ္တပတ်အတွင်း ...

» အပြည့်အစုံသို့

ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ် ထူးချွန် ကျောင်းသား ၁ဝ ဦးကို LOTTE ဖောင်ဒေးရှင်းက ပညာသင်ဆုပေးအပ်

ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်က ထူးချွန်ကျောင်းသူကျောင်းသား ၁ဝ ဦးကို
တောင်ကိုရီးယားနိုင်ငံအခြေစိုက် LOTTE ဖောင်ဒေးရှင်းက ပထမဆုံးအကြိမ်အဖြစ်
ယမန်နေ့တွင်ပညာသင်ဆုပေးအပ်ခဲ့သည်။

» အပြည့်အစုံသို့

သဘောတူစာချုပ်ဖောက်ဖျက်သည့် ချားမင်းအထည်ချုပ် စက်ရုံကို အိုင်အယ်လ်အိုသို့ တိုင်ကြားမည်

အလုပ်သမားသဘောတူညီမှုစာချုပ်
ဖောက်ဖျက်ခဲ့သည့် လှိုင်သာယာစက်မှုဇုန် ၂ ရှိ
ချားမင်းအထည်ချုပ်စက်ရုံကို နိုင်ငံတကာအလုပ်သမား
အဖွဲ့ချုပ် (အိုင်အယ်လ်အို) သို့ တင်ပြတိုင်ကြားရန်
စီစဉ်နေကြောင်း မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ
အဖွဲ့ချုပ်(စီတီယူအမ်) ဥက္ကဋ္ဌ ဦးမောင်မောင်က
ပြောသည်။

» အပြည့်အစုံသို့

အလုပ်သမား သဘောတူညီမှု စာချုပ်ဖောက်ဖျက်ခဲ့သည့် အထည်ချုပ်စက်ရုံကို အိုင်အယ်လ်အိုသို့ တိုင်တန်းသွားမည်ဟု ဆို

အလုပ်သမားသဘောတူညီမှု စာချုပ်ဖောက်ဖျက်နေသည့်
ချားမင်းအထည်ချုပ်စက်ရုံကို ခုံသမာဓိကောင်စီက
တရားစွဲဆိုခွင့် ပြုခဲ့သည့်အတွက် နိုင်ငံတကာ အလုပ်သမား
အဖွဲ့ချုပ် အိုင်အယ်လ်အိုသို့ တင်ပြတိုင်တန်းသွားမည်ဟု
မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (စီတီယူအမ်)က
ဖေဖော်ဝါရီ ၉ ရက်က ...

» အပြည့်အစုံသို့

ရေကြောင်းတက္ကစီလုပ်ကိုင်ခွင့်ရ ကုမ္ပဏီကို ယခုသီတင်းပတ်အတွင်း ကြေညာမည်

လှိုင်မြစ်နှင့် ငမိုးရိပ်ချောင်းအတွင်း အမြန်ရေယာဉ်များဖြင့် ခရီးသည်ပို့ဆောင်ရေး လုပ်ကိုင်ရန်
တင်ဒါအောင်မြင်သော ကုမ္ပဏီကို ယခုသီတင်းပတ်အတွင်း ကြေညာမည်ဟု အများပြည်သူ
သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့အတွင်းရေးမှူး ဒေါက်တာမောင်အောင်က
ဖေဖော်ဝါရီ ၆ ရက်တွင် ပြောသည်။

» အပြည့်အစုံသို့

ရာသီဥတုအခြေအနေ - ရန်ကုန်

အကြည့်အများဆုံး - ရန်ကုန်သတင်း