အမ်အက်စ်အင်န်တိုက်စစ်အတွဲကိုပဲ ယုံထားရမှာပဲ

 

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ၏ ထိုးဖောက်တိုက်စစ်ဆင်မှုကို လီဂါနက်စ် နောက်ခံလူ အင်ဆူအာ ဖျက်ထုတ်နေစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီဘာစီလိုနာတိုက်စစ်မှူး မက်ဆီ၏ ထိုးဖောက်တိုက်စစ်ဆင်မှုကို လီဂါနက်စ် နောက်ခံလူ အင်ဆူအာ ဖျက်ထုတ်နေစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ဂီဂျွန် ဘာစီလိုနာ

စနေ၊ ည ၈း၄၅

လာလီဂါက ခုမှ ပိုမြိုင်ဆိုင်လာသလိုဖြစ်လာတယ်။ အလက်တီကိုက နှစ်ပွဲဆက် တန်းတက်
အသင်းတွေကို သရေကျ၊ ဘာစီလိုနာကလည်း အိမ်ကွင်းမှာ တန်းတက် အလာဗတ်စ်ကို
ရှုံးခဲ့ပြီးနောက်မှာတော့ဒီအသင်းကြီးနှစ်သင်းစလုံး အိပ်မက်မှ လန့်နိုးကုန်သလို ဖြစ်သွားကြတယ်။
ဒီရာသီမှာ ဘယ်အသင်းကိုမှ လျှော့တွက်လို့ မရနိုင်တော့ဘူးဆိုတာ စောစောစီးစီး သဘောပေါက်
ကုန်ကြတယ်။

ဒါကြောင့် နှစ်သင်းစလုံး နောက်ပွဲတွေမှာတော့ ပြိုင်ဘက်တွေကို ဖိဖိစီးစီး ရင်ဆိုင်လာကြတာကို
တွေ့ရပြီး သူတို့အသင်းတွေရဲ့ ခြေစွမ်းအစစ်အမှန်ကိုပါ ထုတ်ပြလာကြတယ်။ ဒီအသင်းကြီးတွေ
တကယ်အားထည့် ကစားလာခဲ့ကြရင်လည်း လာလီဂါမှာ တော်ရုံအသင်းတွေဟာ သူတို့ကို
မတားဆီးနိုင်ဘူးဆိုတာ ပိုပြီးပေါ်လွင်လာခဲ့တယ်။

အလက်တီကိုဟာ ပွဲဦးနှစ်ပွဲဆက် သရေကျပြီးနောက်မှာ ဆယ်လ်တာကို ၄ဝ (အဝေးကွင်း)၊
ဂီဂျွန်ကို ၅ဝ (အိမ်ကွင်း)နိုင်ပွဲတွေနဲ့ ပြန်ပေါက်ကွဲပြခဲ့သလို ဘာစီလိုနာကလည်း အလာဗတ်စ်ကို
အိမ်ကွင်းမှာ ၂၁ နဲ့ရှုံးပြီးတဲ့နောက်မှာ နောက်ထပ်တန်းတက်အသင်းတစ်သင်းဖြစ်တဲ့ လီဂါနက်စ်နဲ့
အဝေးကွင်းပွဲမှာတော့ မပေါ့ဆရဲတော့ဘဲ ဖိဖိစီးစီးကစားပြီး ၅၁ နဲ့ အနိုင်ယူပြသွားခဲ့တယ်။
ဒါကိုကြည့်ရင် အသင်းကြီးတွေ တကယ်တင်ကစားခဲ့ရင် အသင်းငယ်တွေ တားဆီးနိုင်စွမ်း
မရှိတာကို ထင်ထင်ရှားရှား မြင်လိုက်ရတယ်။

ဒီတစ်ပတ်တော့ ဘာစီလိုနာဟာ ဂီဂျွန်ရဲ့ ကွင်းမှာ သွားကစားရဖို့ရှိနေတယ်။ ဂီဂျွန်ဟာ
အလက်တီကိုကို ဂိုးပြတ်အရေးနိမ့်ထား ခဲ့တာမှန်ပေမဲ့ အဲဒီပွဲက အဝေးကွင်းမှာဖြစ်နေပြီး
အခုဘာစီလိုနာကိုတော့ အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်လို့ ဂီဂျွန်ရဲ့ အိမ်ကွင်းကစား
အားကရော ဘာစီလိုနာလို အသင်းကြီးကို တောင့်ခံနိုင်စွမ်းဘယ်လောက်အထိ ရှိနိုင်မလဲဆိုတာ
စိတ်ဝင်စားစရာကောင်းလာခဲ့တယ်။ ဘာဖြစ်လို့လဲဆိုရင် ဂီဂျွန်ဟာ ဒီရာသီအိမ်ကွင်းမှာ
ကစားထားတဲ့ နှစ်ပွဲစလုံးကိုအနိုင်ရထားပြီး သူတို့အနိုင်ယူထားတဲ့ အသင်းတွေကို ကြည့်ရင်လည်း
ဘီလ်ဘာအိုနဲ့ လီဂါနက်စ်လိုအသင်း တွေဖြစ်နေလို့ အိမ်ကွင်း ကစားအားကို
သိပ်လျှော့မတွက်သင့်တာ အမှန်ပါပဲ။

ဒါပေမဲ့ တစ်ဖက်မှ ပြန်ကြည့်ရင်လည်းဂီဂျွန်ဟာ ကစားပြီးခဲ့တဲ့ လာလီဂါလေးပွဲမှာ
သုံးပွဲဂိုးပေးခဲ့ရပြီး ပေးဂိုးက ခုနစ်ဂိုးအထိတောင် ပေးခဲ့ရတဲ့ပုံနဲ့တော့ ဘာစီလိုနာလို
အသင်းကို ဂိုးမပေးရအောင် ထိန်းကစားနိုင်ဖို့ဆိုတာ သိပ်မလွယ်လှတာတော့ အမှန်ပါပဲ။
ဒီတော့ ဂီဂျွန်ကို အဓိကစောင့်ကြည့်ရမှာက ဒီပွဲမှာ ဂိုးနည်းနည်း ပဲပေးရမလား၊များများပေးရမလား
ဆိုတာပါပဲ။

ဘာစီလိုနာကတော့ အလာဗတ်စ်ကိုအရှုံးပေးလိုက်ရလို့ သတိပိုရှိသွားတယ်။ နည်းပြအင်းနရစ်
အနေနဲ့လည်း သူ့အသင်းကို သိပ်ပြီးအပြောင်းအလဲ လုပ်ရဲတော့မယ်မထင်ဘူး။ အလာဗတ်စ်နဲ့
မကစားခင်ကလိုပဲ ဒီပွဲအပြီး ချန်ပီယံလိဂ်ပွဲတွေ ပြန်ဝင်ရဦးမှာဆိုပေမဲ့ အလာဗတ်စ်နဲ့ပွဲလိုတော့
အသင်းကို စမ်းသပ်ကြည့်တာမျိုးတွေ လုပ်ဖို့မရှိနိုင်ဘူး။ အပြောင်းအလဲကို အနည်းငယ်လောက်သာ
လုပ်နိုင်ပြီး တိုက်စစ်ကိုတော့သိပ်ပြီးတို့ထိရဲတော့မယ် မထင်ဘူး။

အလာဗတ်စ်နဲ့ ပွဲတုန်းကတော့ အသင်းတိုက်စစ်မှာ အတွဲညီနေတဲ့ ဆွာရက်ဇ်၊ မက်ဆီအတွဲကို
လုံးဝချန်ခဲ့ပြီး နေမာတစ်ယောက်တည်းကိုပဲ ပွဲထုတ်ကာတိုက်စစ်ကိုလုံးဝပြောင်းလဲကြည့်လိုက်တဲ့
ဒဏ်ကို အင်းနရစ် ခံလိုက်ရတယ်။ ဒါကြောင့် အခုပွဲမှာတော့ တခြားနေရာတွေကို အပြောင်းအလဲ
လုပ်ကြည့်ရင် လုပ်ကြည့်နိုင် ပေမဲ့ တိုက်စစ်ကိုတော့ လုံးဝမထိနိုင်တော့ဘူး။ ဘာစီလိုနာရဲ့
အမ်အက်စ်အင်န်တိုက်စစ်အတွဲကလည်း အသင်းအတွက်ဘယ်လောက်အရေးပါသလဲဆိုတာ
ဒီရာသီမှာ သူတို့သုံးယောက် စပြီးတွဲကစားတဲ့ ချန်ပီယံလိဂ်မှ ဆဲလ်တစ်၊ လာလီဂါမှ
လီဂါနက်စ်နဲ့ပွဲတွေကို နှစ်ပွဲစလုံး ဂိုးပြတ် အနိုင်ရခဲ့တဲ့အပြင် အဲဒီနှစ်ပွဲမှာ မက်ဆီက ငါးဂိုး၊
ဆွာရက်ဇ်က သုံးဂိုးနဲ့ နေမာကနှစ်ဂိုး သုံးယောက်ပေါင်း သွင်းဂိုး ၁ဝ ဂိုးအထိတောင် ရှိနေခဲ့တယ်။
ဒါကိုကြည့်ရင် ဘာစီလိုနာရဲ့ အသက်သွေးကြောဟာ အရင်လို ဇာဗီ၊ အင်နီယေစတာ၊ မက်ဆီ
အတွဲကနေမက်ဆီ၊ ဆွာရက်ဇ်၊ နေမာ အတွဲဆီကို ပြောင်းလဲသွားပြီ ဆိုတာ သိသာနေတယ်။

ဒါကြောင့် နားလည်းမှု အားကောင်းနေကြတဲ့ ဒီတိုက်စစ်အတွဲကို နည်းပြအင်းနရစ်အပြောင်းအလဲ
လုပ်ပြီး အတွဲအဖက်အသစ်တစ်ခုကို ပွဲထုတ်ဖို့ အတော်လေးကို စဉ်းစားရတော့မယ်။
ဒီအတွဲအဖက်မှာ အနည်းဆုံး နှစ်ဦးတော့ ရှိနေမှသာ ဘာစီလိုနာ တိုက်စစ်က အသက်ဝင်နေမှာ
ဖြစ်ပြီး ဒီသုံးယောက်ထဲမှာ တစ်ယောက်တည်းကို အခြားတိုက်စစ်သမားတွေနဲ့
တွဲသုံးကြည့်လိုက်ရင်တော့ဂိုးရဖို့ ခက်သွားတယ်။

ဒါကြောင့် အင်းနရစ်ဟာ ဂီဂျွန်ကိုရင်ဆိုင်ရာမှာ ကွင်းလယ်ပိုင်းကိုပဲ အဓိကအပြောင်းအလဲ
လုပ်သွားဖို့ရှိနေပြီး တိုက်စစ်ကိုတော့ ပြောင်းလဲတော့မယ် မထင်ဘူး။ကွင်းလယ်မှာတော့
အင်နီယေစတာ ပြန်ကစားနိုင်ပြီဆိုပေမဲ့ ဒီရာသီမှာ အင်းနရစ်ဟာ ဘူးစကွက်ဇ်ရော
အင်နီယေစတာကိုပါပွဲတိုင်း ထုတ်သုံးသွားတော့မယ့်ပုံမရှိဘဲကွင်းလယ်မှာ ဆာဂျီရောဘတ်တို၊
ရာဖင်ဟာ၊ ဒင်းနစ်ဆွာရက်ဇ်၊ ဂိုမက်ဇ်တို့နဲ့ အလှည့်ကျ အသုံးပြုသွားတော့မယ့်ပုံမျိုးလည်း
တွေ့နေရတယ်။ သူအသုံးပြုနေတဲ့ ကွင်းလယ်က လူငယ်တွေကလည်း အသင်းနဲ့ အံဝင်အောင်
ကစားနေနိုင်ကြလို့ အသင်းကစားပုံကို သိပ်ပြီးမထိခိုက်နိုင်ဘူး။ ဒါကြောင့် ဂီဂျွန်ကို ရင်ဆိုင်ရာမှာ
အသင်းရဲ့ အသက်သွေးကြောဖြစ်တဲ့ အမ်အက်စ်အင်န်ကို မထိဘဲ ကျန်တဲ့နေရာတွေမှာ
အပြောင်းအလဲ အနည်းအကျဉ်းလုပ်ပြီး ပွဲထုတ်လာနိုင်တယ်။

ဒီနှစ်သင်းရဲ့ ဂီဂျွန်ကွင်းမှ နောက်ဆုံးသုံးကြိမ်ရလဒ်တွေကို ပြန်ကြည့်ရင် ဘာစီလိုနာ နှစ်ပွဲနိုင်
တစ်ပွဲသရေ ကစားထားပြီးအဲဒီသုံးပွဲမှာ တစ်ဂိုးထက်ပိုသွင်းနိုင်တဲ့ပွဲကတစ်ပွဲပဲရှိနေတာကို
ကြည့်ရင်တော့ ဒီပွဲမှာဘာစီလိုနာ ဂိုးပြတ်မပြတ်ဆိုတာ သေချာစဉ်းစားရတော့မလို
ဖြစ်နေတာတော့ အမှန်ပဲ။ ဒါပေမဲ့ လောလောဆယ်မှာ အတွဲညီနေကြတဲ့ အမ်အက်စ်အင်န်
တိုက်စစ်အတွဲကြောင့် ဒီပွဲမှာ ဘာစီလိုနာနဲ့ ဂိုးအများပဲ ဦးစားပေးထားရမယ် ထင်တယ်။

အခြားပွဲစဉ်များ

စနေ၊ နံနက် ၁း၁၅

- ဘက်တစ် မာလာဂါ

စနေ၊ ညနေ ၅း၃ဝ

- အိုင်ဘာ ဆိုစီဒက်

စနေ၊ ည ၁၁းဝဝ

- ဘီလ်ဘာအို ဆီဗီလာ

တနင်္ဂနွေ၊ နံနက် ၁း၁၅

- လက်စ်ပါးမားစ် ရီးယဲလ်

တနင်္ဂနွေ၊ ညနေ ၄း၃ဝ

- လီဂါနက်စ် ဗလင်စီယာ

တနင်္ဂနွေ၊ ည ၈း၄၅

- အလက်တီကို ဒီပို့တီဗို

တနင်္ဂနွေ၊ ည ၁၁းဝဝ

- ဗီလာရီးယဲလ် အိုဆာဆူနာ

တနင်္လာ၊ နံနက် ၁း၁၅

- အက်စ်ပန်ညို ဆယ်လ်တာ

အင်္ဂါ၊ နံနက် ၁း၁၅

- အလာဗတ်စ် ဂရန်နာဒါ

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း