ပရီမီယာလိဂ်က စပိန်အသင်းများ ကြီးစိုးနေခြင်းကို အဆုံးသတ်မည်ဆိုသည်ကို လိုင်နီကာထောက်ခံ

ထိပ်တန်း အင်္ဂလိပ်ကလပ်အသင်းများသည် ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ် အသင်းများ၏
မနက်ဖြန် ဖြစ်လာနိုင်သည်ဟု BT Sport အစီအစဉ်တင်ဆက်သူဂယ်ရီ လိုင်နီကာက ဆိုသည်။

ပရီမီယာလိဂ်အသင်းကြီး၏ ငွေကြေးအင်အားဖြင့်ဆိုလျှင် ဂွာဒီယိုလာကဲ့သို့ ထိပ်တန်း
အားကစားနည်းပြများ နောက်ကို မျိုးဆက်သစ် ကမ္ဘာ့ထိပ်တန်း ဘောလုံးသမား
တွေလိုက်လာပြီး အင်္ဂလန်ရောက်လာအောင် ဆွဲဆောင်သိမ်းသွင်းသွားလိမ့်မည်ဟု
အင်္ဂလန် နှင့် ဘာစီလိုနာအသင်းများ၏ တိုက်စစ်မှူး ဟောင်းတစ်ဦးဖြစ်သူ လိုင်နီကာက
ယုံကြည်လျက်ရှိသည်။

မကြာသေးမီ ဘောလုံးရာသီများအတွင်း ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ် နှစ်မျိုးစလုံး၏
နောက်ပိုင်းအဆင့်များတွင် စပိန်ဘောလုံး အသင်းများ လွှမ်းမိုးကြီးစိုးခဲ့ကြသည်။

ချယ်လ်ဆီးသည် ပြီးခဲ့သည့် ရှစ်နှစ်တာကာလ အတွင်း ပရီမီယာလိဂ်၏ ထိပ်တန်းပြိုင်ပွဲ
များတွင် အောင်ပွဲရရှိခဲ့သည်။ သို့သော်လည်း စပိန်ဘောလုံးအသင်းများ ကြီးစိုးမှု
ကာလမရှည်ကြာခင် အပြောင်းအလဲဖြစ်ရန် လိုင်နီကာက မျှော်လင့်လျက်ရှိသည်။

"အခုအခါမှာ စပိန်ဘောလုံးအသင်းတွေ က အကြီးအကျယ်လွှမ်းမိုးနေပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့ကလည်း ဥရောပမှာ ပိုပြီး ဩဇာကြီးလာနေပြီး ဒီလိုဖြစ်လာ
တာကလည်း အစပိုင်း အခြေအနေဖြစ်ပြီး ဒီထက်မက ဩဇာကြီး လာမယ်လို့
ကျွန်တော်ထင်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

"ကျွန်တော်တို့ဘက်ကိုကြည့်မယ်ဆိုရင် ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ ဘိုင်ယန်
မြူးနစ်တို့လို အသင်းတွေဆီ ယေဘုယျ အားဖြင့် သွားနေကြတဲ့ ကမ္ဘာ့ထိပ်တန်း
ကစား သမားတွေကို ရမထားပါဘူး။ ဒါကြောင့်လည်း လုံလောက်တဲ့ကောင်းမွန်မှုတွေ
မရသေးတဲ့ အချိန်ကာလတစ်ခုကို ကျွန်တော်တို့ ဖြတ်သန်း နေကြရတာဖြစ်ပါတယ်။
ဒါပေမဲ့ အခုအခါမှာ ကမ္ဘာမှာ အတော်ဆုံးအကောင်းဆုံးဆိုတဲ့ နည်းပြတွေ ကျွန်တော်တို့
အသင်းကိုရောက် လာဖို့ မျှော်လင့်နေပါတယ်။ နောက်ပြီး ကျွန်တော်တို့အသင်းရဲ့ ငွေကြေး
အင်အား တောင့်တင်းမှုကြောင့် အကောင်းဆုံးကစားသမားတွေရောက်လာမယ်လို့
ထင်ပါတယ်။ ရောက်လာမယ့် ကစားသမားတွေဟာ မက်ဆီ တို့ ရိုနယ်ဒိုတို့လိုမျိုး
အခုမျိုးဆက်တွေ ဖြစ်ချင်မှာဖြစ်မှာ။ ဒါပေမဲ့ ကျွန်တော် တထစ်ချ ယုံကြည်နေတာက
ကျွန်တော်တို့အသင်းကို နောက်မျိုးဆက် ထိပ်တန်းကစားသမားတွေရောက်လာတာ
တွေ့ရမယ်ဆိုတာရယ်။ ကျွန်တော်တို့ရဲ့ ဘောလုံးအသင်းကြီးတွေဟာ ဘာစီလိုနာနဲ့
ရီးယဲလ်မက်ဒရစ်တို့ရဲ့ မနက်ဖြန် ဖြစ်လာမယ်ဆိုတာပဲဖြစ်ပါတယ်။ ယှဉ်ပြိုင် နိုင်တဲ့
နောက်ထပ် တစ်ခုတည်းသောနေရာက တရုတ်ဖြစ်ပြီး ထိပ်တန်းကစားသမားတွေက
သူတို့ရဲ့ လုပ်ငန်းသက် အဆုံးမသတ်မချင်း အဲဒီကို သွားချင်ကြမှာ မဟုတ်ပါဘူး" ဟု
ဆက်လက်ပြောကြားခဲ့သည်။

ထိုအတောအတွင်း ပြိုင်ဘက် ကမ္ဘာ့ ထိပ်တန်း အသင်းတစ်သင်း၏ ပြောဆိုမှုက
တကယ့်လက်တွေ့ ဖြစ်လာလိမ့်မည် ဆိုခြင်းကို လိုင်နီကာက သံသယဖြစ်လျက်
ရှိသည်။

"ကမ္ဘာပေါ်က တကယ့်ထိပ်တန်းတွေအားလုံးကနေ လုံးလုံးလျားလျား ခွဲထွက်မလာမချင်းနဲ့
သူတို့ရဲ့ ကိုယ်ပိုင်အသင်းတွေကို လုံးလုံး လျစ်လျူရှုလိုက်တာမျိုး မဖြစ်မချင်း တကယ်တမ်း
ဘယ်လိုဖြစ်လာနိုင်မလဲဆိုတာ စဉ်းစားကြည့်ဖို့ ခက်ပါတယ်။ ဒါပေမဲ့ ဘောလုံး ပရိသတ်တွေ
ဒီလိုဖြစ်လာဖို့ ခွင့်ပြု မပြုဆိုတာ တော့ မသေချာပါဘူး" ဟု ၎င်းက ထပ်မံ ပြောကြားခဲ့သည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း