ဂျေမီဗာဒီ၊ ရာနီယေးရီနဲ့ အလည်တစ်ခေါက်ရောက်လာတဲ့လက်စတာ

လက်စတာဆိုတဲ့အသင်းက အသင်းငယ်လေး ပါပဲ။ အလယ်အလတ်အသင်းလို့တောင် ထင်
ထားကြတာ မဟုတ်ပါဘူး။ သူတို့ရည်ရွယ်ချက်က ပရီမီယာလိဂ်မှာ တင်ကျန်ရစ်ရေးပဲဖြစ်
ပါတယ်။

မနှစ်ကရာသီကဆိုရင် တန်း မဆင်းရဖို့ အသေအလဲ ကြိုးစားခဲ့ရတဲ့အသင်း၊ မနှစ်ကအခုလို
အချိန်မှာ လက်စတာဟာတန်းဆင်းဇုန်ထဲမှာပဲ တစ်ဝဲလည်လည် ဖြစ်နေတဲ့အသင်း။ အခုတော့
အဲဒီလိုရုန်းကန် ရတဲ့အသင်းလေးက ပရီမီယာလိဂ် အမှတ်ပေး ဇယားမှာ ထိပ်ဆုံးရောက်နေတဲ့
အသင်း ဖြစ်လာနေပုံကတော့ အံ့ဩစရာပဲဖြစ်ပါတယ်။ လက်စတာအသင်း အမှတ်ပေးဇယား
ထိပ်ဆုံး ရောက်မယ်လို့ တခြားလူတွေမဆို ထားနဲ့ မန်နေဂျာဖြစ်တဲ့ရာနီယေးရီ၊ အသင်း
ပိုင်ရှင်တွေဖြစ်တဲ့ ထိုင်းသူဋ္ဌေးတွေ၊ အသင်း မှာ ကစားနေတဲ့ကစားသမားတွေ၊ လက်စတာမြို့
ကပရိသတ်တွေတောင် ထင်ထားခဲ့ကြမှာမဟုတ်ပါဘူး။

အခုတော့ ပွဲစဉ် (၁၃) အပြီးမှာ လက်စတာဆိုတဲ့ မနှစ်က တန်းမဆင်းရ အောင် ရုန်းကန်းကစား
ခဲ့ရတဲ့ အသင်းလေး က ပရီမီယာလိဂ် ထိပ်ဆုံးကိုရောက်လို့နေပြီ ဖြစ်ပါတယ်။ မနှစ်က
လက်စတာနည်းပြက ပီယာဆင်၊ တန်းဆင်းဇုန်ထဲမှာ အချိန်အတော်များများ နစ်မြုပ်နေတဲ့
အသင်းကို ကိုင်တွယ်နေပြီး မနှစ်က ပရီမီယာလိဂ်လက်ကျန် ၁၀ ပွဲ လောက်ကျမှ ရုန်းကန်
ကစားပြီး လက်စတာကို တင်ကျန်အောင် စွမ်းဆောင်နိုင်ပေမယ့် ရာသီအကြို ထိုင်းခရီးစဉ်
ခြေစမ်းပွဲမှာ သူ့သားအပါအ၀င် ကစားသမားသုံးဦး ထိုင်းမလေးတွေနဲ့ အမွှေဇယားခင်းတဲ့
ကိစ္စပေါ်ခဲ့ လို့ ပီယာဆင်အထုတ်ခံရပြီး ဂရိနည်းပြ အဖြစ်က အထုတ်ခံရတဲ့ ရာနီယေးရီကို
နည်းပြခန့်ပြီး ဒီရာသီကိုဖြတ်သန်းလာခဲ့တာ ဖြစ်ပါတယ်။

ရာနီယေးရီကို နည်းပြခန့်တော့ တချို့က ဝေဖန်တာတွေတောင် ရှိခဲ့ကြပြီး လက်စတာ ထပ်မံ
ရုန်းကန်ရမယ့် ရာသီလို့ ထင်ခဲ့ကြပါတယ်။ မန်နေဂျာသစ် ရာနီယေးရီကလည်း သူ့ရဲ့ ရည်မှန်း
ချက်က ရမှတ် ၄၀ ရရေးပဲဖြစ်တယ် လို့ ပြောခဲ့ဘူးတာ အမှတ်ရနေခဲ့ပါတယ်။ တစ်ပွဲချင်းစီကို
ချည်းကပ်ပြီး ရမှတ် ၄၀ ရအောင် လုပ်သွားမယ်လို့ပြောခဲ့တဲ့ ရာနီ ယေးရီအတွက် အခုပွဲစဉ်
(၁၃) ကစားအပြီး မှာ လက်စတာဟာ (၂၈) မှတ်ရသွားပြီဖြစ်လို့ (၁၂) မှတ်သာ ကျန်တော့
တာမို့ ရာနီယေးရီ တစ်ယောက် လက်စတာကို အခက်အခဲမရှိ ပရီမီယာလိဂ်မှာ
တင်ကျန်အောင် ကိုင်တွယ်နိုင်ဖို့ သေချာနေပြီဖြစ်ပါတယ်။

ဒါကြောင့် ထိုင်းသူဋ္ဌေးတွေပေးမယ့် ဘောနပ်စ် တစ်သန်းကို ရတော့မှာဖြစ်ပါတယ်။ ဒါက
လက်စတာရဲ့ ရည်မှန်းချက်အမှန် ဖြစ်ပါတယ်။ အခုပွဲစဉ် (၁၃) ကစားပြီးတော့ လက်စတာဟာ
မန်စီးတီး၊ အာဆင်နယ်၊ မန်ယူတို့ကို ကျော်ခွပြီး ပရီးမီယာလိဂ် အမှတ်ပေးဇယားထိပ်ဆုံးကို
ရောက်သွားပုံကတော့ ထိုင်းသူဋ္ဌေး တွေအတွက် ရည်မှန်းချက် ပြောင်းသွား လောက်ပြီဖြစ်
ပါတယ်။

သွင်းဂိုး ၂၈ ဂိုး၊ ရမှတ် ၂၈ မှတ်နဲ့ ထိပ်ဆုံးရောက်သွားတာကိုကြည့်လိုက်တော့ လက်စတာ
တိုက်စစ်ဟာ မန်စီးတီး၊ အာဆင်နယ်၊ မန်ယူ၊ လီဗာပူး၊ ချယ်လ်ဆီးတို့ထက် ပိုကောင်းနေတာ
ကိုတွေ့ရမှာ ဖြစ်ပါတယ်။ လက်စတာသွင်းဂိုး ၂၈ ဂိုးကို ထိပ်သီးအသင်းတွေ မမီဘဲဖြစ်နေ
တာကို တွေ့ရပါတယ်။ မန်စီးတီး ၂၇ ဂိုး၊ အာဆင်နယ် ၂၃ ဂိုး၊ မန်ယူ ၁၃ဂိုးဆိုတဲ့ သွင်းဂိုးက
လက်စတာဟာ ထိပ်တန်းအဆင့်တိုက်စစ်တစ်ခု ပိုင်ဆိုင်ထားတယ်ဆိုတာကိုပြသနေတဲ့
အချက်အလက်ဖြစ်နေပါတယ်။ ပေးဂိုးပိုင်းမှာ ဂိုး ၂၀ ပေးထားရတဲ့အချက်ပဲ လက်စတာရဲ့
အားနည်းချက်လို့ပြောရမှာဖြစ်ပါတယ်။ ခံစစ်က ဂိုးပေးရတယ်ဆိုရင်တောင် တိုက်စစ်
ကချေပဂိုးတွေ လိုက်သွင်းပေးနိုင် ခြင်းက အခုလို လက်စတာထိပ်ဆုံးကို ရောက်ဖို့ဖြစ်
လာစေခဲ့တာပဲ ဖြစ်ပါတယ်။ အာဆင်နယ်ကိုအိမ်ကွင်းမှာ ဂိုးပြတ်ရှုံး ပြီးတော့ လက်စတာ
ခြေပျက်သွားမလား ထင်ခဲ့ပေမယ့် အခုဆိုရင် လက်စတာဟာ ခြောက်ပွဲဆက်တိုက် ရှုံးပွဲမရှိ
ကစားသွားနိုင် ခဲ့တဲ့ အသင်းလေးဖြစ်ပါတယ်။

ပွဲစဉ် (၁၃) မှာ ထိပ်ဆုံးက မန်စီးတီးက အိမ်ကွင်းမှာ ရှုံး၊ ဒုတိယနေရာက အာဆင်နယ်က
အဝေးကွင်း မှာ ရှုံးခဲ့ချိန်မှာ တတိယနေရာက လက်စတာ က အဝေးကွင်းမှာ ဂိုးပြတ်နိုင်ဆိုတာ
ဟာ လက်စတာအပေါ် အထင်သေးစိတ်တွေ လျော့ကျစေတဲ့အချက်ပဲ ဖြစ်ပါတယ်။ လက်စတာ
တိုက်စစ်ကောင်းခြင်းအောက် မှာ မထင်မရှားကစားသမားတွေဖြစ်တဲ့ ဂျေမီဗာဒီ၊ မာရက်ဇ်၊
ကင်တီ၊ ရစ်ချီဒီလက်တို့ ကတော့ အဓိကကစားသမားတွေ ဖြစ်လာနေသလို မန်နေဂျာရာနီယေး
ရီကိုလည်း တလေးတစားဖြစ်လာနေပြီ ဖြစ်ပါတယ်။ ဂျေမီဗာဒီ ဆိုရင် လက်စတာအတွက်
အားထားရသူဖြစ်လာ သလို အင်္ဂလန်အသင်းအတွက် အားထား ရတဲ့သူ ဖြစ်လာခဲ့ပြီဖြစ်ပါ
တယ်။ လာမယ့် ယူရို ၂၀၁၆ ပြိုင်ပွဲဝင် အင်္ဂလန်အသင်းအတွက် ဗာဒီဟာ အဓိကတိုက်စစ်မှူး
ဖြစ်လာမှာ သေချာနေလို့ ဗာဒီဟာ သူ့ရဲ့မင်္ဂလာဆောင် မယ့်ရက်ကိုတောင် ရွှေ့လိုက်ပြီ
ဖြစ်ပါတယ်။

နယူးကာဆယ်ကို သုံးဂိုးပြတ်အနိုင်ရတဲ့ပွဲမှာ ဗာဒီဟာ လက်စတာရဲ့ ပထမဆုံးဂိုးကို
ပထမပိုင်း ၄၅ မိနစ်မှာ သွင်းလိုက်လို့ ဗာဒီ ဟာ ၁၀ ပွဲဆက်တိုက်ဂိုးသွင်းနိုင်တဲ့ တိုက်စစ်မှူး
ဖြစ်သွားခဲ့ပါတယ်။ ဒီလို ဂိုးသွင်းနိုင်ဖို့ဆိုတာ လွယ် ကူလှတဲ့ အခြေအနေ မဟုတ်ပါဘူး။
အရင်က ပရီမီယားလိဂ်မှာ ၁၀ ပွဲ ဆက်တိုက် ဂိုးသွင်းနိုင်တဲ့ သူဟာ မန်ယူတိုက်စစ်မှူး
ဖြစ်တဲ့ နစ္စတယ်ရွိုင်းက ၂၀၀၃ သွင်းထားခဲ့တာ ဖြစ်ပါ တယ်။ ဒီလို ၁၀ ပွဲဆက်တိုက်
ဂိုးသွင်းလိုက်ခြင်းက ဗာဒီရဲ့ အရည်အချင်း တက်သွားပြီး စောင့်ကြည့်ခံရတဲ့ အနေအထား
ဖြစ်ပါတယ်။ သူရဲ့အပြောင်းအရွှေ့ တန်ဖိုးက ၄ ဒသမ ၂၀ သန်းသာ ရှိတာပါ။ ဒီနေရာမှာ
ရွန်နီလိုတိုက်စစ်မှူးကသာ ၁၀ ဂိုးဆက်တိုက် သွင်းနိုင်ခဲ့မယ်ဆိုရင် ပြောမဆုံးနိုင်အောင်
ဖြစ်ကြမှာသေချာပါတယ်။

အခုဗာဒီဖြစ်နေတဲ့ အခါကျတော့ ပြောတော့ပြောကြပေမယ့် မပြောမဖြစ်လို့ ပြောကြတဲ့
အနေအထားသာ ဖြစ်ပါတယ်။ သူက လေးသန်းခွဲလောက်သာတန်တဲ့ တိုက်စစ်မှူးဖြစ်နေ
လို့သာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အရည်အသွေးမှန်သူတွေအတွက် တော့ သတ်မှတ်တန်ကြေး
ဆိုတာ အမြဲတမ်း တက်နေမှာပဲ ဖြစ်ပါတယ်။ အခုဆိုရင် ဗာဒီရဲ့တန်ကြေးဟာ မြင့်တက်
လာနေ ပါပြီ။ ရီးယဲလ်မက်ဒရစ် ကလပ်အသင်း ကြီးက စိတ်ဝင်စားတယ် ဆိုတဲ့ အသံတွေ
ထွက် လာနေလို့ ဗာဒီ အတွက်ရော၊ လက်စတာအသင်းလေးရဲ့ ထိုင်းသူဋ္ဌေးတွေအတွက်ပါ
သတင်းကောင်း ပဲ ဖြစ်ပါတယ်။ ဒီကနေ့ထင်ရှားနေတဲ့ စီရော်နယ်ဒိုဆိုတာ မန်ယူကခေါ်တုန်းက
၁၂ သန်းသာတန်ခဲ့တဲ့ ကစားသမားပါ၊

ဒါပေမဲ့ အခုတော့ သန်း ရာကျော်တန် ကစားသမားဖြစ်နေခဲ့ပြီဖြစ်ပါတယ်။ ဗာဒီလည်း
ဒီလိုဖြစ်မလာဘူးလို့ ယူဆ လို့မရပါဘူး။ သူ့အသက်က ၂၅ နှစ်သာရှိသေးလို့ ဗာဒီကို
ဝိုင်းဆွဲကြမယ့်သူတွေ မကြာခင်မှာ ထွက်လာတော့မှာသေချာပါတယ်။ ကစားပုံ မာကျော
သလို ကြွတ်ဆတ်ဆတ်နိုင်လှတဲ့သူ့အပြုအမူက နည်းပြတွေအတွက် ကြိုက် လောက်တဲ့
စိတ်ဓာတ်ရေးရာပိုင်း ဖြစ်နေပါ တယ်။ လူမှုအသိုင်းအ၀ိုင်းဝန်းကျင်မှာတော့ သူ့အပြုအမူတွေ
ဟာ အဖုအထစ်လေးတွေ တော့ ဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ မန်နေဂျာ ရာနီယေးရီဟာ ဗာဒီကို
ကိုင်တတ်တဲ့ပုံမှာ ရှိနေပါတယ်။ မနှစ်က ပီယာဆင်လက်ထက်မှာ ဗာဒီဟာ အရန်တိုက်စစ်မှူး
သာဖြစ်ခဲ့ပေမယ့် ရာနီယေးရီ လက်ထက်မှာတော့ ဗာဒီဟာမရှိမဖြစ် လက်စတာရဲ့ အဓိက
တိုက်စစ်မှူးဖြစ်လာခဲ့ရပါတယ်။ သူကလည်း ပွဲတိုင်းကိုအကောင်း ဆုံး ကစားပြနေတာ
လက်စတာ ရှုံးလုလုပွဲတွေ မှာတောင် ပွဲပြီးခါနီးမိနစ်တွေမှာ ချေပဂိုးတွေသွင်းနိုင်သူ ဖြစ်ခဲ့ပါ
တယ်။

ရာနီယေးရီနဲ့ တွေ့မှ ဗာဒီဘ၀က အရောင်ထွက်လာတာ ဆိုတာ ငြင်းပယ်လို့မရပါဘူး။ သူဟာ
အထောင်တိုက်စစ်မှာ ကစားနိုင်သလို တောင်ပံထွက်ပြီးလည်း ကစားနိုင်တဲ့ တိုက်စစ်မှူးဖြစ်လို့
နောက်ချန် တိုက် စစ်မှူးဖြစ်တဲ့ မာရက်ဇ်နဲ့ အတွဲမိမိ ကစားနိုင်သလို လက်စတာတိုက်စစ်မှာ
နေရာလွတ်တွေ အများအပြား ပေါ်လာစေခဲ့ပါတယ်။ လက်စတာအောင်မြင်မှုရဲ့ အဓိကအချက်ပဲြ
ဖစ်ပါတယ်။ ရာနီယေးရီကတော့ အခုတော့ ပရီမီယာလိဂ်ထိပ်ဆုံးကို ရောက်နေ ပြီ ဒါပေမဲ့
အဲဒီအနေအထားကို ရာသီ အကုန်မှာ မြင်ချင်ပါတယ်။ ဗာဒီခြေစွမ်းအတွက်လည်း
ကျေနပ်နေမိတယ်။

ဒီလိုထိပ်ဆုံးရောက်ဖို့က လွယ်တာမဟုတ်ပါဘူး။ အသင်းလိုက် ကောင်းခဲ့လို့သာ
ရောက်လာတာလို့ ပြောဆိုသလို ဗာဒီကလည်း ကစားဖော် အားလုံးကို ကျေးဇူးတင်တယ်လို့
ပြောဆို သွားပုံတွေက နှစ်ဦးစလုံးမှာ အသင်းနဲ့ ပူးပေါင်းတဲ့ စိတ်ရှိနေကြတယ်ဆိုတာကို
ပြသနေတာပဲဖြစ်ပါတယ်။ လာမယ့်စနေမှာ ဗာဒီ၊ ရာနီယေးရီနဲ့ လက်စတာအသင်းတို့ဟာ
အမှတ်ဇယား ဒုတိယနေရာက မန်ယူနဲ့ အိမ်ကွင်းမှာ ထပ်မံစစ်ဆေးခံရတော့ မှာ ဖြစ်ပါတယ်။
ဒီပွဲကိုသာ ထပ်မံ ကျော် လွှားနိုင်ခဲ့မယ် ဆိုရင်တော့ လက်စတာဟာ တန်းတင်ကျန်ရစ်ဖို့
ရည်ရွယ်ချက်ရှိတဲ့ ဥရောပတစ်နေရာဆိုတဲ့ ရည်မှန်းချက် ဆီကို ရွေ့သွားနိုင်ဖွယ်ရှိနေပါတယ်။
ဗာဒီဟာလည်း နစ္စတယ်ရွိုင်းရဲ့ စံချိန် ကို ချိုးနိုင်ဖို့အတွက် ဒီပွဲဟာ အရေးကြီး တဲ့ပွဲဖြစ်နေပါတယ်။
ခံစစ်နဲ့ ပတ်သက် လာရင် မန်ယူက လက်စတာထက် ပိုကောင်းနေတဲ့အတွက် ဗာဒီအတွက်
စိန်ခေါ်မှုဖြစ်နေပါတယ်။ မန်ယူက အခုမှ ကိုးဂိုးသာ အသွင်းခံထားရသေးတဲ့အသင်းဖြစ်
ပါတယ်။

ဒီလိုခံစစ်ထူးခြားကောင်းမွန် တဲ့အသင်းကို ဂိုးသွင်းနိုင်ပြီဆိုရင်တော့ ဗာဒီဟာ ဥရောပက
လင်းယုန်ကြီးတွေ ကုပ်ချီသွား ဖို့ အခြေအနေပိုကောင်းလာမှာ ဖြစ်ပါတယ်။ လက်စတာဟာ
ထိပ်တန်းအဆင့် ရပ်တည်ဖို့ အတွက်ဆိုရင် ဗာဒီကို ဒီရာသီကုန်တဲ့အထိ ထိန်းထားရ
မှာဖြစ်ပါတယ်။ ရာနီယေးရီရဲ့ ရမှတ် ၄၀ ရည်မှန်းချက် ကတော့ လက်စတာအနေနဲ့ ပြီး
ဆုံးသွားပြီဖြစ်လို့ မနှစ်က ရာသီအကုန် အိမ်ကွင်းနောက်ဆုံးပွဲမှာ လက်စတာပရိသတ်တွေကို
တစ်ယောက် ဘီယာတစ်လုံးစီတိုက်ဖို့လည်း မလိုတော့တဲ့ဘ၀ကို ပိုင်ဆိုင်သွားပြီဖြစ်ပါ
တယ်။ မှန်လွန်းနေတဲ့ လက်စတာရဲ့ ရစ်သမ် ကို မန်ယူရပ်တန့်ပစ်မလားဆိုတာ ဒီသီတင်း
ပတ်မှာ စိတ်ဝင်စားဖွယ်ကောင်းနေပါရဲ့။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း