ဒုတိယအကျော့ပွဲဦးကို ဘာစီလိုနာ ဂိုးပြတ်နိုင်ပွဲနဲ့ စမယ်

ဂရန်နာဒါကွင်းလယ်လူ ပီရက်ဇ် (၀ဲ) ၏ ထိုးဖောက်မှုကို ဘာစီလိုနာနောက်ခံလူ ပီကေး ဟန့်တားနေစဉ်။အေအက်ဖ်ပီဂရန်နာဒါကွင်းလယ်လူ ပီရက်ဇ် (၀ဲ) ၏ ထိုးဖောက်မှုကို ဘာစီလိုနာနောက်ခံလူ ပီကေး ဟန့်တားနေစဉ်။အေအက်ဖ်ပီ

ဘာစီလိုနာ - ဘီလ်ဘာအို
တနင်္လာ၊ နံနက် ၂း၀၀

လာလီဂါကတော့ ရာသီတစ်ဝက် ကျိုး သွားပြီဖြစ်လို့ အခုပွဲစဉ် (၂၀) ကစပြီး ဒုတိယ
အကျော့ပွဲတွေ ပြန်စပါတော့မယ်။ ဒါကြောင့် ၂၀၁၆ နှစ်သစ်နဲ့အတူ ဒုတိယအကျော့ပွဲ
တွေမှာ မျှော်လင့်ချက်ရှိတဲ့ အသင်းတိုင်း အတိမ်းအစောင်းတွေ နည်းနိုင်သမျှ နည်း
အောင် ကစားကြပြီး ရာသီသိမ်းလှပဖို့ ကြိုးစားကြတော့မှာပါ။

ပြီးခဲ့တဲ့နှစ်အတွင်း ဆုဖလားငါးလုံးနဲ့ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ ဘာစီလိုနာ
အတွက်ကလည်း ၂၀၁၆ မှာ စိန်ခေါ်မှုတွေ ပိုများလာနိုင်တယ်။ လက်ရှိအချိန်
လာလီဂါ ကိုပဲကြည့်လိုက်ရင် ချန်ပီယံလမ်းကြောင်း မှာ မက်ဒရစ်အသင်းကြီးနှစ်သင်းနဲ့
အပြိုင်အဆိုင်ဖြစ်နေပြီး ချန်ပီယံဆုအတွက် အမှား မခံတဲ့ အနေအထားမှာရှိနေတယ်။
ဒါကြောင့် လည်း ဘာစီလိုနာအတွက် လက်ကျန်ပွဲတိုင်း ဟာ အရေးပါတဲ့ပွဲမျိုးတွေ
ဖြစ်နေတယ်။

ဒုတိယအကျော့ အစမှာ ဘာစီလိုနာရင်ဆိုင်ရမယ့်အသင်းကလည်း ပြီးခဲ့တဲ့နှစ်က
ဘာစီလိုနာရဲ့ ဖလားခြောက်လုံးအိပ်မက် က ဖလားတစ်လုံးကိုရအောင် ဖဲ့ယူသွားနိုင်ခဲ့တဲ့
ဘီလ်ဘာအိုလိုအသင်း ဖြစ်နေတာက ဘာစီလိုနာအတွက် ဒီပွဲဟာ သတိထား ရင်ဆိုင်ရမယ့်
ပွဲမျိုးဖြစ်နေတယ်။

ဒီရာသီမှာ ဘာစီလိုနာနဲ့ ဘီလ်ဘာအို သုံးကြိမ် ထိပ် တိုက်တွေ့ပြီးတဲ့အခါမှာ ဘာစီလိုနာဟာ
တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးသာ ကစား ထားနိုင်ခဲ့ပြီး လာလီဂါ ပထမအကျော့မှာ အနိုင်ရ
ခဲ့တဲ့ပွဲကလည်း ၁-၀ နဲ့သာ ကပ်ပြီး အနိုင်ရထားခဲ့တာဖြစ်လို့ ဘာစီလိုနာအတွက် အခုပွဲဟာ
အိမ်ကွင်းမှာ ဂရုတစိုက်ကစားရမယ့်ပွဲမျိုးလို့ ပြောနိုင်တယ်။ ဘီလ်ဘာအိုကလည်း ဒီရာသီမှာ
ခြေစွမ်း ပိုင်း မဆိုးဘူးလို့ပြောနိုင်တဲ့အသင်းမျိုးဖြစ်နေတယ်။

လက်ရှိအချိန် အဆင့် (၇) မှာ ရပ်တည်နေသလို နည်းပြ ဗယ်လ်ဗာဒီ လက်အောက်မှာလည်း
ကာလရှည် အသား ကျနေတဲ့ အသင်းတစ်သင်းဖြစ်လို့ ကစားပုံ ငြိမ်တဲ့အသင်းလို့ပြောနိုင်တယ်။
စပိန်သား တွေနဲ့ချည်း စုဖွဲ့ထားတဲ့ ဘီလ်ဘာအို အသင်းဟာ လူငယ်ကစားသမားတွေများပြီး
ကစားပုံ လျင်မြန်မှုရှိသလို ကျွမ်းကျင်မှု အခြေခံကစားတတ်တဲ့ အသင်းတစ်သင်း လည်းဖြစ်လို့
ဘာစီလိုနာ တစ်ချက်မှားတာ နဲ့ အခွင့်အရေးရအောင်ယူနိုင်တဲ့ အသင်းမျိုး လည်းဖြစ်တယ်။
ဒီရာသီ ဘာစီလိုနာကို စူပါဖလားပွဲမှာ အိမ်ကွင်း ၄ဪ၀၊ အဝေးကွင်း ၁-၁ ရအောင်
ကစားပြထားတဲ့ အသင်း ဖြစ်လို့ သူတို့သာ အမှန်တကယ် ရှိသမျှ အင်အားကို အကုန်ညှစ်
ထုတ်ကစားခဲ့မယ်ဆိုရင် ဘာစီလိုနာကို ဖိအားပြန်ပေးနိုင်မယ့် အသင်းမျိုးလို့လည်း ပြော
လို့ရတယ်။

ဒါပေမဲ့ ပြောစရာရှိနေတာက ဘီလ်ဘာအိုရဲ့ ကစားပုံဟာ အခုနောက်ပိုင်း အဝေးကွင်းပွဲတွေမှာ
အနည်းငယ် ရုန်းကန်နေရတဲ့ ပုံပေါ်နေတာပါ။ နောက်ဆုံးကစားခဲ့တဲ့ ဆီဗီလာနဲ့ပွဲမှာ ခြေအသာနဲ့
ကစား နိုင်ခဲ့ပေမယ့်လည်း ၂-၀ နဲ့ အရေးနိမ့်ထားခဲ့တာကို တွေ့ရလို့ အခုလည်း နူးကမ့်မှာ
တောက်လျှောက်ခြေတွေ့နေတဲ့ ဘာစီလိုနာ ကို တားဆီးဖို့က အခက်အခဲရှိနေဦးမှာပါ။
ဘီလ်ဘာအိုဟာ အသင်းလိုက် တိုက်စစ် ပုံဖော်ပြီး ဖွင့်ကစားတတ်တဲ့ အသင်းပီပီ ခံစစ်ပိုင်းမှာ အားနည်းနေလေ့ရှိတတ်တယ်။ နောက်ဆုံးကစားခဲ့တဲ့ ကိုပါဒယ်ရေးနဲ့ လာလီဂါနှစ်ပွဲမှာ
ခံစစ်ပိုင်းက ခြောက်ဂိုး အထိ ပေးခဲ့ရပြီး တစ်ပွဲနှစ်ဂိုးနှုန်းပုံမှန်ပေး နေရတာက အိမ်ကွင်းမှာ
ခြေစွာပြီး ဂိုးပါ မြူးတတ်တဲ့ ဘာစီလိုနာရဲ့ တိုက်စစ်ကို ထိန်းချုပ်တဲ့နေရာမှာ အခက်အခဲရှိ
မှာပါ။

ဘာစီလိုနာကတော့ အိမ်ကွင်းမှာ တောက်လျှောက်ခြေစွမ်းပြနေပြီး နောက်ဆုံးကစားထားတဲ့
ကိုပါဒယ်ရေးက အက်စ်ပန်ညို၊ လာလီဂါက ဂရန်နာဒါနဲ့ပွဲတွေမှာ တစ်ပွဲလေးဂိုးနှုန်းလောက်
သွင်းပြနေတာ တွေ့ရတယ်။ ဒီကြားထဲ အသင်းအတွက် ရာသီမစမီက ခေါ်ယူထားတဲ့ အာဒါ
တူရန်၊ အဲလိတ်ဗီဒယ်လ်၊ ဒေါက်ကလပ်တို့လည်း အသင်းနဲ့အတူ ကစားခွင့်ရကြပြီဖြစ်လို့
အသင်းရဲ့ လူအင်အားဟာလည်း ရာသီ အစကထက်ပိုပြီး တောင့်တင်းလာတယ်။ ဘာစီလိုနာ
တိုက်စစ်မှာ ဆွာရက်ဇ် ကိုပါဒယ်ရေး ပွဲအပယ်ခံထားရလို့ ကြားမှာ အနားရထားတဲ့အချက်က
လည်း ဘာစီလိုနာရဲ့ အခုပွဲ တိုက်စစ်အားကို ပိုအားကောင်းလာစေဖို့ ရှိနေနိုင်တယ်။ မက်ဆီ
ကလည်း ဒဏ်ရာသက်သာပြီးနောက်ပိုင်း တစ်ပွဲပြီးတစ်ပွဲ ကစားပုံတိုးတက်မှုပြလာသလို
နောက်ဆုံးကစားထားတဲ့ ဂရန်နာဒါ နဲ့ပွဲမှာလည်း ဟက်ထရစ်ရအောင် သွင်းယူ ထားနိုင်
ခဲ့လို့ အရင်လို ယုံကြည်မှုမျိုးတွေ ပြန်ရနေတဲ့ အချိန်လည်းဖြစ်တယ်။

နောက်တစ်ချက်ကတော့ ပြီးခဲ့တဲ့ရာသီ က သူတို့လက်ထဲကဖလား တစ်လုံးကို လုယူ
ထားတဲ့ ဘီလ်ဘာအိုကို တတ်နိုင်သမျှ အိမ်ကွင်းမှာ အလဲထိုးပြနိုင်ဖို့ စိတ်အားထက်သန်နေနိုင်တဲ့
အချက်ပါပဲ။ တစ်ဖက်မှာလည်း ချန်ပီယံဆုအတွက် မက်ဒရစ်နှစ်သင်းနဲ့ အပြိုင်ဖြစ်နေတဲ့အပြင် ဘီလ်ဘာအိုကို ပြတ်သားစွာပြန်လည်ချေမှုန်းပြ နိုင်ဖို့ ဆန္ဒကလည်း ပြင်းပြနေနိုင်တာတွေက
ဘာစီလိုနာရဲ့အဓိက တွန်းအားတွေဖြစ်နေ နိုင်လို့ နူးကမ့်မှာ ဘာစီလိုနာရဲ့ ပေါက်ကွဲ လာနိုင်မှုကို
ဘီလ်ဘာအိုရဲ့ လက်ရှိခံစစ် ကစားနေပုံမျိုးနဲ့တော့ ရေရှည်တောင့်ခံ ကစားနိုင်ဖို့ မလွယ်လှဘူး
ထင်ပါတယ်။ နူးကမ့်မှာ ကစားခဲ့တဲ့ အစဉ်အလာတွေကို ပြန်ကြည့်တဲ့အခါမှာလည်း ဘီလ်ဘာအိုပဲ
အမြဲတမ်း ရုန်းကန်နေခဲ့ရလို့ အခုပွဲလည်း မျှော်လင့်နိုင်ခွင့်ကတော့ နည်းလွန်းလို့ ဘာစီလိုနာနဲ့
ဂိုးအများပါပဲ။

အခြားပွဲစဉ်များ

စနေ၊ ည ၉း၃၀
* ဆီဗီလာ -မာလာဂါ

စနေ၊ ည ၁၁း၄၅
* ဆယ်လ်တာ - လီဗန်တေး

တနင်္ဂနွေ၊ နံနက် ၂း၀၀
* ဗီလာရီးယဲလ် - ဘက်တစ်

တနင်္ဂနွေ၊ နံနက် ၃း၃၅
ဆိုစီဒက် - ဒီပို့တီဗို*

တနင်္ဂနွေ၊ ညနေ ၅း၃၀
* ဗလင်စီယာ - ရာယို

တနင်္ဂနွေ၊ ည ၉း၃၀
* ရီးယဲလ် - ဂီဂျွန်

တနင်္ဂနွေ၊ ည ၁၁း၄၅
လက်စ်ပါးမားစ် - အလက်တီကို *

တနင်္ဂနွေ၊ ည ၁၁း၄၅
* ဂီတာဖေး -အက်စ်ပန်ညို

အင်္ဂါ၊ နံနက် ၂း၀၀
* အိုင်ဘာ - ဂရန်နာဒါ

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း