အစဉ်အလာတွေအရတော့ ဘာစီလိုနာပဲ ရွေးထားရဦးမယ်

ဗီလာရီးယဲလ် - ဘာစီလိုနာ
စနေ၊ ည ၉း၃၀

လာလီဂါကတော့ ရာသီသိမ်းခါနီးမှာ စိတ်လှုပ်ရှားစရာ သိပ်မရှိတော့ပါဘူး။ တဖြည်း ဖြည်းနဲ့
ချန်ပီယံဆုအတွက်ကလည်း အဖြေ ထွက်သလောက် ဖြစ်နေပြီဖြစ်လို့ အခု နောက်ပိုင်း
ထိပ်ပိုင်းအသင်းတွေရဲ့ ပွဲတွေကို ကြည့်ရင် တစ်ပွဲချင်း ယှဉ်ပြိုင်မှုပုံစံမျိုးနဲ့ပဲ ပုံမှန်ကစားနေကြတာကို
တွေ့နေရတယ်။ ဒီတစ်ပတ်တော့ လာလီဂါရဲ့ ထိပ်ဆုံး ငါးသင်းစာရင်းဝင် အသင်းတွေအချင်းချင်း
ထိပ်တိုက်တွေ့နေတဲ့ အသင်းတွေပါနေလို့ အကြိတ်အနယ်ရှိလာနိုင်မလားဆိုတာ စောင့် ကြည့်ရဖို
့တော့ရှိတယ်။

ဒါပေမဲ့လည်း ဒီအသင်း တွေကြားမှာပဲ အမှတ်ကွာဟမှုတွေနဲ့အတူ ရပ်တည်မှု အဆင့်တွေကိုပါ
သေချာသလောက် ရှိနေကြပြီဖြစ်လို့ ဒီအသင်းတွေ ကြား ယှဉ်ပြိုင်မှုဟာ အင်အားကုန်ထုတ် သုံးပြီး
အမှားမခံစတမ်းကစားကြတဲ့ ပွဲမျိုးတွေမဟုတ်တော့ဘဲ တစ်သင်း နဲ့တစ်သင်း သိက္ခာတရားအတွက်
အဓိက ယှဉ်ပြိုင်တဲ့ပွဲမျိုး ပိုဆန် လာနိုင်တယ်။ ဒီတစ်ပတ် ထိပ်ဆုံးက ဘာစီလိုနာ ဟာ အဝေးကွင်းမှာ
အဆင့် (၄) က ဗီလာရီးယဲလ်နဲ့ သွားကစားရမယ့် အချိန်မှာ အဆင့် (၃) က ရီးယဲလ် မက်ဒရစ်ကလည်း
အဆင့် (၅) က ဆီဗီလာနဲ့ ရင်ဆိုင်ကစားရမှာဖြစ်လို့ စပို့တင်းဂီဂျွန်အသင်းကို သွားကစားဖို့ ရှိနေတဲ့
အဆင့် (၂) က အလက်တီကိုမက်ဒရစ်အတွက် အခွင့် အရေး တစ်စုံတစ်ရာများ ရလာမလားဆိုတာ
တော့ စိတ်ဝင်စားစရာပါပဲ။

အထူးသဖြင့် ဗီလာရီးယဲလ်ရဲ့ အိမ်ကွင်းခြေစွမ်း၊ ဘာစီလိုနာရဲ့ အဝေးကွင်းမှာ ထိန်းကစားတတ်မှုတွေက
ဘာစီလိုနာအတွက် မထင်မှတ်ဘဲ အမှတ်လျော့သွားခဲ့မယ်ဆို ရင် တော့ အလက်တီကိုအတွက် ချန်ပီယံ
မျှော်လင့်ချက် ခပ်ရေးရေးပြန်ရှိလာဖို့ များနေ တယ်။ နှစ်သင်းစလုံးကလည်း ဒီပွဲမတိုင်မီ ဥရောပပွဲတွေ ကစားထားရတာချင်းတူနေကြ ပေမယ့် ဘာစီလိုနာက အိမ်ကွင်းမှာ ကစားခဲ့ရတာဖြစ်ပြီး ဗီလာရီးယဲလ်
ကတော့ လေဗာ ကူဆင်ကွင်းကို သွားကစားထားခဲ့ရတဲ့အပြင် အနားရချိန်လည်း ဘာစီလိုနာထက်စာရင် တစ်ရက်လောက် လျော့နေခဲ့လို့ ဗီလာ ရီးယဲလ်အတွက် ပွဲပန်းမှုဒဏ်ကို ဘာစီလိုနာ ထက် ပိုခံရဖို့များနေ
တယ်။

ပွဲပန်းမှုချင်း တူတယ်ပဲထားဦး၊ လက်ရှိ ဒီနှစ်သင်းရဲ့ လူစာရင်း၊ လူအင်အားတွေအရ ဗီလာရီးယဲလ်ဟာ
ဘာစီလိုနာလောက် မတောင့်တင်းတဲ့ အပြင် အသင်း မှာ ဒဏ်ရာပြဿနာအချို့ ရှိနေတဲ့ အနေအထားက
လည်း ဘာစီလိုနာ နဲ့ယှဉ်လိုက်ရင် တစ်ပန်းရှုံး နေတယ်လို့ ပြောရမယ်ထင်ပါတယ်။

ဘာစီလိုနာကတော့ အခု နောက်ပိုင်း အဓိက ကစားသမား အများစု ဒဏ်ရာကင်းစင်နေကြပြီး
တိုက်စစ် မှာ ဆန်ဒရိုနဲ့ ရာဖင်ဟာတို့နှစ်ယောက်သာ ဒဏ်ရာကြောင့် နားနေရတယ်။ ဒါကြောင့်
နည်းပြအင်းနရစ်အတွက်လည်း အသင်းကို လူထုတ်ပုံ အလှည့်အပြောင်း စိတ်ကြိုက်လုပ် နေနိုင်
တယ်။ အခုနောက်ပိုင်းဆိုရင် နည်းပြအင်းနရစ်ဟာ ရှေ့မှ အမ်အက်စ်အင်န် တိုက်စစ် အတွဲကိုတောင်
အလဲအလှယ်လုပ် ပွဲထုတ် လာတာမျိုး လုပ်နေပြီး သူပွဲထုတ်နေတဲ့ မူနီယာကလည်း နောက်ဆုံးကစား
ခဲ့တဲ့ နှစ်ပွဲဆက်တိုက် အသင်းအတွက် ဂိုးသွင်းပေးထားနိုင်လို့ ဘာစီလိုနာ တိုက်စစ်ဟာ အလှည့်
အပြောင်းတွေ ကြားမှာတောင် တည် ငြိမ်နေတုန်းလို့ ပြောနိုင်တယ်။ ကွင်းလယ်မှာလည်း ပွဲအနေ
အထားပေါ်လိုက်ပြီး ကစားသမားတွေကို အလှည့်ကျ ထုတ်သုံးနေပေမယ့် ကစားပုံ ပျက်မသွားခဲ့
သလို ကစားသမားတွေအတွက်လည်း အနားရမှု ပိုရလာတဲ့နောက် ပွဲထွက် ကစားခွင့် ရတဲ့အခါမှာ
ပိုမိုအားထည့် ကစားလာနိုင်ကြတာမျိုးလည်း တွေ့ နေရလို့ ဘာစီလိုနာရဲ့ ကစားပုံကတော့ ရာသီသိမ်း
ခါနီးမှာ ပိုပြီးတည် ငြိမ်ပြီး ဟန်ချက် ပိုညီလာသလိုမျိုးတောင် တွေ့နေရတယ်။ လာလီဂါ နောက်ဆုံး
(၃) ပွဲဆက်တိုက်မှာ ရာယိုကို ငါးဂိုး၊ အိုင်ဘာကို လေးဂိုးနဲ့ ဂီတာဖေးကို ခြောက်ဂိုးအထိ သွင်းထားနိုင်
တဲ့ ဘာစီ လိုနာရဲ့ တိုက်စစ်ကစားအားကလည်း အခု အချိန်မှာ ပြောစရာမလိုဘူးလို့ ဆိုနိုင်တယ်။

ဒါပေမဲ့ ဘာစီလိုနာရဲ့ အဝေးကွင်းသွင်းဂိုး ပုံမှန် မရတတ်မှုရယ်၊ ဗီလာရီးယဲလ်ရဲ့ ခံစစ်ပိုင်း
တောင့်တင်းကောင်းမွန်မှုတွေကြောင့် ဒီပွဲမှာ တော့ ဘာစီလိုနာဆီက အရင်လိုသွင်းဂိုးတွေ
အများအပြားမြင်ရဖို့ လွယ်ပါ့မလားဆိုတာ စိတ်ဝင်စားစရာ ကောင်းလာတယ်။ ဗီလာရီးယဲလ်
ကတော့ အိမ်ကွင်း နောက်ဆုံးကစားထားတဲ့ပွဲမှာ လက်စ်ပါးမားစ်ကိုတောင် ၁-၀ နဲ့ အရေးနိမ့်
ထားတာ တွေ့ရလို့ ဘာစီလိုနာလို ခြေစွမ်းထက်အသင်းတစ်သင်းကို တောင့်ခံကစားနိုင်ဖို့ ဆိုတာ
ကတော့ သိပ်ပြီးမလွယ်ကူလှပါဘူး။ ဒါပေမဲ့ ဒီရာသီ လာလီဂါအသင်းတွေထဲမှာ အလက်တီကို
အသင်းပြီးရင် လာလီဂါ ဒုတိယ ပေးဂိုးအနည်းဆုံးအသင်းအဖြစ် ရပ်တည် နေ နိုင်တဲ့အပြင်
သူတို့ကစားပုံကလည်း အလက်တီကိုနဲ့ သိပ်မကွာလှဘဲ ဂိုးရသွားခဲ့ရင် အဲဒီအနိုင် ဂိုးတစ်ဂိုးကို ထိန်းပြီးကစားသွားနိုင်တဲ့ ခြေစွမ်းမျိုးရှိနေတာကြောင့် ဘာစီလိုနာ အတွက်လည်း အယ်လ်မက်
ဒရီဂယ်မှာ အိမ်ရှင်ဗီလာရီးယဲလ်ကို သတိထားရင်ဆိုင်ရမယ့်ပုံမျိုးပေါ်နေတာတော့ အမှန်ပါပဲ။

ဒါပေမဲ့ ဗီလာရီးယဲလ်ကစားနေတဲ့ အနေအထားကို ကြည့်ရင်တော့ လက်ရှိအချိန်မှာ လာလီဂါထက်
ယူရိုပါလိဂ် ဘက်ကို ပိုအာရုံ စိုက်ထားတဲ့ပုံမျိုး ပေါ်နေတယ်။ လာလီဂါ မှာလည်း အဆင့် (၄) နေရာကို ရယူနိုင်ဖို့ သေချာသလောက်ဖြစ်နေချိန်မှာ ဥရောပ ပြိုင်ပွဲတွေဘက်ကို အာရုံပိုစိုက်ထားတဲ့ သူတို့ ရဲ့
ရည်မှန်းချက်ကလည်း မမှားဘူးလို့ပြော နိုင်တယ်။ ဒါပေမဲ့ ဒီတစ်ပတ်ပွဲတွေပြီးရင် လိဂ်ပွဲတွေ အနားပေးပြီး နိုင်ငံတကာပြိုင်ပွဲ တွေ ပြန်ဝင်မယ့်အချိန် ဖြစ်နေတာရယ်၊ ဗီလာရီးယဲလ်အတွက်
ဘာစီလိုနာလို အသင်း ကြီးတစ်သင်းကို အကောင်းဆုံး ရင်ဆိုင်ကစား ပြပြီး အသင်းရဲ့သိက္ခာနဲ့
ခြေစွမ်းကို စမ်းသပ်မြှင့်တင်နိုင်ဖို့ ကြိုးစားလာနိုင်တဲ့ အခြေအနေ တွေရယ်ကြောင့် ဘာစီလိုနာ
အတွက် ကစားရခက်မယ့် ပွဲမျိုးဖြစ်လာနိုင်တယ်။

ဒါပေမဲ့ ဗီလာရီးယဲလ်ရဲ့ တိုက်စစ်ပိုင်းအားနည်းမှုက ဘာစီလိုနာကို စိတ်ချလက်ချတိုက်စစ်ကစား
ခွင့်ပေးထားနိုင်တဲ့ အနေအထားမှာရှိနေလို့ ဒီပွဲမှာ အဓိကကတော့ လာလီဂါရဲ့ ဒုတိယ အတောင့်
တင်းဆုံး ဗီလာရီးယဲလ် ခံစစ်က ဘာစီလိုနာ တိုက်စစ် ကို ဘယ် လောက်ထိ တောင့်ခံ ကစားသွား
နိုင်မလဲဆိုတာက ပွဲအဖြေ ဖြစ်လာနိုင်ပါတယ်။ ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေ အရ ၂၀၁၃
နောက်ပိုင်း ဘာစီလိုနာဟာ ဗီလာရီးယဲလ်နဲ့တွေ့တိုင်း အနိုင်ကစားထားနိုင်တဲ့ အစဉ်အလာကို
ပိုင်ဆိုင်ထားလို့ အခုပွဲ မှာလည်း ဘာစီလိုနာကိုပဲ ဦးစားပေးရွေးရမလို ဖြစ်နေတယ်။ ဂိုးတော့
နည်းနိုင်တယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016