မက်စ်တဲလားမှာတော့ ဘာစီလိုနာကို နည်းနည်းသတိထားရမယ်

ဆိုစီဒက်အသင်းဘက်သို့ ထိုးဖောက်နေသည့် ဘာစီလိုနာတိုက်စစ်မျှး မက်ဆီ (ယာအစွန်)။အေအက်ဖ်ပီဆိုစီဒက်အသင်းဘက်သို့ ထိုးဖောက်နေသည့် ဘာစီလိုနာတိုက်စစ်မျှး မက်ဆီ (ယာအစွန်)။အေအက်ဖ်ပီ

ဗလင်စီယာ - ဘာစီလိုနာ
တနင်္ဂနွေ၊ နံနက် ၂း၀၀

လာလီဂါမှာတော့ ဘာစီလိုနာကပဲ သက် သောင့်သက်သာနဲ့ ဆက်ပြီးဦးဆောင်နေ
သလို လက်ရှိခြေစွမ်းအရဆိုရင်လည်း သူတို့ ကို ကျန်တဲ့အသင်းတွေ လိုက်မီနိုင်ဖို့
သိပ် မလွယ်နိုင်သေးပါဘူး။

ဒီတစ်ပတ်တော့ အဝေးကွင်းကို သွားပြီး ဗလင်စီယာနဲ့ ကစားရမှာဖြစ်လို့ ဒီပွဲကိုသာ
အနိုင်ဆက်ယူနိုင်ခဲ့ရင် ဘာစီလိုနာအတွက် ၂၀၁၅ ကို အုပ်စုထိပ်ဆုံးနေရာကနေ
ဦးဆောင်ပြီး ဖြတ်သန်းနိုင်ခွင့်ရဖို့ အခွင့် အရေး ရသွားနိုင်ပါတယ်။ ဘာစီလိုနာဟာ
ဒီပွဲ ပြီးရင် လေဗာကူဆင်နဲ့ ချန်ပီယံလိဂ်ပွဲကို အဝေးကွင်းမှာသွားကစားရဖို့ ရှိနေပေမယ့်
လည်း အုပ်စုတက်နေပြီဖြစ်လို့ သက်သောင့် သက်သာပဲ ကစားခွင့်ရနေတာကလည်း
ဘာစီ လိုနာရဲ့ အားသာမှုတစ်ခုလို့ ပြောလို့ရပါတယ်။

ဗလင်စီယာကတော့ အခုနောက်ပိုင်းကစားပုံ မှန်နေတယ်ဆိုပေမယ့် အသင်းမှာ
ဒဏ်ရာပြဿနာတွေ၊ ပွဲပယ်ပြစ်ဒဏ်တွေနဲ့ ပြည့်နှက်နေတာ တွေ့ရတယ်။ အသင်းရဲ့
အားထားရတဲ့ ပီယက်တီ၊ ဘရာဂန်၊ နီဂရီဒိုတို့ ဒဏ်ရာကြောင့် နားနေကြရတဲ့အပြင်
ပွဲပယ်ပြစ်ဒဏ်ကြောင့် နားရမယ့်သူတွေလည်းရှိနေလို့ ဘာစီလိုနာကို အင်ပြည့်အားပြည့်
ရင်ဆိုင် နိုင်ဖို့မရှိပါဘူး။

ဒါပေမဲ့ နောက်ဆုံးကစားထား တဲ့ အိမ်ကွင်းပွဲတွေမှာတော့ အတတ်နိုင်ဆုံး ရှုံးပွဲမရှိအောင်
ထိန်းကစားနေတာ တွေ့ရ တယ်။ နောက်ဆုံးအိမ်ကွင်းပွဲမှာ လက်စ်ပါး မားစ်လို အသင်းနဲ့
၁-၁ သရေကျထားခဲ့လို့ အသင်းကစားပုံ အားရစရာသိပ်မကောင်းလှပေမယ့်လည်း
ဗလင်စီယာရဲ့အိမ်ကွင်း တုံ့ပြန်မှုအားဟာ ဘာစီလိုနာကို စိတ်ကြိုက် ကစားခွင့်တော့ပေး
မယ့်ပုံ မရှိပါဘူး။ ဘာစီလိုနာကတော့ မက်ဆီ ပြန်ကစားနိုင် လို့ စိတ်ဓာတ်အား
ပိုကောင်းလာတဲ့အပြင် တိုက်စစ်ရော ခံစစ်ပါ သိသိသာသာကို ကောင်းမွန်နေတာတွေ
့ရတယ်။

နောက်ဆုံး ကစားခဲ့တဲ့ ဆိုစီဒက်နဲ့အိမ်ကွင်းပွဲမှာဆိုရင် MSN တိုက်စစ်အတွဲ
သုံးယောက်စလုံး ဂိုးသွင်းပြထားနိုင်ကြတဲ့အပြင် နောက်ဆုံး ကစားထားတဲ့ ချန်ပီယံလိဂ်
ပွဲတွေအပါအ၀င် စုစုပေါင်းငါးပွဲမှာ သွင်းဂိုး ၂၀ အထိ ရထားခဲ့ သလို တစ်ပွဲကို အနိမ့်ဆုံး
သုံးဂိုးနှုန်းရနေတာ လည်းတွေ့ရတယ်။

နေမာ၊ ဆွာရက်ဇ် နှစ်ယောက်စလုံးကလည်း ဂိုးသွင်းခြေစွမ်းပြ နေကြတဲ့အချိန်မှာ
မက်ဆီပါ ပြန်ပါလာတာ က ဘာစီလိုနာရဲ့ တိုက်စစ်အင်အားကို ပိုပြီး ပံ့ပိုးပေးလိုက်သလို
ဖြစ်သွားခဲ့တဲ့အပြင် ကစားပုံကပါ ဟန်ချက်ညီမျှလာတာ တွေ့ရ တယ်။ ချန်ပီယံလိဂ်ပွဲတွေ
အပါအ၀င် နောက်ဆုံး ငါးပွဲဆက်တိုက်မှာလည်း ရိုးမားနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာပဲ
တစ်ဂိုးသာ ပေးခဲ့ရပြီး ကျန်တဲ့လေးပွဲမှာ ပေးဂိုးမရှိအောင် ကစားပြထားနိုင်ခဲ့တာကလည်း
ဘာစီလိုနာ ရဲ့ ခံစစ်တောင့်တင်းမှုကို ပြနေသလိုပါပဲ။ အထူးသဖြင့် ဂိုးသမားဘရာဗိုရဲ့
လက်စွမ်းပြ နိုင်မှုတွေဟာ ဘာစီလိုနာရဲ့ ခံစစ်ကြောင်းကို ပိုပြီးတည်ငြိမ်သွားစေတယ်လို
့ ပြောနိုင်တယ်။ လက်ရှိဘာစီလိုနာခံစစ်မှာလည်း ဗာမေလန် ကြံ့ခိုင်မှု ပြန်လည်ပြည့်
ဝနေပြီဖြစ်လို့ ခံစစ်အင်အားကို ပိုတောင့်တင်းသွားစေတဲ့ အပြင် နည်းပြအင်းနရစ်အတွက်
လည်း ခံစစ် ကြောင်းကို အပြောင်းအလဲမျိုးစုံလုပ်ကာ စမ်းသပ်နိုင်ခွင့်ရသွားခဲ့တယ်။ ပြီးခဲ့တဲ့
ဆိုစီဒက်နဲ့ပွဲမှာဆိုရင် နည်းပြအန်းနရစ်ဟာ အသင်းရဲ့ခံစစ်မှာ အပြောင်းအလဲတွေ လုပ်ပြီး
စမ်းသပ်ပွဲထုတ်ခဲ့တာကို တွေ့ခဲ့ရလို့ အခုပွဲမှာလည်း ဘာစီလိုနာရဲ့ ခံစစ်မှာ အပြောင်း
အလဲတွေ မြင်ရမယ်ဆိုရင် သိပ်ပြီး အံ့ဩစရာ မရှိလှပါဘူး။

ဗလင်စီယာကတော့ လူအင်အားပိုင်းမှာ ဘာစီလိုနာကို မယှဉ်နိုင်တဲ့ကြား ဒဏ်ရာနဲ့
ပွဲပယ်ပြဿနာတွေ ရင်ဆိုင်နေရတာကလည်း ဒီပွဲမှာ ဘာစီလိုနာကို လူအင်အားချင်း ဘယ်လိုမှ
ယှဉ်နိုင်ဖို့မရှိပါဘူး။ နောက်ပြီး ဗလင်စီယာရဲ့ အခုနောက်ပိုင်းကစားနေပုံကို ကြည့်ရင်လည်း
လီဗန်တေးနဲ့ ပွဲပြီးနောက်ပိုင်း ကစားခဲ့တဲ့ လာလီဂါနဲ့ ချန်ပီယံလိဂ်ပွဲတိုင်းမှာ ခံစစ်ပိုင်းက
ဂိုးတွေပေးနေရတာတွေ့ရတယ်။ တိုက်စစ်ပိုင်းကလည်း ဂိုးရဖို့ပိုပြီး ရုန်းကန်နေရတယ်။

ဒါပေမဲ့ ဗလင်စီယာကို သတိထားရမှာက သူတို့ရဲ့ တန်ပြန်တိုက်စစ်က ထိရောက် မှုရှိပြီး
ဂိုးတွေရသွားတတ်တဲ့ အချက်ပါပဲ။ နောက်ပြီး အိမ်ရှင်အခွင့်အရေးလည်း ရှိနေတဲ့ အတွက်
အိမ်ကွင်းအားနဲ့ ဘာစီလိုနာကို စိတ်ကြိုက်ကစားခွင့်မရအောင် တားဆီးနိုင်ဖို့ များလိမ့်မယ်။
ဘာစီလိုနာကတော့ နောက်ဆုံးကစားခဲ့တဲ့ ရီးယဲလ်နဲ့ အဝေးကွင်းပွဲမှာ ဂိုးပြတ်အနိုင်ရခဲ့
တာ မှန်ပေမယ့် အဲဒီပွဲမတိုင်မီမှာတော့ အဝေးကွင်းမှာ ရုန်းကန်နေရတာ တွေ့ရတယ်။

ဒီရာသီ ဘာစီလိုနာရဲ့ ရှုံးပွဲနှစ်ပွဲစလုံး ကလည်း အဝေးကွင်းမှာပဲ ဆယ်လ်တာဗီဂို၊ ဆီဗီလာလို
အသင်းတွေကို ရှုံးထားခဲ့ရတာဖြစ်လို့ အခုပွဲမှာလည်း ဘာစီလိုနာကို နည်းနည်းတော့
သတိထားဖို့လိုလိမ့်မယ်ထင်ပါတယ်။ ဒါပေမဲ့ လက်ရှိခြေစွမ်းပိုင်းနဲ့ ကစားသမား အင်အားချင်း
ယှဉ်လိုက်ရင်တော့ ဘာစီ လိုနာဟာ ဗလင်စီယာထက် အဘက်ဘက်က သာနေတဲ့အပြင်
စိတ်ဓာတ်ပိုင်းမှာလည်း အကောင်းဆုံးအချိန်မျိုးကို ရောက်နေတဲ့အချိန်လို့ ပြောနိုင်တယ်။
ဒါ့ပြင် နှစ်သင်းစလုံး ချန်ပီယံလိဂ်ပွဲတွေ ကစားထားရတာချင်း အတူတူ ဗလင်စီယာက
ပိုပြီးအားစိုက်ကစား ထားခဲ့ရတဲ့အချက်ကလည်း ဘာစီလိုနာကို အခွင့်အရေး ပိုပေးထား
သလို ဖြစ်နေစေတယ်။

ဒီနှစ်သင်းရဲ့ မက်စ်တဲလားမှာ ထိပ်တိုက် တွေ့မှုတွေကို ပြန်ကြည့်ရင်တော့ နောက်ဆုံး
တွေ့ခဲ့တဲ့ သုံးကြိမ်မှာ ဘာစီလိုနာ ခက်ခက်ခဲခဲကျော်ဖြတ်ခဲ့ရပြီး နှစ်ပွဲနိုင်၊ တစ်ပွဲသရေ
ကျထားခဲ့ပေမယ့် နိုင်ထားတဲ့နှစ်ပွဲစလုံး ဂိုးပြတ် နိုင်ပွဲမရခဲ့ဘဲ တစ်ဂိုးအသာလောက်နဲ့ပဲ
အနိုင် ရခဲ့တာကိုတော့ သတိထားရလိမ့်မယ် ထင် တယ်။ လက်ရှိခြေစွမ်းတွေအရတော့
ဒီပွဲဟာ ဂိုးများနိုင်ဖို့က များပြီး ဘာပဲဖြစ်ဖြစ် ဘာစီလိုနာ ကိုပဲ ဦးစားပေးထားရမယ်ထင်
တယ်။

အခြားပွဲစဉ်များ
စနေ၊ ည ၉း၃၀
* ရီးယဲလ် - ဂီတာဖေး

စနေ၊ ည ၁၁း၄၅
ဂရန်နာဒါ - အလက်တီကို*

တနင်္ဂနွေ၊ နံနက် ၃း၃၀
* ဒီပို့တီဗို -ဆီဗီလာ

တနင်္ဂနွေ၊ နံနက် ၃း၃၅
* ဘက်တစ် - ဆယ်လ်တာ

တနင်္ဂနွေ၊ ညနေ ၅း၃၀
* ဆိုစီဒက် - အိုင်ဘာ

တနင်္ဂနွေ၊ ည ၉း၃၀
* ဗီလာရီးယဲလ် - ရာယို

တနင်္ဂနွေ၊ ည ၁၁း၄၅
ဂီဂျွန် - လက်စ်ပါးမားစ်*

တနင်္လာ၊ နံနက် ၂း၀၀
* ဘီလ်ဘာအို - မာလာဂါ

အင်္ဂါ၊ နံနက် ၂း၀၀
* အက်စ်ပန်ညို - လီဗန်တေး

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း