ကိုရီးယားသံအမတ်ကြီးဖလား တိုက်ကွမ်ဒိုပြိုင်ပွဲကျင်းပ

ကကွက်ပြိုင်ပွဲမှ ပြိုင်ပွဲဝင်အသင်းတစ်သင်း ယှဉ်ပြိုင်နေစဉ်။ (ကျော်ဇင်လှိုင် / မြန်မာတိုင်း(မ်))ကကွက်ပြိုင်ပွဲမှ ပြိုင်ပွဲဝင်အသင်းတစ်သင်း ယှဉ်ပြိုင်နေစဉ်။ (ကျော်ဇင်လှိုင် / မြန်မာတိုင်း(မ်))

မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ စီစဉ်ကျင်းပသော ၂၀၁၂ ခုနှစ် ဆဋ္ဌမအကြိမ် မြောက်ကိုရီးယား
သံအမတ်ကြီးဖလား တိုက်ကွမ်ဒိုပြိုင်ပွဲကို နိုဝင်ဘာလ ၁၂၊ ၁၃ ရက်များတွင် ရန်ကုန်မြို့သုဝဏ္ဏ
မိုးလုံ လေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။

အဆိုပါတိုက်ကွမ်ဒိုပြိုင်ပွဲကြီးတွင် ပြည်နယ်နှင့် တိုင်းများ၏ အသင်းပေါင်း ၂၀ မှ တိုက်ကွမ်ဒို
အားကစားသမား ၃၈၄ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။အသက် ၁၄ နှစ်အောက်ပြိုင်ပွဲ၊
အသက် ၁၈ နှစ်အောက်ပြိုင်ပွဲနှင့် အလွတ်တန်း ပြိုင်ပွဲဟူ၍ ပြိုင်ပွဲအမျိုးအစား သုံးမျိုး
အတွက် အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲဝင် များ ၀င်ရောက်ယှဉ်ပြိုင်ကြခြင်းဖြစ်သည်။

အတိုက်ပြိုင်ပွဲနှင့် ကကွက်ပြိုင်ပွဲ အမျိုးအစား နှစ်မျိုးရှိသည့်အနက် အတိုက်အမျိုးအစားတွင်
အသင်း ပေါင်းစုံမှ အားကစားသမားများစွာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အမျိုး သားတစ်ဦးချင်း ကကွက်ပြိုင်ပွဲတွင် အသင်း ၁၀ သင်းကျော်ဝင်ရောက် ယှဉ်ပြိုင်ကြ
သော်လည်း အမျိုးသမီး တစ်ဦးချင်းကကွက်ပြိုင်ပွဲတွင် မြို့တော် စည်ပင်အသင်းမှ အားကစား
သမား အများစုသာ ၀င်ရောက်ယှဉ်ပြိုင်ကြ ကြောင်းတွေ့ရသည်။

အမျိုးသား အလွတ်တန်းပြိုင်ပွဲတွင် ကာကွယ်ရေး၊ စက်မှု၊ ပြည်ထဲရေး၊ ABC ၊ YTC သမုန်
ဒန်နော်ရိမ်၊ သစ်တော၊ Gold Camp ၊ ယူနစ် အစရှိသောအသင်းများ ၀င်ရောက်ယှဉ်ပြိုင်ခဲ့
ကြပြီး အမျိုးသမီး အလွတ်တန်းပြိုင်ပွဲတွင် လယ်/ဆည်၊ ကာကွယ်ရေး၊ စက်မှု၊ ပြည်ထဲရေး၊
ABC ၊YTC သမုန်ဒန်နော်ရိမ်၊ သစ်တော၊ Gold  Camp၊ ယူနစ် အစရှိသောအသင်း များစွာ
ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြခြင်း ဖြစ်သည်။

ပြိုင်ပွဲအပြီးတွင်၊ဆုပေးပွဲကိုဆက်လက် ကျင်းပခဲ့ပြီး ကိုရီးယားသံအမတ်ကြီးက တက်ရောက်
ဆုချီးမြှင့်ခဲ့သည်။ အသက် ၁၄ နှစ်အောက်ပြိုင်ပွဲ ပထမ ဆုဖလားက မြို့တော်စည်ပင်အသင်း
က ကို ရရှိခဲ့ပြီး ရွှေကိန္ဒရီအသင်း ဒုတိယဆု ကိုရရှိခဲ့သည်။

တတိယဆုကို အားကာ ရန်ကုန်အသင်းက ရရှိခဲ့သည်။ အသက် ၁၈ နှစ်အောက်ပြိုင်ပွဲ
ပထမ ဆုဖလား Gold  Camp အသင်းက ရရှိခဲ့ပြီး ရွှေကိန္ဒရီအသင်း ဒုတိယဆုကိုရရှိ
ခဲ့သည်။ တတိယဆုကို အား/ကာ မန္တလေးအသင်းကရရှိခဲ့သည်။

အလွတ်တန်းပြိုင်ပွဲ၏ ပထမဆု ဖလားကို မြို့တော်စည်ပင်အသင်းက လည်းကောင်း သစ်
တောအသင်းက ဒုတိယဆုနှင့် တတိယဆုကို ကာကွယ် ရေးအသင်းက ရရှိခဲ့ကြသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း