ဟမ်းဘတ်အသင်း နိုင်ပွဲစတင်ရရှိမယ့် ရက်သတ္တပတ်လား

ဟမ်းဘတ် ကစားသမား စပါဟစ် (၀ဲ) လိုက်ပဇစ် အသင်းဘက်သို့ ထိုးဖောက်တိုက်စစ်ဆင်ရန် ကြိုးပမ်းနေစဉ်။အီးပီအေဟမ်းဘတ် ကစားသမား စပါဟစ် (၀ဲ) လိုက်ပဇစ် အသင်းဘက်သို့ ထိုးဖောက်တိုက်စစ်ဆင်ရန် ကြိုးပမ်းနေစဉ်။အီးပီအေ

ဟမ်းဘတ် - ဖရန့်ဖတ်
စနေ၊ နံနက် ၁း၀၀
နောက်ဆုံးတွေ့ဆုံမှု၊ ဖရန့်ဖတ် ၀၀ ဟမ်းဘတ်

ပွဲစဉ် ခုနစ်ပွဲပြီးဆုံးချိန်အထိ ဟမ်းဘတ် အသင်း နိုင်ပွဲတစ်ပွဲမှ မရသေးပါဘူး။ သွင်းဂိုးက
အခုချိန်ထိ နှစ်ဂိုးသာရသေးပြီး ပေးဂိုးက တစ်ပွဲကို ပျမ်းမျှနှစ်ဂိုးနှုန်းလောက် ရှိနေပါတယ်။
ဖရန့်ဖတ်ကလည်း လက်ရှိအဆင့် (၈) မှာ ရပ်တည်နေတယ်ဆိုပေမဲ့ ထိပ်တိုက်တွေ့ ဆုံ
မှုတွေမှာတော့ အသာစီးရမထားပါဘူး။ အစဉ်အလာတွေအရ ယခင်အိမ်ကွင်း တွေ့ ဆုံမှုတွေမှာ
အသာစီးရထားတဲ့ ဟမ်းဘတ်ကို ရွေးချယ်ချင်တယ်။

ဟာသာဘာလင် - ကိုလုံး
စနေ၊ ည ၈း၀၀
နောက်ဆုံးတွေ့ဆုံမှု၊ ကိုလုံး ၀၁ ဟာသာဘာလင်

နှစ်သင်းစလုံး ရာသီအစပွဲစဉ်တွေမှာ ခြေစွမ်းတွေပြပြီး အမှတ်ပေးဇယားထိပ်ပိုင်းကို
ရောက်နေပါတယ်။ ဒီနှစ်သင်းမှာ ကိုလုံးက နောက်တန်း ပိုကျစ်လျစ်တာကို တွေ့ရပါ
တယ်။ ယခင်တွေ့ဆုံမှုတွေမှာ ကိုလုံးက အသာစီးရထားတယ်ဆိုပေမဲ့ အခုကစားရမှာက
ဟာသာဘာလင်ကွင်းဆိုတာကိုတော့ သတိထားရမှာပါ။ ကိုလုံးအသင်း ဒီပွဲမှာ
ဂိုးသွင်းနိုင်ခြေရှိတယ်ဆိုပေမဲ့ သရေရလဒ်ကိုသာ အဓိကမျှော်ထားရမှာပါ။

အင်ဂိုလ်စတက်ဒ် - ဒေါ့မွန်
စနေ၊ ည ၈း၀၀
နောက်ဆုံးတွေ့ဆုံမှု၊ ဒေါ့မွန် ၂-၀ အင်ဂိုလ်စတက်ဒ်

ကစားပြီးတဲ့ ခုနစ်ပွဲမှာ တစ်ပွဲသာ သရေ ကျထားပြီး ကျန်ခြောက်ပွဲစလုံး ရှုံးနိမ့်ထားတဲ့
အင်ဂိုစတက်ဒ်ရဲ့ ခြေစွမ်းက အဆိုးဆုံး အနေ အထားမှာ ရောက်နေပါတယ်။
အခုအိမ်ကွင်း ပွဲစဉ်မှာ နိုင်ပွဲစတင်ရရှိအောင် ကြိုးပမ်းဖွယ်ရှိနေပေမဲ့ ကစားရမယ့်
အသင်းက ဒေါ့မွန်ဖြစ်နေတာကြောင့် သူတို့ရဲ့ အိပ်မက်တွေ အကောင်အထည်
မပေါ်နိုင်လောက်ပါဘူး။ နောက်ဆုံးနှစ်ပွဲကို အရှုံးတစ်ပွဲ၊ သရေတစ်ပွဲ ရလဒ်သာ
ထွက်ပေါ်ထားတဲ့ ဒေါ့မွန်တို့ နိုင်ပွဲ ပြန်ယူသွားပါလိမ့်မယ်။

ဖရိုင်းဘတ် - အော့စ်ဘတ်
စနေ၊ ည ၈း၀၀
နောက်ဆုံးတွေ့ဆုံမှု၊ အော့စ်ဘတ် ၀၃ ဖရိုင်းဘတ်

ဒီနှစ်သင်းရဲ့ ဘွန်ဒက်စ်လီဂါ နောက်ဆုံး ပွဲစဉ်တွေမှာ ဖရိုင်းဘတ်က ဟော့ဖန်ဟိမ်းကို
အဝေးကွင်းမှာ ရှုံးခဲ့သလို အော့စ်ဘတ်က လည်း ရှော်လ်ကေးကို အိမ်ကွင်းမှာ
သရေကျ ခဲ့ပါတယ်။ နှစ်သင်းစလုံးရဲ့ လက်ရှိအနေအထားတွေက အကျဘက်မှာ
ရှိနေပါတယ်။ ကစားပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ နှစ်သင်းစလုံးရဲ့ ဂိုးသွင်းနှုန်း၊ ဂိုးပေးနှုန်းတွေက
အတူတူ လောက်ရှိနေတာကြောင့် အခုပွဲစဉ်မှာလည်း ပွဲရလဒ်က သရေဘက်ကိုသာ
ဦးတည်နေ ပါတယ်။

လေဗာကူဆင် - ဟော့ဖန်ဟိမ်း
စနေ၊ ည ၈း၀၀
နောက်ဆုံးတွေ့ဆုံမှု၊ ဟော့ဖန်ဟိမ်း ၁-၁ လေဗာကူဆင်

အစဉ်အလာတွေအရ လေဗာကူဆင်ကွင်း မှာ ဟော့ဖန်ဟိမ်းအနိုင်မရဖူးပါဘူး။
ဒါပေမဲ့ ဒီနှစ်ရာသီ လေဗာကူဆင်အသင်း ခြေစွမ်းက အားရစရာ မရှိသေးပါဘူး။
ဟော့ဖန်ဟိမ်းက လည်း သရေပွဲတွေများနေပါတယ်။ အခုပွဲစဉ် မှာလည်း
အဝေးကွင်းဖြစ်တာကြောင့် ဟော့ဖန်ဟိမ်းတို့ ထိန်းကစားသွားဖွယ် ရှိနေပါတယ်။
သရေကျမယ့်ပွဲစဉ်လို့ ယူဆ မိတယ်။

ဒမ်းစတက်ဒ် - ၀ုဖ်ဘတ်
စနေ၊ ည ၈း၀၀
နောက်ဆုံးတွေ့ဆုံမှု၊ ၀ုဖ်ဘတ် ၁-၁ ဒမ်းစတက်ဒ်

နှစ်သင်းစလုံးက သရေပွဲ၊ ရှုံးပွဲတွေနဲ့ သံသရာလည်နေတဲ့ အသင်းတွေပါ။ အမှတ်
ပေးဇယားမှာလည်း အထက်အောက်ရပ်တည် နေကြပါတယ်။ အခုလို အခြေ
အနေချင်းတူနေ တဲ့ နှစ်သင်းမှာ အိမ်ရှင်ဖြစ်တဲ့ ဒမ်းစတက်ဒ်က တော့ အားသာမှု
ရှိနေပါတယ်။ ယခင်တွေ့ဆုံမှု တွေမှာ ၀ုဖ်ဘတ်အသင်းက အသာရထားတယ်ဆိုပေမဲ့
ဒီတစ်ပွဲမှာတော့ ဒမ်းစတက်ဒ် ကိုပဲ ရွေးချယ်လိုက်ချင်တယ်။

ဘိုင်ယန်မြူးနစ် - ဂလက်ဘတ်
စနေ၊ ည ၁၁း၀၀
နောက်ဆုံးတွေ့ဆုံမှု၊ ဘိုင်ယန် ၁-၁ ဂလက်ဘတ်

ဘိုင်ယန်က အလက်တီကိုကို ချန်ပီယံလိဂ် မှာ ရှုံးနိမ့်ပြီးနောက်ပိုင်း ဘွန်ဒက်စ်လီဂါမှာ
နှစ်ပွဲဆက် သရေကျခဲ့ပါတယ်။ စိတ်ဓာတ်ပိုင်း ပျက်စီးသွားတယ်လို့ ယူဆရပါတယ်။
ဂလက်ဘတ်လည်း အတူတူပါပဲ၊ ဘာစီလိုနာကို ချန်ပီယံလိဂ်မှာ ရှုံးပြီးတဲ့နောက်
ရှော်လ်ကေး ကို အဝေးကွင်းမှာ လေးဂိုးပြတ်ရှုံးခဲ့သလို ဇယားအောက်နားက
ဟမ်းဘတ်ကို အိမ်ကွင်း မှာ သရေသာ ကစားနိုင်ခဲ့ပါတယ်။ ဘိုင်ယန်က တော့
ဇယားထိပ်ဆုံးမှာ ဆက်လက်ရပ်တည် နိုင်ဖို့အတွက် ဒီပွဲကစပြီး အမှားမခံတော့ဘူးလို့
ထင်ရပါတယ်။ ဘိုင်ယန်ဘက်ကပဲ ရပ်တည်ချင်ပါတယ်။

လိုက်ပဇစ် - ၀ါဒါဘရီမင်
တနင်္ဂနွေ၊ ည ၈း၀၀
နောက်ဆုံးတွေ့ဆုံမှု၊ ၀ါဒါဘရီမင် ၃၀ လိုက်ပဇစ်

နာက်ဆုံးတွေ့ဆုံမှုမှာ ၀ါဒါဘရီမင်တို့ အသာစီးရယူနိုင်ခဲ့တယ်ဆိုပေမဲ့ လက်ရှိ
အချိန်မှာတော့ ဖြစ်နိုင်ပါ့မလား စဉ်းစားစရာပါ။ တန်းတက်လိုက်ပဇစ်က ဘွန်ဒက်စ်
လီဂါမှာ ရှုံးပွဲမရှိသေးဘဲ ခြေစွမ်းပြကာ အမှတ် ပေးဇယားရဲ့ တတိယနေရာမှာ
ရပ်တည်နေတဲ့ အသင်းပါ။ ၀ါဒါဘရီမင်ကတော့ ရလဒ်တွေ ယိမ်းယိုင်နေပြီး
အဆင့် (၁၃) နေရာကိုတောင် ရောက်နေပါတယ်။ အခုလည်း လိုက်ပဇစ်ကွင်းမှာ
သွားကစားရမှာဖြစ်လို့ ၀ါဒါဘရီမင် တို့အတွက် ရလဒ်ကောင်းဖို့ မဖြစ်နိုင်သေး
ပါဘူး။ ခြေစွမ်းပိုင်း အကောင်းအနေထားကို ပိုင်ဆိုင်ထားတဲ့ လိုက်ပဇစ်ကို
ရွေးချယ်သင့် ပါတယ်။

ရှော်လ်ကေး - မိန့်ဇ်
တနင်္ဂနွေ၊ ည ၁၀း၀၀
နောက်ဆုံးတွေ့ဆုံမှု၊ မိန့်ဇ် ၂၁ ရှော်လ်ကေး

အဆင့် (၁၆) နေရာမှာ ရပ်တည်နေတဲ့ ရှော်လ်ကေးရဲ့ အနေထားက စိတ်ပျက်စရာပါ။
အခုချိန်ထိ တစ်ပွဲသာနိုင်ထားပြီး တစ်ပွဲ သရေ၊ ငါးပွဲရှုံး ရလဒ်သာ ရရှိထားပါတယ်။
မိန့်ဇ်ကတော့ လက်ရှိမှာ အလယ်အလတ်အခြေအနေပါ။ ဒါပေမဲ့ ဒီနှစ်သင်းတွေ့ဆုံခဲ့တဲ့
အစဉ်အလာတွေကို ပြန်ကြည့်ရင်တော့ အိမ်ရှင်အဖြစ်ကစားရတဲ့အသင်းက အနိုင်
ရတာများတာကို တွေ့ရပါတယ်။ ဒါကြောင့် အခုပွဲမှာလည်း ရှော်လ်ကေးကို
သတိထားရမှာပါ။ အစဉ်အလာတွေအရ ရှော်လ်ကေးဘက်က အရဲစွန့်
နေကြည့်ချင်တယ်

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း