အသင်းအတွင်း အားပြိုင်မှုများကြားမှ ဘင်နီတက်ဇ်

ဒီရာသီက ရီးယဲလ်မက်ဒရစ်အတွက် ဖိအားတွေ များနိုင်တယ်။ ပြီးခဲ့တဲ့ရာသီက စူပါဖလား
တစ်လုံးသာ ရပြီး အဓိကဖလားတွေနဲ့ လွဲခဲ့ရတဲ့ ရီးယဲလ်အတွက် ဒီရာသီမှာတော့
ပြုပြင်ပြောင်းလဲမှု အချို့နဲ့အတူ အောင်မြင်မှုတွေ ပြန်ရှာပြဖို့ လိုလာပါပြီ။

ဒါပေမဲ့ သူတို့ရဲ့ အပြောင်းအလဲတွေက စကတည်းက ယဉ်သကိုဆိုသလို ဖြစ်ခဲ့တယ်။
ရီးယဲလ်ကို ကိုင်တွယ်ပြီး ၁၂ နှစ်လောက်ဝေးနေတဲ့ ချန်ပီယံလိဂ်ဖလားကို အရယူပေးနိုင်ခဲ့တဲ့
အန်ဆယ်လော့တီလို နည်းပြမျိုးကို ရာထူးက ဖယ်ရှားလိုက်ပြီး ဘင်နီတက်ဇ်နဲ့ မြန်မြန်ဆန်ဆန်ပဲ
အစားထိုးခဲ့မှုဟာ အများ ပြောစရာ ဖြစ်လာခဲ့တယ်။

အန်ဆယ်လော့ တီကို ပရိသတ်အများစု နဲ့ အသင်းရဲ့ ကစား သမား အများစုက နှစ်သက်
လက်ခံပေး နေကြဆဲ အချိန်မျိုးမှာ သူ့ကိုရာထူးက ဖယ်ရှားလိုက်လို့ အသင်းရဲ့ ဆောင်
ရွက်မှုတွေကို မကျေ နပ်သူတွေ မြင့်တက် လာခဲ့တယ်။ ဒါ့ပြင် ဘင်နီတက်ဇ် ကို နည်းပြ
ရာထူးပေး လိုက်တာနဲ့ ပတ်သက် လို့လည်း ပရိသတ်တွေရဲ့ စစ်တမ်းကောက်ယူမှုတွေအရ
နှစ်သက်မှု သိပ်မရှိကြတာကို တွေ့ခဲ့ ရလို့ နည်းပြဘင်နီတက်ဇ် အတွက်လည်း ပရိသတ်
တွေရဲ့ ဖိအားတွေပြေလျော့ သွားဖို့ သူ့ဘက်ကလုပ်ပြရတော့မယ့် အခြေအနေမျိုး တွေကို
ရီးယဲလ်စရောက်ကတည်းက ကြုံလာရသလို ဖြစ်သွားတယ်။

အဲဒီနောက်မှာလည်း ရာမို့စ်ရဲ့ ထွက်ခွာလိုမှုသတင်းတွေထွက်လာခဲ့သလို ကာစီးလက်စ်လို
အသင်းရဲ့ မင်းသားတစ်ပါးလိုဖြစ်နေတဲ့ ဂိုးသမား တစ်ယောက်ကိုလည်း ပေါ်တိုကို ရောင်းထုတ်
လိုက်ပြန်တော့ ရီးယဲလ်အပေါ် အမြင် မကြည်လင်မှုတွေကလည်း ပိုပြီးများပြား လာခဲ့တယ်။
လက်ရှိအချိန်အထိ အသင်း အတွက် အားဖြည့်မှုဆိုလို့ ပြီးခဲ့တဲ့ရာသီ မကုန်မီကတည်းက
ခေါ်ယူထားခဲ့တဲ့ ဒန်နီ လိုရယ်၊ အက်စ်ပန်ညိုဂိုးသမား ကာဆီလာရယ်နှစ်ယောက်သာရှိသေးတဲ့
အပြင် နောက်ထပ်ခေါ်ယူဦးမယ့် သတင်းမျိုးတွေလည်း သိပ်ထွက်လာခြင်း မရှိတာက ရီးယဲလ်
အသင်းအတွင်းမှာ အစည်းပြေမှု တွေများရှိနေပြီလားဆိုတဲ့ အတွေးပွားစရာ ကောင်းတဲ့မေးခွန်း
မျိုးတွေလည်း ပေါ်ထွက် လာခဲ့တယ်။ အရင်ကဆိုရင် ရီးယဲလ်ဟာ အပြောင်းအရွှေ့ဈေးကွက်မှာ
လက်သွက်ခြေသွက် လှုပ်ရှားတတ်လေ့ရှိသလို သူတို့ခေါ်ချင် တဲ့ ကောင်းပေ့ဆိုတဲ့ ကစားသမား
ကိုလည်း အစောကြီးကတည်းက အရခေါ်ပြမယ်ဆိုတဲ့ လေသံမျိုးပစ် ပြီး တကယ်လည်း
ရအောင်ခေါ်တတ်တဲ့အသင်းမျိုးဖြစ်နေပေမယ့် ဒီရာသီမှာတော့ ရီးယဲလ်နဲ့ ပတ်သက်ပြီး
အသံထွက် လာတဲ့ ကစားသမားမျိုး နည်းပါးနေ တာ တွေ့ရတယ်။

အစော ပိုင်းက စတာ လင်နဲ့ ပတ်သက်ပြီး သတင်းအချို့ထွက်လာပေမယ့် လည်း နောက်ပိုင်းမှာ
ဒီသတင်းတွေက မှေးမှိန်သွားခဲ့ပြီး သူတို့ခေါ်ယူချင်ပါတယ် ဆိုတဲ့ မန်ယူဂိုးသမားဒီဂီယာနဲ့
ပတ်သက်တဲ့ လှုပ်ရှားမှုတွေကလည်း တဖြည်းဖြည်း သွေးအေးလာသလို တွေ့ရတယ်။ အက်စ်
ပန်ညိုဂိုးသမား ကာဆီလာကို ခေါ်ယူလိုက်ပြီဆိုတော့ ဒီဂီယာရဲ့ သတင်းတွေကလည်း လျော့ပါး
သွားတာ သိပ်မဆန်းလှပါဘူး။ ဒီလိုအနေအထားမျိုးမှာ နည်းပြ ဘင်နီတက်ဇ်ကတော့ ICC
ဖလားပွဲ ဩစတြေးလျ ဒေသမှာ ရီးယဲလ်ကို ချန်ပီယံဖြစ်အောင်လို့ ဦးဆောင်မှုတော့ ပေးနိုင်ခဲ့
တယ်။ အဲဒီဖလားပွဲမှာ မိနစ် ၉၀ အတွင်း ရိုးမားနဲ့ ဂိုးမရှိ သရေ(ပင်နယ်တီနဲ့အရေးနိမ့်)၊ မန်စီးတီး
ကို ၄-၁ နဲ့အနိုင်ရအောင် လုပ်ပြနိုင်ခဲ့ပေမယ့် ရီးယဲလ်နဲ့ပတ်သက်လို့ရော ဘင်နီတက်ဇ်အပေါ်မှာပါ
သိပ်ပြီးထူးထူးခြားခြားချီးကျူး ဝေဖန်ပြောဆိုတာမျိုး သိပ်မရှိကြသေးဘဲ အသင်းရဲ့အနေအထားကို
စောင့်ကြည့်နေကြဆဲအနေအထားမှာပဲ ရှိနေသေးသလို တွေ့နေရတယ်။

နောက်ပြီး ခြေစမ်းပွဲတွေ မကစားမီ လေ့ကျင့်ရေးကွင်းမှာ ရော်နာဒိုနဲ့ နည်းပြဘင်နီတက်ဇ်တို့
ကြားမှ အချေအတင်ဖြစ်ခဲ့ မှုတွေ၊ ဘင်နီတက်ဇ်ရဲ့ ထုတ်ပြောထားမှုတွေ အရ
ကာဆီးလက်စ်ကိုရောင်းဖို့ သူဆုံးဖြတ် ခဲ့တာမဟုတ်၊ ဒီဂီယာရောက်မရောက်ဆိုတာလည်း
သူမသိပါဆိုတဲ့ ပြောဆိုမှုတွေအရ တော့ ရီးယဲလ်အသင်းအတွင်းမှာ ဘယ်သူ ဟာ အဓိကလဲ
ဆိုတဲ့ မေးခွန်းမျိုးတွေပါ ထုတ်လို့ကောင်းလာတယ်။ လက်ရှိအသင်းရဲ့ ဒီအနေအထားတွေ
အားလုံးကို ခြုံကြည့်လိုက်မယ်ဆိုရင် အသင်းတွင်းမှာ အားပြိုင်မှု အချို့ ရှိလာနေပြီး ဒီအားပြိုင်
မှုတွေက အသင်းရဲ့တည်ငြိမ်မှုကိုပါ ထိခိုက်လာနိုင်မယ့် အရိပ်အယောင်မျိုးတွေပါ တွေ့လာရ
တာတော့ အမှန်ပါပဲ။

ပြီးခဲ့တဲ့ရာသီကုန်ကတည်းကနေ လက်ရှိ အချိန်အထိ ရီးယဲလ်အသင်းအတွင်း ဖြစ်ပျက်
ခဲ့တဲ့အနေအထားတွေကို ပြန်ကြည့်မယ်ဆိုရင်တော့ ရီးယဲလ်အသင်းကို အဓိက ကြိုးကိုင်နေ
တာဟာ အသင်းရဲ့ဥက္ကဋ္ဌပီရက်ဇ် ဖြစ်နေပြီး နည်းပြဘင်နီတက်ဇ်အတွက် ကတော့ လုပ်ပိုင်ခွင့်
သိပ်မရှိတဲ့ ပုံစံမျိုးပေါ် နေတယ်။ အန်ဆယ်လော့တီကို ထုတ်တာ ကအစ၊ ဘင်နီတက်ဇ်ကို
ခန့်တာက အဆုံး ပီရက်ဇ်ဟာ သူ့လက်သူ့ခြေလုပ်ဆောင်ခဲ့ ပုံပေါ်နေတဲ့အပြင် ကာဆီးလက်စ်ကို
ရောင်းချတာလည်း သူ့သဘောကပဲအဓိကကျနေတဲ့ပုံပေါ်တယ်။ နောက်ပြီး ရာမို့စ်ရဲ့ အပြောင်း
အရွှေ့သတင်းတွေ ထွက်လာရတဲ့ အဓိကတရားခံကို ကြည့်မယ်ဆိုရင်လည်း ပီရက်ဇ်ပဲ
ဖြစ်နေပြန်တော့ ပီရက်ဇ်ရဲ့လှုပ်ရှား မှုတွေဟာ အသင်းအပေါ်မှာ သူ့ရဲ့ ပါဝါနဲ့ အာဏာလွှမ်းမိုးနိုင်ဖို့
အဓိက ပဲဆိုတာ သိသာလာတယ်။

ဘာကြောင့်လဲဆိုတော့ ရီးယဲလ်အသင်းကို နောက် ကြောင်းပြန်လှည့်ကြည့်မယ်ဆိုရင်
အမြဲတမ်းလိုလို အသင်းတွင်းမှာ အားပြိုင်မှုတွေ ရှိနေတတ်တယ်။ အသင်း သားတွေကြားမှာ
ရာမို့စ်နဲ့ ကာဆီးလက်စ်တို့က သူတို့ရဲ့လွှမ်းမိုးနိုင်စွမ်းကို အမြဲတမ်း ထုတ်ပြတတ်လို့ မော်ရင်ညို
လက်ထက်က မော်ရင်ညိုကိုယ်တိုင် ပီရက်ဇ်ကို ရာမို့စ်နဲ့ ကာဆီးလက်စ်တို့နှစ်ဦးကို အသင်းမှာ
ဆက်မထားသင့်ဘူးလို့ ပြောခဲ့ဖူးတယ်ဆိုတဲ့ အကြောင်း သတင်းတွေ ထွက်လာသေးတယ်။
ဒါပေမဲ့ နောက်ဆုံးမှာတော့ အသင်း အတွင်း မော်ရင်ညိုနဲ့ ဒီကစားသမားနှစ်ဦးရဲ့ အားပြိုင်မှုမှာ
မော်ရင်ညို အသင်းက ထွက်ခွာပေးလိုက်ရတဲ့အထိ ဖြစ်သွားခဲ့ တယ်။ အဲဒီနောက်မှာတော့
ရာမို့စ်နဲ့ ကာဆီး လက်စ်တို့ရဲ့ပါဝါကလည်း ပိုပြီးကြီးထွားလာသလိုဖြစ်လာပြီး သူတို့ရဲ့ အသင်း
အပေါ်လွှမ်းမိုးနိုင်မှုဟာ ပီရက်ဇ်အတွက်ကိုပါ ထိခိုက်လာနိုင်တဲ့အနေအထား ဖြစ်လာ
နိုင်တာကြောင့် ပီရက်ဇ်တစ်ယောက် ဒီနှစ်ယောက်ကို ပြန်ရှင်းထုတ်ဖို့ စီစဉ်ခဲ့ပုံ ပါပဲ။ ဒါပေမဲ့
လက်ရှိအချိန်မှာတော့ ပီရက်ဇ်ရဲ့ သားကောင်ဟာ ကာဆီးလက်စ်ဖြစ်သွားခဲ့ပြီး ရာမို့စ်ရဲ့အနာဂတ်
ကတော့ အခုနောက်ပိုင်း ပြန်ပြီးငြိမ်သွားတာ တွေ့ရတယ်။

ဒါဟာ ပီရက်ဇ်ရဲ့ သူနဲ့ပါဝါချင်း ယှဉ်လာနိုင်တဲ့သူတွေအပေါ်မှာ တဖြည်းဖြည်းနဲ့ရှင်းထုတ်ပစ်ဖို
့ ပြင်ဆင်လာနေတဲ့ပုံမျိုးပေါ်လာတယ်။ ဒီအချိန်မှာ နည်းပြဘင်နီတက်ဇ်က တော့ အရုပ်တစ်ရုပ်
လိုဖြစ်နေတယ်။ ဒါက လည်း ပီရက်ဇ်လက်ချက်နဲ့ မကင်းလှပါဘူး။ ပီရက်ဇ်ဟာ ဘင်နီတက်ဇ်ရဲ့
ရီးယဲလ်နည်းပြ အဖြစ် တာဝန်ယူလိုမှုကို အကြောင်းပြုပြီး သူ့ကိုမယှဉ်နိုင်အောင် လုပ်ထားတဲ့ပုံ
ပါပဲ။ ဘင်နီတက်ဇ်ကလည်း သူ့ကိုတာဝန်ပေး ထားခဲ့တဲ့ ပီရက်ဇ်လုပ်ချင်သလိုလုပ် သူကတော့
အသင်းကိုအကောင်းဆုံးဖြစ် အောင် ကြိုးစားပြီး လုပ်ပြနိုင်ရင်ပြီးရောဆိုတဲ့ ပုံစံမျိုးဖြစ်လာနေ
တယ်။ ဒါကြောင့် ရီးယဲလ်အပြောင်းအရွှေ့တွေ နဲ့ ပတ်သက်လို့ သူ့မှာ အာဏာမရှိသလိုမျိုး
ထုတ်ပြောထားခဲ့ပြီး အသင်းကိုတကယ် ပဲ့ကိုင်နေသူဟာ တခြားတစ်ယောက်ဆိုတာကို
သိသာအောင်လုပ်ပြထားသလိုပါပဲ။

ဒီအနေအထားဟာ ဘင်နီတက်ဇ်အတွက် လည်း စိန်ခေါ်မှုတွေပိုရှိလာတယ်။ ပီရက်ဇ်
စိတ်ကြိုက်ဖန်တီးနေတဲ့ အသင်းတစ်သင်းကို သူက ကြားလူတစ်ဦး အနေနဲ့ အောင်မြင်မှုတွေ
ရအောင် ၀င်လုပ် ပေးနေရသလိုမျိုးဖြစ်နေပြီး မလုပ်နိုင်ခဲ့ရင် လည်း တစ်ဖက်မှာ ပရိသတ်တွေက
နဂို ကတည်းကမှ သူ့ကိုသိပ်လိုလားပုံသိပ်မပြ ကြလို့ သူ့အတွက်တော့ ဖိအားတွေနဲ့အတူ
ရီးယဲလ်ကို ပြန်ဆွဲတင်ပြဖို့ အခက်တွေ့ နိုင်တယ်။ ဒါ့ပြင်အသင်းက ကစားသမားတွေနဲ့
သူ့ကြားမှာလည်း အားပြိုင်မှုအချို့ ကြုံလာ ရမယ့်အနေအထားမျိုးပါ တွေ့နေရပြန်တော့
ဘင်နီတက်ဇ်အတွက်တော့ အထက် အောက် အားပြိုင်မှုကြားက ကြားလူ တစ်ယောက်
လိုဖြစ်နေရင်းက...

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း