Monday, April 24, 2017

ချန်ပီယံဆုကိုကာကွယ်ရန် အသင့်ဖြစ်နေပြီဟု နော်ရစ်ဖွင့်ဟ

လက်ရှိချန်ပီယံနော်ရစ် ပြီးခဲ့သည့်နှစ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Supplyလက်ရှိချန်ပီယံနော်ရစ် ပြီးခဲ့သည့်နှစ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Supply

လာမည့်ဇန်နဝါရီ ၂၆ ရက်တွင် စတင်ကျင်းပမည့် Leopalace 21 မြန်မာအိုးပင်းဂေါက်သီးရိုက်
ပြိုင်ပွဲတွင် ချန်ပီယံဆုကိုကာကွယ်ရန်အသင့်ဖြစ်နေကြောင်း လက်ရှိချန်ပီယံနော်ရစ်က ပြောသည်။

၂ဝ၁၇ ခုနှစ် Leopalace 21 မြန်မာအိုးပင်းaဂါက်သီးရိုက်ပြိုင်ပွဲကို Asian Topur နှင့် Japan golf
tour တို့က ပူးပေါင်း၍ ၂၆ ရက်မှ ၂၉ ရက်အထိ ပန်းလှိုင်ဂေါက်ကွင်း၌ လေးရက်ကြာကျင်းပ
ပြုလုပ်မည်ဖြစ်သည်။

နော်ရစ်က ''ချန်ပီယံတိုင်းက မိမိဆုတံဆိပ်ကို ဘယ်နိုင်ငံ၊ ဘယ်ကွင်းမှာမဆို ကာကွယ်ဖို့အသင့်
ရှိတတ်ကြပါတယ်။ ကျွန်တော်လည်း ဒီအတိုင်းပါပဲ။ အာရှနဲ့ ဂျပန်နိုင်ငံတို့က ရရှိခဲ့တဲ့ အတွေ့
အကြုံတွေကို အခြေခံပြီး အကောင်းဆုံးယှဉ်ပြိုင်သွားမှာပါ'' ဟု ပြောသည်။

အသက် ၃၄ နှစ်အရွယ် တောင်အာဖရိကနိုင်ငံသား ပရော်ဖက်ရှင်နယ် ဂေါက်ရိုက်သမား
နော်ရစ်သည် ၂ဝ၁၆ ခုနှစ်က မြန်မာနိုင်ငံတွင် ပထမဆုံးကျင်းပခဲ့သော Leopalace 21 မြန်မာ
အိုးပင်းဂေါက်သီးရိုက်ပြိုင်ပွဲတွင် သတ်မှတ်ရိုက်ချက်ထက် ၂၄ ချက် လျှော့ရိုက်ပြီး ချန်ပီယံဆု
ရရှိခဲ့သူဖြစ်သည်။

ယင်းပြိုင်ပွဲကို ၂ဝ၁၆ မြန်မာပြည်တွင်း ပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သော မြန်မာ
ပရော်ဖက်ရှင်နယ် ဂေါက်သီးအားကစားသမားများလည်း ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း
သိရသည်။

၂ဝ၁၇ Leopalace 21 မြန်မာအိုးပင်း ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဆုကြေးစုစုပေါင်း အမေရိကန်
ဒေါ်လာ ၇၅ဝ,ဝဝဝ ပေးအပ်ချီးမြှင့်မည်ဖြစ်သည်။ ယင်းပြိုင်ပွဲကို ပထမဆုံးအကြိမ်အဖြစ် နိုင်ငံပေါင်း
၁၈ဝ ကျော်ကို ရုပ်သံမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း