ရန်ကုန်မြို့မှာ ကျင်းပမယ့်ရိုးရာကျားတို့ အားပြိုင်ပွဲ

စောဂေါ်မူဒို (သတ္တိ) နှင့် ရင်ဆိုင်ထိုးသတ်မည့် သွေးသစ်အောင် (နဂါးနီ) (ယာ)။ဇာနည်ဖြိုး / မြန်မာတိုင်း(မ်)စောဂေါ်မူဒို (သတ္တိ) နှင့် ရင်ဆိုင်ထိုးသတ်မည့် သွေးသစ်အောင် (နဂါးနီ) (ယာ)။ဇာနည်ဖြိုး / မြန်မာတိုင်း(မ်)

Great Tiger Group ရဲ့ဒုတိယမြောက်ခြေလှမ်းအဖြစ် 'ရိုးရာကျားတို့အားပြိုင်ပွဲ' ဆိုတဲ့
မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကြီးကို လာမယ့် ဇွန် ၅ ရက်မှာ သိမ်ဖြူ လက်ဝှေ့ရုံကြီးမှာ
ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

'ရိုးရာကျားတို့အားပြိုင်ပွဲ' ဆိုတဲ့ အမည်နဲ့ GTG က ပြီးခဲ့တဲ့ မတ် ၄ ရက်က မန္တလေးမြို့မှာ
ပထမဦးဆုံး အကြိမ်အဖြစ် ကျင်းပခဲ့ပြီး ယခုအကြိမ်မှာတော့ ဒုတိယမြောက် ပွဲစဉ်အဖြစ်
ရန်ကုန်မြို့မှာ ဆက်လက်ကျင်းပ တာ ဖြစ်ပါတယ်။ ပွဲစီစဉ်သူဖြစ်တဲ့ Great Tiger Group ဦးစိုးမင်းက
သူကိုယ်တိုင်ကလည်း ရိုးရာလက်ဝှေ့ပရိသတ်တစ်ဦး ဖြစ်တာကြောင့် ပရိသတ်အတွက်
ပွဲကောင်းတွေကို ကြည့် စေချင်လို့ ဒီပွဲကိုစီစဉ်တာဖြစ်ကြောင်း ပြောပါတယ်။

"ကျွန်တော်ရိုးရာလက်ဝှေ့ပရိသတ်အဖြစ် ဆယ်စုနှစ် သုံးစုစာလောက် နယ်တကာလှည့်ပြီး
လက်ဝှေ့ပွဲတွေ ကြည့်ဖြစ်ခဲ့ပါတယ်။ အခု စီစဉ်သူအဖြစ်နဲ့လည်း ပရိသတ်တွေကြည့်ချင်မယ့်၊
အကြိတ်အနယ်ဖြစ်မယ့် တွဲဆိုင်းတွေ ကို စဉ်းစားပြီး စီစဉ်ခဲ့ပါတယ်။ အဓိကတွဲဆိုင်းတွေမှာ
ထိုးသတ်ကြမယ့် လက်ဝှေ့သမားတွေက အချင်းချင်းတစ်ခါမှ မထိုးသတ်ခဲ့ဖူးပါဘူး။ ဒီပွဲက
သူတို့အတွက် ပထမဆုံးတွေ့ဆုံမှု ဖြစ်လာမှာပါ။ ပရိသတ်တွေလည်း ဒီတွဲဆိုင်းတွေကို
စိတ်ဝင်စားမှာပါ" လို့ ပြောပါတယ်။

ဒီပြိုင်ပွဲကြီးမှာ အဓိကတွဲဆိုင်းနှစ်ခုအဖြစ် စောဂေါ်မူဒို (သတ္တိ) နဲ့ သွေးသစ်အောင် (နဂါးနီ)၊
သပြေညို (ဘိလပ် မြေစက်ရုံ) နဲ့ ဖျံသွေး (ရွှေမိုးထိငြိမ်းချမ်းရေး) တို့ ရင်ဆိုင် ထိုးသတ်သွားကြမှာ
ဖြစ်ပါတယ်။ တွဲဆိုင်းတွေကို လေ့လာကြည်မယ်ဆိုရင် စီနီယာ၊ဂျုနီယာတွေ တွေ့ဆုံနေတဲ့
တွဲဆိုင်းတွေဖြစ်ပါတယ်။ သပြေညိုနဲ့ဂေါ်မူဒိုတို့က အတွေ့အကြုံရှိပြီးသား လက်ဝှေ့
သမားတွေဖြစ်ပြီးသူတို့နဲ့ရင်ဆိုင်မယ့် ဖျံသွေးနဲ့သွေးသစ် အောင်တို့ကတော့ ၂၀၁၅
ရွှေခါးပတ်ချန်ပီယံပြိုင်ပွဲကြီး မှာလက်စွမ်းထက်လာခဲ့ပြီး အောင်မြင်မှုတွေ အသီးသီး
ရရှိခဲ့တဲ့ ရွှေခါးပတ်ချန်ပီယံတွေ ဖြစ်ပါတယ်။ ဒီလူငယ်လက်ဝှေ့သမားတွေရဲ့ လက်စွမ်းက
ဒီနှစ်အတွင်းမှာ သိသိသာသာတိုးတက်လာလို့ ဒီလို စီနီယာလက်ဝှေ့သမားတွေနဲ့ တွေ့ဆုံဖို့
ဖြစ်လာတာပါ။ သူတို့ အရည်အချင်းကို မှတ်ကျောက်တင်နိုင်ဖို့ ဒီပွဲကြီးက အရေးကြီးသလို
စီနီယာလက်ဝှေ့သမားတွေအတွက် လည်း ခက်ခဲလာမယ့်ပြိုင်ဘက်တွေ ဖြစ်ပါတယ်။ ဂေါ်မူဒိုနဲ့ ရင်ဆိုင်ထိုးသတ်ရမယ့် သွေးသစ်အောင်က "ဒီပွဲမှာ ပရိသတ်တွေအားပေးရတာနဲ့ တန်အောင်
ကျွန်တော် အကောင်းဆုံးကြိုးစားသွားမှာပါ။ ဂေါ်မူဒိုက ကန်ချက်တွေ ကောင်းတယ်။ အထူးသဖြင့်
အောက်ခြေ ကန်ချက်တွေကို သတိထားရမယ်။ အခု ကျွန်တော် ကြိုးစားလေ့ကျင့်နေပါတယ်။
လက်ရှိကိုယ့်ပုံစံကိုလည်း ကိုယ်အားရတယ်။ အကောင်းဆုံး ယှဉ်ပြိုင်နိုင်မယ်လို့ ယုံကြည်တယ်" လို့
မြန်မာတိုင်း(မ်) ကို ပြောပါတယ်။

"သပြေညိုက ကျွန်တော်ထက် အတွေ့အကြုံရင့်ပါတယ်။ လက်သီးထိုးတာလည်း အရမ်းမြန်တယ်။
ကြံ့ခိုင်မှု ရော သက်လုံပါကောင်းတဲ့ လက်ဝှေ့သမားပါ။ ဒါပေမဲ့ ကျွန်တော်စိုးရိမ်နေမှာမဟုတ်ပါဘူး။
ကျွန်တော့်အလုပ် ကို ကျွန်တော် အကောင်းဆုံးလုပ်သွားမှာပါ။ အနိုင်ရမယ်၊ မရဘူးလို့တော့ အခုချိန်မှာ
မပြောနိုင်သေးပါဘူး။ သူ့ရဲ့အားသာချက်၊ အားနည်းချက်တွေကို လေ့လာပြီး အကောင်းဆုံး ပြင်ဆင်နေ
ပါတယ်" လို့ သပြေညိုကို စိန်ခေါ်ထိုးသတ်မယ့် ဖျံသွေးက မြန်မာတိုင်း(မ်) ကို ပြောပါတယ်။ အဆိုပါ
အဓိကတွဲဆိုင်းနှစ်တွဲအပါအ၀င် အခြား ပြည်တွင်းစိန်ခေါ်ပွဲ ရှစ်ပွဲလည်းပါဝင်မှာ ဖြစ်လို့ စုစုပေါင်း
ပွဲစဉ် ၁၀ ပွဲ ပါဝင်မှာဖြစ်ပါတယ်။ ဒီပွဲကြီးရဲ့ လက်မှတ်ဈေးနှုန်းတွေကိုတော့ ကျပ် ၁၀,၀၀၀၊
၂၀,၀၀၀ နဲ့ ၃၀,၀၀၀ အသီးသီးသတ်မှတ်ထားပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း