Joomla Templates and Joomla Extensions by JoomVision.Com
  • အပတ်စဉ် ဂျာနယ်

Joomla Templates and Joomla Extensions by JoomVision.Com
Joomla Templates and Joomla Extensions by JoomVision.Com
  • ဆယ်နှစ်ပြည့် အိုင်ဖုန်းအတွက် မျှော်လင့်ချက်များ

    ဆယ်နှစ်ပြည့် အိုင်ဖုန်းအတွက် မျှော်လင့်ချက်များ

    ၂ဝ၁၇ ခုနှစ်မှာထွက်လာမယ့် အဋ္ဌမမျိုးဆက် အိုင်ဖုန်းဟာ ပုံမှန် တစ်နှစ်တစ်ခါရောက်လာနေကြအိုင်ဖုန်းအသစ်တွေထက် ထူးခြားမှာပါ။ ဘာလို့လဲဆိုရင်တော့ ၂ဝဝ၇ ခုနှစ်မှာ ပထမဆုံး ထွက်ရှိခဲ့တဲ့ အိုင်ဖုန်းအတွက် ၂ဝ၁၇ ဟာ ဆယ်နှစ်ပြည့်အမှတ်တရ ဖြစ်နေလို့ပါပဲ။

  • ဈေးကွက်ဝင်ရောက်လာသည့် BenQ မော်နီတာနှင့် ပရိုဂျက်တာ

    ဈေးကွက်ဝင်ရောက်လာသည့် BenQ မော်နီတာနှင့် ပရိုဂျက်တာ

    ထိုင်ဝမ်အခြေစိုက် BenQ ကုမ္ပဏီမှ ထုတ်လုပ်လိုက်သည့် BenQ GL2070 Monitor နှင့် BenQ MX528 Projector တို့ ပြည်တွင်းဈေးကွက်သို့ ဝင်ရောက်လာပြီဖြစ်ကြောင်း ပြီးခဲ့သောရက်သတ္တပတ်က ပြည်တွင်းနည်းပညာထုတ်ကုန်များ ဖြန့်ဖြူးရောင်းချသည့်KMD မှ သိရသည်။

  • မိုဘိုင်းဖုန်းမှတစ်ဆင့် M-learning Portal တွင် အင်္ဂလိပ်စာ သင်ယူနိုင်

    ကျွမ်းကျင်မှုအဆင့်ပေါ်မူတည်၍ မိုဘိုင်းဖုန်းပေါ်မှတစ်ဆင့် အင်္ဂလိပ်စာသင်ကြားနိုင်မည့် ပညာသင်ကြားရေး Portal ဖြစ်သော M-learning ကို စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း နိုင်ငံပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (အမ်ပီတီ) က ဇူလိုင် ၁၇ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

  • ကုမ္ပဏီ ၁၂၇ ခုကို ဆက်သွယ်ရေးဝန်ဆောင်မှုလိုင်စင် ထုတ်ပေးထား

    ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသည် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင်လာရောက်လျှောက်ထားသူများကို ဆက်သွယ်ရေး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ဆောင်ရွက်၍ လိုင်စင်များထုတ်ပေးခဲ့ရာ ၂ဝ၁၇ ခုနှစ်၊ ဇူလိုင် ၆ ရက်အထိ ပြည်တွင်းပြည်ပကုမ္ပဏီပေါင်း ၁၂၇ ခုအထိ လိုင်စင်များပေးအပ်ပြီးကြောင်း ဝန်ကြီးဌာန၏တရားဝင်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

  • အမ်ပီတီက LTE+ ကွန်ရက် တိုးချဲ့

    အမ်ပီတီက LTE+ ကွန်ရက် တိုးချဲ့

    နိုင်ငံပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (အမ်ပီတီ)သည် ဇူလိုင် ၁၄ ရက်မှစတင်ကာ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးရှိ မြို့များတွင် LTE+ ကွန်ရက်ကို တိုးချဲ့ဝန်ဆောင်မှုပေးနေပြီဖြစ်ကြောင်း ယခုလ ၁၃ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

Joomla Templates and Joomla Extensions by JoomVision.Com
Joomla Templates and Joomla Extensions by JoomVision.Com
Joomla Templates and Joomla Extensions by JoomVision.Com
  • အနောက်အာဖရိက ဆေးဝါးတု တိုက်ဖျက်ရေး

    အနောက်အာဖရိက ဆေးဝါးတု တိုက်ဖျက်ရေး

    ဒါကာ - အနောက်အာဖရိက ဒေသတွင် အရောင်းသွက်နေသော သက်တမ်းလွန် ဆေးဝါးများနှင့် ဆေးတုများကို ဖျက်ဆီးရန် ဒေသအာဏာပိုင်များက ကြေညာလိုက်သော အခါ နာမကျန်းသူများထံသို့ ဆေးစစ်ဆေးမှန် များ စတင်ရောက်ရှိလာကြသည်။

  • မြေထဲပင်လယ်ထဲသက်တမ်းရင့်ဝိုင်များရရှိရန်စမ်းသပ်မှုပြုလုပ်

    မြေထဲပင်လယ်ထဲသက်တမ်းရင့်ဝိုင်များရရှိရန်စမ်းသပ်မှုပြုလုပ်

    ယင်းစမ်းသပ်မှုတွင် ပြင်သစ်နိုင်ငံ တောင်ပိုင်း တွင်ရှိသော မြေထဲပင်လယ်အနီးတ၀ိုက် ဒိုက်ဗင်ကျောင်းနှင့် တွဲဖက်၍ သက်တမ်း ရင့်ဝိုင်များထုတ်လုပ်ရန်အတွက် ဘန်ဒို ၀ိုင်ထုတ်လုပ်သူများက ပင်လယ်ထဲသို့ဝိုင်ပုလင်းများကိုနစ်မြှုပ် ခြင်းဖြင့် စမ်းသပ်မှုကို ပြုလုပ်ခဲ့သည်။ 

  • ဥရောပအတွက် မက်ကရွန် ဆောင်ရွက်ပေးနိုင်မလား

    ဥရောပအတွက် မက်ကရွန် ဆောင်ရွက်ပေးနိုင်မလား

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဥရောပသို့ ရောက်လာမယ့် ရက်ပိုင်းအနည်းငယ်အလို မှာပဲ ဥရောပရဲ့ အဓိပတိအိမ်တော်တွေမှာ စိတ်ချယုံကြည်မှုတွေ ပြန်လည်ဖြစ်ပေါ်လာတယ်။ 

  • ထရမ့်၏သားက ကလင်တန်၏သတင်းအချက်အလက်များ ရရှိရန် ရုရှားနှင့် တွေ့ဆုံခဲ့

    ထရမ့်၏သားက ကလင်တန်၏သတင်းအချက်အလက်များ ရရှိရန် ရုရှားနှင့် တွေ့ဆုံခဲ့

    ဝါရှင်တန် - ဒေါ်နယ်ထရမ့်၏ သားအကြီးဆုံးက ၂ဝ၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲပြိုင်ဘက် ဟီလာရီ ကလင်တန်၏ ကိုယ်ရေးအချက်အလက်များကို ရုရှားရှေ့နေတစ်ဦးနှင့် တွေ့ဆုံခဲ့ပြီး ရယူခဲ့သည်ဟု ဇူလိုင် ၁ဝ ရက်တွင် ...

  • လျူရှောက်ပိုကို ကုသရန် နိုင်ငံခြား ကင်ဆာပါရဂူများကို တရုတ် ဖိတ်ကြား

    ရှန်ယန်း  (တရုတ်ပြည်) - ကင်ဆာရောဂါ ဖြစ်ပွားနေသော နိုဘယ်ဆုရှင် လျူရှောက်ပိုကို ပြည်ပတွင် ဆေးကုနိုင်ရေးအတွက် နိုင်ငံခြားသို့ထွက်ခွာခွင့်ပြုရန် အပြည်ပြည်ဆိုင်ရာကဖိအားများပေးခဲ့ပြီးနောက်ပိုင်း ၄င်းကိုဆေးကုသပေးနေသည့် တရုတ်ဆေးရုံက အမေရိကန်၊ ဂျာမနီနှင့် အခြား နိုင်ငံခြားပါရဂူများကို ဖိတ်ခေါ်၍ တရုတ်ပြည်မှာပင် ပြုစုကုသပေးရန် ဆုံးဖြတ်ခဲ့သည်။

Joomla Templates and Joomla Extensions by JoomVision.Com
Joomla Templates and Joomla Extensions by JoomVision.Com
Joomla Templates and Joomla Extensions by JoomVision.Com
Joomla Templates and Joomla Extensions by JoomVision.Com
  • ရန်ကုန် - ဂျကာတာ တိုက်ရိုက်လေကြောင်းလိုင်း ပျံသန်းနိုင်ရေး အင်ဒိုနီးရှား တောင်းဆို

    ရန်ကုန် - ဂျကာတာ တိုက်ရိုက်လေကြောင်းလိုင်း ပျံသန်းနိုင်ရေး အင်ဒိုနီးရှား တောင်းဆို

    နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရန်ကုန် - ဂျကာတာ တိုက်ရိုက်လေကြောင်းလိုင်းများ ပျံသန်းခွင့်ပေးနိုင်ရေးမြန်မာအစိုးရသို့ တောင်းဆိုထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီး ဒေါက်တာ အီတိုဆူမာဒီက ယခုလ ၁၄ ရက်တွင် ပြောကြားသည်။

  • ပေကျင်း မိုးမျှော်တိုက်တွေကြားက သမိုင်းအမွေအနှစ် နေရာတွေ

    ပေကျင်း မိုးမျှော်တိုက်တွေကြားက သမိုင်းအမွေအနှစ် နေရာတွေ

    ပေကျင်းမြို့ရောက်ရောက်ချင်း မြင်တွေ့ခံစားမိသည်က မှုန်မှုန်မှိုင်းမှိုင်း မိုးကောင်းကင်တစ်ခု၊ ဖြောင့်တန်းနေသောသစ်ပင်တွေ၊ လှလှပပကွေ့ပတ်သွားတဲ့ ခုံးကျော်ကားလမ်းတွေ၊ မိုမျှော်တိုက်တွေဖြစ်သည်။ ရာသီဥတုကတော့ ခပ်ပူပူ။

  • အန်ကောဝပ်နှင့် ပုဂံ မောင်နှစ်မမြို့တော်အဖြစ် ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မည်

    ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိဒေသရှိ အန်ကောဝပ်ဘုရားကျောင်းနှင့် မြန်မာနိုင်ငံ ပုဂံဒေသတွင် ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြန်အလှန်သဘောတူညီမှု စာချွန်လွှာကို အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် ၂ဝ၁၈ တွင် လက်မှတ်ရေးထိုးနိုင်ရန် ရည်ရွယ်ထားကြောင်း ကမ္ဘောဒီးယား - မြန်မာခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းအဖွဲ့ကော်မတီအဖွဲ့ဝင် ဦးကျော်စွာမင်းက ဇွန်လကုန်ပိုင်းတွင် ပြောသည်။

  • ပြည်တွင်း ခရီးသွားဦးရေ ခုနစ်သန်းကျော်ရှိ

    ပြည်တွင်း ခရီးသွားဦးရေ ခုနစ်သန်းကျော်ရှိ

    ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်းကကောက်ယူထားသည့် စာရင်းများအရ ပြီးခဲ့သည့် ခရီးသွားရာသီ ကိုးလအတွင်း မြန်မာပြည်တွင်း ခရီးသွားဦးရေ ၇ ဒသမ ၁ သန်းခန့် ရှိခဲ့ကြောင်း အသင်းဒုတိယဥက္ကဋ္ဌ ဦးမျိုးကြီးက ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ပြောသည်။

  • ကော့သောင်းလေဆိပ် အဆင့်မြှင့်တင်မည်

    မြိတ်ကျွန်းစုခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန် ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံတကာလေကြောင်းလိုင်းများ ကော့သောင်းလေဆိပ်သို့ တိုက်ရိုက်ပျံသန်း ဆင်းသက်နိုင်ရေးအတွက် လိုအပ်သည့် အထောက်အပံ့များ အဆင့်မြှင့်တင်နိုင်ရန် ပြည်ထောင်စုအစိုးရသို့ တင်ပြထားသည်ဟု တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးကြည်လှိုင်က ယခုလ ၂၆ ရက်တွင် ပြောသည်။

Joomla Templates and Joomla Extensions by JoomVision.Com
  • စားရတာတန်တဲ့ အချစ်ရွာက 'ပဲပေါင်း'

    စားရတာတန်တဲ့ အချစ်ရွာက 'ပဲပေါင်း'

    အစားအသောက်ကောင်းလို့ ဆိုရာမှာ အရသာကောင်းမွန်ပြည့်စုံတာအပြင်သန့်ရှင်းမှုနဲ့ ဈေးနှုန်းအရပါ အားသာချက်တွေကို ထည့်တွက်နိုင်ရင် အဓိပ္ပာယ်ပိုပြည့်ဝသွားမှာပါ။ 

  • ပါ့ခ်ရွိုင်ရယ်ဟိုတယ်က နေ့လယ်ခင်း လက်ဖက်ရည်ဝိုင်း

    ပါ့ခ်ရွိုင်ရယ်ဟိုတယ်က နေ့လယ်ခင်း လက်ဖက်ရည်ဝိုင်း

    ခုတစ်လော ဆိုရှယ်မီဒီယာမှာ လူပြောများနေတဲ့ အကြောင်းအရာတစ်ခုကတော့ ပါ့ခ်ရွိုင်ရယ်ဟိုတယ်ကနေ တည်ခင်းပေးတဲ့ ၁၆ ဒေါ်လာတန် Afternoon High Tea အကြောင်းပါပဲ။

  • အအီအဆိမ့် ကြိုက်သူတွေအတွက် ထိုင်ဝမ်စတိုင် ချိစ် ထမင်းမီးဖုတ်

    အအီအဆိမ့် ကြိုက်သူတွေအတွက် ထိုင်ဝမ်စတိုင် ချိစ် ထမင်းမီးဖုတ်

    တချို့ကတော့ ချဉ်၊ ငံ၊ စပ် ကြိုက်ကြပေမဲ့ တချို့က ချိုချိုအီအီမွှေးမွှေးဆိမ့်ဆိမ့်လေးတွေကိုမှ ရွေးချယ် စားသောက်တတ်ကြပါတယ်။ ဒီထဲကမှ အီအီအဆိမ့်လေးတွေကိုမှရွေးချယ်စားသောက်တတ်တဲ့ သူတွေအတွက် FORMOSA! Snacks & Drinks စားသောက်ဆိုင်က ထိုင်ဝမ်စတိုင် ဝက်ပေါင်ခြောက် ချိစ်ထမင်းမီးဖုတ် (Ham Baked Rice) ...

  • ပန်းဆိုးတန်း ခုံးကျော်တံတားဘေးက မြောက်ဦးသား ရခိုင်ဆိုင်

    ပန်းဆိုးတန်း ခုံးကျော်တံတားဘေးက မြောက်ဦးသား ရခိုင်ဆိုင်

    အခြေခံလူတန်းစားနဲ့ ရုံးဝန်ထမ်းတွေအဖို့ နေ့စဉ်လူနေမှုဘ၀အတွက် အဓိကအားကိုးနေရတာတွေက အများသုံးသယ်ယူပို့ဆောင်ရေးနဲ့ နေရာတိုင်းမှာဈေးသက်သက်သာသာနဲ့ အလွယ်တကူ ၀ယ်ယူစားသောက်နိုင်တဲ့ လမ်းဘေးအစားအစာတွေပါပဲ။

  • အမေရဲ့ ဖြေရှင်းနည်း ...

    အမေရဲ့ ဖြေရှင်းနည်း ...

    ဈေးဝယ်သူတစ်ဦးဟာ ဟယ်ရီရဲ့စတိုးဆိုင်မှာ ဖုန်းမေ့ကျန်ခဲ့ပါတယ်။ ဟယ်ရီဟာ ဖုန်းထဲမှာ သိမ်းထားတဲ့ အမည်စာရင်းတွေကို စစ်ကြည့်လိုက်တဲ့အခါ 'အမေ' လို့ မှတ်ထားတဲ့ ဖုန်းနံပါတ်ကို တွေ့တာမို့ ဖုန်းဆက်လိုက်ပါတယ်။

ဒုတိယအကြိမ် လွှတ်တော် အစည်းအဝေးများကို ပြန်လည်သုံးသပ်ခြင်း

နေပြည်တော်လွှတ်တော်အဆောက်အအုံအတွင်း လွှတ်တော်အမတ်များ သွားလာလှုပ်ရှားနေကြသည်ကို ပြီးခဲ့သည့် မတ်လ ၁ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - အီးပီအေနေပြည်တော်လွှတ်တော်အဆောက်အအုံအတွင်း လွှတ်တော်အမတ်များ သွားလာလှုပ်ရှားနေကြသည်ကို ပြီးခဲ့သည့် မတ်လ ၁ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - အီးပီအေ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့် လွှတ်တော်သည် အစိုးရအဖွဲ့တွင်
ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်နေသောကြောင့် မဏ္ဍိုင်နှစ်ခုအကြား အပြန်အလှန်ထိန်း
ကျောင်းခြင်း အားနည်းနေနိုင်ကြောင်း ခန့်မှန်းပြောဆိုမှုများ ရှိနေသည်။နိုင်ငံတော်၏ အတိုင်ပင်ခံ
ပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့် သမ္မတရုံးဝန်ကြီးများအဖြစ်ပါ တာဝန်ယူထားသည့်
ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ဥက္ကဋ္ဌများအပေါ် လွှမ်းမိုးမှုရှိနေနိုင်ကြောင်းလည်း ရှမ်း
တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က ပြောကြားသည်။

လွှတ်တော်ဥက္ကဋ္ဌများ၏ ဆောင်ရွက်ချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်က လွှမ်းမိုးနေခြင်းမျိုး
မရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်က ဇွန် ၁ဝ ရက် သတင်းစာရှင်းလင်းပွဲတွင်
ပြန်လည်တုံ့ပြန်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် တာဝန်ချင်းမတူသော လွှတ်တော်နှင့်
ကင်းကင်း နေထိုင်လျက်ရှိပြီး လွှတ်တော်တွင်းသို့လာရောက်ရန် အကြောင်းရှိလျှင်လည်း
လွှတ်တော်ဥက္ကဋ္ဌထံမှ ခွင့်ပြုချက်တောင်းကာ ခွင့်ပြုချက်ရရှိမှသာ လာရောက်လေ့ရှိကြောင်း
ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

လွှတ်တော်သည် အစိုးရအဖွဲ့ကို ထိန်းကျောင်းမှုတွင် အားနည်းနိုင်ကြောင်း ထောက်ပြချက်
များသည်လည်း မှန်ကန်သကဲ့သို့ဖြစ်နေကြောင်း ရခိုင်တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များက
ပြောဆိုသည်။ ''လွှတ်တော်ဥက္ကဋ္ဌ (ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်) က ကိုယ်စားလှယ်တွေကို
ဖိအားပေးလိုတဲ့သဘောရှိတယ်'' ဟု မြေပုံမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက
ပြောကြားခဲ့သည်။ လွှတ်တော်ကိုယ်စားလှယ်များမေးခွန်းမေမြန်းနေစဉ်၊ သို့မဟုတ် အဆိုတစ်ခုကို
ဆွေးနွေးနေစဉ်အတွင်း ဦးဝင်းမြင့်က သတိပေးခြင်းများ ပြုလုပ်လေ့ရှိရာ ထိုကဲ့သို့ပြုလုပ်ခြင်းသည်
ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီးများကို ဝေဖန်ပြောဆိုခြင်းများ မပြုလုပ်နိုင်ရန်
ဖိအားပေးသကဲ့သို့ဖြစ်နေကြောင်း ၄င်းက ပြောသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ကမူ ထိုကဲ့သို့မဟုတ်ဘဲ ဥပဒေ၊ နည်းဥပဒေနှင့်
လုပ်ထုံးလုပ်နည်းများအရသာ ဥက္ကဋ္ဌအနေဖြင့်ကိုယ်စားလှယ်များ အကြောင်းအရာ ချော်ထွက်
သွားခြင်းမျိုးမရှိစေရန် အသိပေးခြင်းသာဖြစ်ကြောင်း ပြန်လည်ရှင်းလင်းပြောကြားသည်။
ကိုယ်စားလှယ်များကို အသိပေးခြင်းသာဖြစ်ပြီး သတိပေးခြင်းမျိုးမဟုတ်ကြောင်း သတင်းစာ
ရှင်းလင်းပွဲတွင် တုံ့ပြန်ပြောကြားခဲ့သည်။

ဦးဝင်းမြင့်၏သတိပေး (အသိပေးသည်ဟုဆိုထား)ခြင်း ခံခဲ့ရသည့်လွှတ်တော်
ကိုယ်စားလှယ်များထဲတွင် အခြားပါတီမှကိုယ်စားလှယ်များအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ
ကိုယ်စားလှယ် အချို့လည်း ပါဝင်ခဲ့သည်။ ယခင်အစိုးရလက်ထက် ကျေးရွာကိုယ်ထူကိုယ်ထမီးလင်းရေး
စီမံချက်များတွင် နိုင်ငံတော်က ကုန်ကျစရိတ်၏ထက်ဝက်ကို ကျခံပေးမည်ဖြစ်ကြောင်း ဝန်ထမ်းများက
ပြောကြားခဲ့မှုများအပေါ် သနပ်ပင်မြို့နယ်မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက လက်ရှိ
အစိုးရတာဝန်ရှိသူကိုမေးမြန်းခဲ့ရာတွင် မိမိမေးခွန်းသည်အခြေအနေနှင့်အချိန်အခါအရ
သင့်လျော်မှုရှိ၊မရှိ ဆင်ခြင်စေလိုကြောင်း ဦးဝင်းမြင့်က သတိပေးခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်၏ အခွင့်အရေးအရ ပြည်သူကိုကိုယ်စားပြုမေးရခြင်းဖြစ်သည့်
အတွက် ထိုကဲ့သို့ဟန့်တားမှုကြုံရသည့်အပေါ် စိတ်မကောင်းဖြစ်ရကြောင်း ဦးမြင့်ဦးက
သတင်းထောက် အချို့ကို ပြောကြားခဲ့သည်။ လွှတ်တော်ကိုယ်စားလှယ်၏အခွင့်အရေးအတိုင်းပင်
ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ၄င်းက ပြောကြားခဲ့သည်။ လက်ရှိ
အစိုးရအဖွဲ့သည် ယခင်အစိုးရ၏ ကောင်းမွေ၊ ဆိုးမွေများကိုဆက်ခံရသောကြောင့် မည်သည့်
အကြောင်းအရာမဆို တာဝန်ယူဖြေရှင်းရန် တာဝန်ရှိကြောင်း ကျောက်ဖြူမြို့နယ် ပြည်သူ့
လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က ပြောကြားခဲ့သည်။

လွှတ်တော်သို့ ကိုယ်စားလှယ်များက အရေးကြီးအဆိုများတင်သွင်းခဲ့ရာတွင်လည်း မေးခွန်းအဖြစ်
ပြောင်းလဲခွင့်ပြုပေးခြင်း၊ လုံးဝတင်သွင်းခွင့် မပြုခဲ့ခြင်း၊ အရေးကြီးအဆိုကို သာမန်အဆိုအဖြစ်
ပြောင်းလဲ ခွင့်ပြုခဲ့ခြင်းများလည်း ရှိခဲ့သည်။ တအာင်း(ပလောင်)အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဒေါ်နန်းမိုးက ၄င်း၏အဆိုကို မေးခွန်းအဖြစ် ပြောင်းလဲပြီးခွင့်ပြုခဲ့သောကြောင့်
''မွေးလူနာကို မင်းမမွေးနဲ့ဦးလို့ ပြောလိုက်သလို ခံစားရတယ်''ဟု ပြောကြားခဲ့သည်။

ရခိုင်တိုင်းရင်းသူ၊ ရသေ့တောင်မြို့နယ်မှ ပြည်သူ့လွှတ်တော် ဒေါ်ခင်စောဝေ၏ ရခိုင်ပြည်နယ်
အတွင်း တိုက်ပွဲများကြောင့် ထွက်ပြေးလာခဲ့ရသည့် စစ်ဘေးရှောင်ပြည်သူများအတွက် ကူညီ
ကယ်ဆယ်ရေးနှင့် ပတ်သက်သည့် အဆိုသည်လည်း လွှတ်တော်သို့တင်ပြခွင့်မရခဲ့ပေ။
အဆိုတင်သွင်းခွင့် မရခဲ့သောကြောင့် ဒေါ်ခင်စောဝေက မီဒီယာများကို ထုတ်ဖော်ပြောကြားခဲ့ရာ
ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်၏ ဆောင်ရွက်ချက်များကို ပြည်သူများ အထင်အမြင်
လွဲမှားစေသောပြုမူ၊ ပြောဆိုမှုများ ရှောင်ကြဉ်ရန်လည်း သတိပေး(အသိပေး)ခံခဲ့ရသည်။

ပြည်သူ့လွှတ်တော်ဒုတိယအကြိမ်၊ ပထမပုံမှန်အစည်းအဝေးများအတွင်း လွှတ်တော်
ဥက္ကဋ္ဌဦးဝင်းမြင့်၏ဆောင်ရွက်ချက်များနှင့်ပတ်သက်ပြီး ထောက်ပြမှုများရှိခဲ့သော်လည်း
ဦးဝင်းမြင့်ကမူ သက်ဆိုင်ရာလွှတ် တော်ဥပဒေ၊ နည်းဥပဒေနှင့်လုပ်ထုံးလုပ်နည်းများအတိုင်း
လွှတ်တော်ဥက္ကဋ္ဌတစ်ယောက်၏ ဆင်ခြင်တုံတရားဖြင့်သာ ဆောင်ရွက်ခဲ့ကြောင်း သတင်းစာ
ရှင်းလင်းပွဲတွင် ပြန်လည်တုံ့ပြန်ခဲ့သည်။

အမျိုးသားလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်တို့တွင်မူ ထိုကဲ့သို့သော အကြောင်းအရာများ
ပေါ်ပေါက်ခဲ့ခြင်းမရှိကြောင်း ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က
ပြောကြားသည်။ အမျိုးသားလွှတ်တော်တွင် ထိုကဲ့သို့အဆိုကို ခွင့်မပြုခြင်း၊ မေးခွန်းအဖြစ်
ပြောင်းလဲခွင့်ပြုပေးခြင်းမျိုး လူသိထင်ရှား မရှိခဲ့သော်လည်း ကိုယ်စားလှယ်များ၏
ဆွေးနွေးချက်အချို့မှာမူ လူသိများခဲ့သည်။ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးများ
ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဆွေးနွေးရာတွင် အုပ်ချုပ်ရေးမှူးကို
အသက် ၁၈ နှစ်ပြည့်ရုံနှင့် ရွေးချယ်တာဝန်ပေးသင့်ကြောင်း ဆွေးနွေးချက်သည် ထင်ရှားခဲ့သည်။
ယင်းကိုယ်စားလှယ်က လူ့အခွင့်အရေးရှုထောင့်မှ ရပ်တည်ကာ ဆွေးနွေးခဲ့ခြင်းဖြစ်သော်လည်း
အဖွဲ့အစည်းတစ်ခုကိုခေါင်းဆောင်မည့်သူသည် ၁၈ နှစ်သားအတွေ့အကြုံနှင့်မည်သို့မျှ
မသင့်လျော်ကြောင်း ဝေဖန်ခဲ့ကြသည်။

''ကိုယ်စားလှယ်ကတော့ ၁၈ နှစ်ပြည့်တဲ့သူလည်း အုပ်ချုပ်ရေးမှူး လုပ်ခွင့်ရှိတယ်လို့ပြောတယ်
ထင်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ ရပ်ကွက် ဒါမှမဟုတ် ကျေးရွာအုပ်စုတစ်ခုကို ဦးဆောင်ရတယ်
ဆိုတာ ထိုက်သင့်တဲ့အတွေ့အကြုံရှိဖို့လိုပါတယ်။ အတွေ့အကြုံကအရမ်းအရေးကြီးပါတယ်။
ကျွန်တော်တို့လူမှုရပ်ဝန်းမှာက ၁၈ နှစ်ဆိုတာ ပညာသင်နေတုန်း၊ မိဘအပေါ်မှီခိုနေဆဲ
ကလေးပဲ ရှိသေးတယ်လို့ မြင်နေတုန်းပဲဆိုတော့ ရယ်စရာဖြစ်နေတာပေါ့'' ဟု အုပ်ချုပ်ရေး
တာဝန်ထမ်းဆောင်ခဲ့ဖူးသူဦးခိုင်ထွန်းက ပြောကြားသွားသည်။

ဥပဒေများပယ်ဖျက်သည့်အထဲတွင် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ဘေး
အန္တရာယ်မှ ကာကွယ်တားဆီးသည့် ဥပဒေကိုပယ်ဖျက်နိုင်ခဲ့ခြင်းသည် အထိရောက်ဆုံးဖြစ်ကြောင်း
မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။ ယနေ့အချိန်အခါတွင်
နိုင်ငံရေးသမားများကို နှိပ်ကွပ်ရန် ရည်ရွယ်ရေးဆွဲပြဋ္ဌာန်းထားသည့် ယင်းဥပဒေမျိုးသည်
မရှိသင့်တော့ကြောင်း ၄င်းကပြောကြားခဲ့ခြင်းဖြစ်သည်။

လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာဥပဒေများပြင်ဆင်ခြင်းသည် အနိုင်ရလွှတ်တော်နှင့်
ရွေးကောက်ပွဲကော်မရှင်အနေဖြင့် လစ်လပ်မဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲ
ပြုလုပ်ချိန်ကို လွှတ်တော်စတင်သည့်ရက်မှ တစ်နှစ်အထိ ဆွဲဆန့်နိုင်ခဲ့ခြင်းသာဖြစ်သည်။

သို့သော်လည်း လက်ရှိလွှတ်တော်ကိုယ်စားလှယ်အများစုသည် အသစ်များဖြစ်ကြသည့်အပြင်
အတွေ့အကြုံပိုင်းတွင်လည်း နုနယ်သေးသောကြောင့်ဖြစ်နိုင်ကြောင်း ပြည်သူ့လွှတ်တော်
အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာလှမိုးက ပြောကြားသည်။

''အရင်လွှတ်တော်မှာက လူကြီးပိုင်းတွေများတယ်၊ သူတို့ကနိုင်ငံရေးသမားတွေလည်း
မဟုတ်ကြဘူး။ အခုလွှတ်တော်ကြတော့ နိုင်ငံရေးသမားတွေချည်းပဲလို့တောင် ပြောနိုင်တယ်၊
လူငယ်လူရွယ်တွေပိုများလာတယ်။ ဒါကြောင့် အရင်ထက် ပိုပြီးလှုပ်လှုပ်ရှားရှားဖြစ်လိမ့်မယ်''ဟု
နှစ်ကြိမ်ဆက် လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူဦးမြင့်ဦးက ပြောကြားသွားခဲ့သည်။

ဒုတိယအကြိမ်၊ ပထမပုံမှန် ပြည်သူ့လွှတ်တော် အစည်းအဝေးများတွင် ကြယ်ပွင့်ပြမေးခွန်း ၈၃ ခု၊
ကြယ်ပွင့်မပြမေးခွန်း ၁ဝ၃ ခု၊အဆို ၁၂ ခုတင်သွင်းခဲ့ပြီး၊ ဥပဒေကြမ်း ၁၆ ခုရှိခဲ့သည့်အနက်
ဥပဒေကြမ်း ကိုးခုနှင့် နည်းဥပဒေနှစ်ခုကို အတည်ပြုနိုင်ခဲ့သည်။ အမျိုးသားလွှတ်တော်တွင်
ကြယ်ပွင့်ပြမေးခွန်း ၃၃ ခု၊ ကြယ်ပွင့်မပြမေးခွန်း ခြောက်ခု၊ အဆိုတစ်ခု ဆောင်ရွက်နိုင်ခဲ့သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

Connect with us @

နောက်ဆုံးရ မန္တလေးသတင်း

နောက်ဆုံးရ နေပြည်တော်သတင်း

နောက်ဆုံးရ စီးပွားရေးသတင်း

အထူးဆောင်းပါး

Edu Centre - July 2017

Edu Centre - July 2017

- အသက်မွေးဝမ်းကျောင်းပမာ ရပ်တည်နိုင်စရာ သတင်းအတတ်ပညာ - နိုင်ငံရဲ့ ဖွံ့ဖြိုးမှုကဏ္ဍ အထောက်အပံ့ရအောင် မျိုးဆက်သစ်တွေကို ပြုစုပျိုးထောင်...

20 July 2017
Joomla Templates and Joomla Extensions by ZooTemplate.Com

နားနားနေနေစိတ်အပန်းဖြေ › ဟာသ

အမေရဲ့ ဖြေရှင်းနည်း ...

အမေရဲ့ ဖြေရှင်းနည်း ...

ဈေးဝယ်သူတစ်ဦးဟာ ဟယ်ရီရဲ့စတိုးဆိုင်မှာ ဖုန်းမေ့ကျန်ခဲ့ပါတယ်။ ဟယ်ရီဟာ ဖုန်းထဲမှာ သိမ်းထားတဲ့ အမည်စာရင်းတွေကို စစ်ကြည့်လိုက်တဲ့အခါ...

12 July 2017
Joomla Templates and Joomla Extensions by ZooTemplate.Com

စားမယ်သောက်မယ် လျှာလည်လည်

ပန်းဆိုးတန်း ခုံးကျော်တံတားဘေးက မြောက်ဦးသား ရခိုင်ဆိုင်

ပန်းဆိုးတန်း ခုံးကျော်တံတားဘေးက မြောက်ဦးသား ရခိုင်ဆိုင်

အခြေခံလူတန်းစားနဲ့ ရုံးဝန်ထမ်းတွေအဖို့ နေ့စဉ်လူနေမှုဘ၀အတွက် အဓိကအားကိုးနေရတာတွေက အများသုံးသယ်ယူပို့ဆောင်ရေးနဲ့ နေရာတိုင်းမှာ...

12 July 2017
Joomla Templates and Joomla Extensions by ZooTemplate.Com

သီတင်းပတ်ရဲ့ ကံကြေးမုံ

တစ်ပတ်စာ သင်၏ ကံဇာတာ

တစ်ပတ်စာ သင်၏ ကံဇာတာ

(၂၀၁၇၊ ဇူလိုင် ၂၀ ရက်မှ ၂၆ ရက်အထိ) ဆရာ အောင်မြင်ကျော်

20 July 2017
Joomla Templates and Joomla Extensions by ZooTemplate.Com