နွေရာသီအပြောင်းအရွှေ့ ဈေးကွက်ထဲ သွေးအေးနေဆဲ ရီးယဲလ်မက်ဒရစ်

အပြောင်းအရွှေ့ဈေးကွက် ပိတ်ဖို့က တစ်လ လောက်ပဲကျန်တော့တယ်။ ဒီအချိန်အထိ
လာလီဂါဘက်ကို ကြည့်လိုက်ရင် မဟာ အသင်းကြီး နှစ်သင်းစလုံးရဲ့ ဈေးကွက်အတွင်း
လှုပ်ရှားမှုတွေက ခပ်အေးအေး။ အထူးသဖြင့် ရီးယဲလ်မက်ဒရစ်။ ဘာစီ လိုနာကမှာ
ဈေးကွက်ထဲမှာ ၀င်လှုပ်ရှားနေသေးတယ်။

ကစားသမား လေးဦးလောက် အထိ ခေါ်ထားပြီပြီ။ နောက်ထပ်ခေါ်ဖို့လည်း ရှိနေသေးတဲ့ပုံပဲ။
ရီးယဲလ်မက်ဒရစ်ကတော့ လုံးဝကိုအေးစက်နေတယ်။ အရင်က ပီရက်ဇ်၊ အရင်က ရီးယဲလ်
မဟုတ်သလိုပဲ။

ဈေးကွက် ထဲမှာ လှုပ်လှုပ်ရှားရှားတယ်မရှိလှဘူး။ အရင်ကဆိုရင် ရီးယဲလ်ဟာ ဈေးကွက်
ဖွင့်တာနဲ့ ဘယ်သူ့ကိုခေါ်မယ်ဆိုပြီး လေသံ အရင်ပစ်တယ်။ ပြီးတာနဲ့ အဲဒီကစားသမား ကိုလည်း
မရရအောင် မရတမ်းခေါ်ပြနိုင်လို့ ကစားသမားခေါ်ယူမှုမှာ ရီးယဲလ်နဲ့အသင်း ဥက္ကဋ္ဌ ပီရက်ဇ်တို့ရဲ့
လှုပ်ရှားမှုတွေက စောင့်ကြည့်ချင်စရာ အမြဲဖြစ်ခဲ့တယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ရာသီကစပြီး ရီးယဲလ် ဟာ ဈေးကွက်ထဲမှာ နည်းနည်းငြိမ်သွား သလိုပဲ၊ ပြီးခဲ့တဲ့
ရာသီမှာ မန်ယူက ဒေးဗစ် ဒီဂီယာကို အရခေါ်ပြမယ်လို့ ပြောခဲ့တဲ့ အတိုင်း ရဖို့လည်း အတော်လေး
နီးစပ်ခဲ့ပြီးမှ မထင်မှတ်တဲ့ အလှည့်အပြောင်းတွေကြောင့် ဒီဂီယာကို လက်လွှတ်လိုက်ရတယ်။ အဲဒီ
နောက်မှာတော့ ရီးယဲလ်ရဲ့ ဈေးကွက် အတွင်း လှုပ်ရှားမှုတွေက အတော်လေးကို အေးစက်သွားသလို
ဖြစ်သွားခဲ့တယ်။ ခုချိန်ထိရီးယဲလ်ရဲ့ ဒီရာသီအတွက် ထင်ရှားတဲ့ခေါ်ယူမှုက ဂျူဗင်တပ်က မိုရာတာကို
ပြန်ခေါ်ခဲ့တာပဲ ရှိသေးတယ်။ ဒါတောင် အသင်း နှစ်သင်းကြားမှာ မိုရာတာကို ရောင်းချခဲ့စဉ်က ထည့်သွင်းချုပ်ဆိုခဲ့တဲ့ ပြန်ဝယ်ယူခွင့်ရရေးဆိုတဲ့ အချက်အလက် တွေနဲ့ မိုရာတာကို ပြန်ဝယ်ခဲ့တာပဲဖြစ်တယ်။
ဒါဟာ ရီးယဲလ်ရဲ့ တကယ့်အစစ်အမှန် ဈေးကွက်အတွင်း လှုပ်ရှားပြီး ၀ယ်ယူခဲ့ပုံမျိုးလည်း မဟုတ်ခဲ့ဘူး။

ဈေးကွက်ထဲမှာ မိုရာတာ နာမည်ကြီးလာနေတယ်။ ခေါ်ချင်တဲ့ အသင်းတွေလည်း များနေတဲ့အချိန်မှာ
မိုရာတာကိုစာချုပ်ပါအတိုင်း သက်သာတဲ့ ဈေးနှုန်းနဲ့ ပြန်ဝယ်ပြီး အသင်းမှာ ပြန်သိမ်း ထားလိုက်တဲ့
သဘောမျိုးပဲ ဖြစ်တယ်။ မိုရာတာကို ပြန်ခေါ်လိုက်တာဟာ သူတို့ အတွက် အကျိုးရှိနိုင်လို့ ပြန်ခေါ်လိုက်တဲ့
သဘောမျိုး ပိုဆောင်နေတယ်။ အသင်း အတွက် အသုံးချလို့ရပြီး အားကိုးရလောက် မယ်ဆိုရင်လည်း
အသင်းမှာ ထားထားဖို့ အကျိုးမယုတ်သွားသလို တကယ်လို့ ပြန်ရောင်းရင်လည်း အကျိုးအမြတ်မြိုးမြိုး
မြက်မြက်ရနိုင်တဲ့ အနေအထားမျိုးရှိနေလို့ စီးပွားတွက်တွက်ပြီး ပြန်ခေါ်လိုက်တဲ့
သဘောမျိုးဆောင်နေတယ်။

မိုရာတာကို ခေါ်နိုင်လို့ အသင်းနဲ့ ပီရက်ဇ်အတွက် အရင်ကလို ဈေးကွက်အတွင်း ဂုဏ်တက်စေ
ဖို့ရယ် မဟုတ်တော့ဘဲ အသင်းအတွက် အကျိုးရှိနိုင်မယ့် အလုပ်တစ်ခုကို ဘောင် အတွင်းမှာ
လုပ်သွားတာမျိုးပဲဖြစ်တယ်။ ဒါကြောင့် မိုရာတာကို ခေါ်နိုင်တာဟာ ရီးယဲလ်အတွက် ထူးခြားတဲ့ခေါ်ယူ
မှုမျိုးလို့ မပြောနိုင်ဘူး။ ဒီတော့ ရီးယဲလ်ရဲ့ ဒီရာသီ ဈေးကွက်အတွင်း တကယ်လှုပ်ရှားလာနိုင်မှုက
ဘယ်လိုပုံစံမျိုး ဖြစ်လာမလဲဆိုတာ အားလုံးက စောင့်ကြည့် လာကြတယ်။ ဒါပေမဲ့ ရီးယဲလ်ကတော့
ခုချိန်ထိ ခပ်အေးအေး။ ရီးယဲလ်နည်းပြ ဇီဒန်းပြောခဲ့တာရှိတယ်။ သူတို့ရဲ့အသင်းကို ဒီထက်ပိုပြီး
တိုးတက် လာအောင်လုပ်နိုင်ဖို့ဆိုတာ သိပ်ကိုခက်ခဲ သွားပြီဆိုပြီးတော့ပါ။ ဘာကိုပြောချင်တာလဲ
ဆိုတော့ အသင်းရဲ့ ကွင်းအတွင်းခြေစွမ်း ကို ဆိုလိုချင်တာမဟုတ်ဘူး။ သူပြောတာက အသင်းအတွက်
ကစားသမားသစ်တွေ ထပ်ဖြည့်ပြီး အသင်းရဲ့ အရှိန်အ၀ါကို ခုထက်ပိုပြီး တိုးတက်လာအောင် လုပ်ဖို့
ပြောတာပဲဖြစ်တယ်။

ရီးယဲလ်ဆိုတဲ့အသင်းကလည်း ကမ္ဘာ ပေါ်မှာ ကောင်းပေ့ဆိုတဲ့ ကစားသမားတွေ ကို ငွေကုန်ခံခေါ်ယူပြီး
အသင်းရဲ့ အရှိန် အ၀ါကို မြှင့်တင်လေ့ရှိတဲ့ အသင်းမျိုး မဟုတ်လား။ ဒါပေမဲ့ လက်ရှိအသင်းကို
ထပ်ပြီးမြှင့်တင်နိုင်ဖို့အတွက်တော့ သူတို့မှာ အခက်အခဲရှိနေတာလည်း အမှန်ပဲ။ လာလီဂါမှာ
ရီးယဲလ်မက်ဒရစ်နဲ့ ဘာစီ လိုနာအသင်းကြီးတွေကို ကြည့်လိုက်ရင် ကမ္ဘာပေါ်မှာ အကောင်းဆုံးပါဆိုတဲ့
ကစား သမားတွေကို ပိုင်ဆိုင်ထားကြတဲ့ အသင်း တွေဖြစ်တယ်ဆိုတာ အားလုံးကလည်း
လက်ခံထားကြပြီးဖြစ်တဲ့ မက်ဆီ၊ ရော်နာဒို၊ နေမာ၊ ဘေးလ်၊ ဆွာရက်ဇ်၊ ဘန်ဇီမာ အင်နီယေစတာ၊
မိုဒရစ်တို့ထက် ပိုပြီး ကောင်းနေတဲ့ ကစားသမားမျိုးတွေ အခု ဈေးကွက်ထဲမှာ မြင်မိကြပါရဲ့လား။

နောက်ပြီး ဈေးကွက်ကလည်း တော်ရုံ ကစားသမားတစ်ဦးရဲ့ တန်ဖိုးတွေက မထင် မှတ်လောက်အောင်
မြင့်မားလွန်းတဲ့ ကာလ မျိုးဖြစ်နေတော့ ရီးယဲလ်နဲ့ ဘာစီလိုနာလို အသင်းတွေအတွက် ကစား
သမားသစ်တွေ ခေါ်ဖို့နေရာမှာ အရင်လိုမဟုတ်တော့ဘဲ ခပ်အေးအေးဖြစ်ကုန်တဲ့ သဘောမျိုးပဲ
ဖြစ်တယ်။ အထူးသဖြင့် ရီးယဲလ်မက်ဒရစ်ဆိုရင် ကမ္ဘာ့စံချိန်တင်ပေးပြီး ခေါ်နိုင်လောက်တဲ့
သူ့အသင်းမှာရှိနေတဲ့ ဘေးလ်၊ ရော်နာဒိုတို့ ထက် ပိုကောင်းတဲ့ ကစားသမားမျိုး မရှိ
သလောက်ဖြစ်နေလို့ သူတို့အတွက် ကိုယ့် ကစားသမားကောင်းတွေကို့ စာချုပ်သစ်တွေ
ထပ်ချုပ်ပြီး တစ်ရာသီပြီးတစ်ရာသီ ထပ်ပြီး ပြန်ဝယ်နေရသလိုလုပ်နေရတဲ့ပုံ
ပေါ်လာတာပဲဖြစ်တယ်။

ဈေးကွက်ထဲမှာ တော့ သူတို့အတွက် ဂုဏ်တက်စရာ ကစား သမားမျိုးသိသိသာသာကို
မပေါ်သေးဘူး လို့တောင် ပြောရမလိုဖြစ်လာတယ်။ အခုဈေးကွက်ထဲမှာ နာမည်ကြီးနေတာက
ပေါ့ဂ်ဘာရဲ့ အပြောင်းအရွှေ့၊ ပေါ့ဂ်ဘာ အတွက် ယူရို ၁၁၅ သန်းလောက်အထိ သုံးပြီး မန်ယူက
ခေါ်မယ့်သတင်းတွေက ပလူပျံနေတယ်။ ဒါပေမဲ့ မန်ယူကို ရောက်ပြီ ပြောလိုက်၊ ပေါ့ဂ်ဘာရဲ့
အေးဂျင့်ဖြစ်တဲ့ မီနိုရိုင်ယိုလာက မဟုတ်သေးပါဘူး ပြန်ငြင်း လိုက်နဲ့ပဲ ပေါ့ဂ်ဘာ မန်ယူကို တရားဝင် ရောက်မသွားသေးဘူး ဖြစ်နေတယ်၊ အဲဒီလိုအချိန်မျိုးမှာ ရီးယဲလ်မက်ဒရစ် နည်းပြ
ဇီဒန်းက ၀င်ပြောလာတယ်။

ပေါ့ဂ်ဘာ လိုကစားသမားမျိုးကို သူတို့လည်း စိတ်ဝင် စားတဲ့အကြောင်း၊ မန်ယူကို ရောက်ခါနီး
နေပေမဲ့ ပေါ့ဂ်ဘာကို လက်လျှော့ဦးမှာ မဟုတ်သေးကြောင်း၊ အပြောင်းအရွှေ့ ဈေးကွက်ကလည်း
ပိတ်ဖို့ တစ်လလောက် လိုနေသေးလို့ ဘာမဆို ဖြစ်လာနိုင်တဲ့ အကြောင်း ထုတ်ပြောလာတယ်။
ဒီတော့ အားလုံးရဲ့ အာရုံက ရီးယဲလ်ဘက်ကိုရောက် သွားတယ်။ ရီးယဲလ် ဈေးကွက်ထဲ တကယ်
ဝင်လာ တော့မှာလား။ ပေါ့ဂ်ဘာကို မန်ယူဆီ မရောက်အောင် ရီးယဲလ်က ကြားဖြတ်
အရခေါ်ပြသွားနိုင်တော့မှာလား ဆိုတဲ့ မေးခွန်းမျိုးတွေနဲ့ ပေါ့ဂ်ဘာ အပြောင်း အရွှေ့ကလည်း
ပိုလှုပ်သွားခဲ့တယ်။ ရီးယဲလ် ဟာ ပြီးခဲ့တဲ့ရာသီ မန်ယူက ဒီဂီယာကို ခေါ်နိုင်ဖို့ အနီးစပ်ဆုံး အနေအထားမျိုး ရောက်ပြီးမှ နောက်ဆုံးအဆင့် စီမံခန့်ခွဲပုံ အမှားအယွင်းတွေကြောင့် လက်လွှတ်လိုက်
ရတာလည်း ရှိနေတော့ ဒီတစ်ကြိမ် မန်ယူ လက်ထဲရောက်ခါနီး ပေါ့ဂ်ဘာကို အရ ခေါ်ပြီး မန်ယူကို
ပြန်တုံ့ပြန်ပြနိုင်တယ်ဆိုတဲ့ အမြင်မျိုးတွေလည်း ရှိနေခဲ့တယ်။ ဒီအချိန် မှာ ပေါ့ဂ်ဘာရဲ့အေးဂျင့် ရိုင်ယိုလာကလည်း ပေါ့ဂ်ဘာအပြောင်းအရွှေ့အတွက် ဆွေးနွေး မှုတွေက လုပ်နေတုန်းပါပဲဆိုတဲ့
စကားကို ခဏခဏပြောလာ ပြန်တော့ ဒါဟာသေချာတယ်။

တစ်ဖက်မှာ ရီးယဲလ်ရဲ့စိတ်ဝင်စား မှုကို ရထားလို့ ပေါ့ဂ်ဘာအတွက် ဈေးခေါ် နေတာပဲလို့လည်း
ပြောဆိုလာကြတယ်။ ဒါပေမဲ့ ရီးယဲလ်ရော၊ ပီရက်ဇ်ရော ခုချိန်ထိတော့ ခပ်အေးအေးပါပဲ။ ပီရက်ဇ်က
ဆိုရင် ခုချိန်ထိ ပေါ့ဂ်ဘာနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြောလာတာမျိုးတောင် မလုပ်သေးဘူး။
ဒီတော့ ရီးယဲလ်ဘာတွေ ကြံစည်နေသလဲ၊ ဘာလို့ ဈေးကွက်ထဲ ဒီလောက်အထိ သွေးအေးနေရ
တာလဲဆိုတာ ခုချိန်မှာ အားလုံးသိချင်နေတဲ့ မေးခွန်းတစ်ခုလို ဖြစ်လာတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း