ဂျန်းရှင်းစီးတီးတွင် KidZon နှင့် Food Streat များ ဖွင့်လှစ်မည်

ဂျန်းရှင်းစီးတီး ဈေးဝယ်စင်တာတွင် ကလေးများအတွက် မိုးလုံလေလုံ ကစားကွင်း KidZon နှင့်
အစားအသောက်များကို တစုတစည်း တည်း ရရှိနိုင်မည့် Food Streat ကို အဆိုပါ တာဝါ၏
လေးလွှာနှင့် ငါးလွှာ၌ လာမည့် ဧပြီ ၂၁ ရက်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။

မိုးလုံလေလုံ ကလေးကစားကွင်း တွင် အသက်သုံးနှစ်မှ ၁၂ နှစ်အရွယ်အထိ ကလေးများ
ကစားနိုင်မည်ဖြစ်ပြီး ကလေးများ အတွက် မွေးနေ့ပွဲ ကျင်းပနိုင်သော အခန်းများအပြင်
မိဘများနားနေရန် နေရာများလည်း ပါရှိမည်ဖြစ်သည်။ ငါးလွှာရှိ င်္သသှိအမနအေ တွင်
ပြည်တွင်းပြည်ပအစားအစာများ ရောင်းချမည့် ဆိုင်ခန်းပေါင်း ၁၅ ခန်း ပါဝင်မည်ဖြစ်သည်။

ရန်ကုန်မြို့လယ်ရှိ ဂျန်းရှင်းစီးတီး ဈေးဝယ်စင်တာကို မတ်လကုန်ပိုင်းက ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး
အရောင်းဆိုင်ခန်းပေါင်း ၂၄ဝ ပါရှိသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - ရန်ကုန်

အကြည့်အများဆုံး - ရန်ကုန်သတင်း