ကိုယ်ပိုင်အိမ်ကွင်းတွေအတွက် ကြိုးစားလာကြတဲ့ မြန်မာနေရှင်နယ်လိဂ်အသင်းများ

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်တစ်ပွဲတွင် ရှမ်းယူနိုက်တက် အိမ်ကွင်း၌ ကစားသမားများ လေ့ကျင့်နေစဉ်။ရှမ်းယူနိုက်တက်အသင်းမြန်မာနေရှင်နယ်လိဂ် ပွဲစဉ်တစ်ပွဲတွင် ရှမ်းယူနိုက်တက် အိမ်ကွင်း၌ ကစားသမားများ လေ့ကျင့်နေစဉ်။ရှမ်းယူနိုက်တက်အသင်း

၂၀၀၉ ခုနှစ်က စတင်ကျင်းပခဲ့တဲ့ မြန်မာ နေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲရဲ့ ခေတ်ဦးပိုင်း
မှာတော့ ကိုယ်ပိုင်အိမ်ကွင်း နဲ့ ပြိုင်ပွဲများကို လက်ခံကျင်းပနိုင်တဲ့ အသင်း အနည်းငယ်သာ
ရှိခဲ့သော်လည်း လက်ရှိ အချိန်တွင် ကိုယ်ပိုင်အိမ်ကွင်းဖြင့် မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲများကို
အသင်း ငါးသင်းအထိ လက်ခံကျင်းပလာနိုင်ခဲ့ပြီဖြစ်ပါတယ်။

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အသင်း ၁၂ သင်းရှိတဲ့အနက် ရတနာပုံ၊ ရန်ကုန်
ယူနိုက်တက်၊ ဧရာဝတီယူနိုက်တက်၊ ရှမ်းယူနိုက်တက်နှင့် ဇေယျာရွှေမြေအသင်းတို့က အိမ်ကွင်း
များတွင် MNL ပွဲစဉ်များကို လက်ခံကျင်းပလျက်ရှိပါတယ်။ ထို့ပြင် ဟံသာဝတီယူနိုက်တက်၊
ရခိုင် ယူနိုက်တက်နှင့် ဆောက်သမ်းမြန်မာအသင်းတို့ကလည်း အိမ်ကွင်းများကို တည်ဆောက်
လျက်ရှိကြရာ ဟံသာဝတီယူနိုက်တက် အသင်းကတော့ ၂၀၁၆ MNL ရာသီဝက်ကစတင်၍
အိမ်ကွင်းပွဲစဉ်များကို ကျင်းပနိုင်ရန် နီးစပ်လျက်ရှိနေပါတယ်။ဟံသာဝတီယူနိုက်တက်
အသင်းဟာ ပဲခူးမြို့အခြေစိုက် အသင်းတစ်သင်းဖြစ် သော်လည်း ပဲခူးမြို့မှာ
အိမ်ကွင်းဆောက်လုပ်ရန် အခက်အခဲရှိနေတာကြောင့် တောင်ငူ မြို့မှာ ယာယီအဖြစ်
အိမ်ကွင်းပွဲစဉ်များကို လက်ခံကျင်းပသွားဖို့ စီစဉ်နေတာပါ။ "ပဲခူးမြို့မှာ အိမ်ကွင်းဆောက်ဖို့က
လောလောဆယ် အဆင်မပြေသေးတာကြောင့် တောင်ငူမြို့ကို ရွေးချယ်လိုက်တာပါ။
တောင်ငူကွင်းက အားလုံးနီးပါး ပြီးနေ ပါပြီ။ ကွင်းကပရိသတ် ၈,၀၀၀ လောက်ဆံ့တယ်။
မြက်ခင်း အနေအထားရော ပွဲကြည့်စင်တွေပါ အဆင်သင့်ဖြစ်နေပါပြီ။ အခုက ခွင့်ပြုမိန့်ကို
စောင့်နေတာပါ။ တောင်ငူမြို့က တိုင်းအဆင့် လူကြီးကို စာတင်ထားပါတယ်။ ခွင့်ပြုမိန့်ကျဖို့တော့
များပါတယ်။ ကွင်းကတော့ တောင်ငူ ကျောက်တိုင်ကွင်းပါ။ ဒုတိယရာသီမှာ အိမ်ကွင်း
စတင်ကျင်းပနိုင်ဖို့ မျှော်မှန်းထား ပါတယ်" ဟု ဟံသာဝတီ ယူနိုက်တက် အသင်း မီဒီယာတာဝန်ခံမင်းမင်းထွန်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

ရခိုင်ယူနိုက်တက် အသင်းကလည်း ရခိုင်ပြည်နယ်စစ်တွေမြို့ရှိ ဝေသာလီ ဘောလုံးကွင်းကို
အဆင့်မြှင့်တင်လျက်ရှိပြီး အိမ်ကွင်းအဖြစ် လက်ခံကျင်းပနိုင်ရန် ကြိုးစားနေပါတယ်။ "ကွင်းကို
အဆင့်မြှင့်တင်နေတာ အခု ဆိုရင် ၂၀ ရာခိုင်နှုန်းလောက်ပြီးနေပါပြီ။ လာမယ့်ရာသီဝက်မှာ
စတင်ကျင်းပဖို့တော့ မဖြစ်နိုင်သေးဘူးလို့ထင်တယ်။ ကျွန်တော်တို့အသင်းက ၂၀၁၇
မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲမှာ အိမ်ကွင်းနဲ့ စတင်လက်ခံကျင်းပ နိုင်ဖို့ မျှော်မှန်းထားတာပါ။
ဝေသာလီကွင်း က လက်ရှိပြည်နယ်အဆင့်ဘောလုံးပြိုင်ပွဲ တွေကိုလည်း လက်ခံကျင်းပနေ
တာဆိုတော့ အပြင်ဘက်က ဆိုင်ခန်းတွေနဲ့ ခြံစည်းရိုးတွေကို အရင်ဆုံးလုပ်နေပါတယ်။
ကွင်းအတွင်းက သံဆန်ခါနဲ့ မြက်ခင်းကို တော့ နောက်ဆုံးကျမှ ပြုပြင်မှာပါ။ အခု လည်း
ဘောလုံးပွဲတွေက ရှိနေတာဆိုတော့ ပြုပြင်ဖို့ အဆင်မပြေသေးဘူး။ ဝေသာလီ ကွင်းက
အစကတည်းက ပွဲကြည့်စင်တွေ အ၀တ်လဲခန်းတွေက ရှိပြီးသားဆိုတော့ ၁၀၀ ရာခိုင်နှုန်း
ပြုပြင်ရတာမျိုးတော့ မဟုတ်ဘူး။ မြန်မာနေရှင်နယ်လိဂ်ပွဲတွေ ကို လက်ခံကျင်းပနိုင်မယ့်
ကွင်းမျိုးအဆင့် မြှင့်တင်တာပါ" လို့ ရခိုင်ယူနိုက်တက်အသင်း၏ မီဒီယာတာဝန်ခံ သက်ထူးနိုင်ဦးက
မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

ဆောက်သမ်းမြန်မာအသင်းကလည်း မော်လမြိုင်မြို့တွင် အိမ်ကွင်းကို တည်
ဆောက်လျက်ရှိရာ လက်ရှိအချိန်တွင် ၈၀ ရာခိုင်နှုန်း ပြီးဆုံးနေပြီဖြစ်ကြောင်း မီဒီယာ
တာဝန်ခံမြတ်စိုးကျော်က မြန်မာတိုင်း (မ်)ကို ပြောပါတယ်။ "ဘောလုံးကွင်းက ၈၀ ရာခိုင်နှုန်း
ပြီးစီး နေပါပြီ။ လာမယ့်ရာသီဝက်မှာ စတင် ကျင်းပချင်ပေမယ့် အသင်းရဲ့ စီမံခန့်ခွဲရေး အပိုင်းက
ညွှန်ကြားချက် မရသေးလို့ပါ။အခုက အထူးတန်းပွဲကြည့်စင်ပြင်ဆင်ဖို့နဲ့ သံဆန်ခါကာရံဖို့ပဲ
ကျန်နေတာပါ။ ကွင်းက ပရိသတ် ၁၅,၀၀၀ လောက်ဆံ့တဲ့ ကွင်းပါ။ ဘယ်တော့ စပြီးကျင်းပ
မလဲဆိုတာတော့ ပြောလို့မရသေးဘူး။ စတင်ကျင်းပဖြစ်မယ်ဆိုရင်တော့ အသင်းပရိသတ် Fans Group
တွေပါ ဖွဲ့စည်းသွားဖို့ စီစဉ်ထားပါတယ်"လို့ ပြောပါတယ်။ ချင်းယူနိုက်တက်အသင်းသည်လည်း
အိမ်ကွင်းအတွက် အစီအစဉ်ရှိနေပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သို့ စာတင် ထားကြောင့်
ချင်းယူနိုက်တက်အသင်း မီဒီယာတာဝန်ခံ မင်းခန့်တာက မြန်မာ တိုင်း(မ်) ကို ပြောပါတယ်။

"အခုက MFF ကို စာတင်ထားပါတယ်။ ပါမစ်ကျလာရင် ပြည်နယ်အဆင့်ကို ထပ်တင်မယ်။ ဒါတွေပြီး
တာနဲ့ အိမ်ကွင်း ကို စတင်မှာပါ။ လောလောဆယ်တော့ ဘယ်မြို့မှာ ဆောက်သွားမယ်ဆိုတာ သေချာ
မဆုံးဖြတ်ရသေးပါဘူး။ လမ်းပန်းဆက်သွယ်ရေး ကောင်းမယ့်နေရာ၊ ချင်း ယူနိုက်တက် ပရိသတ်တွေ
လာရောက် ကြည့်ရှုနိုင်မယ့်နေရာကို ရွေးချယ်နေပါတယ်။ လောလောဆယ်ကလေးမြို့ကို လျာ
ထားပါတယ်။ မသေတော့ မသေချာသေး ဘူး"လို့ ပြောပါတယ်။

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများ စတင် ကျင်းပခဲ့စဉ်က ပရိသတ်အများက စိတ်ဝင် စားမှု မြင့်တက်
ခဲ့သော်လည်း လက်ရှိအချိန် တွင် ပရိသတ်အားပေးမှု လျော့ကျခြင်းနဲ့ ရင်ဆိုင်နေရတာပါ။
အသင်းတွေမှာ ကိုယ်ပိုင်အိမ်ကွင်းတွေရှိလာပြီး အသင်း ကိုယ်စားပြုမြို့တွေမှာ အိမ်ကွင်းပွဲစဉ်များကို
လက်ခံကျင်းပနိုင်မယ်ဆိုရင် ပရိသတ် အားပေးမှုကို ပိုမိုရရှိလာမှာ ဖြစ်သလို မြန်မာနေရှင်နယ်လိဂ်
ပြိုင်ပွဲဟာလည်း ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်တဲ့ ပြိုင်ပွဲတစ်ခု အဖြစ်မြင်တွေ့လာရမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း