ဟစ်ဒင့်ကို စောင့်ကြည့်ရမယ့်ပွဲ

နောဝစ်ခ်ျ - လီဗာပူး
(စနေ၊ ည ၇း၁၅)

နောဝစ်ခ်ျက အဝေးကွင်းမကောင်းပေမယ့် အိမ်ကွင်းကောင်းတဲ့အသင်းဖြစ်တာကို
သတိပြုပါ။ နောက်ဆုံးသုံးပွဲမှာ တစ်ဂိုးသာသွင်းထားပေမယ့် နောဝစ်ခ်ျကို လျှော့မတွက်
သင့်ပါဘူး။ လီဗာပူးက ပွဲကျပ်ကာလမှာ လိဂ်ဖလားပွဲတွေကစားရသလို အာဆင်နယ်၊
မန်ယူ တို့လို ပြိုင်ဘက်တွေနဲ့ ကစားထားလို့ စွမ်းဆောင်ရည်တင်လို့ရမယ်မထင်ပါဘူး။ သရေကျသွား နိုင်တဲ့ပွဲ ဖြစ်ပါတယ်။နောဝစ်ခ်ျဘက်က နေသင့်ပါတယ်။

ဆန်းဒါးလန်း - ဘုန်းမောက်
(စနေ၊ ည ၉း၃၀)

နှစ်သင်းစလုံး တိုက်စစ်အားသန်တဲ့အသင်းတွေဖြစ်ပါတယ်။ ခံစစ်တွေလျော့ရဲတဲ့
အသင်းဖြစ်ပါတယ်။ ဘုန်းမောက်က တော်တော်လေးပြင်ဆင်ထားတာတွေ့ရပါတယ်။
ဆန်းဒါးလန်း က ရှေ့ကဂိုးသွင်းပေမယ့်နောက်က ဂိုးပေးနေရတာက အားနည်းချက်ဖြစ်ပါတယ်။
ဘုန်းမောက် အနိုင်နဲ့သရေပါ၊ ဂိုးလည်းများပါလိမ့်မယ်။

ဝက်ဖို့ဒ် - နယူးကာဆယ်
(စနေ၊ ည ၉း၃၀)

ဒီနှစ်သင်း အက်ဖ်အေဖလားပွဲမကြာခင်က ကစားထားပါတယ်။ ၀က်ဖို့ဒ်ကွင်းမှာပဲ ကစားပြီး
ဝက်ဖို့ဒ်က ၁-၀ နဲ့နိုင်ခဲ့ပါတယ်။ အခုထပ်တွေ့နေတာပါ။ နယူးကာဆယ်က နောက်ဆုံးနှစ်ပွဲမှာ
ငါးဂိုးသွင်းထားတယ်ဆိုတော့ နယူးကာဆယ်ကို လျှော့တွက်လို့မရပါ ဘူး။ ၀က်ဖို့ဒ်ကတိုက်စစ်က
ဂိုးသွင်းပေမယ့် ခံစစ်က ဂိုးတွေဆက်တိုက်ပေးနေရပါတယ်။ အသင်းကတော့ နယူးကာဆယ်
ကိုရွေးပါ။ သရေကျနိုင်ပါတယ်။

ဝက်စ်ဘရွန်း - ဗီလာ
(စနေ၊ ည ၉း၃၀)

ဒီပွဲက ဒါဘီပွဲဖြစ်ပါတယ်။ ၀က်စ်ဘရွန်းကတော့ ဗီလာထက်ပိုပြီး အခြေအနေကောင်း
နေတဲ့အတွက် အားသာချက်ရှိသလို ဖေးဘရိတ်လည်းဖြစ်နေမှာပါ။ ဗီလာက အခုတစ်လော
ခြေပြန်တက်လာနေပါတယ်။ အသင်းကခံစစ်ပြန်တည်လို့ရနေတဲ့ အနေအထားမှာရှိပါတယ်။
ဗီလာကိုလျှော့တွက်လို့မရပါဘူး။ ဒီပွဲမှာ အသင်းမရွေးဘဲ ဂိုးအနည်းကိုသာ ရွေးသင့်ပါတယ်။

လက်စတာ - စတုတ်
(စနေ၊ ည ၉း၃၀)

လက်စတာကတော့ ခြေကျနိုးနိုးဖြစ်နေပေမယ့် ခြေမကျဘဲ ထိပ်တန်းအဆင့်မှာရှိနေပါတယ်။
အခုစတုတ်နဲ့တွေ့တဲ့ပွဲကတော့ လက်စတာ ဘယ်လိုကစားမလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်ပါ
တယ်။ စတုတ်ကလည်း အသင်းကောင်းရင် လိုက်ကောင်းတတ်တဲ့အသင်းဖြစ်ပါတယ်။
လက်စတာက အခုနောက်ပိုင်းမှာ ဖြတ်တင်ဘောတွေနဲ့အားကိုးနေပါတယ်။ အကြိတ်
အနယ်ဖြစ်ပြီး သရေနဲ့ပြီးနိုင်လို့ စတုတ်ကိုကြိုက်ပါတယ်။

မန်ယူ - ဆောက်သမ်တန်
(စနေ၊ ည ၉း၃၀)

ဆောက်သမ်တန် တော်တော်လေးကို ကစားအားပြန်ကောင်းလာနေပါတယ်။ တိုက်စစ်
ရော ခံစစ်ပါကောင်းနေလို့ အိမ်ရှင်မန်ယူဟာအိမ်ကွင်းမှာခက်ခက်ခဲခဲကစားရမယ့်ပွဲဖြစ်ပါ
တယ်။ မန်ယူဆိုတဲ့ ပုံရိပ်ဟောင်းကြီးလွှမ်းမိုးထားတာကလွဲရင် လက်ရှိမန်ယူရဲ့စိတ်ဓာတ်နဲ့
ကစားဟန်တွေက အားရစရာလုံးဝမကောင်းပါဘူး။ ဘောလုံးကို ပိုင်ဆိုင်ထားနိုင်တာကလွဲရင်
ဂိုးရဖို့ဖန်တီးမှုအပိုင်းမှာ မန်ယူဟာ တော်တော်အားနည်းပါတယ်။ ဆောက်သမ်တန်က
နည်းပြကောင်းသလို ကစားပုံလည်းကောင်းနေလို့ မန်ယူဂိုးရဖို့ ရုန်းကန်ရပါလိမ့်မယ်။
သရေ ကျဖို့များတဲ့ပွဲဖြစ်လို့ ဆောက်သမ်တန်ကိုကြိုက်ပါတယ်။

ပဲလေ့စ် - စပါး
(စနေ၊ ည ၉း၃၀)

ပဲလေ့စ်တိုက်စစ် တော်တော်လေးအားနည်းသွားပါတယ်။ ပွဲကျပ်ကာလတစ်လျှောက်မှာ
ပဲလေ့စ်ဟာ ဂိုးသွင်းနိုင်ခြင်းမရှိတာကို တွေ့ရပါတယ်။ စပါးက လက်စတာကိုရှုံးပေမယ့်
တိုက်စစ်က ကောင်းနေဆဲဖြစ်ပါတယ်။ ပဲလေ့စ်ကွင်းမှာ စပါးဈေးမကြီးနိုင်ပါဘူး။ စပါးဂိုးသွင်း
ပါလိမ့်ဦးမယ်။ သရေတစ်ပေါက်တော့ရှိလို့ စပါးနဲ့ ဂိုးအနည်းက နေရမယ့်ပွဲဖြစ်ပါတယ်။

ဝက်စ်ဟမ်း - မန်စီးတီး
(စနေ၊ ည ၁၂း၀၀)

ရစ်သမ်မှန်လွန်းနေတဲ့ ၀က်စ်ဟမ်းဟာ နယူးကာဆယ်ပွဲမှာတော့ ရှုံးပွဲတွေ့သွားပါတယ်။ ဒါပေမဲ့
ဝက်စ်ဟမ်းကို လျှော့တွက်လို့မရပါဘူး။ ကွင်းလယ်နဲ့တိုက်စစ်က တော်တော်လေးကောင်းတဲ့အတွက်
မန်စီးတီးနောက်တန်းကို ဂိုးသွင်းသွားနိုင်တာကိုသတိပြုပါ။ မန်စီးတီးက အဝေးကွင်းမှာခြေပုံမှန်
မရှိပါဘူး။ အားကိုးလို့မရပါဘူး။သေချာတာက မန်စီးတီးနောက်တန်း ဟာ အဝေးကွင်းမှာ
ဂိုးပေးရပါလိမ့်မယ်။ ဒါကြောင့် နေမယ်ဆိုရင် တိုက်စစ်ကောင်းတဲ့ ၀က်စ်ဟမ်းကနေတာ
အသင့်တော်ဆုံးဖြစ်ပါတယ်။

အဲဗာတန် - ဆွမ်ဆီး
(တနင်္ဂနွေ၊ ည ၈း၀၀)

အဲဗာတန်ဟာ ပွဲကျပ်တွေဆက်တိုက်ကစားရလင့်ကစား ခြေစွမ်းက တော်တော်လေးကို
ထက်မြက်နေပါတယ်။ မန်စီးတီးကို လိဂ်ဖလားပွဲမှာအနိုင်၊ ပရီမီယာလိဂ်မှာသရေ၊ ချယ်လ်ဆီးကို
သရေ၊ စပါးကိုသရေကစားထားပါတယ်။ ဆွမ်ဆီးက အသင်းပျက်ဖြစ်သွားပါ ပြီ။ ဂိုးမသွင်းနိုင်
ပါဘူး၊ ခံစစ်က တော်တော်အားနည်းပါတယ်။ အဲဗာတန်ကွင်းမှာ မထင်မှတ် တာဘယ်လိုမှ
မလုပ်နိုင်ပါဘူး။ အဲဗာတန်အနိုင်က ပြတ်သားပါလိမ့်မယ်။

အာဆင်နယ် - ချယ်လ်ဆီး
(တနင်္ဂနွေ၊ ည ၁၀း၃၀)

နည်းပြဟစ်ဒင့်လက်ထက်မှာ ချယ်လ်ဆီး ရှုံးပွဲမရှိသေးပါဘူး။ ဒါပေမဲ့ သရေပွဲတွေနဲ့ခက်ခက်
ခဲခဲကစားရတဲ့ပွဲတွေ ရှိထားပါတယ်။ နောက်ဆုံးကစားတဲ့အဲဗာတန်၊ ၀က်စ်ဘရွန်းနဲ့ ပွဲတွေကို
အိမ်ကွင်းမှာကစားပြီး သရေသာကစားနိုင်တာက ချယ်လ်ဆီးဟာ ရုန်းလို့မရတော့ဘူး
ဆိုတာပြနေပါတယ်။ ဂိုးသွင်းအားပြန်တက်ပေမယ့် ခံစစ်ကပုံမှန်အတိုင်းဂိုးတွေပေးနေဆဲ
ဖြစ်ပါတယ်။ ဟစ်ဒင့်ဟာ ဒီပွဲမှာသရေရအောင်ကြိုးစားရမှာပါ။ အာဆင်နယ်ကတော့
အိမ်ကွင်းအားသာချက်ကို အကောင်းဆုံးအသုံးချနိုင်တဲ့အသင်းဖြစ်ပါတယ်။ ဘောလုံး
ပိုင်ဆိုင်မှုလည်း အာဆင်နယ်သာပါလိမ့်မယ်။ ဟစ်ဒင့် ရှုံးပွဲစတင်တွေ့မယ့်ပွဲ ဖြစ်ပါတယ်။
အာဆင်နယ်က နေလိုက်ပါ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း