ကွာတားဖိုင်နယ်ကို ဘယ်အသင်းတွေ ဖြတ်ကျော်နိုင်မလဲ

ယူရို ၂ဝ၁၆ ပြိုင်ပွဲ ၁၆ သင်းအဆင့်တွင် စပိန်အသင်းကို အနိုင်ယူပြီးနောက် အောင်ပွဲခံနေသည့် အီတလီအသင်းသားများ။ ဓာတ်ပုံ - အေအက်ဖ်ပီယူရို ၂ဝ၁၆ ပြိုင်ပွဲ ၁၆ သင်းအဆင့်တွင် စပိန်အသင်းကို အနိုင်ယူပြီးနောက် အောင်ပွဲခံနေသည့် အီတလီအသင်းသားများ။ ဓာတ်ပုံ - အေအက်ဖ်ပီ

ပိုလန် ပေါ်တူဂီ

နောက်ဆုံးငါးကြိမ်တွေ့ဆုံမှု

  • ၁၃၁၂ ပိုလန် ဝဝ ပေါ်တူဂီ
  • ၉၉ဝ၇ ပေါ်တူဂီ ၂၂ ပိုလန်
  • ၁၂၁ဝဝ၆ ပိုလန် ၂၁ ပေါ်တူဂီ
  • ၁ဝ၆ဝ၂ ပေါ်တူဂီ ၄ဝ ပိုလန်
  • ၈၆၈၆ ပိုလန် ၁ဝ ပေါ်တူဂီ

ပိုလန်ဟာ နောက်ဆုံးကစားခဲ့တဲ့ပြိုင်ပွဲစုံ ခြောက်ပွဲမှာ သုံးပွဲနိုင် နှစ်ပွဲသရေကျပြီး တစ်ပွဲရှုံးထားပါတယ်။
ပိုလန်ဟာ နောက်ဆုံးကစား ခဲ့တဲ့ ဆွစ်ဇာလန်နဲ့ပွဲမှာ ဆွစ်ကစားသမား တစ်ဦးချင်းစီကို ထိန်းချုပ်
ကစားခဲ့တာ တွေ့ရ ပါတယ်။ ဒါပေမဲ့ သူတို့ဟာ ညာခြမ်းမှာ ကွက်လပ်ဖြစ်နေတာကိုတော့
အသုံးမချနိုင်ခဲ့ပါဘူး။ တန်ပြန်တိုက်စစ်ကောင်းမွန်တဲ့ ပိုလန်ကို ပေါ်တူဂီတို့ လျှော့တွက်ရင်
ခံစားသွားရနိုင်ပါတယ်။ ပိုလန်ရဲ့ ဘောလုံးပေးပို့မှု နှုန်းက ဆွစ်နဲ့ပွဲမှာ နိမ့်ခဲ့တာတော့ အမှန်ပါ။
ပိုလန်ရဲ့ အဓိက က ဘယ်ခြမ်းခံစစ်ဖြစ်ပါ တယ်။ လီဝင်ဒေါစကီး အခုအချိန်ထိ ခြေစွမ်း မပြနိုင်ပဲ
ပေးပို့မှုတွေကလည်း မတိမကျ ဖြစ်နေပါတယ်။ သူတို့က ဘောလုံးပိုင်ဆိုင်မှုကို
အဓိကထားတာတော့ တွေ့ရပါတယ်။ လီဝင်ဒေါစကီး စိတ်ဓာတ်ကောင်းပြီး ခံစစ်အထိ
လိုက်ပါခုခံပေးခဲ့ပါတယ်။ ပိုလန်မှာ သတိထားရမယ့် ကစားသမားတွေကတော့
ဘလက်ဇီကော့စကီး၊ မီလစ်ခ်၊ ဂရိုဆစ်ကီတို့ ဖြစ်ပါတယ်။

ပေါ်တူဂီရဲ့အကြောင်းကို တင်ပြရရင်တော့ သူတို့ဟာ လူဇင်ဘာဂိုသုံးသွားတဲ့ နှစ်ယောက်တွဲ
နှစ်ဆင့်တိုက်စစ် ၄၂၂၂ ကို သုံးနေတာ တွေ့ရပါတယ်။ နည်းပြ ဖာနန်ဒက်စ်ဆန်းတို့စ်ဟာ
ဘောလုံးပိုင်ဆိုင်မှု ကို ထိန်းချုပ်ကစားစေတာ သိသာပါတယ်။ အဓိကကတော့ ပေါ်တူဂီခံစစ်မှာ
ပီပီက အဓိကပါပဲ။ အပိုင်ခေါင်းတိုက်ချက်တွေကို ရှင်းထုတ်နိုင်တယ်။ ဒါပေမဲ့ ပေါ်တူဂီရဲ့
အားနည်းချက်က အလယ်စက်ဝိုင်းမှာ ကွက်လပ်ဖြစ်နေတတ်တာပါပဲ။ စီရော်နယ်ဒို၊
ကွာရက်စ်မာ၊ ဂျာအိုမာရီယို၊ အင်ဒရေဂိုဗက်စ် တို့ဟာ ပွဲအဖြေကို ပြောင်းလဲနိုင်တဲ့
ကစားသမားတွေ ဖြစ်ပါတယ်။

စီရော်နယ်ဒို ခြေမပေါ်သေးပေမဲ့လည်း အသင်းဖော်တွေကို လိုက်ပံ့ပိုးပြီး ညာခြမ်း တိုက်စစ်ကို
ဦးဆောင်နိုင်လို့ ပေါ်တူဂီ ကပ်နိုင်သွားပါလိမ့်မယ်။

ဝေးလ် ဘယ်လ်ဂျီယံ

နောက်ဆုံးငါးကြိမ်တွေ့ဆုံမှု

  • ၁၃၆၁၅ ဝေးလ် ၁ဝ ဘယ်လ်ဂျီယံ
  • ၁၆၁၁၁၄ ဘယ်လ်ဂျီယံ ဝဝ ဝေးလ်
  • ၁၆၁ဝ၁၃ ဘယ်လ်ဂျီယံ ၁၁ ဝေးလ်
  • ၈၉၁၂ ဝေးလ် ဝ၂ ဘယ်လ်ဂျီယံ
  • ၁၂၁ဝ၉၇ ဘယ်လ်ဂျီယံ ၃၂ ဝေးလ်

ဝေးလ်ဟာ ၅၃၂ ပုံစံကစားတတ်ပြီး ဂါရတ်ဘေးလ်က ကွင်းလယ်အထိ လိုက်ပါ ကစားတတ်တာကို
သတိထားရပါမယ်။ ဂါရတ်ဘေးလ်ရဲ့ ဘယ်ခြမ်း ဃမသျြေူ တွေကိုတော့ အထူးသတိထားရပါမယ်။
ဖျက်ထုတ်ရင်း ကိုယ့်ဂိုးကိုယ် သွင်းမိတတ်ပါတယ်။ ဘောလုံး ပိုင်ဆိုင်မှုကို ၅၆ ရာခိုင်နှုန်းလောက်အထိ
စိုးမိုးကစားတတ်ပါတယ်။

ဘယ်လ်ဂျီယံကတော့ ၄၂၃၁ ဒါမှ မဟုတ် ၄၃၃ ကစားကွက်ကို ရေလဲ အသုံးပြုကစားတာ
တွေ့ရပါတယ်။ ဘယ်လ်ဂျီယံရဲ့ အားနည်းချက်တစ်ခုကတော့ အပိုင်ကန်ချက်တွေကို
ဖြုန်းတီးတတ်ခြင်းနဲ့ ကွက်လပ်တွေကို အသုံးမချနိုင်ခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ ဟာ
တိုက်စစ်အားသန်အသင်းတစ်သင်းဖြစ် လို့ ဃသကညအနမ ပေါက်သွားရင်းတော့ ပြဿနာ ရှိပါတယ်။

ဝေးလ်မှာ သတိထားရမယ့် ကစားသမား တွေကတော့ ဂါရတ်ဘေးလ်၊ ရမ်ဆေး၊ ရော့ဘ် ဆန်ကနူး၊
တေလာတို့ဖြစ်ပြီး ဘယ်လ်ဂျီယံမှာ သတိထားရမယ့် ကစားသမားတွေကတော့ လူကာလူ၊ နိုင်ဂိုလန်၊
ဝီဆီလ်၊ ဟာဇတ်၊ ဒီဘရိုင်နား၊ မျူနီယာတို့ ဖြစ်ပါတယ်။ အယ်လ် ဒါဝင်ရီရဲ့ ခေါင်းတိုက်ချက်တွေကတော့
တစ်ချက်တစ်ချက်မှာ ကြောက်ဖို့ကောင်းပြီး ဒီဘရိုင်းနားလူကာကူအတွဲအစပ်က နည်းနည်းတော့
လန့်စရာပါ။ ဒုတိယပိုင်းမှာ ကစားအား မြှင့်တတ်ပြီး၊ တန်ပြန်တိုက်စစ်ကစားပုံ ကောင်းမွန်တဲ့
ဘယ်လ်ဂျီယံကိုတော့ ရွေးထားချင်ပါတယ်။

ဂျာမနီ အီတလီ

နောက်ဆုံးငါးကြိမ်တွေ့ဆုံမှု

  • ၃ဝ၃၁၆ ဂျာမနီ ၄၁ အီတလီ
  • ၁၆၁၁၁၃ အီတလီ ၁၁ ဂျာမနီ
  • ၂၉၆၁၂ ဂျာမနီ ၁၂ အီတလီ
  • ၁ဝ၂၁၁ ဂျာမနီ ၁၁ အီတလီ
  • ၅၇ဝ၆ ဂျာမနီ ဝ၂ အီတလီ

တကယ့်ကို အရေးပါတဲ့ ပွဲကြီးပွဲကောင်း ပါပဲ။ တစ်သင်းသင်းကတော့ ကြွေမှာဖြစ်နေတယ်။
ဂျာမနီမှာ ဘိုတန်၊ တိုနီခရူးစ်၊ အိုဇေးလ်၊ မူလာ၊ ဂိုမက်ဇ်၊ ဒရက်ဇ်လာတို့ တွဲကစားနေ နိုင်တယ်။
နောက်ပြီးတော့ ရှဝိန်းစတိုင်ဂါ၊ ပိုဒေါစကီး အစရှိတဲ့ ဝါရင့်ကစားသမားတွေ ကလည်း ရှိသေးတယ်။
ဂျာမနီ နောက်ဆုံး ကစားခဲ့တဲ့ ငါးပွဲမှာ ပေးဂိုးလုံးဝမရှိခဲ့တာကို ခံစစ်တောင့်တင်းတာကိုလည်း
သတိပြုနိုင်တယ်။ ဒရက်စ်လာ၊ တိုနီခရူးစ်၊ မူလာ၊ အိုဇေးလ်တို့ဟာ ပံ့ပိုးမှုကောင်းကောင်း
လုပ်ပေးနိုင်သူတွေ ဖြစ်တယ်။

အီတလီကလည်း နောက်ဆုံးငါးပွဲမှာ ပေးဂိုးတစ်ဂိုးမှ မရှိဘူး။ ဒါကလည်း အံ့သြစရာပါပဲ။
ဂျာမနီက ရှစ်ဂိုးသွင်းနိုင်ခဲ့သလို အီတလီကလည်း ခုနစ်ဂိုး သွင်းနိုင်ခဲ့တယ်။ ဒါကြောင့်
တိုက်စစ်ကလည်း မတိမ်းမယိမ်းပါပဲ။ အီတလီမှာ မာတင်စ်၊ ဂိုင်ချာရီနီ၊ ချီရယ်လီနီ၊ ဘိုနုချီ၊
သီယေဂိုဖော်တာ၊ ဒီရော့စီ၊ အီဒါ၊ အင်ဆိုင်နီ၊ ဖလော်ရင်ဇီ အစရှိတဲ့ ကစားသမားတွေအပြင်
အနီးကပ်ပိတ်သွင်းတတ်တဲ့ ပယ်လီတို့ကလည်း ရှိသေးတယ်။ နှစ်သင်းစလုံး
တိုက်စစ်ဖွင့်ကစားမှာ ဖြစ်ပေမဲ့ ခံစစ်ကိုလည်း ပစ်ထားမှာတော့ မဟုတ်ဘူး။
မိနစ် ၉ဝ အတွင်းမှာတော့ သရေလောက်ပဲ ဖြစ်နိုင်တယ်။

ပြင်သစ် အိုက်စလန်

နောက်ဆုံးငါးကြိမ်တွေ့ဆုံမှု

  • ၂၈၅၁၂ ပြင်သစ် ၃၂ အိုက်စလန်
  • ၉၁ဝ၉၉ ပြင်သစ် ၃၂ အိုက်စလန်
  • ၆၉၉၈ အိုက်စလန် ၁၁ ပြင်သစ်
  • ၂၁၁၁၉၁ ပြင်သစ် ၃၁ အိုက်စလန်
  • ၆၉၉ဝ အိုက်စလန် ၁၂ ပြင်သစ်

အစဉ်အလာအရကတော့ အိုက်စလန် ဟာ ပြင်သစ်ကို ကျော်လွှားနိုင်ခဲ့ခြင်းတော့ မရှိပါဘူး။
အထူးခြားဆုံးကတော့ ပြင်သစ် ဟာ အိုက်စလန်ကို ယှဉ်ပြိုင်ရာမှာ တစ်ခါမှ မရှုံးခဲ့သေးတာပါပဲ။
ပြင်သစ်နောက်ဆုံးကစား သွားခဲ့တဲ့ ငါးပွဲမှာ စကော့တလန်၊ ရိုမေးနီး ယား၊
အယ်လ်ဘေးနီးယားနဲ့ အိုက်ယာလန်တို့ ကို အနိုင်ကစားထားပြီး ဆွစ်ဇာလန်တစ်သင်းတည်းကိုပဲ
ဂိုးမရှိ သရေကျထားပါတယ်။

ပြင်သစ်မှာ ဂရုပြုရမယ့် ကစားသမား တွေကတော့ ဂရစ်ဇ်မန်း၊ ပေယက်၊ ဂျီရော့ဒ်၊ ဂိုင်းနက်စ်၊
ကန်တီ၊ ရာမီတို့ ဖြစ်ကြပါတယ်။ ပြင်သစ်ရဲ့ ကွင်းလယ်မှာ ဘရာဒီနဲ့ ပေါ့ဂ်ဘာ ကို တွဲသုံးရင်
ကစားပေါက်ထပ်နေတတ်ပါ တယ်။ တောင်ပံတိုက်စစ်မှူး ကိုမန်ကတော့ ဖြတ်တင်ဘောတွေနဲ့
ပြိုင်ဘက်နောက်တန်းကို အလုပ်ရှုပ်စေသူပါ။ ပြင်သစ်ဟာ ဘောလုံး ပိုင်ဆိုင်မှု အသာစီးယူပြီး
ကစားလေ့ရှိပါတယ်။

အိုက်စလန်ကတော့ အင်္ဂလန်ကိုတောင် နိုင်ထားလို့ သွေးကြွနေမှာပါ။ သူတို့ရဲ့ နောက်ဆုံး
ငါးပွဲမှာ လက်ချင်စတိန်းကို ဂိုးပြတ်အနိုင်၊ သြစတြီးယားနဲ့ အင်္ဂလန်ကို ကပ်နိုင်၊ ပေါ်တူဂီ၊
ဟန်ဂေရီတို့ကို သရေကစားထား နိုင်တာ တွေ့ရပါတယ်။ သူတို့က ၄၂၂၂ ဆိုတဲ့
နှစ်ယောက်တွဲ နှစ်ဆင့်တိုက်စစ်ကို အသုံးပြုတတ်တာကိုလည်း ပြင်သစ်တို့ သတိထားရပါမယ်။
အဓိကအချက်ကတော့ သူတို့ဂိုးရသွားရင် ဂိုးမပေးရအောင် ပိတ်ဆို့ကစားတတ်တာဖြစ်ပြီး
အဲဒီအချိန်မှာ ကစားဟန်က ၄၃၃ ဖြစ်သွားခဲ့ပါတယ်။ အိုက်စလန် ဂိုးသမားရဲ့
ကာကွယ်မှုကလည်း ကောင်းတယ်။

အင်္ဂလန်ကို ဖြိုပြီးတဲ့နောက် နောက်ထပ် အသင်းကြီးထပ်ဖြိုဖို့ဆိုတာကတော့ မလွယ်ပါဘူး။
အိမ်ရှင်ဖြစ်နေတာရယ်၊ အစဉ်အလာ အရရယ်ကြောင့် ပြင်သစ် ခက်ခက်ခဲခဲကစားပြီး
ကပ်နိုင်သွားပါလိမ့်မယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း