သဲသောင်ပြင်ဗိုဗီနမ်ပြိုင်ပွဲ နိုင်ငံအလိုက်တွင် မြန်မာအဆင့် (၂) ရရှိ

စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၂ ရက် အထိ ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့တွင်
ကျင်းပခဲ့ သော (၅) ကြိမ်မြောက် အာရှသဲသောင်ပြင် အားကစားပြိုင်ပွဲ၏ ဗိုဗီနမ်ပြိုင်ပွဲတွင်
မြန်မာ ဗိုဗီနမ်အဖွဲ့က ရွှေတံဆိပ် နှစ်ခု၊ ငွေတံဆိပ် သုံးခုနှင့် ကြေးတံဆိပ် နှစ်ခုတို့ကို
ရယူနိုင်ခဲ့ ကာ နိုင်ငံအလိုက် ရပ်တည်မှုတွင် အဆင့် (၂) ရခဲ့သည်။

မြန်မာ ဗိုဗီနမ်အဖွဲ့က ယင်းပြိုင်ပွဲမှ အနည်းဆုံးရွှေတံဆိပ်နှစ်ခုရယူရန် မျှော်မှန်း ထားခဲ့ရာ
မြန်မာ့လက်ရွေးစင် ဗိုဗီနမ် အားကစားသမားများက မျှော်မှန်းထားသည့် အတိုင်း
ရယူပေးနိုင်ခဲ့ခြင်းဖြစ်သည်။

ယင်းပြိုင်ပွဲကို အာရှနိုင်ငံပေါင်း ၁၀ နိုင်ငံ က အားကစားသမား ၁၀၀ ကျော်
ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံက အမျိုး သား အားကစားသမား ရှစ်ဦး၊
အမျိုးသမီး အားကစားသမား လေးဦး စုစုပေါင်း ၁၂ ဦးဖြင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

အိမ်ရှင် ဗီယက်နမ်နိုင်ငံက ရွှေတံဆိပ်သုံးခု၊ ငွေတံဆိပ် လေးခုနှင့် ကြေးတံဆိပ် နှစ်ခု တို့က
ရယူနိုင်ခဲ့ပြီး နိုင်ငံအလိုက်တွင် ထိပ်ဆုံး မှ ရပ်တည်နိုင်ခဲ့သည်။ မြန်မာနိုင်ငံအတွက်
ရွှေတံဆိပ်ဆုများကိုအမျိုးသားနှစ်ယောက်တွဲ (လက်နက်မဲ့) ပြိုင်ပွဲ နှင့် အမျိုးသားလေးယောက်တွဲ
(လက်နက်ပါ) ပြိုင်ပွဲများတွင် ရရှိခဲ့ခြင်းဖြစ်သည်။

ငွေတံဆိပ် များကို အမျိုးသားလေးယောက်တွဲ (လက်နက်မဲ့)၊ ကျား၊ မ အသင်းလိုက်
လေးယောက် တွဲနှင့် အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲများ တွင် ရရှိခဲ့ပြီး ကြေးတံဆိပ်များကို
အမျိုးသားနှစ်ယောက်တွဲ (လက်နက်ပါ) နှင့် အမျိုးသား၊ အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲများတွင်
ရရှိခဲ့သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း