စပိန်အသင်းနဲ့ ယူရို သုံးကြိမ်ဆက် ချန်ပီယံမျှော်လင့်ခွင့်

ချက်အသင်းဘက်သို့ ဂိုးသွင်းယူပြီး အောင်ပွဲခံနေသည့် စပိန်အသင်းကစားသမားများ။အေအက်ဖ်ပီချက်အသင်းဘက်သို့ ဂိုးသွင်းယူပြီး အောင်ပွဲခံနေသည့် စပိန်အသင်းကစားသမားများ။အေအက်ဖ်ပီ

စပိန်အသင်းရဲ့ ပြင်သစ်ယူရို ၂၀၁၆ အုပ်စုပွဲဦးထွက်မှာ ချက်ကို ၁-၀ နဲ့ နိုင်လိုက်တယ်။
ဒါပေမဲ့ လွယ်လွယ် ကူကူ အနိုင်ယူနိုင်ခဲ့တာတော့မဟုတ်ဘူး။

ပွဲပြီးခါနီး မှ နောက်ခံလူ ပီကေးရဲ့ ခေါင်းတိုက်သွင်းဂိုးနဲ့ ကပ်ပြီး အနိုင်ရလိုက်တာပါ။ ဒီနိုင်ပွဲက
စပိန်အသင်းရဲ့ ရှေ့ခရီး အတွက် အဓိကနှိုးဆော်နိုင်လိုက်တဲ့ နိုင်ပွဲလို့လည်း ပြောနိုင်တယ်။
သူတို့ရှေ့ခရီးအတွက် အင်အားတွေစပြီး မွေးဖွားနိုင်လိုက်တဲ့ နိုင်ပွဲလို့လည်း ပြောနိုင်တယ်။
စပိန်အသင်းအတွက် အခုယှဉ်ပြိုင်ကစားနေတဲ့ ယူရိုပြိုင်ပွဲက မျှော်လင့်ချက်တွေ အပြည့်နဲ
့ ကစားရမယ့် ပြိုင်ပွဲလည်း ဖြစ်တယ်။

ဒီပြိုင်ပွဲမှာ ဗိုလ်စွဲလိုက်ရင် စပိန် အသင်းအတွက် သမိုင်းဝင်မှတ်တမ်းကောင်းတွေလည်း
အများကြီး ရေးထိုးနိုင်ဖို့ရှိတယ်။ ဒီပြိုင်ပွဲမှာ စပိန်အသင်း ဟာ စုစုပေါင်း သုံးကြိမ်ဗိုလ်စွဲထားပြီး
ပြီးခဲ့တဲ့ ၂၀၀၈ နဲ့ ၂၀၁၂ တွေမှာ နှစ်ကြိမ်ဆက်တိုက် ချန်ပီယံဖြစ်နိုင်ခဲ့တာ ကလည်း ဒီပြိုင်ပွဲရဲ့
စံချိန်သစ်တစ်ခုပဲ ဖြစ်တယ်။

ဒါကြောင့် အခု ပြင်သစ်ပြိုင်ပွဲမှာ စပိန်အသင်းထပ်ပြီး ဗိုလ်စွဲဦးမယ် ဆိုရင်တော့ နောက်ထပ်စံချိန်
တစ်ခုဖြစ်တဲ့ ယူရိုပြိုင်ပွဲရဲ့ သုံးကြိမ်ဆက်ချန်ပီယံအဖြစ် မှတ်တမ်းကောင်း ရေးထိုး နိုင်တော့မှာပဲ
ဖြစ်တယ်။ ဒါ့ပြင် စပိန်အသင်းရဲ့ ဒီပြိုင်ပွဲမှာ သုံးကြိမ်ချန်ပီယံဖြစ်ခဲ့ဖူးတာကလည်း ဂျာမနီအသင်းနဲ့
အတူ အများဆုံးဗိုလ်စွဲနိုင်တဲ့အသင်းအဖြစ် ပူးတွဲမှတ်တမ်း တင်ခံထားရလို့ ဒီတစ်ကြိမ်သာ စပိန်အသင်း
ယူရိုချန်ပီယံ ထပ်ဖြစ်ခဲ့ရင် ချန်ပီယံ အကြိမ်အများဆုံးရဖူးတဲ့အသင်းအဖြစ် လေးကြိမ်နဲ့ စံချိန်သစ်
တင်နိုင်ဦးမှာလည်း ဖြစ်တယ်။ ဒါကြောင့် စပိန်အသင်းဟာ အခု ယူရိုပြိုင်ပွဲကို အရင် ပြိုင်ပွဲတွေထက်
မျှော်လင့်ချက်ကြီးကြီးထားပြီး ၀င်ပြိုင် နေတဲ့အသင်းလို့ ပြောနိုင်တယ်။

တခြားတစ်ဖက်မှာ လည်း စပိန်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ ဖလား ပြိုင်ပွဲအုပ်စုတွင်းမှ
ထွက်လိုက်ရတဲ့ အခြေအနေဆိုးကို ပြန်ပြီး သိက္ခာဆည်နိုင်ဖို့ ကြိုးစားလာနိုင်တာကလည်း
ရှိနေသေးတယ်။ ၂၀၁၄ ကမ္ဘာ့ဖလားမှာ စပိန်ဟာ လက်ရှိချန်ပီယံအဖြစ် ၀င်ရောက်ကစားခဲ့ရပေမဲ့
အုပ်စုတွင်းမှပဲ စောစော စီးစီး ထွက်လိုက်ရလို့ စပိန်အသင်းအတွက် ဝေဖန်ခံရစရာ ဖြစ်ခဲ့သလို
စပိန်အသင်းခေတ်တစ်ခေတ် ကုန်ဆုံးချိန် ပြန်ရောက်ပြီလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်လာခဲ့
တယ်။ ဒီဝေဖန်သံတွေကြားမှာပဲ စပိန်အသင်းကလည်း ယူရိုခြေစစ်ပွဲတွေမှာ ခြေစွမ်းမပြနိုင်ခဲ့တဲ့အပြင်
ခြေစမ်း ပွဲတွေမှာပါ ရလဒ်ကောင်းတွေမရခဲ့လို့ ဖီဖာအဆင့် သတ်မှတ်ချက် ထိပ်ဆုံးနေရာကပါ
ဆင်းပေးလိုက်ရတယ်။ စပိန်အသင်းရဲ့ မျိုးဆက်တစ်ခု အဆုံးသတ်သွားပြီလို့ တောင် ဝေဖန်မှုတွေလည်း
ရှိခဲ့တယ်။

ဒါကြောင့်လည်း အခု ယူရိုပြိုင်ပွဲ ချန်ပီယံခန့်မှန်းမှုတွေမှာတောင် စပိန်အသင်း ဟာ ဗိုလ်စွဲနိုင်ခြေ တတိယနေရာကို ရောက်နေခဲ့တဲ့အထိပြန်ဖြစ်သွားတယ်။ စပိန်အသင်းရဲ့ရှေ့မှာ အိမ်ရှင်ပြင်သစ် နဲ့ လက်ရှိကမ္ဘာ့ချန်ပီယံဂျာမနီအသင်းတွေက ရပ်တည်နေ ကြပြီး ဒီနှစ်သင်းစလုံးကလည်း အုပ်စုအဖွင့်ပွဲကို
စပိန် အသင်းလိုပဲ နိုင်ပွဲတွေနဲ့စထားနိုင်ကြလို့ စပိန်အသင်းရဲ့ ဒီယူရိုပြိုင်ပွဲ ချန်ပီယံမျှော်လင့်ချက်
တွေကို အကောင်အထည်ဖော်နိုင်ဖို့ဆိုရင် အတော်လေးကို ရုန်းကန်ရမယ့် ပုံမျိုးလည်း ပေါ်လာတယ်။
နောက်ပြီး စပိန်အသင်းရဲ့ ဒီပြိုင်ပွဲရဲ့ အုပ်စု ပြိုင်ဘက် တွေကို ကြည့် လိုက်ရင်လည်း အားလုံးက
အသင်းကောင်းတွေချည်းပဲ ဖြစ်နေပြီး အုပ်စုကျပ်တယ်လို့ ပြောလို့ရနေတယ်။

ချက်၊ တူရကီအသင်းတွေဟာ ယူရိုပြိုင်ပွဲမှာ အနိမ့်ဆုံး ဆီမီး အဆင့်အထိ တက်ဖူးထားကြတဲ့
အသင်းတွေဖြစ်နေပြီး ခရိုအေးရှားဆိုရင် ဥရောပဘောလုံးလောကမှာသာမက ကမ္ဘာ့ဘောလုံးလောက
မှာပါ အသင်းတိုင်းက လေးစား ရတဲ့ အသင်းတစ်သင်းအဖြစ် ရပ်တည်နေပြီး ကစားသမားကောင်းတွေ
လည်း မွေးထုတ်ပေးနိုင်တဲ့ အသင်းကောင်းတစ်သင်းပဲ ဖြစ်တယ်။ ဒါကြောင့် ဒီအသင်းတွေနဲ့
တစ်အုပ်စုတည်းကျနေတဲ့ စပိန်အသင်းအတွက် ဒီပြိုင်ပွဲမှာ ချန်ပီယံဘွဲ့ ဆက်ထိန်း နိုင်ရေးဆိုတဲ့
မျှော်လင့်ချက်ကို ခဏထား အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ရေးကို ပထမဦးစားပေးထားရဦးမယ့်
အနေ အထားမျိုးဖြစ်နေလို့ စပိန်အသင်းရဲ့ ပွဲဦးထွက် ချက်နဲ့ပွဲ ဟာ အတော်လေးကို အရေးပါနေခဲ့တယ်။
စပိန်အသင်းမကစားမီ ပြိုင်ဘက် ခရိုအေးရှားကလည်း ပွဲဦးထွက်ပွဲမှာ တူရကီကို အနိုင်ကစားထားလို့
စပိန်ဟာ ချက်နဲ့ပွဲကို အနိုင်ရထားဖို့ အရေးပိုပါလာခဲ့တယ်။

အခုတော့ ပထမအဆင့်တစ်ဆင့်ကို စပိန်အသင်းအကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့ပါပြီ။ ချက်နဲ့ပွဲမှာ စပိန်
အသင်းဟာ သူတို့ရဲ့ ပုံစံကောင်းတစ်ခုကိုပါ ထုတ်ပြ သွားနိုင်ခဲ့ပြီး ချက်ကို တစ်ဂိုးသာသွင်းနိုင်ခဲ့ပေမယ့်
ကစားကွက်အသာနဲ့ တစ်ချိန်လုံး အသာစီးယူ ကစားပြသွားနိုင်ခဲ့တယ်။ ချက် ဂိုးသမား ပီတာချက်သာ
ကာကွယ်မှုမကောင်းခဲ့ရင် စပိန်အသင်းဂိုးပြတ်သွားနိုင်တဲ့ ခြေစွမ်းမျိုးကို ထုတ်ပြနိုင်ခဲ့တယ်။ ဒီပွဲ
အနိုင်ကြောင့် စပိန်အသင်းသားတွေအတွက်တော့ ယုံကြည်မှုကောင်းတစ်ခုကို တည်ဆောက်နိုင်ခဲ့ပြီလို့
ဆိုနိုင်တယ်။ စပိန်အသင်းဟာ ၂၀၁၄ ကမ္ဘာ့ဖလား ပြိုင်ပွဲအပြီးမှာ အပြောင်းအလဲ ကာလတစ်ခုကို
ဖြတ်သန်းခဲ့ရတယ်။

တီကီတာကာ ကစားဟန်ကို ယှဉ်ပြိုင်ပိတ်ဆို့ ဖြတ်တောက် နိုင်တဲ့ ခေတ်သစ်ကစားဟန်တစ်ခုပေါ်
လာခဲ့ပြီးနောက် မှာတော့ စပိန်အသင်းကလည်း သူတို့ရဲ့ တီကီတာကာ ကစားဟန်ကို ခေတ်သစ်
ကစားဟန်နဲ့ လိုက်လျော ညီထွေ ရှိမယ့်ပုံစံမျိုး ပြောင်းလဲပုံဖော်ခဲ့ရတယ်။ ကစားဟန်ကို လိုက်ပြောင်းနိုင်ဖို့
စပိန်အသင်း တစ်ဖက်မှာ ကြိုးစားခဲ့ ရသလို အသင်းအတွက်လည်း လူငယ်လူသစ်တွေ မွေးထုတ်နိုင်ရေး
ကိုပါ တစ်ပြိုင်နက်ပြောင်းလဲခဲ့ရတယ်။ ဒါကြောင့်လည်း အခုယူရိုပြိုင်ပွဲ နောက်ဆုံးအဆင့်အတွက် လူရွေးချယ်တဲ့နေရာမှာလည်း ဝေဖန်မှုတွေရှိနေခဲ့တယ်။

အသင်းရဲ့ ၀ါရင့်လူဟောင်းတချို့ပါဝင်လာခြင်း မရှိတော့ ဘဲ လူငယ်တချို့ကို ပြောင်းလဲခေါ်ယူခဲ့တာနဲ့
ပတ်သက် ပြီး နည်းပြဒဲလ်ဘော့စကေးလည်း အတော်လေး ဝေဖန် ခံလိုက်ရတယ်။ စပိန်အသင်းရဲ့
ပွဲဦးထွက်ကစားပုံ အရတော့ ချန်ပီယံ ခြေစွမ်းမျိုးလို့ ပြောလို့မရသေးပေမယ့် စပိန်အသင်းရဲ့ မူလကစား
ဟန်ကို မပျောက်ပျက်အောင် ကစားပြသွားနိုင် ပြီး အတွေ့အကြုံရင့်အသင်းတစ်သင်းလိုတော့ ကစားပြ
သွားနိုင်တယ်။

စပိန်အသင်းအတွက် အုပ်စုပထမနေရာယူထားနိုင်ဖို့ ကလည်း အရေးပါနေတယ်။ အုပ်စုပထမနေရာရရင်
ရှုံးထွက်မှာ အုပ်စု (ခ)၊ (င)၊ (စ) မှ အုပ်စုတတိယနေရာ အသင်း တစ်သင်းသင်းနဲ့ဆုံမှာဖြစ်လို့
ကွာတားတက်ရေးကလည်း အခွင့်အရေးကောင်းသွားနိုင်တယ်။ အုပ်စုဒုတိယဆိုရင်တော့ အုပ်စု
စ ပထမအသင်းနဲ့ ရင်ဆိုင်ရမှာဆိုတော့ စပိန် အသင်းအတွက် အုပ်စုပထမနေရာ အရယူနိုင်ရေးက
ပိုအရေးပါနေတယ်။ ဒါကြောင့်ပွဲစဉ်လမ်းကြောင်းအနေအထားတွေအရတော့ စပိန်အသင်းသာ အုပ်စု
ပထမနေရာ ကို ယူနိုင်ခဲ့ရင် ကွာတားဖိုင်နယ်မှာလည်း ပွဲချောင်ဖွယ် ရှိနေပြီး ဆီမီးအဆင့်ကိုရောက်ဖို့
ပိုနီးစပ်နေတယ်။ အဲဒီလို အဆင့်ကို ရောက်ပြီဆိုရင်တော့ စပိန်အသင်းဟာ အတွေ့ အကြုံများတဲ့
ချန်ပီယံအသင်းပီပီ အခြေအနေ ပိုကောင်း သွားအောင် ထိန်းသွားနိုင်တော့မှာဖြစ်လို့ အုပ်စုပထမ
နေရာ ရယူနိုင်ခြင်း ရှိ၊ မရှိက ပိုအရေးပါနေတယ်။

စပိန်ဟာ အုပ်စု ဒုတိယပွဲအဖြစ် တူရကီနဲ့ ကစားရမှာဖြစ်ပြီး ပွဲဦး ရှုံးထားတဲ့ တူရကီအသင်းကလည်း
အနိုင်ရအောင် ကစား ရတော့မယ့်ပွဲမျိုးဖြစ်နေလို့ စပိန်ကို ဖွင့်ကစားလာနိုင်တာ က စပိန်အသင်း
အတွက် ချက်နဲ့ပွဲလောက် မခက်နိုင် တော့လို့ အုပ်စုပထမနေရာဟာ ချက်ကိုနိုင်လိုက်တာနဲ့အတူ
မျှော်လင့်လို့ ရနေပါပြီ။ ချန်ပီယံရေပန်းစားနေတဲ့ ထိပ်ဆုံးသုံးသင်းရဲ့ ပွဲဦး ခြေစွမ်းတွေအရလည်း
စပိန်အသင်းရဲ့ ခြေစွမ်းက တည်ငြိမ်မှုရှိကြောင်း တွေ့နေရတဲ့ အနေအထားအရ ဆိုရင်တော့ စပိန်
အသင်းရဲ့ သုံးကြိမ်ဆက် ယူရိုချန်ပီယံအိပ်မက်ကလည်း မျှော်လင့်လို့ ပိုပြီးအားကောင်းလာနေတာ
အမှန်ပါပဲ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016