ဖော်မြူလာဝမ်း ပိုင်ရှင်သစ်က စီအီးအို အက်ကလက်စတုန်းနေရာတွင် ကယ်ရီကို အစားထိုးခန့်အပ်

ဖော်မြူလာဝမ်းပြိုင်ပွဲ စီအီးအိုအသစ် ချေ့စ်ကယ်ရီး(ဝဲ)။ ဓာတ်ပုံ - အေအက်ဖ်ပီဖော်မြူလာဝမ်းပြိုင်ပွဲ စီအီးအိုအသစ် ချေ့စ်ကယ်ရီး(ဝဲ)။ ဓာတ်ပုံ - အေအက်ဖ်ပီ

နာမည်ကြီးကားပြိုင်ပွဲဖော်မြူလာဝမ်းကို လစ်ဘာတီမီဒီယာကုမ္ပဏီက ဒေါ်လာဘီလျံချီသောငွေကြေြး
ဖြင့်ဝယ်ယူခဲ့ပြီးနောက် ဖော်မျူလာဝမ်းစီအီးအိုအဖြစ် နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သည့် ဘာနီအက်
ကလက်စတုန်း၏ ရာထူးသက်တမ်းမှာ တနင်္လာနေ့က အဆုံးသတ်သွားခဲ့သည်။

အမေရိကန်လူမျိုး ချေ့စ်ကယ်ရီကို ဖော်မြူလာဝမ်း၏ဥက္ကဋ္ဌနှင့်စီအီးအိုအဖြစ် ခန့်အပ်လိုက်ပြီး အက်
ကလက်စတုန်းကို အငြိမ်းစားဥက္ကဋ္ဌနှင့်အကြံပေးအဖြစ် ခန့်အပ်လိုက်ကြောင်း ကော်လိုရာဒိုမြို့
အခြေစိုက် လစ်ဘာတီကုမ္ပဏီက ထုတ်ပြန်ကြေညာခဲ့သည်။

အသက် ၈၆ နှစ်ရှိပြီဖြစ်သော အက်ကလက်စတုန်းသည် တနင်္လာနေ့အစောပိုင်းက ဂျာမနီမှ
အော်တိုမော်တာအားကစားမဂ္ဂဇင်းနှင့်တွေ့ဆုံရာ၌ သူ၏ နှစ် ၄ဝ နီးပါးသက်တမ်းရှိ ဖော်မြူလာဝမ်း
ဥက္ကဋ္ဌရာထူးမှာ အဆုံးသတ်သွားပြီဖြစ်သည်ကို ထုတ်ဖော်ပြောကြားခဲ့သည်။

''ကျွန်တော် ဒီနေ့အလုပ်ထုတ်ခံရတယ်။ ကုမ္ပဏီကို ကျွန်တော်မအုပ်ချုပ်တော့ပါဘူး။ ကျွန်တော့်
ရာထူးကို ချေ့စ်ကယ်ရီက ယူသွားပါပြီ''ဟု အက်ကလက်စတုန်းက အော်တိုမော်တာ အားကစား
မဂ္ဂဇင်းနှင့်တွေ့ဆုံရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

သူ၏ အငြိမ်းစားဥက္ကဌရာထူးမှာ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌရာထူးကဲ့သို့ဖြစ်သော်လည်း ၄င်းရာထူး၏
အဓိပ္ပာယ်ကိုနားမလည်ဘဲ လက်ခံခဲ့ရခြင်းဖြစ်ကြောင်း အက်ကလက်စတုန်းက ပြောသည်။

ဖော်မြူလာဝမ်းကို လစ်ဘာတီက ယမန်နှစ်ကဝယ်ယူခဲ့ပြီးနောက် ကားအရောင်းကိုယ်စားလှယ်
တစ်ဦးအဖြစ်လုပ်ကိုင်ခဲ့ပြီး ဖော်မြူလာဝမ်းကို ဒေါ်လာဘီလျံချီတန်သည့် စီးပွားရေးလုပ်ငန်းအဖြစ်
ပြောင်းလဲခဲ့သည့် အက်ကလက်စတုန်းသည် စီအီးအိုရာထူးတွင် ဆက်လက်ရှိနေမည်ဟု သတင်း
များထွက်ပေါ်ခဲ့ဖူးသည်။

သို့ရာတွင် ဒေါ်လာရှစ်ဘီလျံဖြင့် အရောင်းအဝယ်ဖြစ်ပြီးနောက် အက်ကလက်စတုန်းကို စီအီးအို
ရာထူးမှဖယ်ရှားလိုက်သည့်အချက်ကို လစ်ဘာတီဥက္ကဋ္ဌ ဂရက်မက်ဖေးက အတည်ပြုခဲ့သည်။

မက်ဖေးက ''ဖော်မြူလာဝမ်းအရောင်းအဝယ်ကိစ္စ ပြီးမြောက်အောင်မြင်သွားလို့ ကျွန်တော်တို့
ဝမ်းမြောက်ပါတယ်။ ချေ့စ်က ဖော်မြူလာဝမ်းရဲ့ စီအီးအိုအဖြစ် ဆက်လက်ဦးဆောင်သွားမှာပါ'' ဟု
ပြောကြားခဲ့သည်။

ဖော်မြူလာဝမ်းအတွက် ကြီးမားသည့်အောင်မြင်မှုဆောင်ကြဉ်းပေးနိုင်ခဲ့သည့် အက်ကလက်စတုန်း
ကို ချီးကျူးဂုဏ်ပြုရင်း ''အားကစားကဏ္ဍကြီးထွားဖို့ အလားအလာကြီးကြီးမားမားရှိနေတယ်။ ချေ့စ်
ရဲ့ စွမ်းရည်နဲ့အတွေ့အကြုံကို ကျွန်တော်တို့ ယုံကြည်မှုအပြည့်အဝရှိပါတယ်။ ကျွန်တော်တို့ လူမှန်
ကို ရွေးချယ်ခဲ့ခြင်းပါ'' ဟု မက်ဖေးက ပြောကြားခဲ့သည်။


 - ဇော်ညွန့် ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း