ဒေါက်တာသန်းထွဋ်အောင်အမှု အာမခံ လျှောက်ထားမှု တရားရုံး ပယ်ချ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တရားလိုလုပ်ကာ ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆို
ခံထားရသော The Eleven Media Group ၏ အမှုဆောင်အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင်နှင့်
အယ်ဒီတာချုပ် ဦးဝေဖြိုးတို့အတွက် ရှေ့နေများဘက်က အာမခံလျှောက်ထားချက်ကို တာမွေမြို့နယ်
တရားရုံးက ယမန်နေ့တွင် ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ်ရုံးချိန်းတွင် ပယ်ချလိုက်သည်။

» အပြည့်အစုံသို့

ကျောင်းသင်ခန်းစာများတွင် လိင်ပညာပေးဆိုင်ရာများ ထည့်သွင်းသင်ကြားသင့်

သက်ငယ်မုဒိမ်းမှုများ ဖြစ်ပွားမှုများပြားလာတာကြောင့် လိင်ပညာပေးဆိုင်ရာ သင်ခန်းစာများကို
ကျောင်းသင်ခန်းစာများတွင် ထည့်သွင်းသင်ကြားသင့်ပြီ ဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ်
ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက မြန်မာတိုင်း(မ်)ကိုပြောသည်။

» အပြည့်အစုံသို့

စည်းကမ်းထိန်းသိမ်းရေးအတွက် တက္ကစီယာဉ် စာရင်း ကောက်ယူမည်

ရန်ကုန်မြို့တွင်ပြေးဆွဲနေသော တက္ကစီယာဉ်များမှာ
ကုမ္ပဏီ တစ်ခုတည်းအောက်မှ မဟုတ်ဘဲ
တစ်ဦးတစ်ယောက်ချင်း ပိုင်ဆိုင်ပြီး တက္ကစီယာဉ်များ
အတွက် သီးသန့်စည်းကမ်းသတ်မှတ်ချက်များ
မရှိသေးသည့်အတွက် တက္ကစီယာဉ်များ ...

» အပြည့်အစုံသို့

ကလေးလုပ်သားများကို ကူညီရန် လေ့လာဆန်းစစ်နေ

လုပ်ငန်းခွင်ရောက်ရှိနေသည့် ကလေးသူငယ်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက်
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ခြောက်မြို့နယ်တွင် လေ့လာဆန်းစစ်မှုများ
ဆောင်ရွက်နေသည်ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး
ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက နိုဝင်ဘာ ၂၈ ရက် အမျိုးသား
လွှတ်တော်အစည်းအဝေး၌ ပြောကြားခဲ့သည်။

» အပြည့်အစုံသို့

ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးအတွင်း ပေါက်ကွဲမှု (၂)ကြိမ် ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးလည်းဖြစ်၊ လွှတ်တော်အဆောက်အအုံ တည်ရှိရာလည်းဖြစ်သော
တိုင်းအစိုးရ ပရဝုဏ်တွင်း နိုဝင်ဘာလ (၂၅)ရက် ယနေ့ ညနေ ၅ နာရီ ၅၅ မိနစ်က အသေးစား
ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

» အပြည့်အစုံသို့

သန္တိသုခကျောင်း ပိုင်ဆိုင်အငြင်းပွားမှု နိုင်ငံတော်အစိုးရ မျက်ကွယ်မပြုသင့်ဟု ဆို

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နှင့် ပီနန်ဆရာတော် ဦးပညာဝံသ တို့အကြား
အငြင်းပွားလျက်ရှိသော မဟာသန္တိသုခကျောင်းပိုင်ဆိုင် အငြင်းပွားမှုကို နိုင်ငံတော်အစိုးရအနေဖြင့်
မျက်ကွယ်မပြုသင့်ဘဲ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ကာ ဖြေရှင်းဆောင်ရွက်ပေးသင့်ကြောင်း
လန်ဒန်ဆရာတော် ဦးဥတ္တရက နိုဝင်ဘာလ ၂၅ တာမွေမြို့နယ် တရားရုံးချိန်း အပြီးတွင်
မိန့်ကြားခဲ့သည်။

» အပြည့်အစုံသို့

သက်ကြီးမူဝါဒ ပေါ်ထွက်လာရေး သက်ကြီးရွယ်အိုများ ပါဝင်သည့် အလုပ်ရုံ အစည်းအဝေး ကျင်းပ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဦးဆောင်ကာ
အမျိုးသားအဆင့် သက်ကြီးမူဝါဒအကောင်အထည်ဖော်နိုင်ရေးအတွက်သက်ကြီးရွယ်အိုများ
ကိုယ်တိုင်ပါဝင်သည့် ညှိနှိုင်း အလုပ်ရုံအစည်းအဝေးကိုနိုဝင်ဘာ ၂၁ ရက်တွင် ရန်ကုန်၌
ကျင်းပခဲ့သည်။

» အပြည့်အစုံသို့

လှိုင်သာယာစက်မှုဇုန်ရှိ စက်သုံးလောင်စာဆီ သိုလှောင်သည့် ဂိုဒေါင်တစ်ခု မီးလောင်ပေါက်ကွဲ

လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၂)၊ ဆိပ်ကမ်းသာလမ်းအတွင်းရှိ စက်သုံးဆီ သိုလောင်ရေး
ဂိုဒေါင်တွင် နိုဝင်ဘာ ၂၂ ရက်က မီးလောင်ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။

» အပြည့်အစုံသို့

မြို့ပတ်ရထားလမ်းအဆင့်မြှင့်တင်ရေး စီမံကိန်းကြောင့် ထိခိုက်နိုင်သူများကို လျော်ကြေးပေးမည်

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း အကောင်အထည်ဖော်ရာတွင်
ရထားလမ်းပိုင်းတစ်လျှောက် စီမံကိန်းကြောင့် ထိခိုက်နိုင်သည့်သူများနှင့် ဆွေးနွေးကာ သင့်လျော်သည့်
လျော်ကြေးများ ပေးမည်ဟု မြန်မာ့မီးရထား အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းက
နိုဝင်ဘာ ၂၁ ရက်တွင် ပြောသည်။

» အပြည့်အစုံသို့

ကန်တော်ကြီးဟိုတယ်သင်တန်းကျောင်းနှင့် Unilever Food Solutions ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

ကန်တော်ကြီး ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းသင်တန်းကျောင်းနှင့် Unilever Food Solutions
ပူးပေါင်းပြီး ကမ္ဘာ့အဆင့်မီ စားဖိုမှူးများ ပေါ်ပေါက်လာရေးနှင့် သင်တန်းကျောင်းသားများအတွက်
အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးနိုင်ရေးအတွက် နားလည်မှုစာချွန်လွှာတစ်ရပ်ကို
နိုဝင်ဘာ ၂၂ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။

» အပြည့်အစုံသို့

ရာသီဥတုအခြေအနေ - ရန်ကုန်

အကြည့်အများဆုံး - ရန်ကုန်သတင်း