ထိုင်း ကြက်တောင်ရိုက်အားကစားမယ် အင်တနွန်မူးယစ်ဆေးဝါး ကင်းရှင်း

အင်တနွန် (လယ်) ကို သတင်းစာရှင်းလင်းပွဲအပြီး တွေ့ရစဉ်။အေအက်ဖ်ပီအင်တနွန် (လယ်) ကို သတင်းစာရှင်းလင်းပွဲအပြီး တွေ့ရစဉ်။အေအက်ဖ်ပီ

ထိုင်းနာမည်ကျော် ကြက်တောင်ရိုက် အားကစားမယ်အင်တနွန်သည် တနင်္လာနေ့က
ဆေးစစ်မှုအပြီး တားမြစ်ဆေးဝါး သုံးစွဲမှုကင်းရှင်းကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ထို့ကြောင့် အင်တနွန်သည် လာမည့် အိုလံပစ်ပြိုင်ပွဲတွင် ထိုင်းနိုင်ငံကိုယ်စားပြု
ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။ အင်တနွန်သည် မေလက တရုတ်နိုင်ငံတွင်
ကျင်းပခဲ့သည့် ပြိုင်ပွဲတွင် တားမြစ် ဆေးသုံးစွဲကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့်
ပွဲကစားမှု ပိတ်ပင်ခြင်းခံထားရသူဖြစ်သည်။

ထို့ကြောင့် အင်တနွန်သည် လာမည့် အိုလံပစ်ပြိုင်ပွဲတွင် ထိုင်းနိုင်ငံကိုယ်စားပြု
ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။ အင်တနွန်သည် မေလက တရုတ်နိုင်ငံတွင်
ကျင်းပခဲ့သည့် ပြိုင်ပွဲတွင် တားမြစ် ဆေးသုံးစွဲကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့်
ပွဲကစားမှု ပိတ်ပင်ခြင်းခံထားရသူဖြစ်သည်။

ကမ္ဘာ့ကြက်တောင်ရိုက် အဖွဲ့ချုပ် (BWF) က တားမြစ်ဆေးသုံးစွဲမှုကင်းရှင်း ကြောင်းနှင့်
ယခင်သုံးစွဲသည့်တားမြစ်ဆေး မှာလည်း ၎င်း၏အရွတ်ဒဏ်ရာကုသစဉ်က
အသုံးပြုခဲ့ရခြင်းဖြစ်ကြောင်း တနင်္လာနေ့ က ဆုံးဖြတ်ပေးခဲ့ပြီး သူ့ကို ပွဲကစားခွင့်
ပြန်လည်ခွင့်ပြုခဲ့သည်။ "ကျွန်မရဲ့ အပြစ်ကင်းမှုကို ယုံကြည့် ချက်ရှိခဲ့ပါတယ်။ တရား
မျှတမှုကိုပြန်ရလို့ လည်း ၀မ်းသာမိပါတယ်။ ထိုင်းနိုင်ငံသား တွေအတွက် ဆုတံဆိပ်ကို
ယူဖို့မျှော်လင့် ချက်နဲ့ လေ့ကျင့်မှာပါ" ဟု ဘန်ကောက်တွင် ပြုလုပ်သည့် သတင်းစာရှင်း
လင်းပွဲတွင် သတင်းထောက်များကို ပြောကြားသွားသည်။ "ဒီအိုလံပစ်ကတော့ ကျွန်မအိပ်မက်ပါ"ဟု
ဆက်လက်ပြောကြားခဲသည့်။

ပြီးခဲ့သည့် တစ်ပတ်က ထိုင်းမီဒီယာ များတွင် ဖော်ပြခဲ့သည့် အင်တနွန်၏ ဆေးစစ်မှုရလဒ်နှင့် ပတ်သက်သည့် ကောလာဟလများကြောင့် ပရိသတ်များ က စိုးရိမ်ပူပန်မှုများ ဖြစ်ခဲ့ကြသည်။
တနင်္လာနေ့က (BWF) ၏ ထုတ်ပြန် ကြေညာချက်တွင် အင်တနွန်ကို စစ်ဆေးရာ ၌ ပေါ်လွင်ခဲ့
သည့် triamcinolone acetonide သည် အဆစ်ရောင်ရောဂါ ကုသရာတွင် အသုံးပြုသည့်
ဆေးတစ်မျိုး ဖြစ်ပြီး နေရာအများစုတွင် တားမြစ်ထား သည့် ဆေးတစ်မျိုးဖြစ်သည်။ လိုအပ်
ချက်အရ ယင်းဆေးဝါးကို မဖြစ် မနေသုံးစွဲရန် ညွှန်ကြားပါက ခွင့်ပြုထားကြောင်း BWF ၏
စည်းမျဉ်းများတွင် ပါဝင်သည်။ ဆရာဝန်တွေက Ratchanok ရဲ့ ညာလက်နဲ့ နောက်ကျောကိုက်ခဲမှု
အတွက် ကုသရာမှာ သုံးခဲ့ကြောင်း ထိုင်းနိုင်ငံ ကြက်တောင်ရိုက်အသင်း၏ ဥက္ကဋ္ဌဖြစ်သူ
Patama Leeswadtrakul ကပြောသည်။

"သူ့ဒဏ်ရာတွေကို ကုသဖို့အတွက် ဒါကို ရိုးသားစွာသုံးခဲ့ခြင်းဖြစ်ကြောင်း သူတို့ကဆိုပါတယ်" ဟု သတင်းထောက် တွေကို ပြောကြားခဲ့သည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း