အင်းနရစ်လက်ထက်မှာ အလက်တီကိုနဲ့တွေ့တိုင်း ဘာစီလိုနာပဲ အနိုင်ရလေ့ရှိတယ်

ဘာစီလိုနာ - အလက်တီကို
စနေ၊ ည ၉း၃၀

ဒီတစ်ပတ်တော့ လာလီဂါမှာ ပွဲကြီး ပွဲကောင်းကြည့်ရတော့မယ်။ ထိပ်ဆုံးရောက် နှစ်သင်းရဲ့
အားပြိုင်ကြမယ့် ဒီပွဲဟာ ချန်ပီယံဆုအတွက်လည်း အရေးပါနေတဲ့ပွဲ လို့ ပြောနိုင်တယ်။
အလက်တီကိုထက် တစ်ပွဲ လျော့ ကစားထားတဲ့ ဘာစီလိုနာပဲဖြစ်ဖြစ်၊ အလက်တီကိုပဲဖြစ်ဖြစ်
ဒီပွဲကိုအနိုင်ကစား နိုင်တဲ့ အသင်းဟာ ချန်ပီယံဆုအတွက် မျှော်လင့်ချက် ပိုရှိသွားနိုင်တယ်။
အထူး သဖြင့် ဘာစီလိုနာအတွက်တော့ လက်ထဲ မှာ ကစားဖို့တစ်ပွဲကျန်နေသေးတဲ့ အနေ
အထားမှာ ဒီပွဲကိုသာ အနိုင်ယူနိုင်ခဲ့ပြီဆိုရင် အလက်တီကိုထက်တောင် အခွင့်အရေး
ပိုသာသွားမယ့် အနေအထားမျိုးဖြစ် သွားနိုင်တယ်။

ဒါကြောင့်လည်း အခုပွဲဟာ နှစ်သင်းစလုံး အမှားမခံစတမ်း ကစားကြ ရမယ့်ပွဲမျိုးပါပဲ။
ပထမအကျော့ ဒီနှစ်သင်း အလက်တီကိုကွင်းမှာ တွေ့ခဲ့စဉ်ကတော့ ဘာစီလိုနာက ၂-၁ နဲ့
အနိုင်ရအောင် ကစားထားနိုင်လို့ အခုအိမ်ကွင်း နူးကမ့်မှာ ပြန်ကစားတဲ့အခါမှာ ဘာစီလိုနာ
အတွက် အခွင့်အရေး ပိုသာနေတယ်လို့ ပြောလို့ရ တယ်။ နှစ်သင်းစလုံး ကိုပါဒယ်ရေး
ကွာတားပွဲ တွေရဲ့ ဒုတိယအကျော့ အဆုံးအဖြတ်ပွဲ အပြီး ဒီပွဲကို အစောဆုံးကစားကြရမှာဖြစ်လို့
ပွဲပန်းမှု အနေအထားမှာလည်း အတူတူ ပဲလို့ ပြောနိုင်တယ်။

ဒါကြောင့် အခုပွဲဟာ အနေအထားချင်း သိပ်မကွာလှတဲ့ အသင်း နှစ်သင်းရဲ့ ပွဲဖြစ်နေလို့လည်း
နှစ်သင်းစလုံး နိုင်ပွဲအတွက် ခက်ခက်ခဲခဲကစားကြရမယ့် ပုံပါပဲ။ ဘာစီလိုနာဟာ အင်းနရစ်
လက်ထဲ မှာ ပြီးခဲ့တဲ့ရာသီက အလက် တီကိုနဲ့ လေးကြိမ် တွေ့ဆုံခဲ့မှုမှာ လေးကြိမ်စလုံး အနိုင်
ရထားခဲ့သလို ဒီရာသီ ပထမအကျော့မှာ လည်း အနိုင်ရထားခဲ့ပြန်လို့ အင်းနရစ် ဟာ ဆီမြွန်နီရဲ့
အသင်းနဲ့တွေ့တိုင်းအနိုင်ယူထားနိုင်တဲ့ အားသာမှုကို လည်း ပိုင်ဆိုင်ထားတယ်။ ဒါကြောင့်
လည်း အခုပွဲမှာလည်း အိမ်ရှင်ပီပီ အလက်တီကိုကို ယုံကြည်မှုအပြည့် နဲ့ ကစားသွားဖို့များနေ
တယ်။

အလက်တီကိုကလည်း စိတ်ဓာတ်ပိုင်း အားကောင်းမှုကို ပိုင်ဆိုင်ထားပြီး ပွဲတစ်ပွဲကိုချဉ်းကပ်
ကစားနိုင်မှု မှန်ကန်တဲ့အသင်းဆိုတာ သူတို့ ကစားခဲ့တဲ့ ရလဒ်တွေကို ကြည့်လိုက်ရင် မြင်သာနေ
တယ်။ ဘာစီလိုနာလို တစ်ဦးချင်း အရည် အသွေး ထက်မြက်သူတွေနဲ့ စုစည်းထားတဲ့ အသင်းမျိုး
မဟုတ်ပေမယ့် နည်းပြ ဆီမြွန်နီ ဟာ သူ့အသင်းကို အသင်းလိုက် စိတ်ဓာတ်အားကောင်းအောင်
ဦးဆောင်မှုပေးထား နိုင်တယ်။ ဒါကြောင့်လည်း အလက်တီကို ဟာ ဘယ်လိုပြိုင်ဘက်မျိုးကိုမဆို
စိတ်ဓာတ် ကောင်းကောင်းနဲ့ မာမာကျောကျောတုံ့ပြန် ရင်ဆိုင်ကစားတတ်လေ့ရှိလို့ ပြိုင်ဘက်
အသင်းတွေထက် အလက်တီကိုကို အနိုင်ယူ နိုင်ဖို့ ခက်ခဲလေ့ရှိတယ်။ လက်ရှိအချိန်မှာလည်း
အလက်တီကိုဟာ နိုင်ပွဲတစ်ပွဲရအောင် ဘယ်လိုကစားရမလဲဆိုတာ တစ်ပွဲပြီးတစ်ပွဲ ပိုပြီးနားလည် သဘောပေါက်နေတဲ့ပုံပေါ်နေတဲ့အပြင် ကစားပုံကျစ်လျစ်မှုအပေါ် အခုနောက်ပိုင်း တိုက်စစ်က
ဂိုးတွေပါ ပြန် ရလာတာကလည်း သူတို့ရဲ့အားသာမှုတစ်ခုလို့ ပြောနိုင်တယ်။

ဒါပေမဲ့ အလက်တီကိုရဲ့ ဒီရာသီအဓိက အားသာမှုဟာ ခံစစ်ပိုင်းတည်ငြိမ်စွာ ကစား နိုင်မှုပဲဖြစ်လို့
ဒီပွဲဟာ တိုက်စစ်အားသာတဲ့ ဘာစီလိုနာနဲ့ ခံစစ်အားသာတဲ့ အလက်တီကို အသင်းတွေရဲ့ ခံစစ်၊
တိုက်စစ်အား ပြိုင် မှုကိုလည်း မြင်တွေ့ရတော့မယ့် ပွဲမျိုးပါပဲ။ လက်ရှိဘာစီလိုနာအသင်းကို
ကြည့်ရင် မက်ဆီကြံ့ခိုင်မှု ပိုပြည့်လာတာနဲ့အမျှ တစ်ပွဲ ပြီးတစ်ပွဲ ခြေစွမ်းပြပြီး ဂိုးတွေလည်း
ပိုရလာ သလို အခုဇန်န၀ါရီမှာ အသင်းအတွက် စကစားပေးခွင့်ရတဲ့ အာဒါတူရန်နဲ့ ဗီဒယ်တို့
နှစ်ဦးကလည်း အသင်းနဲ့ အံဝင်အောင်လိုက် ကစားပေးနိုင်တာ တွေ့ရတယ်။

ဒီကစားသမား နှစ်ယောက်မှာ ဗီဒယ်ကတော့ အဲလ်ဗက်စ် လောက် အားမကိုးရသေးပေမယ့်
အာဒါတူရန်ကတော့ အသင်းရဲ့ကွင်းလယ်မှာ အကောင်းဆုံး ဖြည့်ဆည်းကစားပေးနေနိုင်တာ
တွေ့ရတယ်။ အထူးသဖြင့် အာဒါတူရန် ရဲ့ ကွင်းလယ် ဘယ်ညာနေရာစုံ ကစားနိုင်မှုအပြင်
တိုက်စစ် နေရာမှာလည်း အသုံးချနိုင်တဲ့ ခြေစွမ်းမျိုး ကို ထုတ်ပြနေလို့ နည်းပြအင်းနရစ်အတွက်
လည်း သူ့အသင်းကွင်းလယ်နဲ့ တိုက်စစ်ကို အရင်ကထက်ပိုပြီး စိတ်ကြိုက်ပုံဖော်ခွင့်ရလာတာတွေ
့ရတယ်။ ဒါကြောင့်လည်း ဘာစီလိုနာ တိုက်စစ်မှာ ဒီရာသီ နေမာ၊ ဆွာရက်ဇ်၊ မက်ဆီတို့သုံးယောက်
စလုံး မကြာခဏ ဒဏ်ရာရမှုတွေ ရှိနေပေမယ့် ဘာစီလိုနာရဲ့ တိုက်စစ်က ဟန်မပျက် ဆက်သွားနေနိုင်တာကို တွေ့နေရတယ်။ နောက်ပြီး ဘာစီလိုနာရဲ့ အိမ်ကွင်းမှာ နောက်ဆုံး
ကစားထားတဲ့ပွဲတွေမှာ တစ်ပွဲပျမ်းမျှ လေးဂိုးကျော်နှုန်းလောက်ရနေတဲ့အချက်ကလည်း
ဘာစီလိုနာရဲ့ တိုက်စစ်ကို ဒီပွဲမှာ အလက်တီကို ခံစစ်က ခက်ခက်ခဲခဲ ကို တောင့်ခံကစား
ရတော့မယ်ဆိုတာ ဖော်ပြနေသလိုပါပဲ။

အလက်တီကိုဟာ ခံစစ်ကို အပြောင်းအလဲ သိပ်မရှိဘဲ လူဟောင်းတွေဖြစ်တဲ့ ဟွမ်ဖရန်၊
ဂိုဒင်၊ ဖီးလစ်ပီလူးဝစ္စတို့နဲ့ လူငယ်ခြေတက် ဂျီမီနက်စ်ကို တွဲဖက်တည်ဆောက်ထားခဲ့ပြီး
ဒီခံစစ်ကြောင်းဟာ အခုရာသီ အလက်တီကို ထိပ်ဆုံးနေရာက ဦးဆောင်နေနိုင်ရေးအတွက်
အဓိကကျတဲ့ နေရာတစ်ခုပဲ ဖြစ်တယ်။

အထူးသဖြင့် မီရန်ဒါမရှိတော့ပေမယ့် ဂိုဒင်နဲ့ ဂျီမီနက်စ် ခံစစ်အတွင်း လူအတွဲဟာ အကောင်းဆုံး
ပုံစံရနေပြီး ကွင်းလယ်က ကိုကီ၊ ဂါဘီတို့ရဲ့ ခံစစ်ကို ပံ့ပိုးပေးနိုင်မှု၊ လူငယ်ကစား
သမားလေးတွေဖြစ်တဲ့ ကာရက်စကို၊ ဆာအူးလ်၊ အိုလီဗာတော ရက်စ်တို့ရဲ့ ရှေ့နောက်
တက် ဆင်း မနားတမ်းလိုက်ကစားပေးနိုင်မှုတွေ ဟာ အလက်တီကိုရဲ့ကစားပုံကို ဟန်ချက်
ပိုညီသွားစေတယ်။ နည်းပြဆီမြွန်နီကလည်း တိုက်စစ်မှာ ဂိုးရဖို့ ဂရစ်ဇ်မန်းကိုပဲ အားကိုး
နေရပြီး မာတီနက်ဇ်၊ တောရက်စ်၊ ဗီယက်တို တို့ရဲ့ ဂိုးသွင်းနှုန်းကို ပုံမှန်မျှော်လင့် ထားလို့မရနိုင်
မှုကို အားဖြည့် ပေးနိုင်ဖို့ ကွင်းလယ်နဲ့ ခံစစ်ကြောင်းကိုပဲ သေချာအားပြုတည်ဆောက်ထားတာ
တွေ့ ရတယ်။ ဒါ့ပြင် လူငယ်ဂိုးသမားအော့ဘ်လက် ကလည်း ပုံမှန်လက်စွမ်းပြနေတဲ့အချက်က
အလက်တီကိုအတွက် ဒီရာသီ အား ကောင်းနေမှုတွေလို့ ပြောလို့ရတယ်။ ဘာစီလိုနာကလည်း ခံစစ်ပိုင်းတည်ငြိမ်မှု ပြနိုင်တဲ့အသင်းမျိုးဖြစ်လို့ အလက်တီကိုရဲ့ တိုက်စစ်အားနည်းမှုကြောင့်
ဘာစီလိုနာ ဘက်ကို ဂိုးရဖို့ ခက်ခက်ခဲခဲကစားရနိုင် ချိန်မှာ နည်းပြဆီမြွန်နီအတွက်တော့ ဒီပွဲမှာ
ခံစစ်ကိုပဲ ပိုပြီးအသာပေး ကစားသွားဖို့ များနေတယ်။

ဘာစီလိုနာ တိုက်စစ်ကလည်း ခံစစ်ပိတ်ဆို့ ကစားနေတဲ့ အသင်းတွေနဲ့ တွေ့တယ်ဆိုရင် ဂိုးရဖို့
ခက်ခဲနေတတ်တာ မျိုးရှိတတ်လို့ ဒီပွဲမှာ ဘာစီလိုနာအရင်အိမ်ကွင်းပွဲတွေလို ဂိုးတွေ အများကြီး
ရနိုင်ဖို့ တော့ သိပ်ပြီး မျှော်လင့် မထားသင့်ပါဘူး။ ဒါပေမဲ့ အိမ်ရှင် ဖြစ်နေတာရယ်၊ အင်းနရစ်
လက်ထက် အလက်တီကိုနဲ့တွေ့တိုင်း အနိုင်ယူ ထားနိုင်တဲ့အချက်တွေက ဘာစီလိုနာရဲ့ အားသာမှု
ဖြစ်နေတဲ့အပြင် အဓိက ပြိုင်ဘက်တွေနဲ့ တွေ့ ရင်လည်း ဘာစီ လိုနာဟာ ပိုပြီးဖိဖိ စီးစီး
ကစားတတ်တဲ့ အချက်တွေကလည်း ရှိနေတယ်။ ဒါကြောင့် အခုပွဲ အတွက် အိမ်ရှင်ဖြစ်တဲ့
ဘာစီလိုနာကိုပဲ ဦးစားပေး ရွေးထားရမယ် ထင်ပါတယ်။

အခြားပွဲစဉ်များ
စနေ၊ ည ၁၁း၄၅
အိုင်ဘာ - မာလာဂါ *

စနေ၊ ည ၁၁း၄၅
ဂီတာဖေး -ဘီလ်ဘာအို *

တနင်္ဂနွေ၊ နံနက် ၂း၀၀
* ဗီလာရီးယဲလ် - ဂရန်နာဒါ

တနင်္ဂနွေ၊ နံနက် ၃း၃၅
ဆိုစီဒက် - ဘက်တစ်

* တနင်္ဂနွေ၊ ညနေ ၅း၃၀
* ဆီဗီလာ - လီဗန်တေး

တနင်္ဂနွေ၊ ည ၉း၃၀
* ဗလင်စီယာ - ဂီဂျွန်

တနင်္ဂနွေ၊ ည ၁၁း၄၅
* လက်စ်ပါးမားစ် - ဆယ်လ်တာ

တနင်္လာ၊ နံနက် ၂း၀၀
* ရီးယဲလ် - အက်စ်ပန်ညို

အင်္ဂါ၊ နံနက် ၂း၀၀
* ဒီပို့တီဗို - ရာယို

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း