ဆရာကောင်းများနဲ့ဆုံခဲ့တဲ့ ကွန်တီဘဝအစိတ်အပိုင်း

ပရီမီယာလိဂ်တောနက်ကြီးထဲကို အီတာလျံလူမျိုးတစ်ယောက်ရောက်လာတော့ အဲဒီအီတာလျံဟာ
လုပ်နိုင်ပါ့မလားလို့ သံသယဝင်ခဲ့ကြပါတယ်။

ဘာကြောင့်လဲဆိုတော့ သူလာချိန်က သူကိုင်တွယ်မယ့်ကလပ်က အချိန်အခါကောင်းမဟုတ်လို့
ပါပဲ။ သူကတော့ အန်တိုနီယိုကွန်တီဆိုတဲ့ အီတာလျံပဲဖြစ်ပါတယ်။ သူလာချိန်မှာ ချယ်လ်ဆီးဟာ
မော်ရင်ဟိုနဲ့အတူ ပျက်စီးနေလို့ ချန်ပီယံလိဂ်လည်း ဝင်ခွင့်မရ၊ ဆိုးဆိုးရွားရွားဖြစ်နေချိန်ပါ။ ဒါ
ကြောင့် သံသယဝင်ခဲ့ပါတယ်။ ပရီမီယာလိဂ်ရဲ့ဝါရင့်မန်နေဂျာကြီး ဖာဂူဆန်ကိုယ်တိုင်တောင်
ကွန်တီကို ယုံကြည်ခဲ့ကြခြင်းမရှိပါဘူး။ အခုတော့ ကွန်တီဟာ ချယ်လ်ဆီးကို ပရီမီယာလိဂ်ချန်ပီယံ
ဖလားရယူပေးနိုင်တော့မယ့်အချိန်ကို ရောက်လာခဲ့ပြီဖြစ်ပါတယ်။ အဲဒီလိုဖြစ်လာတော့လည်း
ကွန်တီ၊ ကွန်တီဆိုပြီးဖြစ်လာခဲ့တော့တာပါပဲ။

ဒီလိုဖြစ်လာတဲ့အခါ ကွန်တီလို့ဖြစ်လာဖို့ ဘယ်သူတွေက ပုံဖော်ပေးခဲ့ကြသလဲဆိုတာက စိတ်ဝင်
စားစရာဖြစ်လာပါတယ်။ ချယ်လ်ဆီးကို ပရီမီယာလိဂ်ချန်ပီယံဖလား ရယူပေးလိုက်နိုင်ရင်တော့ ကွန်တီဟာ ဘောလုံးရှစ်ရာသီအတွင်းမှာ ပရီမီယာလိဂ်ချန်ပီယံဖလားရယူပေးတဲ့ စတုတ္ထမြောက် အီတလီမန်နေဂျာ ဖြစ်လာတော့မှာပါပဲ။

ဘောလုံးသမားတစ်ယောက်ဟာ ထိပ်တန်းမန်နေဂျာတစ်ယောက်အောက်မှာ ကစားသမားအဖြစ်နဲ့ အဆင့်မြင့်မြင့် အောင်မြင်တဲ့ကစားသမားဖြစ်ခဲ့ပေမဲ့ အဲဒီဘောလုံးသမားအနားယူပြီးတော့ နည်းပြ လုပ်လာတဲ့အခါမှာ အောင်မြင်တဲ့နည်းပြတစ်ယောက်ဖြစ်လာဖို့ကတော့ ကံသေကံမပြောလို့မရတဲ့
အရာပဲ ဖြစ်ပါတယ်။

ဒီကနေ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရပြီး ဘောလုံးသမားဘဝကနေ အနားယူသွားကြ
တဲ့သူတွေဟာ အောင်မြင်တဲ့မန်နေဂျာအောက်မှာ ရှင်သန်ခဲ့ကြပေမဲ့ သူတို့ဟာ အခုအချိန်မှာအောင်
မြင်တဲ့နည်းပြတစ်ယောက် ဖြစ်လာသလားဆိုတာ ပြန်ကြည့်လိုက်ရင် ဇီဒန်းလောက်ပဲ တွေ့မယ်
ထင်ပါတယ်။ လက်ငါးချောင်းပြည့်မယ်မထင်ပါဘူး။ ဒါပေမဲ့ ကစားသမားဘဝမှာ သိပ်ပြီးထင်ထင်
ရှားရှားမရှိပေမဲ့ နည်းပြဖြစ်လာတဲ့အခါ အောင်မြင်တဲ့နည်းပြဖြစ်လာသူတွေတော့ ရှိနေခဲ့ပါတယ်။

အဲဒီအထဲမှာ ကွန်တီတစ်ယောက်အပါအဝင်ပဲ ဖြစ်ပါတယ်။ သူဟာ ကစားသမားဘဝက ဂျူဗင်တပ်
အသင်းရဲ့ကွင်းလယ်သမားဖြစ်ခဲ့ပေမဲ့ ဒဲလ်ပီယာရို၊ ဘာတစ်တူတာ၊ ခရက်စ်ပို၊ ဗီယာရီတို့လောက်
ထင်ရှားခဲ့သူတစ်ယောက် မဟုတ်ပါဘူး။ အခုတော့ ကွန်တီကတော့ အောင်မြင်တဲ့နည်းပြအဖြစ်
ဘောလုံးလောကထဲမှာ ရှင်သန်လျက်ရှိနေပါတယ်။ ဂျူဗင်တပ်ကလပ်ကို ကွန်တီရောက်လာတာ
၁၉၉၁ ကပါ၊ အဲဒီအချိန်က စီးရီးအေ ရွှေထီးဆောင်းနေချိန်၊ အေစီမီလန်အသင်း မင်းမူနေချိန်၊
ဂျူဗင်တပ်အသင်းဆိုတာ သိပ်ပြီး တူတူတန်တန်မဖြစ်သေးချိန်ပါ။ အဲဒီအချိန်က ဂျူဗင်တပ်နည်းပြက
ထရာပက်တိုနီပါ။ လက်ချီကလပ်က အသက် ၂၁ နှစ် အရွယ်ကွင်းလယ်သမားလေး အန်တိုနီယို
ကွန်တီကို ထရာပက်တိုနီက စာချုပ်ချုပ်ဆိုရောက်လာခဲ့တာဖြစ်ပါတယ်။ အေစီမီလန်မှာနည်းပြဖြစ်
တဲ့ အရီဂိုဆက်ချီက ထူးခြားတဲ့ စတိုင်သစ်တွေနဲ့နည်းပြပြီး ဥရောပအဆင့်အထိ အောင်ပွဲတွေရယူ
နေချိန်ပါ။

ဂျူဗင်တပ်မှာ မစ်ချယ်ပလာတီနီကဆရာကြီးဖြစ်နေချိန် ကွန်တီကတော့ချာတိတ်လေးပါ။ ဒါကြောင့်
ထရာပက်တိုနီက ကွန်တီတစ်ယောက် ဖြစ်ထွန်းလာဖို့ မွေးဖွားပေးတဲ့ ပထမဆုံးလက်ဦးဆရာပဲ
ဖြစ်ပါတယ်။ ထရာပက်တိုနီ လက်အောက်မှာ ကွန်တီဟာ အောင်မြင်မှုတွေရယူနိုင်ခဲ့ခြင်းမရှိပေမဲ့
ကွန်တီအတွက် တိုးတက်မှုတွေရခဲ့တဲ့ကာလပဲ ဖြစ်ပါတယ်။ အဲဒီအချိန် ဂျူဗင်တပ်မှာ ကွန်တီနဲ့ အတူ လေ့ကျင့်နေကြသူတွေက ရောဘတ်တိုဘက်ဂီယို၊ ဆက်ချီလာစီ၊ တက်ကိုနီတို့ပဲဖြစ်ပါတယ်။

အဲဒီအချိန်မှာကတည်းက ဘက်ဂီယိုကို သဘောကျခဲ့တဲ့သူလည်းဖြစ်နေခဲ့ပါတယ်။ အရင်ဆုံး
လက်ချီနည်းပြ ဖက်ချက်တီနဲ့ ဘဝစခဲ့ပြီးတဲ့နောက် ထရာပက်တိုနီနဲ့ တိုးတက်မှုတွေရခဲ့တဲ့
ကွန်တီဟာ နည်းပြရဲ့ပြောစကားတွေကို သေသေချာချာ နားထောင်လိုက်နာသူလို့ သတ်မှတ်ခံခဲ့
ရပြီး ငယ်စဉ်က အိမ်နဲ့ကျောင်း၊ လက်ချီအကယ်ဒမီပဲရှိခဲ့တဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ လက်ချီ
ကနေ တူရင်မြို့ကိုရောက်လာတော့ မျက်စိသူငယ်လိုလိုတောင်ဖြစ်ခဲ့လို့ ထရာပက်တိုနီရဲ့အားပေးမှု
တွေကြောင့် ရင့်ကျက်ခြင်းတွေရလာခဲ့ရတာဖြစ်ပါတယ်။

အိမ်၊ သူငယ်ချင်းတွေနဲ့ ပင်လယ်ကြီးကိုခွဲလာခဲ့ရတာပါ။ ဒါပေမဲ့ မမေ့လျော့တဲ့စိတ်က ငါဘယ်
တော့မှ အရှုံးသမားအဖြစ်နဲ့ လက်ချီကို ပြန်မသွားစေရဘူးဆိုတဲ့ စိတ်ကိုမွေးခဲ့တယ်လို့ ကွန်တီက
အဲဒီတုန်းက ခံယူချက်ကိုပြောပြခဲ့ပါတယ်။ ကျွန်တော့်သူငယ်ချင်းတွေက ကမ်းခြေမှာ ဇိမ်နဲ့ရှိနေ
ကြချိန်မှာ တူရင်မှာက နှင်းတွေပိတ်ဆို့ပြီး အေးခဲနေခဲ့တာလို့လည်း ပြောပြခဲ့ပါတယ်။

ဂျူဗီရဲ့ထရိန်နင်တွေကို စောင့်ကြည့်နေတဲ့ ထရာပက်တိုနီဟာ ကွန်တီကို သတိထားစောင့်ကြည့်
နေခဲ့ပြီး ဘိုင်ယန်မြူးနစ်နဲ့ဂျူဗင်တပ်ခြေစမ်းပွဲမှာ သူ့ကိုပထမဆုံးသုံးလိုက်လို့ ကွန်တီရဲ့ အဖြူနဲ့အမဲ
ဒေါင်လိုက်အစင်းဂျာစီကို ပထမဆုံးဝတ်ဆင်ခွင့်ရခဲ့တဲ့ ပွဲစဉ်ဖြစ်ခဲ့ပါတယ်။အဲဒီပွဲမှာဂျူဗင်တပ်ရှုံး
တော့ ကွန်တီရဲ့အမှားကြောင့်လို့ မီဒီယာတွေက ခေါင်းစဉ်တပ်တာကို ကြုံလိုက်ရလို့ ကွန်တီ
တစ်ယောက် စိတ်မကောင်းဖြစ်နေခဲ့ရပါတယ်။

ဒါကိုသိတဲ့ ထရာပက်တိုနီက နောက်နေ့မှာ မင်းအဲဒါတွေ ဆက်တွေးမနေနဲ့ မနေ့ကအမှားတွေ
ခေါင်းထဲကထုတ်လိုက်တော့၊ ရှေ့ဆက်မယ့်ခရီးကို စဉ်းစား၊ မင်းဒီမှာ နှစ် အကြာကြီးနေရဖို့
အကောင်းဆုံးလုပ်ရမယ်လို့ ပြောခဲ့ခြင်းက သူ့ဘဝသစ်ဖြစ်လာဖို့ အကြောင်းဖြစ်လာစေခဲ့တာပဲ
ဖြစ်ပါတယ်။ ထရာပက်တိုနီဟာ ကွန်တီရဲ့ပထမဆုံး မီးရှူးတန်ဆောင်ဖြစ်ခဲ့ပါတယ်။ ထရာပက်တိုနီ
နဲ့ဂျူဗင်တပ်မှာ အသက် ၂ဝ ကျော်ဘဝသင်ကြားမှု တွေရခဲ့ပြီးတဲ့နောက် နောက်ထပ်ဂျူဗင်တပ်ကို
ရောက်လာသူက မာဆယ်လိုလစ်ပီပါ၊

လစ်ပီရောက်လာတဲ့အခါမှာတော့ ဂျူဗင်တပ်ဆိုတာ လျှမ်းလျှမ်းတောက်ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။
လစ်ပီဂျူဗင်တပ်ကိုရောက်တော့ အသင်းရဲ့ကစားကွက်ကို ၄-၃-၃ ကစားကွက်ပြောင်းလိုက်ပြီး
ကွင်းလယ်သုံးဦးမှာ ကွန်တီကို ဘယ်အစွန်ကို ထုတ်ပစ်လိုက်ပါတယ်။ သူနဲ့အတူ ကွင်းလယ်မှာ
ကစားနေသူတွေက ဒီလီဗီယိုနဲ့ပေါ်လိုဆိုဆာ (ယခု ဖီအိုရင်တီးနားနည်းပြ) တို့ပါ။

အချိန်က ၁၉၉၄-၉၅ ဘောလုံးရာသီ ကွန်တီတစ်ယောက် အရွယ်ကောင်းအချိန်ဖြစ်ပါတယ်။
လစ်ပီရဲ့အားသာချက်မှာ ကစားသမားနဲ့ သူနဲ့ဆက်ဆံရေးကို ထူးထူးကဲကဲကောင်းအောင်
တည်ဆောက်ထားခြင်းဖြစ်ပါတယ်။ အဲဒီအချိန်မှာ လစ်ပီရဲ့နည်းပြအရည်အချင်းတွေကို ကွန်တီ
တစ်ယောက်သဘောကျပြီး ဂျူဗင်တပ်မှာ ဘောလုံးကစားရင်း သင်ယူနေပြီဖြစ်ပါတယ်။

ထူးခြားမှုအနေနဲ့က လစ်ပီလက်အောက်မှာ ကွန်တီရှာဖွေတွေ့ရှိခဲ့တာကရှုံးနိမ့်နေရင် ဘယ်လိုလုပ်
မလဲဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ လစ်ပီနဲ့အတူကွန်တီဟာ ဂျူဗင်တပ်ကို ၁၉၉၅၊ ၁၉၉၇၊ ၁၉၉၈ တို့မှာ
စီးရီးအေချန်ပီယံဖလားကို ရယူပေးခဲ့ပါတယ်။ ပြီးတော့ချန်ပီယံလိဂ်မှာ ၉၆၊ ၉၇၊ ၉၈ သုံးရာသီ
ဆက်တိုက် ဗိုလ်လုပွဲရောက်အောင် စွမ်းဆောင်ခဲ့ကြပါတယ်။ ဒါပေမဲ့ချန်ပီယံလိဂ်ဖလားကိုတော့
တစ်ကြိမ်ပဲရယူနိုင်ခဲ့ကြပါတယ်။

၁၉၉၆ မှာ အေဂျက်စ်ကို ပင်နယ်တီကန်ပြီးချန်ပီယံဖြစ်ခဲ့ပေမဲ့ ၁၉၉၇ မှာ ဒေါ့မွန်ကိုမထင်မှတ်ဘဲရှုံး၊
၁၉၉၈ မှာ ရီးယဲလ်ကိုရှုံးပြီး ဒုတိယတွေနဲ့ကျေနပ်ခဲ့ကြရပါတယ်။ အေဂျက်စ်နဲ့ပွဲမှာကွန်တီဟာ
ဦးစားပေးလူစာရင်းမှာ မပါခဲ့ပါဘူး။ ၄၄ မိနစ်ရောက်မှ ဂျူဂိုဗစ်အစား လူစားဝင်ကစားခဲ့ရပေမဲ့
အဆုံးအဖြတ်ပင်နယ်တီကို ကန်ခွင့်ရခဲ့ပြီး ဝင်အောင်ကန်သွားခဲ့သူဖြစ်ပါတယ်။ ၁၉၉၉ မှာ လစ်ပီ
နေရာကို အန်ဆယ်လော့တီ အစားဝင်လာခဲ့ပါတယ်။ ကွန်တီလည်း အသက် ၂၉ နှစ်အရွယ် ဂျူဗင်
တပ်မှာ ရှစ်နှစ်ကြာလာတဲ့ရင့်ကျက်တဲ့ ဝါရင့်ကြီး တစ်ယောက်ဖြစ်လာချိန်ပါ။ ဒါပေမဲ့ အဲဒီနှစ်
နောက်ဆုံးရှစ်ပွဲမှာ လေးပွဲဆက်တိုက်ရှုံးခဲ့ပြီး ဆဗင်ဂိုရန်အဲရစ်ဆင်ရဲ့ လာဇီယိုက ချန်ပီယံ ဖြစ်သွား
ခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ကွန်တီက အဲဒီနှစ်က ချန်ပီယံဖြစ်သင့်လျက်နဲ့ မဖြစ်ခဲ့လို့ တစ်ပတ်လုံးလုံးအိပ်လို့
မပျော်ခဲ့ဘူး။ တစ်ခုရှိတာက မင်းရှုံးရင် မင်းသင်ယူ၊ ဘာကြောင့် မနိုင်ရတာလဲဆိုတာကို တွေ့
အောင်ရှာ၊ အဲဒီအပေါ်ကနေ သင်ခန်းစာတွေရယူနိုင်ရင် အောင်မြင်မှုတွေရလာမယ်။ အောင်မြင်မှု
တွေရခဲ့ရင်လည်း ငြိမ်းချမ်းမှုတွေပိုင်ဆိုင်ရမှာပဲ၊ ၂ဝ၁၄ မှာ ကွန်တီဟာ ကစားသမားဘဝကနေ
အနားယူလိုက်ပါတယ်။ အဲဒီနောက် ၂ဝဝ၆-ဝ၇ မှာ နည်းပြဘဝထဲကို ဝင်လာခဲ့ပါတယ်။ စီးရီး
ဘီက အရီဇိုကလပ်မှာပါ၊ ကိုးပွဲပဲကိုင်လိုက်ရတယ် အထုတ်ခံလိုက်ရပါတယ်။ ကိုးပွဲမှာ တစ်ပွဲမှ
မနိုင်လို့ ထုတ်ပယ်ခံလိုက်ရတာပါ။ ၂ဝဝ၇ ဒီဇင်ဘာ ရောက်တော့ အန်တိုနီယိုကွန်တီ ကံကောင်း
သွားပြီး ဘာရီကလပ်က သူ့ကိုနည်းပြခန့်လိုက်ပြန်ပါတယ်။

ဘာရီမှာတော့ ကွန်တီဟာ အကောင်းဆုံးစွမ်းဆောင်နိုင်ပြီး ဆီနာကို ပြောင်းခဲ့ကာ ဆီနာကို စီးရီး
အေရောက်အောင် စွမ်းဆောင်ပေးလိုက်ပါတယ်။ အဲဒီလိုစွမ်းဆောင်ပေးလိုက်လို့ ဂျူဗင်တပ်က
သူ့ကိုခေါ်လိုက်ပါတယ်။ အချိန်က ၂ဝ၁၁ ဂျူဗင်တပ်အသင်း လုပ်ပွဲအရှုပ်တော်ပုံကြောင့် တန်းဆင်း
ပြစ်ဒဏ်ခံရပြီးတော့ စီးရီးအေပြန်တက်လာချိန်ဖြစ်ပါတယ်။ စီးရီးအေပြန်တက်လာတဲ့ ဂျူဗင်တပ်ကို
ကွန်တီဟာ စီးရီးအေမှာ ရှုံးပွဲမရှိကစားပြီး ၂ဝ၁၁-၁၂ ဘောလုံးရာသီ စီးရီးအေချန်ပီယံဖလားကို
ရယူပေးလိုက်ပါတယ်။ အဲဒီမှာပဲ ကွန်တီဆိုတာ ဖြစ်လာခဲ့တာဖြစ်ပါတယ်။

သူ့ကိုနည်းပြခန့်စက ဂျူဗင်တပ်ပရိသတ်တွေက သိပ်ပြီးကြိုက်ခဲ့ကြတာ မဟုတ်ပါဘူး။ သူကိုယ်
တိုင်လည်း ရောက်စမှာ အဆင်ပြေခဲ့တာမဟုတ်ပါဘူး။ ဂျူဗင်တပ်ဟာ အဆင့် (၇) အထိရောက်
သွားပြီးတဲ့အခါမှာတော့ ကွန်တီဟာ ပြောင်းလဲမှုကြီးကြီးမားမားလုပ်လိုက်ပါတယ်။ ဂျူဗင်တပ်ကို
၎-၂-၄ ကစားဟန်နဲ့ ပြောင်းလဲလိုက်တာဖြစ်ပါတယ်။ အဲဒီနောက်မှာ သူ့စိတ်ကြိုက် ၃-၅-၂ ကစား
ဟန်ကိုပြောင်းလဲပစ်လိုက်ပြီး ပီယာလို၊ မာခီစီယို၊ ဗီဒဲလ်တို့နဲ့အတူ တောင်ပံအားတွေနဲ့တိုက်စစ်
ကိုထောက်ပံ့ပေးတဲ့ဟန်ကို တည်ဆောက်နိုင်လိုက်တာဖြစ်ပါတယ်။ သူ့ရဲ့ ထူးခြားတိုးတက်ပြောင်း
လဲမှုက ဂျူဗင်တပ်ရဲ့ခံစစ်ပဲ ဖြစ်ပါတယ်။ သူ့အရင် ဂျူဗင်တပ်ကိုကိုင်တဲ့ ဒဲလ်နာရီလက်ထက်မှာ ဂျူဗင်
တပ်ခံစစ်ဟာ ၄၇ ဂိုးပေးခဲ့ရပေမဲ့ ကွန်တီလက်ထက်မှာ တစ်ရာသီလုံး ၂ဝ သာပေးခဲ့ရပါတယ်။

ဘိုနူချီ-ချီလီနီ-ဘာဇာဂလီဆိုတဲ့ ဒီနေ့အထိရှိနေတဲ့ ဂျူဗင်တပ်ခံစစ်အထိုင်ကို ကွန်တီက တည်
ဆောက်လိုက်တာဖြစ်ပါတယ်။ အေစီမီလန်ကနေ ပီယာလိုကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ခေါ်လိုက်
ပြီးတဲ့နောက်မှာ ကွန်တီဟာ ဂျူဗင်တပ်ရဲ့ ခေတ်သစ်ကို ပုံဖော်ပေးခဲ့တာဖြစ်ပါတယ်။

၂ဝ၁၃-၁၄ ဘောလုံးရာသီကဆိုရင် ကွန်တီရဲ့ ဂျူဗင်တပ်ဟာ စီးရီးအေ မှာ ရမှတ် ၁ဝ၂ မှတ်ထိရ
သွားခဲ့ပြီး ဒုတိယနေရာကအသင်းနဲ့ ၁၇ မှတ်တောင်ပြတ်သွားခဲ့ပါတယ်။ အဲဒီစွမ်းဆောင်မှုက
အီတလီနည်းပြဖြစ်လာခဲ့ရတာပဲဖြစ်ပါတယ်။ အီတလီနဲ့ ယူရို ၂ဝ၁၆ မဖြတ်သန်းခင်မှာပဲ ချယ်လ်
ဆီးကို ယူရိုပွဲပြီးရင်ကိုင်တွယ်ဖို့ စာချုပ်ကြိုချုပ်ခဲ့ပါတယ်။ ယူရို ၂ဝ၁၆ ပြိုင်ပွဲမှာ စပိန်ကို ထုတ်ပယ်
လိုက်ပြီး ဂျာမနီကို ပင်နယ်တီနဲ့ရှုံးနိမ့်ခဲ့ပေမဲ့ ကွန်တီဟာ အီတလီကို အကောင်းဆုံးကိုင်တွယ်ခဲ့သူ
ဖြစ်ပါတယ်။

ပရီမီယာလိဂ်ကိုရောက်လာတော့ ချယ်လ်ဆီးနဲ့တာထွက်တွေမှာ ကွန်တီရလဒ်တွေမကောင်းဖြစ်ခဲ့
ပြီး လီဗာပူးကို အိမ်ကွင်းမှာရှုံး၊ အာဆင်နယ်ကို အဝေးကွင်းမှာရှုံးဆိုတာတွေ ဖြစ်သွားခဲ့ပါတယ်။
အဲဒီမှာပဲ သူ့ရဲ့ ဂျူဗင်တပ်ကစတိုင် ၃-၅-၂ ဟန်နဲ့ ချယ်လ်ဆီးကို ပြန်တည်လိုက်တာ အခုထိ ချယ်လ်
ဆီးဟာ ခံစစ်ငြိမ်၊ တိုက်စစ်ကောင်း၊ သူကိုင်ခဲ့တဲ့ ဂျူဗင်တပ်စတိုင်အတိုင်းပဲ ချယ်လ်ဆီးကို ပရီမီယာ
လိဂ်မှာ ဦးဆောင်စေခဲ့ပြီဖြစ်ပါတယ်။ အခု ၁ဝ မှတ်ဖြတ်ထားပြီ ဖြစ်သလို ချယ်လ်ဆီးကလည်း
ခြေခေါက်သွားခြင်းမရှိဘဲ အကောင်းဆုံးဖြတ်သန်းနေတာကတော့ ကွန်တီရဲ့ ဆရာကောင်းတွေနဲ့
ဖြတ်သန်းခဲ့ရမှုတွေနဲ့ သင်ယူမှုတွေ၊ ကြိုးစား ခဲ့မှုတွေရဲ့ အသီးအပွင့်ဆိုတာ ထင်ရှားနေပါတယ်။
ဆရာကောင်းတပည့် ပန်းကောင်းပန်ဆိုတဲ့အထဲမှာ ကွန်တီတစ်ယောက်အပါ အဝင်လို့ ခံစားနေ
မိပါရဲ့။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း