ဒီချုပ် ပညာရေးကွန်ရက် ရန်ပုံငွေဂီတပွဲ ကျင်းပမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် နှစ်နှစ်ပြည့် ရန်ပုံငွေဂီတပွဲတော်ကို ဒီဇင်ဘာလ
၂၇ နှင့် ၂၈ ရက်နေ့များတွင် ရန်ကုန်မြို့၊ ပြည်သူ့ ဥယျာဉ်အတွင်း ကျင်းပမည်ဖြစ်သည်။

ပွဲတော်ကို ဒီဇင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ဒေါ်အောင်ဆန်းစုကြည် ဖွင့်လှစ်မည်ဖြစ်
သည်။

ဈေးရောင်းပွဲတော်ပါဝင်မည်ဖြစ်ပြီး၊ နံနက် ၉ နာရီခွဲမှစတင်ခါ စာအုပ်စာတမ်းများ၊ အထိမ်းအမှတ်
ပစ္စည်းများ၊ အစားအသောက်များပါဝင်သော ဆိုင်ခန်း ၁၀၀ ခန့် ပါဝင်မည်။

ဂီတဖျော်ဖြေပွဲကိုမူ ညနေ ၅ နာရီခွဲမှ စတင်ကျင်းပမည်ဖြစ်ကာ အနုပညာရှင်များက ဖျော်ဖြေကြ
မည်ဖြစ်သည်။

ဂီတဖျော်ဖြေပွဲလက်မှတ်များကို နှစ်ရက်စာတစ်တွဲတည်းရောင်းချကာ ကျပ် ၇,၅၀၀ တန်းနှင့်
၁၅,၀၀၀ တန်းဟု သတ်မှတ်ထားပြီး သတ်မှတ်နေရာများ၌ ကြိုတင်ဝယ်ယူနိုင်ပြီး ပွဲတော်နေ့တွင်
လည်း ရောင်းချမည်ဖြစ်သည်။

ရန်ပုံငွေပွဲတော် နှစ်ရက်စလုံးတွင် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၏ အမှတ်တရပစ္စည်း
နှစ်ခုအား တစ်ရက်တစ်ခုစီ လေလံတင်ရောင်းချပေးမည် ဖြစ်ကာ အလှူငွေများကိုလည်း လက်ခံ
သွားမည်ဖြစ်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - ရန်ကုန်

အကြည့်အများဆုံး - ရန်ကုန်သတင်း