တိုက်စစ်ကောင်းတဲ့ ရိုးမားကို ကြိုက်တယ်

ဘိုလော့နာ - ရိုးမား
(စနေ၊ ည ၁၁း၃၀)

ပြီးခဲ့တဲ့ နှစ်ပွဲဆက်တိုက်မှာ အတ္တလန္တာကို ၃-၀၊ ဗီရိုနာကို ၂-၀ နဲ့ အနိုင်ပြတ်သား
ခဲ့တဲ့ ဘိုလော့နာ ခြေစွမ်းကို အရင်လို လျှော့တွက်လို့မရတော့ပေမယ့် ရိုးမားလို
စွယ်စုံကောင်းတဲ့ ထိပ်တန်းအသင်းကြီးကို ကြံ့ကြံ့ခံ ကစားနိုင်လောက်တဲ့
ခြေစွမ်းမျိုးတော့ မရောက်သေးဘူး။

စီးရီးအေမှာ သွင်းဂိုးအများဆုံး စံချိန်တင်ထားတဲ့ ရိုးမားတိုက်စစ်မှူးတွေက
ကွင်းမရွေး၊ အသင်း မရွေးတဲ့အနေအထားမှာ ရှိတယ်။ ရိုးမားကို
ပိုကြိုက်တယ်။

ဂျူဗင်တပ် - အေစီမီလန်
(တနင်္ဂနွေ၊ နံနက် ၂း၁၅)

အလယ်အလတ်နဲ့ အသင်းငယ်တွေကို အနိုင်ကစားပြီး ယုံကြည်မှု ပြန်လည်တည်
ဆောက်နေတဲ့ ဂျူဗင်တပ်အတွက် အခုပွဲက စိန်ခေါ်မှုတစ်ခုပါ။ အေစီမီလန်ကလည်း
ဆက်စူလို၊ ချီယေဗို၊ လာဇီယိုတို့ကို ဆက်တိုက်နိုင်ပြီး အတ္တလန္တာကို ဂိုးမရှိ
သရေကျလို့ လတ်တလောခြေစွမ်းက အတက်ဘက်မှာရှိတယ်။ ဂျူဗင်တပ်နိုင်ခြေ
ခပ်ပါးပါးပဲရှိတယ်။

ယူဒီးနိစ် - ဆမ်ဒိုးရီးယား
(တနင်္ဂနွေ၊ ညနေ ၆း၀၀)

ဒီရာသီမှာ ရုန်းကန်နေရတဲ့ ယူဒီးနိစ်ဟာ အိမ်ကွင်းမှာ ဂိုးသွင်းနှုန်းသာမက
ခြေစွမ်းရော ရလဒ်တွေပါကျ ဆင်းလာတယ်။ ဆမ်ဒိုးရီးယားကတော့
နည်းပြအပြောင်းအလဲ ဖြစ်ပေမယ့် အသင်းလိုက် မာကျောကျစ်လျစ်ပြီး
တိုက်စစ်အားရှိတယ်။ ဆမ်ဒိုးရီးယားကို ပိုကြိုက်တယ်။

အတ္တလန္တာ - တိုရီနို
(တနင်္ဂနွေ၊ ည ၈း၃၀)

အေစီမီလန်ကွင်းမှာ ဂိုးမရှိသရေ ကစားခဲ့တဲ့ အတ္တလန္တာခြေစွမ်းက
အတက်ဘက်မှာ ရှိနေ တယ်။ အထူးသဖြင့် အတ္တလန္တာဟာ စုဖွဲ့မှု
ကျစ်လျစ်ပြီး အိမ်ကွင်းသေချာတယ်။ တိုရီနိုကတော့ ရာသီအစပိုင်းက
ခြေစွမ်းမျိုးမဟုတ်တော့ဘဲ နောက်တန်း'ပွင့်'ပြီး တောက်လျှောက်
စိုက်ဆင်း လာတယ်။ အိမ်ကွင်းသေချာတဲ့ အတ္တလန္တာကို ရွေးချယ်
သင့်တယ်။

ကာပီ - ချီယေဗို
(တနင်္ဂနွေ၊ ည ၈း၃၀)

အမှတ်ပေးဇယား ကြမ်းခင်းရောက်နေတဲ့ ကာပီဟာ လတ်တလော
တိုက်စစ်ပျောက်သွား တယ်။ ချီ ယေဗိုကလည်း ခြေကျနေပြီး
နောက်ဆုံးလေးပွဲဆက်တိုက်မှာ တစ်ဂိုးသာ သွင်းယူနိုင်ခဲ့လို့
ဂိုးသွင်းအား ကျဆင်းနေတယ်။ ဒါပေမဲ့ ချီယေဗိုဟာ စုဖွဲ့မှုကျစ်လျစ်ပြီး
တန်ပြန်တိုက်စစ်ကောင်းတယ်။ ချီယေဗိုကို ရွေးချယ်သင့်တယ်။

ဂျီနိုအာ - ဆက်စူလို
(တနင်္ဂနွေ၊ ည ၈း၃၀)

သုံးပွဲဆက်တိုက် သရေကျခဲ့ရာမှာ ငါးဂိုးသွင်းယူထားတဲ့ ဂျီနိုအာတိုက်စစ်က
တိုးတက်လာပေမယ့် ငါးဂိုးပြန်သွင်းခံရလို့ နောက်တန်းမလုံခြုံဘဲ အနိုင်ကို
ထိန်းမထားနိုင်တာ ပေါ်လွင် နေတယ်။ ဆက်စူလိုကလည်း ခြေတက်နေပြီး
ထိပ်တန်းအသင်းကြီးတွေကလွဲရင် ကျန်အသင်း တွေကို ခြေစွမ်းအသာစီးက
ကစားနိုင်စွမ်းရှိနေတယ်။ ဆက်စူလိုနောက်တန်း ခံစစ်ကစားပုံ တိုးတက်လာပြီး
သုံးပွဲဆက်တိုက် ပေးဂိုးမရှိခဲ့ဘူး။ ဆက်စူလိုကို ပိုကြိုက်တယ်။

ဗီရိုနာ - နာပိုလီ
(တနင်္ဂနွေ၊ ည ၈း၃၀)

တောက်လျှောက်စိုက်ဆင်းလာတဲ့ ဗီရိုနာဟာ ခံစစ် 'ပွင့်'ထွက်နေပြီး ထိပ်တန်း
အသင်းကြီးတွေကို ရင်ဆိုင်နိုင်တဲ့ အနေအထားမှာ မရှိတော့ဘူး။ နာပိုလီကတော့
အချိတ်အဆက် မိပြီး တိုက်စစ်မှူး ဟီဂူအင်နဲ့ တောင်ပံတိုက်စစ်သမားတွေ
အတွဲမိနေတယ်။ နာပိုလီ ခံစစ်က လည်း ပြီးခဲ့တဲ့လေးပွဲဆက်တိုက် ဂိုးသွင်း
မခံရလို့ တိုးတက်မှုရှိလာတယ်။ ဒါကြောင့် တိုက်စစ် ရော၊ ခံစစ်ပါကောင်းနေတဲ့
နာပိုလီတို့ ဖိဖိစီးစီးကစားရင် အနိုင်ပြတ်သားဖွယ်ရှိတယ်။

လာဇီယို - ပါလာမို
(တနင်္ဂနွေ၊ ည ၈း၃၀)

ပွဲကျပ်တွေဆက်နေတဲ့ လာဇီယိုဟာ သုံးပွဲဆက် တိုက်ရှုံးခဲ့ရာမှာ ခုနစ်ဂိုးအသွင်း
ခံလိုက် ရလို့ နောက်တန်း စိတ်မချရဘူး။ ဒါပေမဲ့ ကွင်းလယ်တိုက်စစ်နဲ့ ကစားကွက်
ဖော်ဆောင်မှုပိုင်း မှာတော့ လာဇီယိုက ခြေစွမ်းကို ထိန်းထားနိုင်တယ်။
ပါလာမိုကတော့ ခြေစွမ်းမတည်ငြိမ်ဘဲ မာကျောတဲ့ အသင်းကြီးတွေကို
ခံကစားနိုင်တဲ့ အနေအထားကို မရောက်သေးဘူး။ အိမ်ကွင်း အားသာချက်
ရှိတဲ့ လာဇီယိုတို့ ပါလာမိုကို အနိုင်ကစားသွားမယ်လို့ ယူဆမိတယ်။

အင်တာမီလန် - ဖရိုစီနိုနီ
(တနင်္လာ၊ နံနက် ၂း၁၅)

နိုင်ပွဲဆက်တိုက်ရလာတဲ့ အင်တာမီလန်ဟာ ထိပ် ပိုင်းပြန်ရောက်လာပေမယ့်
ဂိုးသွင်းနှုန်း က အားရစရာ မရှိသေးဘဲ ၁၂ ဂိုးသာ သွင်းနိုင်သေးလို့ ထိပ်တန်း
အသင်းကြီးတွေထဲမှာ ဂိုးသွင်း အား အနည်းဆုံး ဖြစ်နေတယ်။ ဖရိုစီနိုနီကတော့
အသင်းကြီးတွေကို ခံကစားနိုင်တဲ့ ခြေစွမ်းမျိုး မရှိသေးဘူးဆိုတာ ဖီအိုရင်တီးနားကို
၎-၁ နဲ့ ရှုံးခဲ့တဲ့ပွဲမှာ ပေါ်လွင်သွားတယ်။ အင်တာမီလန်တို့ ခပ်ပါးပါးအနိုင်လောက်ပဲ
ကစားမယ်လို့ ယူဆမိတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း