ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့
အရပ်သားအစိုးရသစ် သက်တမ်းဟာ ၂ဝ၁၆ ခုနှစ်
အကုန်မှာ တစ်နှစ်နီးပါးရှိလာပြီဖြစ်ပါတယ်။
ပြည်သူလူထုရဲ့ မြင့်မားတဲ့ မျှော်လင့်ချက်နဲ့အတူ
ဖြေရှင်းရမယ့် ပြဿနာအခက်အခဲတွေကလည်း
များစွာရှိနေဆဲဖြစ်ပါတယ်။

» အပြည့်အစုံသို့

အမေ့ခံတို့ ပီတိဖြစ်ခဲ့ရတဲ့ ၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့

ဆောင်းရာသီရဲ့ အေးချမ်းလှတဲ့ မနက်စောစောအချိန်မှာ
အသက်အရွယ်ကြီးတဲ့ အဘိုးအို၊အဘွားအိုတို့ဟာ
တုတ်ကောက်ကိုယ်စီနဲ့ ရန်ကုန်မြို့လယ်ကောင်မှာရှိတဲ့
မဟာဗန္ဓုလပန်းခြံထဲကို ဝင်ရောက်လို့လာလျက်
ရှိနေပါတယ်။ နေမင်းမထွက်ခင် ဇန်နဝါရီ ၄ ရက်ရဲ့
ခပ်စောစောအချိန်မှာ မဟာဗန္ဓုလပန်းခြံကြီးဟာလည်း  ...

» အပြည့်အစုံသို့

ငါးကြိမ်မြောက် App Expoတွင် ပါဝင်ပြသမည့်သူများကို ဖိတ်ခေါ်

ပြည်တွင်းနည်းပညာကုမ္ပဏီ တစ်ခုဖြစ်သည့် Yangon Heartz Media သည် App Expo
ပြပွဲကို နှစ်စဉ် ကျင်းပပြုလုပ်ပေးလျက်ရှိရာ ၂ဝ၁၇ ဖေဖော်ဝါရီလတွင် ကျင်းပမည့် ငါးကြိမ်မြောက်
App Expo 2017 ၂ဝ၁၇ တွင် ဝင်ရောက်ပြသမည့်သူများကို စတင်ဖိတ်ခေါ်နေပြီဖြစ်ကြောင်း
အဆိုပါကုမ္ပဏီက ဒီဇင်ဘာ ၁၄ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

» အပြည့်အစုံသို့

ရွှေတိဂုံစေတီတော် ရွှေသင်္ကန်းပြားပျက်စီးမှုတွင် တာဝန်ရှိ ကန်ထရိုက်လုပ်ငန်းရှင်များကို အရေးယူမည်

ရွှေတိဂုံစေတီတော်တွင် ကပ်လှူပူဇော်ထားသည့် ရွှေသင်္ကန်းပြားများ ထိခိုက်ပျက်စီးမှုများကို
ပညာရှင်များပါဝင်သည့် စိစစ်ရေးအဖွဲ့က စစ်ဆေးဆောင်ရွက်မည်ဖြစ်ပြီး ထွက်ပေါ်လာသည့်
ရလဒ်များပေါ် မူတည်ကာ သက်ဆိုင်ရာ ကန်ထရိုက်လုပ်ငန်းရှင်များကို အရေးယူဆောင်ရွက်
သွားမည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

» အပြည့်အစုံသို့

လမ်းဘေး အစားအသောက် များတွင် ဓာတုဆေးဝါးကင်းစင် ရေး စောင့်ကြည့်စစ်ဆေးမည်

ရန်ကုန်မြို့တွင်းရှိ ဈေးများတွင် ရောင်းချနေသည့်
ပဲပြား၊ မုန့်ဟင်းခါးဖတ်၊ မုန့်တီဖတ်များတွင်
ဖော်မလင်ပါဝင်မှု ရှိ၊ မရှိနှင့် အစားအသောက်များတွင်
ကျန်းမာရေးနှင့် မညီညွတ်သည့် ဓာတုဆေးဝါး
သုံးစွဲခြင်း ရှိ၊ မရှိကို စောင့်ကြည့်စစ်ဆေးသွားမည်ဟု
စည်ပင်သာယာရေးကော်မတီ၊ ကျန်းမာရေးဌာန
တာဝန်ရှိသူများက ပြောသည်။

» အပြည့်အစုံသို့

ရန်ကုန်မြစ်ကမ်းတစ်လျှောက်ကို အပန်းဖြေနေရာအဖြစ် ဖန်တီးမည်

ရန်ကုန်မြို့၏ မီတာ ၁၄၀၀ ကျော်ရှည်သည့် မြစ်ကမ်းတစ်လျှောက်အား နောက်ပိုင်းတွင်
အများပြည်သူသုံး အပန်းဖြေနေရာအဖြစ် သွားရောက်နိုင်ရန် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒီဇင်ဘာလ ၈ ရက်နေ့က ပြုလုပ်သည့်
သက်ဝင်လှုပ်ရှားရန်ကုန်မြို့ လမ်းမများပွဲတော် သတင်းစာရှင်းလင်းပွဲတွင် မြန်မာတိုင်း(မ်) ကို
ပြောသည်။

» အပြည့်အစုံသို့

လူမှုရေးဖောက်ပြန်သည့်မိခင်ကို သားဖြစ်သူက တစ်လင်တစ်မယားဥပဒေဖြင့် အမှုဖွင့်

ကျောက်ဆည်မြို့တွင် ဒီဇင်ဘာ ၅ ရက်က လူမှုရေးဖောက်ပြန်သည့်အမေကို အသက် ၁၆ နှစ်အရွယ်ရှိ
သားက တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေဖြင့် အမှုဖွင့်ထားကြောင်း မန္တလေးတိုင်း
ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

» အပြည့်အစုံသို့

လုပ်ခလစာ နှစ်သိန်းကျော်အထိ တိုးမြှင့်ပေးရေး သပိတ်မှောက်တောင်းဆို

လုပ်ခလစာ နှစ်သိန်းကျော်အထိ တိုးမြှင့်ပေးရန်
လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၁)အတွင်းရှိ
ရွှေမိပလတ်စတစ်ထုတ်လုပ်ရေးစက်ရုံ အလုပ်သမား
၃ဝဝ ခန့်က နိုဝင်ဘာ ၂၈ ရက်မှစပြီး
စက်ရုံရှေ့တွင် သပိတ်မှောက်တောင်းဆိုလျက်ရှိသည်ဟု
အလုပ်သမားခေါင်းဆောင်များက ...

» အပြည့်အစုံသို့

ဒေါက်တာသန်းထွဋ်အောင်အမှု အာမခံ လျှောက်ထားမှု တရားရုံး ပယ်ချ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တရားလိုလုပ်ကာ ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆို
ခံထားရသော The Eleven Media Group ၏ အမှုဆောင်အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင်နှင့်
အယ်ဒီတာချုပ် ဦးဝေဖြိုးတို့အတွက် ရှေ့နေများဘက်က အာမခံလျှောက်ထားချက်ကို တာမွေမြို့နယ်
တရားရုံးက ယမန်နေ့တွင် ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ်ရုံးချိန်းတွင် ပယ်ချလိုက်သည်။

» အပြည့်အစုံသို့

ကျောင်းသင်ခန်းစာများတွင် လိင်ပညာပေးဆိုင်ရာများ ထည့်သွင်းသင်ကြားသင့်

သက်ငယ်မုဒိမ်းမှုများ ဖြစ်ပွားမှုများပြားလာတာကြောင့် လိင်ပညာပေးဆိုင်ရာ သင်ခန်းစာများကို
ကျောင်းသင်ခန်းစာများတွင် ထည့်သွင်းသင်ကြားသင့်ပြီ ဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ်
ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက မြန်မာတိုင်း(မ်)ကိုပြောသည်။

» အပြည့်အစုံသို့

ရာသီဥတုအခြေအနေ - ရန်ကုန်

အကြည့်အများဆုံး - ရန်ကုန်သတင်း