မော်ရင်ဟိုရဲ့ အိုင်ဒီယာကောင်းတွေဘယ်ရောက်ကုန်ပါလိမ့်

ဒီရာသီအစ ပရီမီယာလိဂ် သုံးပွဲကို နိုင်ပွဲတွေရယူနိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ မန်နေဂျာသစ်
မော်ရင်ဟိုတို့ဟာ အခုအခါမှာတော့ ဖိအားကြီးကြီး နဲ့ ခေါင်းဆင်နင်းခံနေရပြီ ဖြစ်ပါတယ်။

ပရီမီယာလိဂ် မှာ နှစ်ပွဲဆက်တိုက်ရှုံး၊ ယူရိုပါလိဂ်မှာ ရှုံးဆိုတဲ့ သုံးပွဲ ဆက်တိုက် ရှုံးနိမ့်ခြင်းနဲ့
မန်ယူကြုံရလိမ့်မယ်လို့ ထင်ထားကြမယ်မထင်ပါဘူး။ ၀က်ဖို့ဒ်ကို မနိုင်တောင် သရေလောက်တော့
ကစားနိုင်မှာပါလို့ ထင်ထားကြ မယ်ထင်ပါတယ်။ ဒါပေမဲ့ မော်ရင်ဟိုကို ဝေါ်လ်တာ မက်ဇာရီက
အနိုင်ယူသွားခဲ့ပြီဖြစ်ပါတယ်။ ပထမ စပိန်နည်းပြ ဂွာဒီယိုလာ၊ ဒုတိယ ဒတ်ခ်ျနည်းပြ ဗန်ဘရွန်ခရော့ခ်၊
အခုတတိယ အီတလီနည်းပြ မက်ဇာရီ၊ မန်ယူရဲ့ နစ်နာတဲ့အမှတ်တွေမှာ မန်စီးတီးက
အဓိကပြိုင်ဘက်ဖြစ်နေလို့ထားတော့ ဖီယင်နုနဲ့ ၀က်ဖို့ဒ်ကို ရှုံးတာကတော့ တော်တော်ဆိုးတယ်လို့ပဲ
ပြောရမှာဖြစ်ပါတယ်။

ဘာကြောင့်လည်းဆိုတော သူဖြည့်တင်းထားတဲ့ အင်အားနဲ့နှိုင်းယှဉ်လိုက်ရင် တော်တော်ကြီးကို
ကွာခြားနေလို့ပါ။ ဒါပေမဲ့ ကစားသမာကောင်းကို ဘယ်ဈေးနဲ့ ၀ယ်ဝယ်၊ အသင်းလိုက်မတည်ဆောက်
နိုင်ရင်တော့ အဲဒီကစားသမားဟာလည်း လုပ်နိုင်မှာ မဟုတ်ပါဘူး။ အခုဆိုရင် အီဘရာဟီမိုဗစ်၊
ပေါ့ဂ်ဘာ တို့ ဝေဖန်ခံနေရပြီဖြစ်ပါတယ်။

ဒါပေမဲ့ တကယ့် တာဝန်ရှိသူက မန်နေဂျာသာဖြစ်ပါတယ်။ ဒါပေမဲ့ မန်နေဂျာကြီး မော်ရင်ဟိုဆိုတဲ့
စပါယ်ရှယ်ဝမ်းက တော့ သူ့ကိုယ်သူ ၀န်မခံဘဲ ကစားသမားတွေသာ အပြစ်ပုံချနေတာ တွေ့နေရပါတယ်။

မနှစ်က ချယ်လ်ဆီးကထွက်ခွာရတော့ ကစားသမားတွေကို အပြစ်ဖို့ပြောဆိုထွက်ခွာသွားတာ
အမှတ်ရနေခဲ့ပါ တယ်။ အခုလည်း ၀က်ဖို့ဒ်ပွဲအပြီးမှာ သူ့ကစားသမား တွေရဲ့ ယုံကြည်မှုက
နည်းပါးနေတယ်လို့ ပြောဆိုနေ တာကတော့ ကောင်းတဲ့လက္ခဏာတော့ မဟုတ်ပါဘူး။
ဖီယင်နုပွဲမတိုင်ခင်က ပရီမီယာလိဂ်ဟာ အဓိက ကျတယ်လို့ပြောခဲ့ပါတယ်။

ရွန်နီကို ခေါ်မသွားတာနဲ့ ပတ်သက်ပြီးပြောခဲ့တော့ သူဟာ ပရီမီယာလိဂ်ကို အာရုံစိုက်ထားတယ်လို့
ထင်ထားခဲ့ပါတယ်။ ဖီယင်နု ပွဲမှာ အီဘရာဟီမိုဗစ်၊ ဖယ်လိုင်နီတို့ကို မသုံးခဲ့ပါဘူး။ ရွန်နီဆိုရင်
ခေါ်ကိုမသွားခဲ့တာပါ။ ဒုတိယပိုင်း ၆၃ မိနစ်ရောက်မှ မိုဗစ်ကို သုံးခဲ့ပါတယ်။ ဒီလို ဘာကြောင့်
ချန်ထားလည်းဆိုရင် ၀က်ဖို့ဒ်ပွဲကို အကောင်းဆုံးကစားနိုင်ဖို့ ချန်ထားခဲ့တာ ဖြစ်တယ် ဆိုတာ
ထင်ရှားနေခဲ့ပါတယ်။ ၀က်ဖို့ဒ်ပွဲ ကစားလိုက် တဲ့အခါ ဆိုးဆိုးရွားရွားရလဒ်နဲ့ ကြုံသွားလိုက်ရပါတယ်။

သူ့ရဲ့ပြင်ဆင်လှုံဆော်မှုနဲ့ ချဉ်းကပ်မှုတွေ ဘယ်လောက်အားနည်းခဲ့တယ်ဆိုတာ ထင်ရှားနေခဲ့
ပါတယ်။ မန်စီးတီးပွဲတုန်းက တောင်ပံမှာ လင်းဂတ်နဲ့ အမ်ခီ တာရန်းကို ပွဲထုတ်ခဲ့လို့မှားတယ်လို့
ယူဆတယ်ဆိုတာ ၀က်ဖို့ဒ်ပွဲမှာ အဲဒီနှစ်ယောက်ကိုမသုံးဘဲ ရပ်ရှ်ဖို့ဒ်နဲ့ မာရှယ်ကိုပွဲထုတ်တာက သက်သေပြနေခဲ့ပါတယ်။ မော်ရင်ဟိုကြီး တောင်ပံနှစ်ဖက်ပြောင်းလိုက်ပြီ၊ ထူးခြားလာမလားလို့
ထင်ထားပေမဲ့ မန်ယူ ကွင်းလယ်က မန်စီးတီးပွဲကလိုပဲ ၀က်ဖို့ဒ်ရဲ့ ကစားကွက် အောက်မှာ
မြုပ်နေခဲ့ရတာပဲမြင်တွေ့လိုက်ကြရပါတယ်။

ပထမပိုင်း မိနစ် ၂၀ အတွင်းမှာပဲ ၀က်ဖို့ဒ်ဟာ ဂိုးရနိုင်တဲ့ အခွင့်အရေး သုံးကြိမ်လောက်ရနေချိန်မှာ
မန်ယူတိုက်စစ်က တစ်ကြိမ်မှမထိရောက်ခဲ့တာကို သတိပြုမိကြမှာပဲဖြစ်ပါတယ်။ စမောလင်းနဲ့
ဒီဂီယာ အမှားကနေ အစ်ဂါလိုသွင်းတဲ့ဘောလုံး ဂိုးပေါက် လွဲလို့သာ မန်ယူစောစောစီးစီး မပေး
လိုက်ရတာ ဖြစ်ပါတယ်။ တိုက်စစ်က တစ်ကြိမ်မှ မထိရောက် ရတာက ကွင်းလယ်ကစားကွက်က
ပျက်ယွင်း နေပြီး ၀က်ဖို့ဒ်ကစားကွက်အောက် ရောက်နေလို့ ဖြစ်နေရတာပါ။

ဝက်ဖို့ဒ်ကွင်းလယ်က ကာပူးနဲ့ ပီယေရာ၊ ဘရာမီတို့က ကောင်းကောင်းစိုးမိုးထား နေခဲ့ပါတယ်။
တောင်ပံက ဟိုလီဘက်နဲ့ ယာမက် တို့က အတက်အဆင်းမှန်မှန်နဲ့ ဖိအားပေးတော့ မန်ယူနောက်တန်း
အစွန်တွေက ဗလင်စီယာနဲ့ ရှော တို့ရဲ့ တိုက်စစ်လိုက်ဖြည့် ပုံတွေပျောက်သွားပြီး မန်ယူတိုက်စစ်က
အားနည်းသွားခဲ့တာပဲ ဖြစ်ပါ တယ်။ ဒီနေရာမှာ ပေါ့ဂ်ဘာကို နေရာချထားပုံဟာ မော်ရင်ဟိုရဲ့ အဓိက
အားနည်းမှုလို့မြင်လာခဲ့ပါ တယ်။ ဂျူဗင်တပ်မှာ ပေါ့ဂ်ဘာဟာ ခံစစ်အကူ ကွင်းသမားနေရာမှာ
ကစားတဲ့သူမဟုတ်ပါဘူး။ တိုက်စစ်လိုက်ပါကစားတဲ့ ပံ့ပိုးပေးတဲ့ နေရာလွတ် လိုက်ဖြည့်ကစားတဲ့
ကွင်းလယ်ကစားသမားဖြစ်ပါ တယ်။ ဂျူဗင်တပ်မှာ ပေါ့ဂ်ဘာကစားစဉ်က ခံစစ် အကူ ကွင်းလယ်နေရာကို
ပီယာလို၊ မာချီစီယို၊ ခီဒီယာ တို့ကစားနေကြတာပါ။ ပေါ့ဂ်ဘာ ခံစစ်အကူ ကစား သမားဘဝ
ရောက်သွားတာက ယူရို ၂၀၁၆ ပြိုင်ပွဲကျမှ ပြင်သစ်နည်းပြ ဒက်ချမ့်စ်က သုံးလိုက်တာပဲဖြစ်ပါ
တယ်။ အဲဒီတုန်းကလည်း သူဟာ အခုလိုပဲ ခြေပေါ် အောင်ကစားနိုင်ခဲ့သူမဟုတ်ပါဘူး။ အခုလည်း
မော်ရင်ဟိုက ဒက်ချမ့်စ် စတိုင်အတိုင်း ပေါ့ဂ်ဘာကို သုံးနေတော့ပေါ့ဂ်ဘာရဲ့ တိုက်စစ်လိုက်ကစားဟန်၊
ပံ့ပိုးမှုတွေပျောက်ဆုံး သွားခဲ့ရပါတယ်။ ဗလင်စီယာနဲ့ တောင်ပံတွေက ဖြတ်တင်ပို့ဟန်ကို မော်ရင်ဟို
သုံးနေတာက အခုလိုရလဒ်ဆိုးတွေဖြစ်နေရတာပဲ ဖြစ်ပါ တယ်။ ပေါ့ဂ်ဘာသာ နောက်ချန်တိုက်စစ်
တစ်နေ ရာရာမှာသုံးလိုက်ရင် နေရာလွတ်တွေ အများကြီး ရလာနိုင်ခြေ ရှိနေပါတယ်။ သူကဘောလုံးကို
ကိုင်ထားနိုင်တဲ့သူဖြစ်နေပါတယ်။ ပြီးတော့သူဟာ တောင်ပံထွက်ပြီးကစားလို့လည်းရတဲ့သူဖြစ်ပါတယ်။

အခု မော်ရင်ဟိုက ခံစစ်အကူထားလိုက်တော့ ပေါ့ဂ်ဘာဆိုတာ မတွေ့သလိုဖြစ်သွားခဲ့ပါတယ်။ဒေါ်လာ
ပေါင် ၈၉ သန်းတန် ကစားသမားဆိုတဲ့ မေးခွန်း တွေဖြစ်လာစေတာ မော်ရင်ဟိုကြောင့်သာပဲ ဖြစ်ပါတယ်။

သေချာတာကတော့ မော်ရင်ဟိုဟာ မန်ယူကို တည်ငြိမ်အောင် မတည်ဆောက်နိုင်သေးဘူး ဆိုတာ
ပဲဖြစ်ပါတယ်။ သူ့အတွက် အချိန်တစ်ခုလိုအပ်နေတယ် လို့ မြင်ပါတယ်။ မနှစ်က ချယ်လ်ဆီးကို
အခုလိုပဲ ရာသီ အစမှာ လိမ်ဖယ်လိမ်ဖယ် ကိုင်နေခဲ့တာ နောက်ဆုံး လွင့်သွားတဲ့အထိဖြစ်သွားခဲ့
ပါတယ်။ သူ့လိုပဲ အသင်းပြောင်းလာတဲ့ အဲဗာတန်မန်နေဂျာ ရော်နယ် ကိုးလ်မင်းတောင် အသင်း
သစ်မှာ အမြန်ဆုံး အထိုင်ကျအောင် တည်ငြိမ်အောင် တည်ဆောက် နိုင်ရင် သူလည်း အမြန်ဆုံး တည်ဆောက်နိုင်ရမှာ ဖြစ်ပါတယ်။ မော်ရင်ဟိုလို ငွေပုံအော ၀ယ်ခဲ့တဲ့ ကစားသမားတွေလည်း
ပိုင်ဆိုင်ထား သူ မဟုတ်ပါဘူး။

ဒီရာသီဟာ ပရီမီယာလိဂ်မှာ ထူးထူးကဲကဲ ပြောင်းလဲတဲ့ ရာသီ ဖြစ်ပါတယ်။ အရင်က ချန်ပီယံဖြစ်နိုင် တဲ့
ပြိုင်ဘက်ဟာ နှစ်သင်းထက် မပိုခဲ့ ပေမဲ့ ဒီရာသီကို ကြည့်လိုက်ရင် ပြိုင်ဘက် တွေက အများကြီး
ဖြစ်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ချန်ပီယံမဖြစ်တောင် ချန်ပီယံ လိဂ် ၀င်ခွင့်နေရာ အတွက်ကိုပဲ
အကြိတ်အနယ် ပြိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။ မနှစ်ကတည်းက သတိပေး ခေါင်းလောင်းက ထိုးနေခဲ့တာပါ။
ဒါကြောင့် လည်း မန်ယူဟာ မန်စီးတီး နဲ့ အမှတ်တူ ဂိုးကွာခြား ချက်နဲ့ ချန်ပီယံလိဂ် ၀င်ခွင့်နဲ့လွဲ၊ ယူရိုပါ
လိဂ်နဲ့ ကျေနပ်သွား ခဲ့ရတာ ဖြစ်ပါတယ်။ ဒီနှစ်မှာ ပိုလို့တောင် ပြိုင်ဆိုင်မှု ပြင်းလာ တော့မှာ ဖြစ်ပါ
တယ်။ ရေရှည်ပြိုင်ပွဲ မို့ အမှား တစ်နေရာ ရာမှာ ရှိနိုင်တာ မှန် ပေမဲ့ ချန်ပီယံ ဖြစ်မယ့် အသင်း ဟာ
ခြေမှန် တည် ငြိမ်မှသာ ဖြစ်နိုင်မှာ ဖြစ်ပါတယ်။ မနှစ် က ချန်ပီယံဖြစ်တဲ့ လက်စတာအသင်းဟာ
တစ်ရာသီ လုံးမှာ သုံးပွဲသာ ရှုံးခဲ့ ပါတယ်။ အဲဒီအနေ အထားနဲ့ ကြည့်လိုက် ရင် မန်ယူဟာ အခု
ကတည်းက နှစ်ပွဲ ရှုံးထားပါပြီ။ နောက်ထပ် ရှုံးပွဲတွေ မတွေ့ နိုင်ဘူးလို့ ပြောလို့ မရ သေးပါဘူး။

ချန်ပီယံ ဖြစ်ချင် တယ် ဆိုရင်တော့ မော်ရင်ဟိုဟာ ကစားသမားတွေ အပြစ်ဖို့တာထက် အောင်မြင်တဲ့
မန်နေဂျာတစ်ယောက် ရဲ့ အရည်အသွေး တွေ ပြဖို့ ပြောင်းလဲမှု တွေ လိုအပ်လာပြီလို့ပဲ ယူဆနေမိပါရဲ့။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း