အရင်းအနှီးကြီးကြီးမားမားပြင်ဆင်ထားတဲ့ အဘူဒါဘီစော်ဘွားတို့ရဲ့ မန်စီးတီး

ပြီးခဲ့တဲ့ရာသီက မန်စီးတီးရဲ့ ပြင်ဆင်မှုက ခပ်အေးအေးပဲ ရှိခဲ့ပြီး ချယ်လ်ဆီးရဲ့ပြင်ဆင်မှုက
ကြီးကြီးမားမားရှိခဲ့ပါတယ်။ အဲဒီတုန်းက လက်ရှိချန်ပီယံက မန်စီးတီးပါ၊ ရာသီကုန်တော့
ချန်ပီယံက ပြင်ဆင်မှုကြီးမားခဲ့တဲ့ ချယ်လ်ဆီး အသင်းဖြစ်သွားခဲ့ပါတယ်။ ဒီနှစ်မှာတော့
ချယ်လ်ဆီးရဲ့ ပြင်ဆင်မှု ခပ်အေးအေးဖြစ်သွားချိန်မှာ မန်စီးတီးရဲ့ ပြင်ဆင်မှုက အရင်း
အနှီးကြီးကြီးမားမားနဲ့ ပြင်ဆင်နေခဲ့တာက မနှစ်ကအခြေအနေနဲ့ ပြောင်းလဲသွားတဲ့
ဖြစ်ရပ် တစ်ခုဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

အဲဒီအတွက် ဩဂုတ်လ ပွဲစဉ်တွေကပဲ ဒီနှစ်သင်းရဲ့ အားပြိုင်မှုအနေအထားကိုပြသလိုက်ပြီ
လည်းဖြစ်ပါတယ်။ ဩဂုတ် ပွဲစဉ် (၄) ပွဲမှာ မန်စီးတီးကအမှတ်ပြည့် ၁၂ မှတ်ရချိန်မှာ
လက်ရှိချန်ပီယံ ချယ်လ်ဆီးက လေးမှတ်သာရသွားခဲ့ပြီဖြစ်လို့ အမှတ် ကွာခြားမှုက
ရှစ်မှတ်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ အဲဒီအတွက် လည်း ဩဂုတ်လရဲ့ အကောင်းဆုံးမန်နေဂျာဆုကို
မန်စီးတီး မန်နေဂျာ ပယ်လီဂရီနီက ထိုက်ထိုက်တန်တန်ပဲ ရရှိသွား ခဲ့ပါတယ်။ မနှစ်ကရာသီ
ကုန်ခါနီးမှာ ပယ်လီဂရီနီဟာ ပြုတ်လုလုအသံတွေထွက်ခဲ့ပေမယ့် အဘူဒါဘီစော်ဘွားတွေက
ဒီနှစ်မှာ စာချူပ်သစ်ပါထပ်ပြီးချုပ်ဆိုလိုက်တာကလည်း မန်စီးတီးရဲ့ ထူးခြားမှုတွေထဲက တစ်ခုလည်း
ဖြစ်နေခဲ့ပါတယ်။ ဩဂုတ်လပွဲစဉ်တွေမှာ ပယ်လီဂရီနီဟာ လေးပွဲစလုံးကို ပေးဂိုးမရှိကစား
သွားနိုင်တာလည်း မနှစ်က ခံစစ်အားနည်းလွန်းတဲ့ မန်စီးတီးခံစစ်ရဲ့ ထူးခြားတဲ့ပြောင်းလဲမှုဖြစ်နေခဲ့
ပါတယ်။

ကစားရတဲ့ပွဲတွေမှာ ချယ်လ်ဆီး၊ အဲဗာတန်တို့လို ပြိုင်ဘက်နဲ့ ဖျက်မြင်းအသင်းတွေ
ပါဝင်နေခဲ့တာပါ။ သုံးဂိုးပြတ်၊ နှစ်ဂိုးပြတ်ဆိုတဲ့ရလဒ် တွေက မန်စီးတီးအနေနဲ့တော့ ချယ်လ်ဆီးထံက
ချန်ပီယံ သရဖူကို ပြန်လည်ရယူနိုင်တဲ့ခြေစွမ်းဖြစ်လာနေခဲ့ပါ တယ်။ ရုရှားသူဋ္ဌေး အေဗရာမိုဗစ်ခ်ျ
ခြိုးခြံချွေတာနေချိန် မှာ အဘူဒါဘီစော်ဘွားတွေကတော့ အရင်းအနှီးကြီးကြီး မားမားနဲ့
ရင်းနှီးမြုပ်နှံထားမှုကလည်း အသာစီးတစ်ခု ဖြစ်လာနေခဲ့ပါတယ်။ မနှစ်ကမန်စီးတီးနောက်တန်းဟာ
ဝေဖန်စရာတွေနဲ့ချည်း ဖြစ်ပါတယ်။ ကက်ပတိန်ကွန်ပနီခြေစွမ်းကိုက စိတ်ပျက်စရာဖြစ်နေ
ခဲ့ချိန်မှာ အသစ်ဝယ်ခဲ့တဲ့မင်ဂါလာရဲ့ ခြေစွမ်းကလည်း မတည်မငြိမ် ဖြစ်ခဲ့ရပါတယ်။ မန်စီးတီးနောက်
တန်းတွေရဲ့ အသက်တွေကို ကြည့် လိုက်ရင် ၃၀ ၀န်းကျင်ဖြစ်နေခြင်းက ထောက်ပြစရာ
ဖြစ်ခဲ့ပေမယ့် ဒီနှစ်မှာတော့ ဒီ ၃၀ ၀န်းကျင်တွေ ဟာပြန်ပြီးတည်ငြိမ်နေတာကို တွေ့နေရပါတယ်။
ကွန်ပနီဪမင်ဂါလာ ဗဟိုခံစစ်အတွဲဟာ ခံစစ်အပြင် တိုက်စစ်ကိုပါ လိုက်ပြီးအားဖြည့်ပေးနေ
ခဲ့လို့ ကွန်ပနီ တစ်ယောက် နှစ်ဂိုးတောင်သွင်းနိုင်တဲ့အထိ ဖြစ်လာခဲ့ပါတယ်။

အားနည်းတဲ့ခံစစ်အတွက် ဒီနှစ်အားဖြည့် လိုက်တာက အာဂျင်တီးနားလက်ရွေးစင်
အော်တာမန်ဒီပဲ ဖြစ်ပါတယ်။ မနှစ်ကဗလင်စီယာအသင်းရဲ့ ဗဟိုခံစစ်မှာ အော်တာမန်ဒီ-မူစတာဖီ
အတွဲဟာ အကောင်းဆုံး ကစားခဲ့လို့ ဗလင်စီယာဟာ ဘာစီလိုနာ၊ ရီးယဲလ် မက်ဒရစ်တို့
ကစားရခက်တဲ့ အသင်းဖြစ်ခဲ့ပါတယ်။ အော်တာမန်ဒီကို ဘာစီလိုနာက ၀ယ်တော့ မလိုလို
လုပ်ခဲ့ပေမယ့်မန်စီးတီးက အရယူလိုက်လို့ ဘာစီလိုနာဟာ အော်တာမန်ဒီကို လက်လွှတ်လိုက်
ရပါတယ်။

အော်တာမန်ဒီကို ဥရောပကိုတင်သွင်းလာခဲ့ တာက ပေါ်တိုအသင်းဖြစ်ပြီး ယူရိုလေးသန်းနဲ
့ခေါ်ခဲ့တာ ဖြစ်ပါတယ်။ ပေါ်တိုကနေ ဗလင်စီယာက ၂၀၁၄ မှာ ယူရို ၁၂ သန်းနဲ့ခေါ်လိုက်ပါတယ်။
အခု ၂၀၁၅ ရောက် တော့ မန်စီးတီးက ပေါင် ၂၅ ဒသမ ၈ သန်းနဲ့ ခေါ်လိုက် တာဖြစ်ပါတယ်။ သူ့ရဲ့ပြောင်းရွှေ့ကြေးကိုကြည့်လိုက်ရင် ဈေးတွေက တောက်လျှောက်တက်လာတာကို တွေ့ရမှာ
ဖြစ်ပါတယ်။ လက်ရှိမှာ အော်တာမန်ဒီဟာ မန်စီးတီးမှာ ဦးစားပေးကစားရခြင်းမရှိသေးပေမယ့်
အော်တာမန်ဒီ ဟာ မကြာခင်မှာ မန်စီးတီးမှာ နေရာရလာတော့မှာ ဖြစ်ပါတယ်။ မန်စီးတီးနောက်
ထပ်ခေါ်တဲ့ ကစားသမားက ဗီလာကွင်းမှာ မနှစ်ကခြေစွမ်းပြကစားခဲ့တဲ့ ဖာဖီယန်ဒပ်ဖ်ပဲဖြစ်ပါတယ်။
ဒပ်ဖ်ကအသက် ၂၅ နှစ်ပဲရှိသေးပြီး ခံစစ်အကူ ကွင်းလယ်သမားဖြစ်ပါတယ်။ ယာယာတိုရေးဟာ
မနှစ်ကရာသီဝက်က ခြေစွမ်းကျသွားခဲ့လို့ သူ့နေရာ အတွက်ရည်ရွယ်ပြီး ဖြည့်ဆည်းထားပုံရ
ပါတယ်။

ဖျက်အားကောင်းသလို သူ့ရဲ့အပို့တွေက တိကျတာကိုတွေ့ရပါ တယ်။ ပေါင်ရှစ်သန်းနဲ့ရတာ
ကတော့ မန်စီးတီးအတွက် ထိုက်တန်တယ်လို့ဆိုရမှာဖြစ်ပါတယ်။ တစ်ခုရှိတာက
မန်စီးတီးကိုရောက်လာခဲ့ကြတဲ့ အင်္ဂလိပ်ကစားသမားတွေဖြစ်တဲ့ ဆင်ကလဲယား၊ ဂျွန်ဆင်၊
ရော့ဒ်ဝဲလ် တို့တစ်တွေဟာ နေရာမရဘဲ နောက်ဆုံးမှာ ဟိုလွင့်ဒီလွင့် ဖြစ်သွားတာမျိုးမဖြစ်အောင်
ဒပ်ဖ်အနေနဲ့နေရာရအောင် တော့ ကြိုးစားယူရမှာဖြစ်ပါတယ်။ ဒပ်ဖ်ထက်နေရာရ၊ အားကိုးရတဲ့သူ
ဖြစ်နေတာက လီဗာပူး တောင်ပံ ကစားသမား စတာလင်ပဲ ဖြစ်ပါတယ်။ စတာလင်ကို
ပေါင် ၄၉ သန်းနဲ့ ခေါ်ထားခဲ့တာဖြစ်ပါတယ်။

ဈေးသိပ်များတယ်ထင်ရပေမယ့် စတာလင်ဟာ ပယ်လီဂရီနီရဲ့ အားထားရသူဖြစ်လာခဲ့ပါတယ်။
သူ့ရဲ့ခြေစွမ်းပြကစားနိုင်မှုကြောင့် နာဆရီဟာ ဦးစားပေးနေရာပျောက်ဆုံးသွားဖွယ်ရှိနေပါတယ်။
စတာလင်ကိုယ်တိုင်လည်း ပွဲကြောင်တာမျိုးမရှိဘဲ ချက်ချင်းအံဝင်အောင် ကစားနိုင်တာ
တွေ့ရပါတယ်။ သူကိုယ်တိုင်လည်း စိတ်ပါလက်ပါနဲ့ကြိုးကြိုးစားစားကစားနေတာကို
တွေ့ရပါတယ်။ ၀က်ဖို့ဒ် ပွဲမှာသူကိုယ်တိုင်ဂိုးသွင်းသွားနိုင်ခဲ့ပါတယ်။ ဂိုးရအောင် တစ်ကြိမ်
ဖန်တီးထားပြီးလည်း ဖြစ်ပါတယ်။ စတာလင်ဟာ မန်စီးတီးညာတောင်ပံမှာ အရေးပါသူဖြစ်လာ
ခဲ့ပြီဖြစ်ပါတယ်။ မန်စီးတီးနောက်ထပ်ခေါ်လိုက်တဲ့သူက ချယ်လ်ဆီး ကနေ ၀ုဖ်ဘတ်ကိုပြောင်းရွှေ
့ကစားခဲ့ပြီး အကောင်းဆုံး ခြေစွမ်းပြကစားခဲ့တဲ့ ဘယ်လ်ဂျီယံလက်ရွေးစင် တောင်ပံ ကစားသမား
ဒီဘရိုင်ပဲ ဖြစ်ပါတယ်။ ၂၀၁၂ ဇန်န၀ါရီ အပြောင်းအရွှေ့ကာလမှာ ဘယ်လ်ဂျီယံကလပ် ဂျန့်ကနေ
ချယ်လ်ဆီးဟာ ဒီဘရိုင်ကိုပေါင် ခုနစ်သန်းနဲ့ ငါးနှစ်စာချုပ် ချုပ်ခဲ့တာပါ။ ဒါပေမဲ့ ဒီဘရိုင်ဟာ
ချယ်လ်ဆီးမှာ နေရာမရခဲ့ပါဘူး။

ချယ်လ်ဆီးဟာ ကစားသမားတွေဝယ်ပြီး ချက်ချင်းသုံးလို့မရရင် ခေါက်ထားလေ့ရှိတဲ့ အသင်း
တစ်သင်းပဲ ဖြစ်ပါတယ်။ ၂၀၁၂ ရာသီသစ်စတော့ ဒီဘရိုင်း ကို ဘွန်ဒစ်လီဂါ က ၀ါဒါဘရီမင်
ကလပ်ကို ချယ်လ်ဆီးဟာ အငှားချပြီး ပို့လိုက်ပါတယ်။ ၀ါဒါဘရီမင်နဲ့အတူ ခြေစွမ်းပြကစားပြီး
ရာသီကုန်တော့ ချဲလ်ဆီးကို ဒီဘရိုင် ပြန်ရောက်လာခဲ့ပါတယ်။ အဲဒီအချိန် မှာ ဘိုင်ယန် မြူးနစ်၊
လေဗာကူဆင်တို့က သူ့ကို ကမ်းလှမ်း ပေမယ့် မော်ရင်ညိုက ထိန်းထားခဲ့လို့မရောင်းဖြစ်ခဲ့ပါဘူး။
၂၀၁၃-၁၄ ဘောလုံးရာသီ ရောက်တော့ ချယ်လ်ဆီးနဲ့ ဟားလ်စီးတီးပွဲမှာကစားခွင့် ရပြီး
ဂိုးသွင်းနိုင်ပေမယ့် ဒီဘရိုင်ဟာ ချဲလ်ဆီးမှာ ဦးစားပေး ကစားခွင့်မရခဲ့ရှာပါဘူး။ အဲဒီရာသီ
ဇန်န၀ါရီအပြောင်း အရွှေ့ကာလရောက်တော့ မော်ရင်ညိုဟာ အလားအလာ ရှိတဲ့ ဒီဘရိုင်ကို
ပေါင် ၁၈ သန်းနဲ့ ရောင်းပစ်လိုက်ပါတယ်။

ပေါင် ခုနစ်သန်းနဲ့ဝယ်တဲ့ ကစားသမားကို ပေါင် ၁၈ သန်းနဲ့ ရောင်းတယ်ဆိုတော့ ငွေပမာဏအရ
အမြတ်အစွန်း ထွက်တယ်ထင်ရပေမယ့် ဒီဘရိုင်ဟာဝုဖ်ဘတ်မှာ အကောင်းဆုံး ခြေစွမ်းပြလိုက်တဲ့
အခါမှာတော့ ချယ်လ်ဆီးရဲ့ ရောင်းချမှုဟာ အဆုံးဖြစ်သွားပြီဆိုတာ အခုမန်စီးတီးက ၀ုဖ်ဘတ်
ကနေပေါင် ၅၈ သန်းဝယ်လိုက် တဲ့အခါ ၀ုဖ်ဘတ်ကိုအကောင်းဆုံး အလုပ်အကျွေးပြု နိုင်တာတွေ
ကတော့ ချယ်လ်ဆီးအတွက် နစ်နာမှုကြီးကြီး မားမားဖြစ်သွားပါတယ်။ ၂၀၁၅ ရဲ့ အကောင်းဆုံး
ဘွန်ဒက်စ်လီဂါကစားသမားတောင် ဖြစ်သွားခဲ့ပါတယ်။ မနှစ်ကရာသီအကုန် ကွင်းလယ်ကနေ
ပံ့ပိုးပေးနိုင်တဲ့ ကစားသမားတွေကိုကြည့်လိုက်ရင် ဒီဘရိုင်ဟာ ဥရောပ လိဂ်တွေထဲမှာ
အကောင်းဆုံးပံ့ပိုးပေးနိုင်တဲ့ကစားသမားဖြစ်ခဲ့ပါတယ်။ အဂွီရိုကို ပံ့ပိုးပေးဖို့အတွက် မနှစ်က
ထက်စာရင် မန်စီးတီးတိုက်စစ်က ပိုပြီးကောင်းလာတာကိုတွေ့ရမှာဖြစ်ပါတယ်။ နာဆရီ၊
မီလ်နာ၊ နာဗက်ဆိုတဲ့တောင်ပံအားနေရာမှာ စတာလင်၊ ဒီဘရိုင် အစားဝင်လာခြင်းဟာ
ထူးခြားလာမှာတော့ သေချာနေပါတယ်။ တိုက်စစ်က ဒီဇီကို ကို ရိုးမာကိုအငှားနဲ့ပို့လိုက်လို့
မနှစ်က ဇန်န၀ါရီမှာ ၀ယ်ထားတဲ့ ဘိုနီဟာ အဂွေရိုနေရာကို အစားဝင်လို့လည်း ရနေပါတယ်။
ယာယာတိုရေးဟာမနှစ်က ရာသီဝက်မှာ ခြေကျလာခဲ့လို့ မရေရာဘူးထင်ရပေမယ့် ဒီရာသီအစ
ဩဂုတ်လထဲမှာတော့ ယာယာတိုရေးဟာလည်း အရင်ပုံစံတွေပြန်ရလာနေတာ တွေ့ရပါတယ်။
မန်စီးတီးရဲ့ အဘူဒါဘီစော်ဘွားတွေဟာ မန်စီးတီးကို သူတို့ပိုင်ဆိုင်ပြီးချိန်ကစပြီးချိန်ကလို့
ကစားသမားဝယ်ယူသုံးစွဲမှုငွေကြေးပေါင်းဟာ ပေါင်သန်း ၆၀၀ ကျော်ရှိထားခဲ့ပြီဖြစ်ပါတယ်။
ဒီနှုန်းက ရီးယဲလ်မက်ဒရစ်သုံးထားတဲ့ ပမာဏနီးပါးပဲ ဖြစ်ပါတယ်။

ဒီနွေရာသီအပြောင်းအရွှေ့ ကာလမှာတင် ကစားသမားလေးယောက်အတွက်သုံးခဲ့တဲ့
ငွေကြေးဟာ အမြောက်အမြားဖြစ်သွားခဲ့ပါတယ်။ မန်စီးတီးရဲ့ ကစားသမားဖြည့်တင်းမှုဟာ
ဒီနွေမှာ ထိရောက်မှုရှိတဲ့ ပြင်ဆင်မှုလို့ ဆိုရမှာဖြစ်ပါတယ်။ အခုနောက်ဆုံးကစားခဲ့တဲ့
ပွဲစဉ် (၅) မှာလည်း ပဲလေ့စ် ကွင်းမှာ မန်စီးတီးဟာ သရေပွဲလို့ ထင်ထားချိန်မှာ နာကျင်အချိန်ပိုမှာ
အနိုင်ဂိုးထပ်သွင်းလိုက်လို့ အခုဆိုရင် မန်စီးတီးဟာ ရာနှုန်းပြည့်အောင်ပွဲ ငါးပွဲ၊ ၁၅ မှတ်ကို
ရရှိသွားပြီဖြစ်ပါတယ်။ မန်စီးတီးကအောင်မြင်မှု အထွဋ်အထိပ် ရောက်ချိန်မှာပြိုင်ဘက် ချယ်လ်ဆီး
ငါးပွဲ လေးမှတ်ဆိုတဲ့ ဆိုးရွားမှုနဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ ပဲလေ့စ်ပွဲမှာမန်စီးတီးအတွက်
အနိုင်ဂိုးသွင်းသွားသူက နိုက်ဂျီးရီးယားလူငယ်တိုက်စစ်မှူး အိုင်ဟီယာ နာချိုပဲဖြစ်ပါတယ်။
အသက် ၁၉ နှစ်သာရှိသေးပြီး ၂၀၁၄ ခုနှစ်က နိုက်ဂျီးရီးယားအကယ်ဒမီဖြစ်တဲ့ တာယီ
အကယ်ဒမီကနေ ခေါ်လာခဲ့တာဖြစ်ပါတယ်။ ဒီပွဲမတိုင်ခင် ၀က်ဖို့ဒ်နဲ့ပွဲမှာ သူဟာ သုံးမိနစ်နဲ့
၄၈ စက္ကန့်သာ လူစားဝင်ကစားခဲ့ရပေမယ့် ဒီနေ့ပွဲမှာတော့ သူဟာ မန်စီးတီးရဲ့ အဖိုးတန်ဂိုးကို
သွင်းသွားနိုင်ခဲ့ပါတယ်။

အိုင်ဟီယာနာချိုအတွက် ယုံကြည်မှုရသွားတဲ့ ရလဒ်ပဲဖြစ်ပါတယ်၊ သူ့ကိုအသက် ၁၈ နှစ်အရွယ်မှာ
ခေါ်ထားပြီး မနှစ်ကရာသီမှာကတည်းက အသင်းကြီး ကို ရောက်နေခဲ့တာပါ၊ ဒါပေမဲ့ မနှစ်က
သူကံမကောင်းဘူး၊ ဒဏ်ရာကြီးကြီးမားမားရသွားခဲ့ ပါတယ်။ ဒီနှစ်မှာတော့ ရာသီကြိုပြင်ဆင်ချိန်မှာ
ကတည်းက သူဟာ ကြိုးကြိုးစားစားကစားခဲ့တဲ့ အနာဂတ်မှာ အားကိုးရမယ့် တိုက်စစ်မှူး
တစ်ယောက်ဖြစ်ပါတယ်၊ ဒီဇီကိုကို ရိုးမားကိုအငှားချပြီးတော့ နောက်ထပ်တိုက်စစ်မှူး
ဝယ်ယူဖြည့်တင်း ခြင်းမပြုခြင်းရဲ့ အကြောင်းရင်းက သူရှိနေလို့ဖြစ်ပါတယ်။

အဲဒါသူ့အတွက် အခွင့်အရေးဖြစ်ပါတယ်။ ဒါကိုဒီနေ့မှာ အသုံးချပြသွားနိုင်ခဲ့တယ်၊လို့
ပယ်လီဂရီနီက အိုင်ဟီ ယာနာချိုနဲ့ပတ်သက်ပြီးပြောသွားခဲ့ပါတယ်။ အဘူဒါဘီစော်ဘွားတွေရဲ့
ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံပေးထားမှု အောက်မှာ မန်စီးတီးကတော့ ရလဒ်ကောင်းတွေနဲ့ ဖြတ်သန်း
ရင်း ချယ်လ်ဆီးထံက ပရီမီယာလိဂ် ချန်ပီယံဖလားကို ပြန်ရဖို့ မနှစ်ကနဲ့မတူတဲ့
အရည်အသွေးတွေကို တွေ့မြင်နေရပါရဲ့။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း