ဂျီတီဂျီရဲ့တစ်နှစ်ပြည့်ပွဲမှာ စိုးလင်းဦးနဲ့ ဖျံသွေး ဘယ်သူအောင်ပွဲခံမလဲ

စိုးလင်းဦး။ နိုင်ဝင်းထွန်း / မြန်မာတိုင်း(မ်)စိုးလင်းဦး။ နိုင်ဝင်းထွန်း / မြန်မာတိုင်း(မ်)

လာမယ့်မတ် ၂၆ ရက်မှာ ဂျီတီဂျီဂရု(ပ်)က 'ရိုးရာကျားတို့အားပြိုင်ပွဲ' အမည်နဲ့မြန်မာ့ရိုးရာလက်ဝှေ့
စိန်ခေါ်ပွဲကြီးကို သိမ်ဖြူရုံမှာ ကျင်းပဖို့ရှိနေပါတယ်။

ဒီပွဲဟာဂျီတီဂျီဂရု(ပ်)အတွက် စတုတ္ထမြောက်ပွဲစဉ်ဖြစ်သလို ၄င်းတို့အဖွဲ့ရဲ့ တစ်နှစ်ပြည့်ပွဲလည်းဖြစ်
တာကြောင့် မွေးနေ့အမှတ်တရအဖြစ် ဝင်ကြေးအခမဲ့နဲ့ကျင်းပမှာပါ။ မျိုးဆက်သစ်ပွဲနဲ့ တိုင်းနဲ့ပြည်
နယ်ပွဲကလွဲရင် ဝင်ကြေးအခမဲ့လက်ဝှေ့ပွဲဆိုတာအရမ်းရှားလို့ ဒီပွဲကြီးက ရိုးရာလက်ဝှေ့ပရိသတ်
အတွက် လက်ဆောင်ကောင်းတစ်ခုပါပဲ။

ဝင်ကြေးအခမဲ့ဆိုပေမဲ့ တွဲဆိုင်းတွေက ဒိတ်ဒိတ်ကြဲတွဲဆိုင်းတွေဖြစ်လို့ ပွဲမတိုင်ခင်ကတည်းက
ရိုးရာလက်ဝှေ့ပရိသတ်အကြားမှာ ရေပန်းစားနေခဲ့ပါတယ်။ အထူးသဖြင့် အဓိကတွဲဆိုင်းဖြစ်တဲ့
စိုးလင်းဦးနဲ့ ဖျံသွေးတို့ရဲ့ ပွဲစဉ်ပဲဖြစ်ပါတယ်။ လက်ရှိနာမည်ကျော်ရိုးရာလက်ဝှေ့သမားနှစ်ယောက်
ရဲ့ပထမဆုံးအကြိမ် တွေ့ဆုံမှုဖြစ်တာကြောင့် ဒီပွဲရဲ့အဖြေက စိတ်ဝင်စားစရာ ကောင်းနေပါတယ်။

အတွေ့အကြုံသာတဲ့ စိုးလင်းဦး

စိုးလင်းဦးကတော့ ရိုးရာလက်ဝှေ့ပရိသတ်တွေက သံမဏိလူသားလို့ အမည်ပြောင်ပေးထားတဲ့
မာဂုဏ်မြင့် ရိုးရာလက်ဝှေ့သမားဖြစ်ပါတယ်။ တွေ့မရှောင်၊ ဝင်းထွန်း၊ ရန်ကြီးအောင်အစရှိတဲ့
ရိုးရာလက်ဝှေ့သမားဟောင်းကြီးတွေနဲ့ အကြိတ်အနယ်ထိုးသတ်ခဲ့ဖူးသူဖြစ်သလို လက်ရှိနာမည်
ကြီးလက်ဝှေ့သမားတွေဖြစ်တဲ့ တူးတူး၊ သပြေညို၊ သွေးသစ်အောင်တို့အပြင် နိုင်ငံခြားသား
ဖိုက်တာတွေနဲ့ ပွဲပေါင်းများစွာထိုးသတ်ထားပြီး ရလဒ်ကောင်းတွေကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

ကြံ့ခိုင်မှုကောင်းပြီး ပါဝါလက်သီးတွေနဲ့ ပြိုင်ဘက်တွေအပေါ် လွှမ်းမိုးနိုင်ခဲ့သူဖြစ်ပါတယ်။ မာဂုဏ်
မြင့်ကစားသမားဖြစ်သလို အသည်းကောင်းလွန်းတာကြောင့် ပရိသတ်ရဲ့အားပေးမှုကို အခိုင်အမာ
ရရှိထားတဲ့ ရိုးရာလက်ဝှေ့သမားတစ်ဦးဖြစ်တယ်။ ပြိုင်ဘက်လက်ဝှေ့သမား ဖျံသွေးထက်အတွေ့
အကြုံများသူဖြစ်တယ်။ နိုင်ငံခြားသားဖိုက်တာတွေကို ပွဲစဉ်တိုင်းအလဲထိုးနိုင်ပေမဲ့ ရိုးရာလက်ဝှေ့
သမားအချင်းချင်းတွေ့ရင် အသာစီးထိုးသတ်နိုင်သော်လည်း သရေရလဒ်တွေ များတာကိုတွေ့ရ
တယ်။

ဂျီတီဂျီပွဲတွေမှာ  ရလဒ်ကောင်းတတ်တဲ့ဖျံသွေး

ဒီကစားသမားဟာ ၂ဝ၁၅ ခုနှစ်ရွှေခါးပတ်ချန်ပီယံပြိုင်ပွဲအပြီးမှာ ထွန်းတောက်လာတဲ့ ကြယ်
တစ်ပွင့်ဖြစ်တယ်။ ဒီလူငယ်လက်ဝှေ့သမားဟာလည်း ပါဝါလက်သီးတွေနဲ့ ပြိုင်ဘက်တွေကို
အနိုင်ယူပြီး နှစ်အနည်းငယ်အတွင်း ရိုးရာလက်ဝှေ့ကြိုးဝိုင်းမှာ နေရာရလာသူဖြစ်တယ်။

၂ဝ၁၆ ခုနှစ်အတွင်းမှာ စီနီယာလက်ဝှေ့သမားတွေဖြစ်တဲ့ သပြေညို၊ ဂေါ်မူဒိုတို့ကိုအလဲထိုးအနိုင်
ယူပြီး အချိန်တိုအတွင်းနာမည်ကြီးလာခဲ့တာပါ။ ထိုးသတ်ရခက်တဲ့ သပြေညို၊ ဂေါ်မူဒိုတို့လို
လက်ဝှေ့သမားတွေကို အနိုင်ယူနိုင်ခဲ့လို့ စိုးလင်းဦးနဲ့တွေ့ဆုံဖို့ ဖြစ်လာတာပါ။ သပြေညို၊ ဂေါ်မူဒို
တို့ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်နှစ်ပွဲစလုံးကလည်း ဂျီတီဂျီရဲ့ပွဲစဉ်တွေဖြစ်လို့ ဖျံသွေးဟာ ဂျီတီဂျီနဲ့ ကံစပ်
တယ်လို့ ပြောနိုင်တယ်။ ဂျီတီဂျီပွဲတစ်နှစ်ပြည့်ပွဲမှာ စိုးလင်းဦးကို ကျော်ဖြတ်ပြီး ရလဒ်ကောင်းထပ်
ရမလားဆိုတာ ဒီအပတ်မှာ စောင့်ကြည့်ရမှာပါ။

ဖျံသွေး(ယာ) နှင့် စောဂေါ်မူဒိုတို့ ပြီးခဲ့သည့်နှစ်က ရင်ဆိုင်ထိုးသတ်ခဲ့စဉ်။ ဓာတ်ပုံ - မြန်မာတိုင်း(မ်)ဖျံသွေး(ယာ) နှင့် စောဂေါ်မူဒိုတို့ ပြီးခဲ့သည့်နှစ်က ရင်ဆိုင်ထိုးသတ်ခဲ့စဉ်။ ဓာတ်ပုံ - မြန်မာတိုင်း(မ်)

ကောင်တာနဲ့ ဖိုက်တာ တွေ့တဲ့ပွဲ

ဒုတိယမြောက် အဓိကပွဲစဉ်ကတော့ သွေးသစ်ဝင်းလှိုင်နဲ့ ရွှေရာမာဉ်တို့ရဲ့တွဲဆိုင်းပါ။ ဂျီတီဂျီက
၎င်းတို့ရဲ့ တစ်နှစ်ပြည့်ပွဲမှာ သွေးသစ်ဝင်းလှိုင်နဲ့ သပြေညိုတို့ရဲ့ တွဲဆိုင်းကို ထည့်ဖို့စီစဉ်ခဲ့ပေမဲ့
ကိုယ်အလေးချိန်ကွာဟမှုကြောင့် ရွှေရာမာဉ်နဲ့ ပြောင်းလဲစီစဉ်လိုက်တာပါ။ ရွှေခါးပတ်ချန်ပီယံ
သွေးသစ်ဝင်းလှိုင်က သွေးအေးအေးနဲ့ ယှဉ်ပြိုင်တတ်သူဖြစ်တယ်။ ကောင်တာသမားစစ်စစ်ဖြစ်ပြီး
တန်ပြန်တိုက်စစ်ကို ပညာသားပါပါ အသုံးချတတ်သူဖြစ်တယ်။

ရွှေရာမာဉ်ကတော့ တိုက်စစ်ကို ဦးဆောင်ကစားတဲ့ ဖိုက်တာသမားဖြစ်ပြီး အမြင့်ကန်ချက်၊ လက်
သီးတွဲလုံးတွေကို အသုံးပြုတတ်သူဖြစ်တယ်။

ဒီပွဲစဉ်တွေအပြင် ရဲသွေးနီနဲ့ ထွန်းလွင်မိုးတို့ရဲ့ မကျေပွဲ။ ဒီကစားသမားနှစ်ယောက် တွေ့ဆုံတိုင်း
အကြိတ်အနယ်ရှိပေမဲ့ အရှုံး၊ အနိုင်အဖြေကတော့ မထွက်ခဲ့ဘဲ သရေပွဲတွေဖြစ်ခဲ့ပါတယ်။
နောက်ထပ်တွဲဆိုင်းကတော့ ၂ဝ၁၆ ရွှေခါးပတ်ချန်ပီယံပြိုင်ပွဲရဲ့ ရန်ကြွေးဖြစ်တဲ့ မိုက်ရိုင်းနဲ့နက္ခတ်
အောင်တို့ရဲ့ တွဲဆိုင်းပါ။

၂ဝ၁၆ ရွှေခါးပတ်ချန်ပီယံဗိုလ်လုပွဲမှာ ဒီလက်ဝှေ့သမားတွေ့ဆုံခဲ့ပြီး မိုက်ရိုင်းက အမှတ်နဲ့အနိုင်
ယူပြီး ရွှေခါးပတ်ကိုရရှိသွားပါတယ်။ ဒီမကျေပွဲကိုလည်း ထပ်မံမြင်တွေ့ရဖို့ ရှိနေတယ်။ ဒီတွဲဆိုင်း
တွေအပြင် ကျော်စွာဝင်းနဲ့ လင်းထက်အောင်၊ ဒေါင်းဖြူနဲ့ ကျော်ဝင်းအောင်၊ ရာဇာနဲ့ သက်ဆိုးပေ၊
ထွန်းနိုင်ဦးနဲ့ မင်းထက်အောင်၊ စိုးထက်ဦးနဲ့ မင်းမောင်မောင်၊ သားအသည်းတစ်ပွင့်နဲ့ စောမင်း
အောင်တို့ရဲ့ အကြိတ်အနယ်စိန်ခေါ်ပွဲစဉ်တွေနဲ့ ဂျီတီဂျီရဲ့ တစ်နှစ်ပြည့်ပွဲက ပရိသတ်တွေကို ဆွဲ
ဆောင်နေပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း