ဟာ့ဂ်ျဘုရားဖူးခရီးသည်များ စတင်ထွက်ခွာ

ဟာ့ဂ်ျဘုရားဖူး ၄၀၀ ကျော်သည် အောက်တိုဘာလ ၁၀
ရက်နေ့က ရန်ကုန်လေဆိပ်မှ ထွက်ခွာသွားခဲ့သည်။
အဆိုပါနေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏
ဂုဏ်ပြုဆောင်ခန်းမ ရှေ့၌ လေယာဉ်ခရီးစဉ်အတွက်
စောင့်စားနေကြသူများဖြင့် ပြည့်ကျပ်သွားခဲ့သည်။

» အပြည့်အစုံသို့

ပုဂ္ဂလိကဘဏ်များကို တာဝန်ယူကြောင်း ဗဟိုဘဏ်ပြောကြား

ပြည်တွင်းပုဂ္ဂလိကဘဏ်များအတွင်း ယခင်သီတင်းပတ်က ထွက်ပေါ်ခဲ့သော သတင်းများကို
ဗဟိုဘဏ်နှင့် ၎င်း၏ အောက်ရှိ မြန်မာနိုင်ငံဘဏ်လုပ်ငန်းရှင် များအသင်းတာဝန်ရှိသူများက
အောက်တိုဘာလ ၆ ရက်နေ့တွင် မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းရှင်များအသင်း၌ မီဒီယာ များနှင့်
တွေ့ဆုံဖြေရှင်းခဲ့သည်။

» အပြည့်အစုံသို့

ဆန္ဒပြသူ ခြောက်ဦးအား ရုံးတင်စစ်ဆေး

ခွင့်ပြုချက်မရရှိဘဲ ငြိမ်းချမ်းရေးဆန္ဒ ထုတ်ဖော်မှုဖြင့် တရားစွဲခံထားရသောလူငယ်များသည် ရှေ့နေ
များကွန်ရက်မှ ဥပဒေပညာရှင်များ အကူအညီဖြင့် တရားရင်ဆိုင်သွားမည်ဖြစ်သည်။

» အပြည့်အစုံသို့

သာကေတ၌ မဂ္ဂါဝပ် ၅၀၀ ဓာတ်အားပေးစက်ရုံ တည်ဆောက်မှု စတင်

ရန်ကုန်မြို့နှင့် သီလ၀ါစက်မှုဇုန်တို့သို့ ဓာတ်အားပေးရန် မဂ္ဂါဝပ် ၅၀၀ ထုတ်လုပ် နိုင်မည့် သာကေတ
သဘာဝဓာတ်ငွေ့ နှင့် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံတည်ဆောက်ရေးစီမံကိန်း စတင်
အကောင်အထည်ဖော်သည့် အခမ်း အနားကို အောက်တိုဘာလ ၇ ရက်နေ့ နံနက်ပိုင်းတွင်
ကျင်းပခဲ့သည်။

» အပြည့်အစုံသို့

တော်ဝင်ကုမ္ပဏီရှေ့၌ အလုပ်သမား ၂၀၀ ကျော် လာရောက်ကာ ရပိုင်ခွင့်များဆန္ဒဖော်ထုတ်

စက်ရုံတွင်း အလုပ်သမားရပိုင်ခွင့် အခွင့် အရေးတန်းတူ
ညီမျှရရှိရန်အတွက်ဟုဆိုကာ ရွှေပြည်သာမြို့နယ်ရှိ
တော်ဝင်သစ်အချောထည်စက်ရုံမှ အလုပ်သမားများက
ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တော်ဝင်ကုမ္ပဏီရှေ့သို့
အောက်တိုဘာလ ၈ ရက်နေ့ နံနက်ပိုင်းက စုဝေးရောက်
ရှိခဲ့ကြသော်လည်း ...

» အပြည့်အစုံသို့

"ကမ္ဘောဇဘဏ် ကောလာဟလက ဘဏ်အချင်းချင်းလုပ်တယ်ဆိုတာလည်း မဖြစ်နိုင်ပါဘူး"

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အောက်တွင် ပုဂ္ဂလိကဘဏ်
၁၉ဘဏ်ရှိသည့် အနက် ဈေးကွက်ရှယ်ယာသုံးပုံတစ်ပုံ
ရရှိထားသည်ဆိုသည့် ကမ္ဘောဇဘဏ်သည် လွန်ခဲ့သည့်
သီတင်းပတ်အတွင်းက ဘဏ်ဒေ၀ါလီခံတော့မည်
ဟူသောကောလာဟလများပေါ်ထွက်ခဲ့သဖြင့် ဘဏ်ခွဲ
များတွင် ...

» အပြည့်အစုံသို့

အာရှ- ဥရောပလူထုနှီးနှောပွဲတွင် မြန်မာ ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးမည်

လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ အောက် တိုဘာလ ၁၆ မှ ၁၉ ရက်နေ့အထိ ကျင်းပ မည့် န၀မအကြိမ်
အာရှ-ဥရောပ လူထု နှီးနှောဖလှယ်ပွဲတွင် မြန်မာအရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်
များ တက်ရောက်၍ အသွင်ပြောင်းဆဲ မြန်မာနိုင်ငံ၏ အတွေ့အကြုံများကို နှီးနှောဆွေးနွေးသွားမည်
ဖြစ်ကြောင်း သိရသည်။

» အပြည့်အစုံသို့

နှစ်စဉ် ကိုယ်ဝန်ဆောင် သုံးသိန်းခွဲကျော် ကိုယ်ဝန် ပျက်ကျမှုဖြစ်

မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် အမျိုးသမီးတစ်သန်းခန့် ကိုယ်ဝန်ဆောင်သည့်အနက် သုံးပုံတစ်ပုံခန့်
ဖြစ်သည့် သုံးသိန်း ခန့်မှာ ကိုယ်ဝန်ပျက်ကျမှု ဖြစ်ပွားလျက် ရှိသည်ဟု မျိုးဆက်ပွားကျန်းမာရေး
စောင့်ရှောက်မှုအပြည်ပြည်ဆိုင်ရာ လူမှုရေးအဖွဲ့မှ မြန်မာနိုင်ငံ ညွှန်ကြားရေးမှူး ဒေါက်တာစစ်နိုင်က
ပြောသည်။

» အပြည့်အစုံသို့

အိပ်ခ်ျအိုင်ဗီဆိုင်ရာ လူငယ် ခေါင်းဆောင်မှုသင်တန်း ကျင်းပမည်

အိပ်ခ်ျအိုင်ဗီ-အေ့ဒ်စ် ကူးစက်မှုတွင် အဓိကကျသောလူအုပ်စုများတွင် ပါဝင်နေသော လူငယ်များနှင့်
အဆိုပါလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသော လူငယ်များအတွက် ခေါင်းဆောင်မှုသင်တန်းကို
နိုဝင်ဘာလအတွင်း ရန်ကုန်မြို့၌ ငါးရက်ကြာ ကျင်းပမည်ဖြစ်သည်။

» အပြည့်အစုံသို့

မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်တွေ့ဆုံပွဲ ဒီဇင်ဘာတွင် ကျင်းပမည်

မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်တွေ့ဆုံ ဆွေးနွေးပွဲ (Myanmar Youth Forum 2012) ကို
လာမည့် ဒီဇင်ဘာလ ၁၂ ရက် နေ့တွင် ရန်ကုန်မြို့တွင်ကျင်းပမည်ဖြစ် ပြီး အဆိုပါဆွေးနွေးပွဲသို့
တက်ရောက် ရန် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ လူငယ် အဖွဲ့အစည်းများမှ တွေ့ဆုံဆွေးနွေးပွဲ
အလုပ်အမှုဆောင်အဖွဲ့များကို အောက်တိုဘာလ ၁၅ ရက်နေ့ ညနေ ၆ နာရီမတိုင်မီ
ဆက်သွယ်ရန် ဖိတ်ခေါ်ထားသည်။

» အပြည့်အစုံသို့

ရာသီဥတုအခြေအနေ - ရန်ကုန်

အကြည့်အများဆုံး - ရန်ကုန်သတင်း