အရှုံးအနိုင်ပေါ်အောင်ကစားပြီး ဖရန့်ဖတ် အမှတ်ခွဲရဖို့မလွယ်

မိန့်ဇ် - နုရင်ဘတ်
၁၀-၃-၁၂
မိန့်ဇ် ၂-၁ နုရင်ဘတ်

အဆင့်(၈)နေရာမှာရှိနေတဲ့မိန့်ဇ်ဟာ အိမ်ကွင်းမှာ တစ်ပွဲပဲရှုံးပြီး နောက်ဆုံး အိမ်ကွင်းသုံးပွဲဆက်
တိုက် နိုင်ပွဲရထားတဲ့ အပြင် ပေးဂိုးလည်းမရှိပါဘူး။ နုရင်ဘတ် ကတော့ အဆင့်(၁၄)နေရာ
ရောက်နေ ပြီး သူတို့ရဲ့နောက်ဆုံးအဝေးကွင်းသုံးပွဲ စလုံး ရှုံးပြီး နောက်ဆုံးအဝေးကွင်း နှစ်ပွဲ
ဆက်တိုက်ဂိုးမသွင်းနိုင်တာတွေ့ရတယ်။ ထိပ်တန်းဂိုးသွင်းရှင်ထဲမှာ ပါဝင်နေတဲ့ ဇာလိုင်တစ်
ယောက်လုံးရှိနေမှတော့ မိန့်ဇ်ကို ယုံကြည်တာပဲကောင်းပါတယ်။

ဘိုင်ယန်မြူးနစ် - ဖရန့်ဖတ်
၁၂-၄-၁၁
ဖရန့်ဖတ် ၁-၁ ဘိုင်ယန်

အင်မတန်ကြည့်ကောင်းမယ့်ပွဲစဉ် တစ်ခုဖြစ်ပါတယ်။ ထိပ်ပိုင်းကအသင်း တွေ ဆုံတာကြောင့်မို့
လည်း အကြိတ် အနယ်ရှိမယ်ဆိုတာ အထူးအထွေ ပြောစရာမလိုပါဘူး။ ဘိုင်ယန်ဟာ အိမ်ကွင်း
မှာ လေဗာကူဆင်တစ်သင်း တည်းကို ရှုံးဖူးပြီး ဘွန်ဒက်စ်လီဂါမှာ အိမ်ကွင်းနိုင်ပွဲရဖို့ ပြန်လည်
အားထုတ်ဖို့ ကြိုးစားနေပါတယ်။ ဖရန့်ဖတ်ကတော့ နောက်ဆုံးအဝေးကွင်းနှစ်ပွဲဆက်တိုက်မှာ
မိုချင်၊ စတုဂတ်တို့ကို တောက် လျှောက်ရှုံးထားပါတယ်။ ဘိုင်ယန် အိမ်ကွင်းမှာ ဖရန့်ဖတ်အနေ
နဲ့ ဘိုင်ယန် ရဲ့ ရှဝိန်းစတိုင်ဂါ၊ သောမတ်စ်မူလာ၊ တိုနီကရူးစ်တို့တိုက်စစ်ကို ခံနိုင်မယ် မထင်မိလို့
ဘိုင်ယန်မြူးနစ်ကိုပဲ ရွေးချယ် အားပေးသင့်ပါတယ်။

ရှော်လ်ကေး - ၀ါဒါဘရီမင်
၅-၅-၁၂
ဘရီမင် ၂-၃ ရှော်လ်ကေး

ဒီပွဲစဉ်ဟာလည်း အကြိတ်အနယ် ရှိမယ့်ပွဲစဉ်တစ်ခုဖြစ်ပါတယ်။ အသင်း ကြီးနှစ်သင်းထိပ်တိုက်
တွေ့မယ့်ပွဲစဉ် တစ်ခုလည်းဖြစ်ပါတယ်။ ရှော်လ်ကေးရဲ့ အိမ်ကွင်းရလဒ်တွေကတော့ ကောင်းမွန်
မှုရှိပါတယ်။ ဘွန်ဒက်စ်လီဂါရော၊ ဒီအက်ဖ်ပီပိုကာဖလားမှာပါ နှစ်ပွဲ ဆက်တိုက် အိမ်ကွင်းနိုင်ထား
ပါတယ်။ ရှော်လ်ကေးရဲ့အိမ်ကွင်းတိုက်စစ်ဟာ ၀ါဒါဘရီမင်ရဲ့ အဝေးကွင်းတိုက်စစ် ထက်တော့
သာလွန်ကောင်းမွန်ပါတယ်။ ဘရီမင်ရဲ့ ခြေစွမ်းကိုတော့ မှန်းရခက် ပါတယ်။ သူတို့ဟာ ဖရိုင်း
ဘတ်ကိုနိုင်ပြီး ဇယားအောက်ခြေက အော့စ်ဘတ်ကို ရှုံးနိမ့်ကာ တန်းဆင်းဇုန်ထဲက ဂရုသာ
ဖတ်ခ်ျကို သရေပဲကစားနိုင်ခဲ့လို့ပါ။ ၀ါဒါဘရီမင် အမှတ်လိုနေလို့ သရေပွဲ ဖြစ်သွားနိုင်ပါတယ်။

ဖရိုင်းဘတ် - ဟမ်းဘတ်
၁၇-၃-၁၂
ဟမ်းဘတ် ၁-၃ ဖရိုင်းဘတ်

အသင်းနှစ်သင်းကြားမှာ အမှတ် ကွာဟမှုက တစ်မှတ်သာရှိလို့ ဒီပွဲက လည်း ပြိုင်ဆိုင်မှုပြင်းထန်
မှာပါ။ ဖရိုင်း ဘတ်ဟာ အိမ်ကွင်းငါးပွဲကစားပြီးချိန် ၁၀ ဂိုးသွင်းယူနိုင်လို့ တစ်ပွဲနှစ်ဂိုးတော့ သွင်းနိုင်
စွမ်းရှိပါတယ်။ ဟမ်းဘတ်ရဲ့ အဝေးကွင်းတိုက်စစ်ရော၊ ခံစစ်ပါ သိပ်ပြီး အားရစရာမရှိပါဘူး။ ဒါပေ
မယ့် ဟမ်းဘတ်အတွက် တစ်ခုအားရစရာ ရှိတာက နောက်ဆုံးအဝေးကွင်းနှစ်ပွဲ ဆက်တိုက်မှာ
ပေးဂိုးမရှိ နိုင်ပွဲရထားတာ ဖြစ်လို့ ဒီပွဲမှာလည်း အဝေးကွင်းအစဉ် အလာ ဆက်ထိန်းမယ့် ဟမ်း
ဘတ်ကို ရွေးထားချင်တယ်။

အော့စ်ဘတ် - ဒေါ့မွန်
၁၁-၃-၁၂
အော့စ်ဘတ် ၀-၀ ဒေါ့မွန်

တန်းစီဇယားအောက်ခြေက အော့စ် ဘတ်အနေနဲ့ အိမ်ကွင်းဖြစ်ပေမယ့် လည်း ဒေါ့မွန်ကိုတော့
ခက်ခက်ခဲခဲ ကစားရမှာပါ။ ဒေါ့မွန်ကတော့ အဝေး ကွင်း သုံးပွဲဆက်တိုက် နိုင်ပွဲရထားတာ က
လည်း အားတက်စရာကောင်းနေပါ တယ်။ ဒေါ့မွန်အသင်းရဲ့ အသက် ၃၂ နှစ်အရွယ်ရှိ အသင်း
ခေါင်းဆောင် ဆီဘက်စတီယန်ခါးလ်ကတော့ နှာခေါင်း စွပ်အကာကိုစွပ်ပြီး ကစားမယ်လို့ ယူဆ
ရပါတယ်။ ဒေါ့မွန် ပွတ်ကာသီကာ အနိုင်ရဖွယ်ရှိပြီး သွင်းဂိုးများပါ လိမ့်မယ်။ ဒတ်ဆယ်လ်ဒေါ့ဖ်၊-
၊ဟော့ဖန်ဟိမ်း ထိပ်တိုက်တွေ့ဆုံမှုမရှိ ဒီနှစ်သင်းဟာလည်း အမှတ်ကွာခြား ချက် တစ်မှတ်သာရှိ
တဲ့အနေအထားမို့ အလဲအကွဲယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ဒတ်ဆယ်လ်ဒေါ့ဖ်ဟာ အခုအချိန်ထိ အိမ်ကွင်းနိုင်ပွဲလုံးဝမရသေးတဲ့အသင်း ဖြစ်နေသလို ဟော့ဖန်ဟိမ်းကလည်း အဝေးကွင်းနိုင်ပွဲ တစ်
ပွဲသာရထားတဲ့ အသင်းဖြစ်လို့ သိပ်စွမ်းဆောင်ရည် အကောင်းချည်းတော့မဟုတ်ပါဘူး။ ရှော်လ်
ကေးကိုတောင် ၂-၂ သရေ ကစားထားတဲ့ ဒတ်ဆယ်လ်ဒေါ့ဖ် ဒီပွဲ မှာလည်း သရေခံကန်လိမ့်မယ်
ထင်တယ်။

ဝုဖ်ဘတ် - လေဗာကူဆင်
၁၀-၂-၁၂
ဝုဖ်ဘတ် ၃-၂ လေဗာကူဆင်

ဝုဖ်ဘတ်ကလည်း အိမ်ကွင်းနိုင်ပွဲမရ သေးတဲ့အပြင် တန်းဆင်းဇုန်ထဲရောက် နေတဲ့အသင်းပါ။
လေဗာကူဆင်မှာ ဆိုင်မွန်ရိုလ်ဖက်စ်ပါဝင်နိုင်မှာမဟုတ် သလို နောက်ခံလူ ကက်ဒ်လက်စ်စ်၊
ဂိုးသမား ဘရင်းန်ဒ်လီနိုတို့လည်း ဒဏ်ရာပြဿနာတွေကြောင့် ပါဝင် နိုင်ဖွယ်ရာမရှိပါဘူး။ ဘိုင်
ယန်ကိုတောင် အဝေးကွင်းမှာ အနိုင်ကစားထားတဲ့ လေဗာကူဆင်ကို သဘောကျပါတယ်။

စတုဂတ် - ဟန်နိုဗာ
၁၉-၂-၁၂
ဟန်နိုဗာ ၄-၂ စတုဂတ်

စတုဂတ်က အိမ်ကွင်းငါးပွဲမှာ တစ်ပွဲပဲ နိုင်ပွဲရထားသလို ဟန်နိုဗာကလည်း အဝေးကွင်းမှာ နိုင်ပွဲ
တစ်ပွဲပဲရရှိထားပါတယ်။ စတုဂတ်က ဖရန့်ဖတ်ကို ၂-၁ နဲ့နိုင်ပြီး ဒီအက်ဖ်ပီပိုကာဖလားပွဲမှာလည်း
စိန့်ပေါ်လီကို သုံးဂိုးပြတ်နဲ့ အနိုင်ရ ထားတာတွေ့ရပါတယ်။ ဟန်နိုဗာဟာ ယူရိုပါလိဂ်ပြိုင်ပွဲ
ဟယ်လ်ဆင်ဘော့ဂ်ကို အဝေးကွင်းသွားကစားတဲ့ပွဲမှာတော့ ၁-၂ နဲ့ လောလောဆယ်နိုင်ထားပါ
တယ်။ စတုဂတ်အိမ်ကွင်းနိုင်ပွဲဆက်မယ်လို့ ထင်ပါတယ်။

ဂရုသာဖတ်ခ်ျ - မိုချင်ဂလက်ဘတ်
၃၀-၆-၁၁
ဂရုသာဖတ်ခ်ျ ၂-၁ မိုချင်

မိုချင်တိုက်စစ်မှူး လုခ်ဒီဂျောင်က တော့ ဘယ်ဘက်ဒူးဒဏ်ရာခွဲစိတ်ရမှာမို့ ခြောက်ပတ်အနားယူရမှာ
ဖြစ်ပြီး အခု ပွဲစဉ်ကို လွဲချော်မှာဖြစ်ပါတယ်။ ဂရုသာ ဖတ်ခ်ျဟာ နောက်ဆုံးကစားခဲ့တဲ့ သုံးပွဲ စလုံး
သရေပွဲတွေချည်းခံကန်ထားတာ ကိုတော့ သတိပြုရမှာဖြစ်ပါတယ်။ မိုချင် သရေလောက်ပဲရမယ်
ထင်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း