ဒုတိယအကြိမ်တွေ့ဆုံမှုမှာ ပွဲပျက်ခဲ့တဲ့ ဖိုးကေနှင့် စိုးလင်းဦး

ထွန်းထွန်းမင်း(မုဒုံသား)(၀ဲ)နှင့် သပြေညို(ဘိလပ်မြေစက်ရုံ)တို့ ယှဉ်ပြိုင်ထိုးသတ်နေစဉ်။ (ဓာတ်ပုံ - ရတနာ)ထွန်းထွန်းမင်း(မုဒုံသား)(၀ဲ)နှင့် သပြေညို(ဘိလပ်မြေစက်ရုံ)တို့ ယှဉ်ပြိုင်ထိုးသတ်နေစဉ်။ (ဓာတ်ပုံ - ရတနာ)

အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်နှင့်ံ ရွှမသကစ မှ စီစဉ်သော
မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကြီး ပြီးခဲ့သည့် နိုဝင် ဘာလ ၂၅ ရက်နေ့က ရန်ကုန်မြို့၊
သိမ်ဖြူလက်ဝှေ့အားကစားရုံမှာ ကျင်းပ ခဲ့ရာမှာ အဓိကတွဲဆိုင်းဖြစ်သည့် ဖိုးကေ
(မန္တလေး)နှင့် စိုးလင်းဦး(မျိုးဇာနည်) တို့ပွဲစဉ်မှာ စတုတ္ထအချီတွင် ပွဲကို ရပ်နားပြီး ပွဲ
ပျက်ခဲ့ရပါတယ်။

ဒီပွဲစဉ် အပါအ၀င် စုစုပေါင်းပွဲစဉ် (၁၁)ပွဲ အထိပါဝင်ခဲ့လို့ လက်ဝှေ့ဝါသနာရှင် ပရိသတ်
များအတွက် အထူးမျှော်လင့် စောင့်စားခဲ့ကြတဲ့ လက်ဝှေ့စိန်ခေါ်ပွဲကြီး တစ်ပွဲဖြစ်ခဲ့ပါ
တယ်။

ဒါပေမယ့် လက်ဝှေ့ဝါသနာရှင် ပရိသတ်များ အထူးမျှော်လင့်စောင့်စား ကြည့်ရှုချင်ခဲ့တဲ့ပွဲ
ကတော့ ဖိုးကေ (မန္တလေး)နှင့် စိုးလင်းဦး(မျိုးဇာနည်) တို့ပွဲစဉ်ဖြစ်ပါတယ်။

အဆိုပါလက်ဝှေ့ သမားနှစ်ဦးစလုံးက အသက်အရွယ် ချင်းတူ၊ အတွေ့အကြုံချင်းလည်းမျှ၊
လက်စလက်နရှိတဲ့ ပထမတန်းလက်ဝှေ့ ကျော်များဖြစ်တာကြောင့် ဒီပွဲ၊ ဒီတွဲဆိုင်း ကို
စိတ်ဝင်စားကြခြင်းဖြစ်တယ်။

သူတို့ နှစ်ဦးရဲ့ ပထမအကြိမ် မန္တလေးမှာ တွေ့ဆုံစဉ်က သရေပွဲဖြစ်ခဲ့တာကြောင့် အခု
ရန်ကုန်တွင် ဒုတိယအကြိမ် တွေ့ဆုံ မှုမှာ ဘယ်သူနိုင်မလဲဆိုတဲ့အချက်က ပရိသတ်
စိတ်ဝင်စားမှုကို မြင့်တက်စေပါတယ်။

ပွဲစဉ်(၁၀)ပွဲအထိ စိတ်ဝင်တစား စောင့်ကြည့်ခဲ့ရပြီးမှ နောက်ဆုံးယှဉ်ပြိုင်တဲ့ စိုးလင်းဦး
နှင့် ဖိုးကေတို့ရဲ့ပွဲစဉ်ဟာ ပရိသတ်အတွက် အရှိန်အမြင့်ဆုံးအချိန် ဖြစ်ပါတယ်။

ဒါပေမယ့် ပထမတန်း လက်ဝှေ့ကျော်နှစ်ယောက်ရဲ့ထိုးသတ်မှု ဟာ ပရိသတ်အတွက်
စိတ်ကျေနပ်စရာ မရှိခဲ့ပဲ စိတ်ပျက်စရာဖြစ်ခဲ့ပြီးနောက် စတုတ္ထအချီမှာပဲ ပရိသတ်က
ဘယ်လိုမှ သည်းမခံနိုင်တော့တာကြောင့် ပွဲစဉ်ကို ဖျက်ခဲ့ရတဲ့အထိ ဆိုးရွားခဲ့ပါတယ်။

အထူးသဖြင့် ဖိုးကေ(မန္တလေး)ရဲ့ ထိုးသတ်မှုဟာ အချိန်ဆွဲနေသလိုဖြစ်တာကြောင့်
ပရိသတ်အတွက် စိတ်တိုစရာ ဖြစ်ခဲ့သလို ဒိုင်လူကြီးများရဲ့ သတိပေးမှု ကိုလည်း
အကြိမ်ကြိမ်ခံခဲ့ရပါတယ်။

နောက်ဆုံးပရိသတ်များရဲ့တောင်းဆိုမှု ကြောင့် ဒိုင်လူကြီးများက အဆိုပါပွဲကို စတုတ္ထ
အချီ တစ်မိနစ်၊ ၁၀ စက္ကန့်မှာ ပွဲကို ရပ်ဆိုင်းခဲ့ပါတယ်။

"ကျွန်တော်တို့ ဒီပွဲကိုလာကြည့်တာ အဓိကတွဲဆိုင်းဖြစ်တဲ့ ဖိုးကေနဲ့ စိုးလင်းဦး တို့ပွဲ
ကိုကြည့်ချင်လို့ပါ။ သူတို့ဒီလိုလုပ် လိုက်တာဟာ ပရိသတ်ကို စော်ကားတာပါ။ အထူး
သဖြင့် ဖိုးကေရဲ့ထိုးသတ်ပုံကို လုံးဝကျေနပ်စရာမရှိပါဘူး။ သူ့ထက် ပေါင် ၂၀
လောက်သေးတဲ့ စိုးလင်းဦးကို အခုလိုပုံစံနဲ့ ယှဉ်ပြိုင်တာ စိတ်ပျက်စရာပဲ။ ကျွန်တော်
အရင်ဖိုးကေရဲ့ထိုးပုံ ထိုးပေါက်ကို အရမ်းကြိုက်တဲ့ သူ့ရဲ့ အမာခံ ပရိသတ်တစ်ယောက်
ပါ။ ဒီပွဲ ကိုကြည့်လိုက်ရတော့ ဖိုးကေကို စိတ်ပျက်သွားပြီ။ နောက် သူ့ပွဲဆို သွား
မကြည့်ဖို့ဆုံးဖြတ်ထားတယ်"ဟု လက်ဝှေ့ဝါသနာရှင်ပရိသတ်တစ်ဦးကပွဲအပြီးတွင်
ပြောကြားခဲ့ပါတယ်။

"သူတို့နှစ်ယောက်လည်း ထိုးတော့ ထိုးကြပါတယ်။ နည်းနည်းလေး အချိန်ဆွဲ နေတာ
က ကျွန်တော့အထင် သူတို့ ရှုံးမှာကို စိုးရိမ်နေတဲ့အတွက်ကြောင့်ပါ။ ပရိသတ်တွေကို
လည်း အပြစ်မတင်ချင်ပါဘူး။ လက်ဝှေ့ပွဲလာကြည့်တယ်ဆိုတာ သူနိုင်ကိုယ်နိုင်အင်
တိုက် အားတိုက်ထိုး တာကို ကြည့်ချင်မှာပါပဲ။ အခုလို ပွဲပျက်သွားတဲ့အတွက် သူတို
့နှစ်ယောက် အတွက် စိတ်မကောင်းပါဘူး။ ဒီပွဲကြောင့် နောက်လာမယ့်ပွဲတွေမှာသူတို
့နှစ်ယောက် တွဲဆိုင်းကို ထည့်သွင်းဖို့အတွက် ခက်ခဲ သွားနိုင်ပါတယ်"လို့ လက်ဝှေ့
ကျော် လုံးချော က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

အဓိကတွဲဆိုင်းကို ဖျက်ခဲ့ရပေမယ့် ကျန်ပွဲစဉ်များကတော့ ပရိသတ်အတွက် စိတ်ကျေ
နပ်စရာဖြစ်ခဲ့ပါတယ်။ အဆိုပါ ပွဲတွင် ထူးခြားချက်အဖြစ် အမျိုးသမီး ပွဲစဉ်သုံးပွဲပါဝင်ခဲ့
ပြီး ပရိသတ်ရဲ့ အားပေး မှုကို ရရှိခဲ့ပါတယ်။

၂၀၁၃ ဆီးဂိမ်းရဲ့ 'မွေ' ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီးများအတွက် လက်
ရည်စမ်းပွဲ အနေဖြင့် ထည့်သွင်းကျင်းပရခြင်း ဖြစ်ကြောင်းသိရပါတယ်။

အမျိုးသမီး ပထမပွဲစဉ်အဖြစ် မြွေဟောက်မ (မြွေဟောက်မင်း၊ တနင်္သာရီ)နဲ့ အေးအေးခိုင်
(စွမ်းကေကေ၊ မန္တလေး) တို့ ယှဉ်ပြိုင်ထိုးသတ်မှုတွင် အနိုင်အရှုံး အဖြေမပေါ်ပဲ သရေ
ပွဲဖြစ်ခဲ့ပါတယ်။

ဂျီဂျီလေးနှင့် ရွှေထက်ယံ(ခ) နော်ချဲဖော တို့၏ပွဲစဉ်တွင် ရွှေထက်ယံ (ခ)နော်ချဲဖော
က ဒုတိယအချီတွင် အနိုင်ရခဲ့ပြီး အမျိုးသမီးနောက်ဆုံးပွဲစဉ် အဖြစ် လရောင်နှင့်
ဝိုးတ၀ါးတို့ ယှဉ်ပြိုင် ခဲ့ပြီး ၀ိုးတ၀ါးက အနိုင်ရရှိခဲ့ပါတယ်။

လူငယ်မျိုးဆက်သစ်စိန်ခေါ်ပွဲအဖြစ် အောင်ရဲလင်းနှင့် စောစီထူးတို့ယှဉ်ပြိုင် ခဲ့ပြီး
သရေကျခဲ့ပါတယ်။

အမျိုးသား စိန်ခေါ်ပွဲများမှာ ဂျီသရီးတစ်ဦးထဲသာ အနိုင်ရရှိခဲ့ပြီး ကျန်ပွဲစဉ်များအားလုံး
သရေကျခဲ့ပါတယ်။ ဂျီသရီးသည် မိုက်တီးကို အမှတ်စဉ်(၄) ကြိမ်ရည်တွက် စေခဲ့ပြီး
အလဲထိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ကျန်ပွဲစဉ်များမှာ ထွန်းထွန်းမင်းနဲ့ သပြေညို၊ ဖိုးသားကြီးနဲ့ လေးညှို့ရှင်၊ ရဲရင့်နဲ့
ကျားပေါက်၊ ၀င်းမောက်နဲ့ မင်းမဟာ၊ ထွန်းလုံရှိန်နဲ့ ရဲရင့်ထွန်းတို့ရဲ့ ပွဲစဉ်များအား
လုံး ပရိသတ်အကြိုက် အကြိယ်အနယ်ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြ ပေမယ့် အနိုင်အရှုံး
အဖြေမပေါ်ပဲ သရေပွဲများသာဖြစ်ခဲ့ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း