Joomla Templates and Joomla Extensions by JoomVision.Com
  • အပတ်စဉ် ဂျာနယ်

Joomla Templates and Joomla Extensions by JoomVision.Com
Joomla Templates and Joomla Extensions by JoomVision.Com
  • ဆယ်နှစ်ပြည့် အိုင်ဖုန်းအတွက် မျှော်လင့်ချက်များ

    ဆယ်နှစ်ပြည့် အိုင်ဖုန်းအတွက် မျှော်လင့်ချက်များ

    ၂ဝ၁၇ ခုနှစ်မှာထွက်လာမယ့် အဋ္ဌမမျိုးဆက် အိုင်ဖုန်းဟာ ပုံမှန် တစ်နှစ်တစ်ခါရောက်လာနေကြအိုင်ဖုန်းအသစ်တွေထက် ထူးခြားမှာပါ။ ဘာလို့လဲဆိုရင်တော့ ၂ဝဝ၇ ခုနှစ်မှာ ပထမဆုံး ထွက်ရှိခဲ့တဲ့ အိုင်ဖုန်းအတွက် ၂ဝ၁၇ ဟာ ဆယ်နှစ်ပြည့်အမှတ်တရ ဖြစ်နေလို့ပါပဲ။

  • ဈေးကွက်ဝင်ရောက်လာသည့် BenQ မော်နီတာနှင့် ပရိုဂျက်တာ

    ဈေးကွက်ဝင်ရောက်လာသည့် BenQ မော်နီတာနှင့် ပရိုဂျက်တာ

    ထိုင်ဝမ်အခြေစိုက် BenQ ကုမ္ပဏီမှ ထုတ်လုပ်လိုက်သည့် BenQ GL2070 Monitor နှင့် BenQ MX528 Projector တို့ ပြည်တွင်းဈေးကွက်သို့ ဝင်ရောက်လာပြီဖြစ်ကြောင်း ပြီးခဲ့သောရက်သတ္တပတ်က ပြည်တွင်းနည်းပညာထုတ်ကုန်များ ဖြန့်ဖြူးရောင်းချသည့်KMD မှ သိရသည်။

  • မိုဘိုင်းဖုန်းမှတစ်ဆင့် M-learning Portal တွင် အင်္ဂလိပ်စာ သင်ယူနိုင်

    ကျွမ်းကျင်မှုအဆင့်ပေါ်မူတည်၍ မိုဘိုင်းဖုန်းပေါ်မှတစ်ဆင့် အင်္ဂလိပ်စာသင်ကြားနိုင်မည့် ပညာသင်ကြားရေး Portal ဖြစ်သော M-learning ကို စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း နိုင်ငံပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (အမ်ပီတီ) က ဇူလိုင် ၁၇ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

  • ကုမ္ပဏီ ၁၂၇ ခုကို ဆက်သွယ်ရေးဝန်ဆောင်မှုလိုင်စင် ထုတ်ပေးထား

    ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသည် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင်လာရောက်လျှောက်ထားသူများကို ဆက်သွယ်ရေး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ဆောင်ရွက်၍ လိုင်စင်များထုတ်ပေးခဲ့ရာ ၂ဝ၁၇ ခုနှစ်၊ ဇူလိုင် ၆ ရက်အထိ ပြည်တွင်းပြည်ပကုမ္ပဏီပေါင်း ၁၂၇ ခုအထိ လိုင်စင်များပေးအပ်ပြီးကြောင်း ဝန်ကြီးဌာန၏တရားဝင်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

  • အမ်ပီတီက LTE+ ကွန်ရက် တိုးချဲ့

    အမ်ပီတီက LTE+ ကွန်ရက် တိုးချဲ့

    နိုင်ငံပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (အမ်ပီတီ)သည် ဇူလိုင် ၁၄ ရက်မှစတင်ကာ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးရှိ မြို့များတွင် LTE+ ကွန်ရက်ကို တိုးချဲ့ဝန်ဆောင်မှုပေးနေပြီဖြစ်ကြောင်း ယခုလ ၁၃ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

Joomla Templates and Joomla Extensions by JoomVision.Com
Joomla Templates and Joomla Extensions by JoomVision.Com
Joomla Templates and Joomla Extensions by JoomVision.Com
  • အနောက်အာဖရိက ဆေးဝါးတု တိုက်ဖျက်ရေး

    အနောက်အာဖရိက ဆေးဝါးတု တိုက်ဖျက်ရေး

    ဒါကာ - အနောက်အာဖရိက ဒေသတွင် အရောင်းသွက်နေသော သက်တမ်းလွန် ဆေးဝါးများနှင့် ဆေးတုများကို ဖျက်ဆီးရန် ဒေသအာဏာပိုင်များက ကြေညာလိုက်သော အခါ နာမကျန်းသူများထံသို့ ဆေးစစ်ဆေးမှန် များ စတင်ရောက်ရှိလာကြသည်။

  • မြေထဲပင်လယ်ထဲသက်တမ်းရင့်ဝိုင်များရရှိရန်စမ်းသပ်မှုပြုလုပ်

    မြေထဲပင်လယ်ထဲသက်တမ်းရင့်ဝိုင်များရရှိရန်စမ်းသပ်မှုပြုလုပ်

    ယင်းစမ်းသပ်မှုတွင် ပြင်သစ်နိုင်ငံ တောင်ပိုင်း တွင်ရှိသော မြေထဲပင်လယ်အနီးတ၀ိုက် ဒိုက်ဗင်ကျောင်းနှင့် တွဲဖက်၍ သက်တမ်း ရင့်ဝိုင်များထုတ်လုပ်ရန်အတွက် ဘန်ဒို ၀ိုင်ထုတ်လုပ်သူများက ပင်လယ်ထဲသို့ဝိုင်ပုလင်းများကိုနစ်မြှုပ် ခြင်းဖြင့် စမ်းသပ်မှုကို ပြုလုပ်ခဲ့သည်။ 

  • ဥရောပအတွက် မက်ကရွန် ဆောင်ရွက်ပေးနိုင်မလား

    ဥရောပအတွက် မက်ကရွန် ဆောင်ရွက်ပေးနိုင်မလား

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဥရောပသို့ ရောက်လာမယ့် ရက်ပိုင်းအနည်းငယ်အလို မှာပဲ ဥရောပရဲ့ အဓိပတိအိမ်တော်တွေမှာ စိတ်ချယုံကြည်မှုတွေ ပြန်လည်ဖြစ်ပေါ်လာတယ်။ 

  • ထရမ့်၏သားက ကလင်တန်၏သတင်းအချက်အလက်များ ရရှိရန် ရုရှားနှင့် တွေ့ဆုံခဲ့

    ထရမ့်၏သားက ကလင်တန်၏သတင်းအချက်အလက်များ ရရှိရန် ရုရှားနှင့် တွေ့ဆုံခဲ့

    ဝါရှင်တန် - ဒေါ်နယ်ထရမ့်၏ သားအကြီးဆုံးက ၂ဝ၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲပြိုင်ဘက် ဟီလာရီ ကလင်တန်၏ ကိုယ်ရေးအချက်အလက်များကို ရုရှားရှေ့နေတစ်ဦးနှင့် တွေ့ဆုံခဲ့ပြီး ရယူခဲ့သည်ဟု ဇူလိုင် ၁ဝ ရက်တွင် ...

  • လျူရှောက်ပိုကို ကုသရန် နိုင်ငံခြား ကင်ဆာပါရဂူများကို တရုတ် ဖိတ်ကြား

    ရှန်ယန်း  (တရုတ်ပြည်) - ကင်ဆာရောဂါ ဖြစ်ပွားနေသော နိုဘယ်ဆုရှင် လျူရှောက်ပိုကို ပြည်ပတွင် ဆေးကုနိုင်ရေးအတွက် နိုင်ငံခြားသို့ထွက်ခွာခွင့်ပြုရန် အပြည်ပြည်ဆိုင်ရာကဖိအားများပေးခဲ့ပြီးနောက်ပိုင်း ၄င်းကိုဆေးကုသပေးနေသည့် တရုတ်ဆေးရုံက အမေရိကန်၊ ဂျာမနီနှင့် အခြား နိုင်ငံခြားပါရဂူများကို ဖိတ်ခေါ်၍ တရုတ်ပြည်မှာပင် ပြုစုကုသပေးရန် ဆုံးဖြတ်ခဲ့သည်။

Joomla Templates and Joomla Extensions by JoomVision.Com
Joomla Templates and Joomla Extensions by JoomVision.Com
Joomla Templates and Joomla Extensions by JoomVision.Com
Joomla Templates and Joomla Extensions by JoomVision.Com
  • ရန်ကုန် - ဂျကာတာ တိုက်ရိုက်လေကြောင်းလိုင်း ပျံသန်းနိုင်ရေး အင်ဒိုနီးရှား တောင်းဆို

    ရန်ကုန် - ဂျကာတာ တိုက်ရိုက်လေကြောင်းလိုင်း ပျံသန်းနိုင်ရေး အင်ဒိုနီးရှား တောင်းဆို

    နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရန်ကုန် - ဂျကာတာ တိုက်ရိုက်လေကြောင်းလိုင်းများ ပျံသန်းခွင့်ပေးနိုင်ရေးမြန်မာအစိုးရသို့ တောင်းဆိုထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီး ဒေါက်တာ အီတိုဆူမာဒီက ယခုလ ၁၄ ရက်တွင် ပြောကြားသည်။

  • ပေကျင်း မိုးမျှော်တိုက်တွေကြားက သမိုင်းအမွေအနှစ် နေရာတွေ

    ပေကျင်း မိုးမျှော်တိုက်တွေကြားက သမိုင်းအမွေအနှစ် နေရာတွေ

    ပေကျင်းမြို့ရောက်ရောက်ချင်း မြင်တွေ့ခံစားမိသည်က မှုန်မှုန်မှိုင်းမှိုင်း မိုးကောင်းကင်တစ်ခု၊ ဖြောင့်တန်းနေသောသစ်ပင်တွေ၊ လှလှပပကွေ့ပတ်သွားတဲ့ ခုံးကျော်ကားလမ်းတွေ၊ မိုမျှော်တိုက်တွေဖြစ်သည်။ ရာသီဥတုကတော့ ခပ်ပူပူ။

  • အန်ကောဝပ်နှင့် ပုဂံ မောင်နှစ်မမြို့တော်အဖြစ် ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မည်

    ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိဒေသရှိ အန်ကောဝပ်ဘုရားကျောင်းနှင့် မြန်မာနိုင်ငံ ပုဂံဒေသတွင် ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြန်အလှန်သဘောတူညီမှု စာချွန်လွှာကို အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် ၂ဝ၁၈ တွင် လက်မှတ်ရေးထိုးနိုင်ရန် ရည်ရွယ်ထားကြောင်း ကမ္ဘောဒီးယား - မြန်မာခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းအဖွဲ့ကော်မတီအဖွဲ့ဝင် ဦးကျော်စွာမင်းက ဇွန်လကုန်ပိုင်းတွင် ပြောသည်။

  • ပြည်တွင်း ခရီးသွားဦးရေ ခုနစ်သန်းကျော်ရှိ

    ပြည်တွင်း ခရီးသွားဦးရေ ခုနစ်သန်းကျော်ရှိ

    ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်းကကောက်ယူထားသည့် စာရင်းများအရ ပြီးခဲ့သည့် ခရီးသွားရာသီ ကိုးလအတွင်း မြန်မာပြည်တွင်း ခရီးသွားဦးရေ ၇ ဒသမ ၁ သန်းခန့် ရှိခဲ့ကြောင်း အသင်းဒုတိယဥက္ကဋ္ဌ ဦးမျိုးကြီးက ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ပြောသည်။

  • ကော့သောင်းလေဆိပ် အဆင့်မြှင့်တင်မည်

    မြိတ်ကျွန်းစုခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန် ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံတကာလေကြောင်းလိုင်းများ ကော့သောင်းလေဆိပ်သို့ တိုက်ရိုက်ပျံသန်း ဆင်းသက်နိုင်ရေးအတွက် လိုအပ်သည့် အထောက်အပံ့များ အဆင့်မြှင့်တင်နိုင်ရန် ပြည်ထောင်စုအစိုးရသို့ တင်ပြထားသည်ဟု တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးကြည်လှိုင်က ယခုလ ၂၆ ရက်တွင် ပြောသည်။

Joomla Templates and Joomla Extensions by JoomVision.Com
  • စားရတာတန်တဲ့ အချစ်ရွာက 'ပဲပေါင်း'

    စားရတာတန်တဲ့ အချစ်ရွာက 'ပဲပေါင်း'

    အစားအသောက်ကောင်းလို့ ဆိုရာမှာ အရသာကောင်းမွန်ပြည့်စုံတာအပြင်သန့်ရှင်းမှုနဲ့ ဈေးနှုန်းအရပါ အားသာချက်တွေကို ထည့်တွက်နိုင်ရင် အဓိပ္ပာယ်ပိုပြည့်ဝသွားမှာပါ။ 

  • ပါ့ခ်ရွိုင်ရယ်ဟိုတယ်က နေ့လယ်ခင်း လက်ဖက်ရည်ဝိုင်း

    ပါ့ခ်ရွိုင်ရယ်ဟိုတယ်က နေ့လယ်ခင်း လက်ဖက်ရည်ဝိုင်း

    ခုတစ်လော ဆိုရှယ်မီဒီယာမှာ လူပြောများနေတဲ့ အကြောင်းအရာတစ်ခုကတော့ ပါ့ခ်ရွိုင်ရယ်ဟိုတယ်ကနေ တည်ခင်းပေးတဲ့ ၁၆ ဒေါ်လာတန် Afternoon High Tea အကြောင်းပါပဲ။

  • အအီအဆိမ့် ကြိုက်သူတွေအတွက် ထိုင်ဝမ်စတိုင် ချိစ် ထမင်းမီးဖုတ်

    အအီအဆိမ့် ကြိုက်သူတွေအတွက် ထိုင်ဝမ်စတိုင် ချိစ် ထမင်းမီးဖုတ်

    တချို့ကတော့ ချဉ်၊ ငံ၊ စပ် ကြိုက်ကြပေမဲ့ တချို့က ချိုချိုအီအီမွှေးမွှေးဆိမ့်ဆိမ့်လေးတွေကိုမှ ရွေးချယ် စားသောက်တတ်ကြပါတယ်။ ဒီထဲကမှ အီအီအဆိမ့်လေးတွေကိုမှရွေးချယ်စားသောက်တတ်တဲ့ သူတွေအတွက် FORMOSA! Snacks & Drinks စားသောက်ဆိုင်က ထိုင်ဝမ်စတိုင် ဝက်ပေါင်ခြောက် ချိစ်ထမင်းမီးဖုတ် (Ham Baked Rice) ...

  • ပန်းဆိုးတန်း ခုံးကျော်တံတားဘေးက မြောက်ဦးသား ရခိုင်ဆိုင်

    ပန်းဆိုးတန်း ခုံးကျော်တံတားဘေးက မြောက်ဦးသား ရခိုင်ဆိုင်

    အခြေခံလူတန်းစားနဲ့ ရုံးဝန်ထမ်းတွေအဖို့ နေ့စဉ်လူနေမှုဘ၀အတွက် အဓိကအားကိုးနေရတာတွေက အများသုံးသယ်ယူပို့ဆောင်ရေးနဲ့ နေရာတိုင်းမှာဈေးသက်သက်သာသာနဲ့ အလွယ်တကူ ၀ယ်ယူစားသောက်နိုင်တဲ့ လမ်းဘေးအစားအစာတွေပါပဲ။

  • အမေရဲ့ ဖြေရှင်းနည်း ...

    အမေရဲ့ ဖြေရှင်းနည်း ...

    ဈေးဝယ်သူတစ်ဦးဟာ ဟယ်ရီရဲ့စတိုးဆိုင်မှာ ဖုန်းမေ့ကျန်ခဲ့ပါတယ်။ ဟယ်ရီဟာ ဖုန်းထဲမှာ သိမ်းထားတဲ့ အမည်စာရင်းတွေကို စစ်ကြည့်လိုက်တဲ့အခါ 'အမေ' လို့ မှတ်ထားတဲ့ ဖုန်းနံပါတ်ကို တွေ့တာမို့ ဖုန်းဆက်လိုက်ပါတယ်။

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း အပြင်းအထန် အငြင်းပွားနေဆဲ

ကချင်ပြည်နယ်ရှိ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းတည်ရှိရာနေရာကို တွေ့ရစဉ်။ ဓာတ်ပုံ - အီးပီအေကချင်ပြည်နယ်ရှိ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းတည်ရှိရာနေရာကို တွေ့ရစဉ်။ ဓာတ်ပုံ - အီးပီအေ

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက သူ့ရဲ့ဇွန်လဆန်းမြစ်ကြီးနားခရီးစဉ်မှာ
မြစ်ဆုံစီမံကိန်းကို ပြန်စချင်တယ်ဆိုပြီး ပြောကြားခဲ့ပြီးနောက်ပိုင်း စီမံကိန်းလုပ်ကိုင်ခွင့်
ရရှိထားတဲ့ တရုတ်ကုမ္ပဏီနဲ့ တရုတ်နိုင်ငံပိုင် ရှင်ဟွာသတင်းဌာနက ၄င်းရဲ့မြန်မာပိုင်း
အစီအစဉ်ကနေ စီမံကိန်းစာချုပ်ပါ အချက်အလက်တွေကို အများပြည်သူသိရှိစေဖို့
ထုတ်ပြန်ပေးခဲ့ပါတယ်။

တရုတ်လျှပ်စစ်စွမ်းအင် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (CPI) က 'မြစ်ဆုံစီမံကိန်း၏
နောက်ခံအကြောင်း' လို့ အမည်ပေးထားတဲ့ စီမံကိန်းစာချုပ်ပါ အချက်အလက်အချို့နဲ့
စီမံကိန်းရဲ့ကောင်းကျိုးတွေကို ရှင်ဟွာသတင်းဌာနကတစ်ဆင့် တစ်ရက်ကို နှစ်ပိုင်းနှုန်းနဲ့
ဆယ်ပိုင်းအထိ ထုတ်ပြန်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီထုတ်ပြန်ချက်တွေထဲမှာ စီမံကိန်းရဲ့ပွင့်လင်းမြင်သာမှု၊ စီမံကိန်းတရားဝင်မှု၊
အကျိုးအမြတ်ခွဲဝေမှု၊ လျှပ်စစ်ဓာတ်အားခွဲဝေခြင်းနဲ့ ရောင်းချမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး
ဆိုင်ရာ ထုတ်ပြန်ချက်တွေ၊ တမံရေသိုလှောင်ခြင်းကြောင့် မြစ်အောက်ပိုင်းဒေသမှာ
ဖြစ်ပေါ်နိုင်မယ့် အကျိုးသက်ရောက်မှုတွေ၊ လူမှုရေးတာဝန်ယူဆောင်ရွက်မှု၊ ပြန်လည်
နေရာချထားရေးလုပ်ငန်းနှင့် တမံလုံခြုံမှု စတဲ့အကြောင်းအရာတွေကို အကြောင်းအရာ
၁ဝ ခုပိုင်းခြားထားပြီး ဖော်ပြခဲ့ပါတယ်။

စီမံကိန်းပွင့်လင်းမြင်သာမှုအပိုင်းမှာတော့ ကုမ္ပဏီက ဒေသခံတွေနဲ့တွေ့ဆုံဆွေးနွေးတဲ့
အကြောင်းအရာတွေ ပညာရှင်တွေနဲ့ ဆွေးနွေးခဲ့တာတွေကို ဖော်ပြထားပြီး စီမံကိန်းကို
ကန့်ကွက်မှုလှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေကိုလည်း သတိပေးတဲ့ပုံစံမျိုးနဲ့ သတင်းထုတ်ပြန်ခဲ့တာ
ဖြစ်ပါတယ်။

''ကောလာဟလများ ပျံ့လွင့်ခြင်း၊ နာမည်ဖျက်ခြင်းများ စသည်တို့ကို ပြုလုပ်သောလူနည်းစု
မီဒီယာများနှင့် အဖွဲ့အစည်းများ၏ လုပ်ရပ်များကို ကုမ္ပဏီဘက်မှလည်း ဥပဒေနှင့်အညီ
မိမိတို့၏ တရားဝင် အခွင့်အရေးများကို ကာကွယ်သွားမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည်
အများပြည်သူနှင့် မီဒီယာများကို အမှန်အမှားခွဲခြား သိမြင်နိုင်ရန် မျှော်လင့်ပါသည်''လို့
ဖော်ပြထားပါတယ်။

မြစ်ဆုံစီမံကိန်းကို အစဉ်တစိုက်ကန့်ကွက်လာတဲ့ ကချင်ပြည်နယ်မှ Mungchying Rawt Jat (MRJ)
 လို့ခေါ်တဲ့ လူမှုအဖွဲ့အစည်း၊ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဒေါ်ဂျာခေါန်ကတော့ MRJ အဖွဲ့ဟာ
စီမံကိန်းမလုပ်သင့်တဲ့အကြောင်းအရာကို အကျိုးအကြောင်းခိုင်လုံစွာနဲ့ ကန့်ကွက်နေခြင်းဖြစ်ပြီး
ပုဂ္ဂိုလ်ရေးတိုက်ခိုက်တဲ့ အဖွဲ့အစည်းမဟုတ်ဟု တုံ့ပြန်ပြောဆိုပါတယ်။

''ဒီစီမံကိန်းကောင်းသလား၊ မကောင်းသလားဆိုတာ လူတိုင်းသိပါတယ်။ ဒီဆည်ကိုဆောက်ရင်
ဘာတွေဆိုးကျိုးရှိနိုင်လဲဆိုတာ အားလုံးသိပါတယ်။ ဒီလိုပြောနေတာကို နာမည်ဖျက်တယ်လို့တော့
ပြောလို့ မရပါဘူး''လို့ CPI ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်အပေါ် ဒေါ်ဂျာခေါန်က ဝေဖန်ပြောဆိုပါတယ်။

ယခင်စစ်အစိုးရလက်ထက်တွင် နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးစိုးဝင်း၏ မြစ်ဆုံစီမံကိန်းကို
ရင်းနှီးမြှုပ်နှံရန် တရားဝင်ဖိတ်ခေါ်ချက်အရ ၂ဝဝ၆ ခုနှစ်၊ ဒီဇင်ဘာလတွင် CPI  ကုမ္ပဏီဟာ ယခင်
အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ စီမံကိန်းပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို
သဘောတူလက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

စီမံကိန်းနဲ့ပတ်သက်ပြီး CPI ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာတော့ စီမံကိန်းသဘောတူစာချုပ်များ
စေ့စပ်ညှိနှိုင်းချိန်မှာ မြန်မာနိုင်ငံက ဝန်ကြီးဌာန ၁ဝ ခုကျော်က ပါဝင်ညှိနှိုင်းစစ်ဆေးခဲ့ပြီး နောက်ဆုံး
ထွက်ပေါ်လာတဲ့ စာချုပ်ကလည်း မြန်မာနိုင်ငံဥပဒေနဲ့ ကိုက်ညီတယ်ဆိုပြီး ဖော်ပြထားပါတယ်။

လျှပ်စစ်ဓာတ်အားခွဲဝေခြင်းနဲ့ အကျိုးအမြတ်ခွဲဝေခြင်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့ လျှပ်စစ်စွမ်းအား
ဝန်ကြီးဌာနအနေနဲ့ CPI ကုမ္ပဏီရဲ့ ရှယ်ယာဝင်ကုမ္ပဏီကြီးဖြစ်တဲ့ ဧရာဝတီမြစ်ညာမြစ်ဝှမ်း
ရေအား လျှပ်စစ်ကုမ္ပဏီလီမိတက် (Upstream Ayeyawady Confluence Basin Hydropower
Company Limited)  မှာ ၁၅ ရာခိုင်နှုန်းရှယ်ယာပိုင်ဆိုင်ပြီး အကျိုးအမြတ်ခွဲဝေခွင့်ရရှိမည်
ဖြစ်တဲ့အပြင် အထူးလုပ်ပိုင်ခွင့်ကာလနှစ် ၅ဝ ကုန်ဆုံးပြီးနောက်ပိုင်းမှာလည်း လျှပ်စစ်စက်ရုံအားလုံးကို
မြန်မာအစိုးရထံ အခမဲ့လွှဲပြောင်းပေးသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

စာချုပ်အရ မြန်မာအစိုးရသည် စီမံကိန်းက ထွက်ရှိမည့်လျှပ်စစ်ဓာတ်အား၏ ၈ မှ၁ဝ ရာခိုင်နှုန်းကို
အခမဲ့ရရှိမည်ဖြစ်ပြီးပြည်တွင်းလျှပ်စစ်ဓာတ်အားလိုအပ်ချက်အတွက် ၂ဝ ရာခိုင်နှုန်းအထိကို ပြည်ပကို
ရောင်းချမယ့် ဈေးနှုန်းအတိုင်းဝယ်ယူသုံးစွဲနိုင်မယ်လို့လည်း ဖော်ပြထားပါတယ်။

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းသို့ တရုတ်သံအမတ်ကြီး သွားရောက်ခဲ့စဉ်။ ဓာတ်ပုံ - တရုတ်သံရုံးမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းသို့ တရုတ်သံအမတ်ကြီး သွားရောက်ခဲ့စဉ်။ ဓာတ်ပုံ - တရုတ်သံရုံး

''စီမံကိန်းတည်ဆောက်ရေးကာလနှင့် ခွင့်ပြုလည်ပတ်ရေးကာလတွင် ဝင်ငွေခွန်ကောက်ယူခြင်း၊
အခမဲ့ဓာတ်အား၊ ရှယ်ယာအမြတ်ခွဲဝေခြင်း စသည့်နည်းလမ်းဖြင့် မြန်မာအစိုးရသည် တိုက်ရိုက်
စီးပွားဝင်ငွေ ဒေါ်လာ၅၄ ဘီလျံ ရရှိနိုင်ပါသည်။ ရင်းနှီးမြှုပ်နှံသူရရှိသည့်ဝင်ငွေသည် ဒေါ်လာ ၃၅
ဘီလျံမျှသာ ဖြစ်ပါသည်'' လို့ လူမှုရေးတာဝန်ယူဆောင်ရွက်မှု အခန်းကဏ္ဍမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးအဖွဲ့အစည်းတွေကတော့
စီမံကိန်းကြောင့်ရမယ့် ငွေကြေးအမြတ်အစွန်းနဲ့ ဧရာဝတီမြစ်ကို မလဲလှယ်နိုင်တဲ့ သဘောထားမျိုးများ
ရှိနေကြပြီး မြန်မာအစိမ်းရောင်ကွန်ရက် ဥက္ကဋ္ဌဒေါ်ဒေဝီသန့်စင်က မြစ်ဆုံစီမံကိန်းကို ဘယ်လိုနည်းနဲ့မှ
မလုပ်သင့်ဘူးလို့ ပြောပါတယ်။

''အခုရက်ပိုင်းမှာ တရုတ်က မြန်မာအစိုးရကို ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး တွန်းအားပေးတာတွေ
များလာတယ်။ သံအမတ်က စီမံကိန်း ပြန်လုပ်ချင်တယ်လို့ ပြောလိုက်တာနဲ့ လူထုဘက်ကလည်း
ကန့်ကွက်တာတွေက တစ်ခါတည်းဖြစ်လာတယ်။ ဒေါ်လေးတို့လည်း ဒီစီမံကိန်းမလုပ်ဖို့ အမြဲတမ်း
ကန့်ကွက်လာတယ်။ ဧရာဝတီကို ကာကွယ်ဖို့ပေါ့''လို့ သူ့ရဲ့အမြင်ကို ပြောပါတယ်။

မြစ်ဆုံစီမံကိန်းတည်ဆောက်ပြီးနောက်ပိုင်းမှာ ရေသိုလှောင်မှုအနေအထားဟာ ဧရာဝတီမြစ်
အောက်ပိုင်းဒေသမှာ ရေတည်ရှိမှုနဲ့ ဧရာဝတီမြစ် အောက်ပိုင်းဒေသများမှာ ရေခက်ခဲမှုတွေနဲ့
ပတ်ဝန်းကျင် ထိခိုက်မှုတွေ၊ အထူးသဖြင့် ငလျင်လှုပ်ခတ်မှုကြောင့် ဖြစ်ပေါ်လာမယ့်
အကျိုးဆက်တွေကြောင့် ဒီစီမံကိန်းကို သဘာဝပတ်ဝန်းကျင်အရေး လေ့လာလှုပ်ရှားသူတွေက
ကန့်ကွက်နေကြခြင်းလည်း ဖြစ်ပါတယ်။

တရုတ်ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ထောက်ပြမှုတွေအတိုင်း အမှန်တကယ်ဖြစ်မလာစေရေး
အတွက် စနစ်ကျတဲ့ နည်းပညာစီမံချက်တွေကို ရေးဆွဲဆောင်ရွက်ရမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

ဧရာဝတီအထက်ပိုင်း ရေအားလျှပ်စစ်စီမံကိန်းအသီးသီးက ရေတွေကို သိုလှောင်ပြီးတဲ့နောက်မှာ
အထက်ရေသိုလှောင်မှုပမာဏနဲ့ အောက်ပိုင်းကို ရေပြန်လည်ပို့လွှတ်မယ့်ပမာဏ မျှတအောင်
ထိန်းညှိပေးခြင်းကြောင့်မြစ်ဝှမ်းတစ်ခုလုံးရဲ့ ရေဘေးအန္တရာယ် ကာကွယ်နိုင်မှုနဲ့ မြစ်အောက်ပိုင်း
တစ်ခုလုံးကို ရေပေးဝေခြင်း စတဲ့ကောင်းကျိုးတွေရှိလာမယ်လို့ ဃဏှု ကုမ္ပဏီက ဆိုပါတယ်။

''မြစ်ဆုံတမံတည်ရှိရာနေရာသည် ငလျင်ဒဏ်ခံပြင်းအား ၇ အဆင့် ဧရိယာဖြစ်၍ ပြင်းအား
၉ အဆင့်ဖြစ်တဲ့ ငလျင်ဒဏ်ဖြစ်ပေါ်နိုင်ခြေမရှိပါ။ ပြင်းအား ၇ အဆင့် ဧရိယာတွင် ခုခံနိုင်စွမ်းမှာ
ပြင်းအား ၉ အဆင့်အတိုင်းသော်လည်းကောင်း၊ ရေဘေးအန္တရာယ်ကာကွယ်ရေးမှာ နှစ်တစ်ထောင်
အတွင်း ကြုံတွေ့နိုင်တဲ့ ရေကြီးမှု၏ ခုခံနိုင်စွမ်းအတိုင်း ဒီဇိုင်းရေးဆွဲပါသည်''ဟု ဃဏှု ကုမ္ပဏီရဲ့
ထုတ်ပြန်ချက်က ဆိုထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ ယဉ်ကျေးမှုကောင်စစ်ဝန် မစ္စတာရှန်ရှန်တင်းကလည်း မြစ်ဆုံ
ဆည်ဟာ သဘာဝဘေးအန္တရာယ်ဒဏ် ခံနိုင်တယ်လို့ မြန်မာတိုင်း (မ်)ကို ပြောဆိုထားပြီး
နွေရာသီ ရေရှားပါးမှုဒဏ်အတွက်လည်း အထောက်အကူဖြစ်စေလိမ့်မယ်လို့လည်း ပြောပါတယ်။

''မြစ်ဆုံကိစ္စကို ကျွန်တော့်အမြင်အနေနဲ့က အဲဒါက မီးထုတ်လုပ်ဖြန့်ချိရေး သပ်သပ်ပဲ မဟုတ်ဘူး။
အဲဒါက လူအများသိတဲ့အတိုင်း မြန်မာနိုင်ငံက မီးလိုအပ်တယ်။ အခုလက်ရှိ မီးက မလုံလောက်ဘူး။
နွေရာသီဆိုရင် မီးက ခဏခဏ ပျက်တယ်။ အဲဒါ မီးလိုအပ်ချက်တစ်ခုပေါ့။ မြစ်ဆုံရေအားလျှပ်စစ်
ထုတ်လုပ်ခြင်းအားဖြင့် အချင်းချင်း မီးဖြန့်ပေးတာ သပ်သပ်မကဘူး။ မိုးရာသီမှာ ရေစုပြီးတော့
နွေရာသီ ရေမလောက်တဲ့ အချိန်တွေမှာလည်း ရေပေးလို့ရတယ်။ အဲဒါကိုပေါင်းပြီးတော့
စဉ်းစားရင် ဒီလိုပြဿနာတွေဖြစ်တော့မှာ မဟုတ်ပါဘူး''လို့ မစ္စတာရှန်က ဆိုပါတယ်။

မြစ်ဆုံစီမံကိန်းကို အစဉ်တစိုက် လေ့လာခဲ့တဲ့ ပြည်တွင်းကဘူမိဗေဒပညာရှင်တစ်ဦးကတော့
မြစ်ဆုံတမံတည်ရှိရာနေရာရဲ့ ငလျင်ဒဏ်ဖြစ်ပေါ်နိုင်မှုကို ပြင်းအား ၉ အဆင့်အထိမဖြစ်နိုင်ဟု CPI 
ကုမ္ပဏီက ထုတ်ပြန်ချက်အပေါ် လက်ခံနိုင်စရာမရှိဟု ပြောပါတယ်။

''ငလျင်ကို ဒီလောက်အတိုင်းအတာဖြစ်နိုင်၊ မဖြစ်နိုင်ကိုတော့ ကြိုတင်မှန်းဆလို့ရပါတယ်။ ဒါပေမဲ့
အခုဟာကတော့ လက်ခံနိုင်စရာမရှိပါဘူး။ ၉ အဆင့် မဖြစ်နိုင်ဘူးဆိုတာက အဓိပ္ပာယ်မရှိပါဘူး။
ကျွန်တော်တို့ လေ့လာထားချက်အရ ကုမ္ပဏီရဲ့ တွက်ဆမှုဟာ မှားနေတယ်လို့ ပြောလို့ရပါတယ်''လို့
သူက ပြောပါတယ်။

အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလျံကုန်ကျမယ့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ဦးသိန်းစိန်
အစိုးရလက်ထက်မှာ ဆိုင်းငံ့ခဲ့ပြီး လက်ရှိအစိုးရသစ်လက်ထက်မှာတော့ စီမံကိန်းနဲ့ပတ်သက်ပြီး
မူဝါဒ ချမှတ်ထားခြင်းမရှိသေးဘူးလို့လည်း သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက
ပြောပါတယ်။

သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူများကမူ အစိုးရအသစ်အနေဖြင့် မြစ်ဆုံစီမံကိန်းနဲ့
ပတ်သက်ပြီး CPI ကုမ္ပဏီကဲ့သို့ ပြည်သူများ သိရှိခွင့်ရှိသော အကြောင်းအရာများကို
ထုတ်ပြန်ပေးသင့်တယ်လို့ ပြောဆိုကြပြီးစီမံကိန်းကို လုံးဝဆောင်ရွက်ခွင့်မပြုဖို့နည်းလမ်း
အမြန်ရှာသင့်တယ်လို့လည်း တိုက်တွန်းလျက်ရှိပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

Connect with us @

နောက်ဆုံးရ မန္တလေးသတင်း

နောက်ဆုံးရ နေပြည်တော်သတင်း

နောက်ဆုံးရ စီးပွားရေးသတင်း

အထူးဆောင်းပါး

Edu Centre - July 2017

Edu Centre - July 2017

- အသက်မွေးဝမ်းကျောင်းပမာ ရပ်တည်နိုင်စရာ သတင်းအတတ်ပညာ - နိုင်ငံရဲ့ ဖွံ့ဖြိုးမှုကဏ္ဍ အထောက်အပံ့ရအောင် မျိုးဆက်သစ်တွေကို ပြုစုပျိုးထောင်...

20 July 2017
Joomla Templates and Joomla Extensions by ZooTemplate.Com

နားနားနေနေစိတ်အပန်းဖြေ › ဟာသ

အမေရဲ့ ဖြေရှင်းနည်း ...

အမေရဲ့ ဖြေရှင်းနည်း ...

ဈေးဝယ်သူတစ်ဦးဟာ ဟယ်ရီရဲ့စတိုးဆိုင်မှာ ဖုန်းမေ့ကျန်ခဲ့ပါတယ်။ ဟယ်ရီဟာ ဖုန်းထဲမှာ သိမ်းထားတဲ့ အမည်စာရင်းတွေကို စစ်ကြည့်လိုက်တဲ့အခါ...

12 July 2017
Joomla Templates and Joomla Extensions by ZooTemplate.Com

စားမယ်သောက်မယ် လျှာလည်လည်

ပန်းဆိုးတန်း ခုံးကျော်တံတားဘေးက မြောက်ဦးသား ရခိုင်ဆိုင်

ပန်းဆိုးတန်း ခုံးကျော်တံတားဘေးက မြောက်ဦးသား ရခိုင်ဆိုင်

အခြေခံလူတန်းစားနဲ့ ရုံးဝန်ထမ်းတွေအဖို့ နေ့စဉ်လူနေမှုဘ၀အတွက် အဓိကအားကိုးနေရတာတွေက အများသုံးသယ်ယူပို့ဆောင်ရေးနဲ့ နေရာတိုင်းမှာ...

12 July 2017
Joomla Templates and Joomla Extensions by ZooTemplate.Com

သီတင်းပတ်ရဲ့ ကံကြေးမုံ

တစ်ပတ်စာ သင်၏ ကံဇာတာ

တစ်ပတ်စာ သင်၏ ကံဇာတာ

(၂၀၁၇၊ ဇူလိုင် ၂၀ ရက်မှ ၂၆ ရက်အထိ) ဆရာ အောင်မြင်ကျော်

20 July 2017
Joomla Templates and Joomla Extensions by ZooTemplate.Com