ဝိတ်တန်း ၈ တန်းနဲ့ ပထမဆုံးအကြိမ် ကျင်းပမယ့် မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲ

မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်နဲ့ မြန်မာ မီဒီယာဂရု(ပ်)တို့က ပူးပေါင်းပြီး မြန်မာ့ရိုးရာ
လက်ဝှေ့ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲကြီးကို လာမည့် ဩဂုတ် ၂၁ ရက်မှာ ပထမဦးဆုံး
အကြိမ်အဖြစ် ကျင်းပပြုလုပ်သွားတော့မှာပါ။

ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲဆိုတဲ့ အမည် အတိုင်း မြန်မာနိုင်ငံက ရိုးရာလက်ဝှေ့ကျော် တွေနဲ့
နိုင်ငံတကာက လက်ဝှေ့သမားတွေက ၀ိတ်တန်း (၈) တန်းအတွက် ၀ိတ်တန်းအလိုက်
ကမ္ဘာ့ချန်ပီယံဘွဲ့အတွက် ရင်ဆိုင်ယှဉ်ပြိုင် ကြမှာပါ။ ဒီပြိုင်ပွဲမှာ မြန်မာဘက်က ပထမတန်း
လက်ဝှေ့ကျော်အားလုံးနီးပါး ပါဝင်သလို ပူပူ နွေးနွေး ရွှေခါးပတ်ချန်ပီယံလေးတွေဖြစ်တဲ့
သားအသည်းတစ်ပွင့်နဲ့ စွမ်းထက်နိုင်၊ အသက် ငယ်ပေမယ့် ပရိသတ်အကြိုက် ထိုးသတ်နိုင်တဲ့
ရဲသွေးနီ၊ ထွန်းလွင်မိုးတို့လို လက်ဝှေ့သမား လေးတွေလည်း ပါဝင်ပါတယ်။

တစ်ဖက်က လာရောက်ယှဉ်ပြိုင်မယ့် နိုင်ငံခြားသား ဖိုက်တာတွေကို ကြည့်မယ်ဆိုရင်လည်း
မာဆွတ်၊ ချူထိုင်း၊ ဒေ့ပ်လက်ဒပ်တို့လို မွေထိုင်း လက်ဝှေ့သမားတွေပါဝင်သလို မြန်မာ့ရိုးရာနဲ့
သိပ်မရင်းနီးသေးတဲ့ ကစ်ဘောင်ဆင် ချန်ပီယံ အုက၊ ဆူပါဘောတို့လို ကစားသမား တွေလည်း
ပါဝင်နေပါတယ်။ ဒီပွဲကြီးကိုတော့ ၀ိတ်တန်းအလိုက်မြန်မာ့ ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံတွေ
ပေါ်ထွက် လာဖို့ ရည်ရွယ်ပြီး ကျင်းပတာလို့ ပွဲစီစဉ်တဲ့ မြန်မာ မီဒီယာဂရု(ပ်)က ဦးဝဏ္ဏကဆိုပါတယ်။

ဒါပေမဲ့ ဒီပွဲမှာ ၀ိတ်တန်းတစ်ခုချင်းစီအတွက် ပွဲစဉ်တစ်ပွဲတည်းကို လုပ်တာ၊ ကမ္ဘာ့အဆင့် ပွဲဆိုပေမဲ့
အမှတ်ပေးစနစ်ကို မကျင့်သုံးပဲ အလဲထိုးစနစ်ကိုသာ ကျင့်သုံးမှုနဲ့ လာရောက် ယှဉ်ပြိုင်တဲ့ နိုင်ငံခြားသား
လက်ဝှေ့သမား တွေရဲ့ အဆင့်ရပ်တည်မှုတွေအပေါ် ပရိသတ် တွေက ဝေဖန်မှုတွေရှိနေပါတယ်။ ဒါပေမဲ့
ပွဲစဉ်အားလုံးက ပရိသတ်အကြိုက် ပြည်တွင်း လက်ဝှေ့ကျော်တွေ ပါဝင်နေလို့ မြန်မာ့ရိုးရာ လက်ဝှေ့
ပရိသတ်တွေက ဒီပွဲကြီးကို ကြည့်ရှု ဖို့ စိတ်အားထက်သန်နေကြပါတယ်။ ၈၀ ကီလိုတန်းပြိုင်ပွဲမှာတော့
လက်ရှိ မြန်မာပြည်ချန်ပီယံ ထွန်းထွန်းမင်းက တရုတ် နိုင်ငံလုံးဆိုင်ရာ မွေထိုင်းချန်ပီယံ ထိုင်း ဖိုက်တာ
ချူထိုင်းနဲ့ ရင်ဆိုင်ထိုးသတ်ရမှာပါ။ထွန်းထွန်းမင်းကတော့ အလဲထိုးဘုရင်အဖြစ် နာမည်ကျော်သူဖြစ်ပြီး
လက်ရှိအချိန်အထိ ထိုးသတ်ခဲ့တဲ့ ပွဲပေါင်း ၅၃ ပွဲမှာ ၄၂ ပွဲနိုင်၊ ၁၀ ပွဲသရေ၊ တစ်ပွဲရှုံး ရလဒ်တွေ
ရရှိထားပါ တယ်။ ထွန်းထွန်းမင်းနဲ့ ရင်ဆိုင်ထိုးသတ် ရမယ့် ချူထိုင်းကတော့ အသက် ၂၉ နှစ်ဖြစ်ပြီး
ပွဲပေါင်း ၇၀ မှာ ၅၀ပွဲနိုင်၊ လေးပွဲသရေ နဲ့ ၁၆ ပွဲ ရှုံးနိမ့်ထားပါတယ်။

ဒီနှစ်ယောက်မှာ ပထမ ဆုံး လက်ဝှေ့ကမ္ဘာ့ချန်ပီယံ ရွှေခါးပတ်ကို ဘယ်သူကရသွားမလဲဆိုတာ
ဒီပွဲကြီးမှာ ဆုံးဖြတ်ရမှာပါ။ ၇၅ ကီလိုတန်းမှာ တူးတူးနဲ့ ကနေဒါ မွေထိုင်းချန်ပီယံ ဒေ့ဗ်လက်ဒပ်၊
၇၂ ကီလို တန်းမှာ စောဂေါ်မူဒို (သတ္တိ) နဲ့ ရုရှားလက်ဝှေ့ ချန်ပီယံ ရှပ်ရှာကော့ဗ်အာတမ်၊ ၆၇ ကီလိုတန်းမှာ
၂၀၁၅ ရွှေခါးပတ်ချန်ပီယံ ဖျံသွေးနဲ့ ကမ္ဘာ့ မွေထိုင်းချန်ပီယံဟောင်း အီရန် လက်ဝှေ့ သမား မာဆွတ်၊
၆၃ ဒသမ ၅ ကီလိုတန်း မှာ ၂၀၁၆ ရွှေခါးပတ်ချန်ပီယံ သားအသည်း တစ်ပွင့်နဲ့ ကင်ညာနိုင်ငံလုံးဆိုင်ရာ
မွေထိုင်း ချန်ပီယံ လီယိုနာ့ဒ်၊ ၆၀ ကီလိုတန်းမှာ ထွန်းလွင်မိုးနဲ့ ကစ်ဘောင်ဆင် ချန်ပီယံဟောင်း
ဂျပန်လူမျိုး အုက၊ ၅၇ ကီလိုတန်းမှာ ရွှေခါးပတ်ချန်ပီယံ ရဲသွေးနီနဲ့ ကာဇတ်စတန် လက်ဝှေ့ချန်ပီယံ
အယ်လ်ဂိုရှော့ဗ်အာဇာမက်၊ ၅၄ ကီလိုတန်းမှာ ၂၀၁၆ ရွှေခါးပတ်ချန်ပီယံ စွမ်းထက်နိုင်နဲ
လာအိုမွေထိုင်းချန်ပီယံ ဆူပါဘောတို့ ရင်ဆိုင်ထိုးသတ်သွားကြမှာ ဖြစ်ပါတယ်။

ဒီပွဲကြီးမှာ အထူး သုံးချီစိန်ခေါ်ပွဲအဖြစ် လူပုလေးတွေရဲ့ လက်ဝှေ့စိန်ခေါ်ပွဲကိုလည်း ထည့်သွင်းကျင်းပ
သွားမှာဖြစ်ပြီး လက်မှတ် ဈေးနှုန်းတွေကိုတော့ ကျပ် ၃၀,၀၀၀၊ ၂၀,၀၀၀၊ ၁၀,၀၀၀ သတ်မှတ်ထားပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း