အေစီတို့ နိုင်ပွဲထပ်ရဦးမယ်ထင်တယ်

 

ဆက်စူလို - လာဇီယို (စနေ၊ ည ၁ဝး၃ဝ)

ဆက်စူလိုက အိမ်ကွင်းအရှုံး၊ အဝေးကွင်းမှာ အနိုင်ကစားတဲ့ ဖော်မြူလာနဲ့သွားနေတယ်။ လာဇီယို
ကလည်း ဆက်တိုက်ခြေတက်နေပြီး ကွင်းလယ်ကစားကွက်ကောင်းတယ်။ တိုက်စစ်ရော၊ ခံစစ်ပါ
စွယ်စုံကောင်းသလို အဓိကတိုက်စစ်မှူးအင်မိုဘီလီလည်း ဂိုးပြန်သွင်းလာတယ်။ ပုံမှန်အတိုင်း
ဆိုရင် လာဇီယိုကိုရွေးချယ်လိုက်ပါ။

ရိုးမား - အမ်ပိုလီ (တနင်္ဂနွေ၊ နံနက် ၁း၁၅)

ပြီးခဲ့တဲ့ စီးရီးအေနှစ်ပွဲဆက်တိုက်မှာ ပါလာမိုကို ၃-ဝ၊ ဆက်စူလိုကို ၃-၁နဲ့ ဆက်တိုက်နိုင်လိုက်လို့ ရိုးမားတို့ ခြေစွမ်းပြန်တက်လာမယ်လို့ ယူဆရတယ်။ အထူးသဖြင့် ဒီဇီကို၊ မိုဟာမက်ဆာလာတို့
ဂိုးပြန်သွင်းနိုင်ခြင်းနဲ့အတူ ရိုးမားဂိုးသွင်းနှုန်းပြန်တက်လာတယ်။ အမ်ပိုလီကတော့ ပွဲကျပ်တွေ
ဆက်ပြီး တောက်လျှောက်စိုက်ဆင်းနေရာမှာ နောက်တန်းပါပွင့်ထွက်နေတယ်။ ရိုးမားကို ပိုကြိုက်
တယ်။

တိုရီနို - ယူဒီနီးစ် (တနင်္ဂနွေ၊ ညနေ ၅းဝဝ)

အင်တာမီလန်ကို ၂-၂ သရေကစားသွားတဲ့ ခြေစွမ်းအရဆိုရင် တိုရီနိုကို လျှော့တွက်လို့မရဘူး။
အီတလီတိုက်စစ်မှူးဘယ်လော့တီ ဂိုးသွင်းအားကျနေပေမဲ့ ရိုးမားကစားသမားဟောင်းတွေဖြစ်တဲ့
အဒမ်လာဂျစ်နဲ့အိုင်တာဘီတို့ တိုရီနိုမှာပြန်တွဲဖြစ်ပြီး အလုပ်ဖြစ်နေတယ်။ ယူဒီနီးစ်ကလည်း ပြီးခဲ့
တဲ့နှစ်ပွဲဆက်တိုက်မှာ ပက်စ်ကာရာကို ၃-၁၊ ပါလာမိုကို ၄-၁ နဲ့ နိုင်ထားလို့ အားထည့်ကစားရင်
ကြောက်ဖို့ကောင်းတာ ပေါ်လွင်နေတယ်။ ယူဒီနီးစ်ဘက်က အရဲစွန့်သင့်တယ်။

ဂျီနိုအာ - အတ္တလန္တာ (တနင်္ဂနွေ၊ ည ၇း၃ဝ)

မြို့ခံပြိုင်ဘက် ဆမ်ဒိုးရီးယားနဲ့ အေစီမီလန်တို့ကို ဆက်တိုက်ရှုံးခဲ့တဲ့ ဂျီနိုအာမှာ လတ်တလော
ပြဿ     နာက ဂိုးသွင်းနှုန်းကျဆင်းနေခြင်းပဲ ဖြစ်ပါတယ်။ တိုက်စစ်မှူးဆင်မြွန်နီဂိုးမသွင်းနိုင်တာ
တစ်လကျော်သွားပါပြီ။ အတ္တလန္တာကတော့ ပက်စ်ကာရာကို ၃-ဝ နဲ့ နိုင်လိုက်လို့ အသင်းကိုပြန်ပြီး
ဆွဲတင်'နိုင်မယ့် အနေအထားမှာရှိတယ်။ အာဂျင်တီးနားတိုက်စစ်မှူးဂိုမက်ဇ် ဂိုးပြန်မြူးနေလို့
အတ္တလန္တာကို ပိုကြိုက်တယ်။

ဖီအိုရင်တီးနား - ဘိုလော့နာ (တနင်္ဂနွေ၊ ည ၇း၃ဝ)

ဂိုးသွင်းနှုန်း လျော့ကျသွားပေမဲ့ ဖီအိုရင်တီးနားတို့ နိုင်ပွဲဆက်နေတယ်။ ၃-၄-၂-၁ ပုံစံ ပြောင်း
ကစားလိုက်တာကြောင့် ဖီအိုရင်တီးနားတို့ အနည်းငယ်ရုန်းကန်နေရပြီး တိုက်စစ်ပိုင်းလျော့ကျ
သွားတယ်။ ဘိုလော့နာကတော့ နှစ်ပွဲဆက်တိုက်နိုင်ပြီး ခြေစွမ်းပြန်ထောင်တက်လာတယ်။ တိုက်
စစ်မှူးဗာဒီနဲ့ ဝါရင့်ဆွစ်ဇာလန် ကွင်းလယ်တိုက်စစ်သမား ဒီဇီမိုင်လီတို့ ဂိုးမြူးနေတယ်။ ဘိုလော့
နာဘက်က အရဲစွန့်သင့်တယ်။

ပါလာမို - ကက်ဂလီယာရီ (တနင်္ဂနွေ၊ ည ၇း၃ဝ)

တန်းမဆင်းရဖို့ ဖျစ်ညှစ်အားစိုက်နေပေမဲ့ ပါလာမိုတို့ အသင်းကြီးတွေကို ဆက်တိုက်ရင်ဆိုင်နေ
ရတယ်။ ပြီးခဲ့တဲ့ သုံးပွဲဆက်တိုက်ရှုံးခဲ့ရာမှာ ၁ဝ ဂိုး သွင်းခံလိုက်ရတဲ့ ပါလာမိုနောက်တန်းကို
ယုံစားလို့မရတော့ဘူး။ ကက်ဂလီယာရီကတော့ လာဇီယိုကို ဂိုးမရှိသရေကစားသွားတဲ့ခြေစွမ်းကို
ဆက်ထိန်းနိုင်မယ်ဆိုရင် ပါလာမိုမချောင်ဘူး။ ကက်ဂလီယာရီကို ပိုကြိုက်တယ်။

ချီယေဗို - ခရိုတိုနီ (တနင်္ဂနွေ၊ ည ၇း၃ဝ)

လတ်တလောမှာ ချီယေဗိုတို့ အိမ်ကွင်းအနိုင်၊ အဝေးကွင်းအရှုံး ဖော်မြူလာနဲ့သွားနေတယ်။ ပြီးခဲ့
တဲ့ အိမ်ကွင်းနှစ်ပွဲဆက်တိုက်မှာ ချီယေဗိုက အမ်ပိုလီကို ၄-ဝ၊ ပက်စ်ကာရာကို ၂-ဝနဲ့ နိုင်ထားလို့
ကိုယ့်မြေပေါ်မှာ အားထည့်ကစားပြီး တိုက်စစ်ရော ခံစစ်ပါကောင်းမွန်နေတယ်။ ခရိုတိုနီကတော့
ဆက်တိုက်ရှုံးနေတဲ့အပြင် သုံးပွဲဆက်တိုက် ဂိုးမိုးခေါင်နေတယ်။ ချီယေဗိုတို့ နိုင်ပွဲသေချာပါလိမ့်
မယ်။

ပက်စ်ကာရာ - အေစီမီလန် (တနင်္ဂနွေ၊ ည ၇း၃ဝ)

တန်းဆင်းရဖို့ သေချာသလောက်ရှိနေတဲ့ ပက်စ်ကာရာတို့ ယုံကြည်မှုရော ကစားအားပါကျဆင်း
ဗနတယ်။ လေးပွဲဆက်တိုက်ရှုံးခဲ့ရာမှာ ၁၁ ဂိုးသွင်းခံရလို့ နောက်တန်း'ပွင့်ထွက်'နေတယ်။ အေစီ
မီလန်ကတော့ နှစ်လအတွင်း စီးရီးအေမှာ ဂျူဗင်တပ်ကို ၂-၁နဲ့ ရှုံးခဲ့တာကလွဲပြီး ကျန်ပွဲတိုင်းအနိုင်
ကစားထားတယ်။ လူငယ်လူသစ်တွေနဲ့ အချိတ်အဆက်မိနေပြီး တိုက်စစ်ကစားပုံ  ပြန်လည်
ကောင်းမွန်နေတဲ့အေစီမီလန်ကို ရွေးချယ်လိုက်ပါ။

အင်တာမီလန် - ဆမ်ဒိုးရီးယား (အင်္ဂါ၊ နံနက် ၁း၁၅)

တိုရီနိုကွင်းမှာ ၂-၂ သရေကျခဲ့ပေမဲ့ ကစားကွက်ရော ဘောလုံးပိုင်ဆိုင်မှုပါ အင်တာမီလန်တို့
အသာစီးရခဲ့တယ်။ လတ်တလော အင်တာမီလန်ဂိုးသွင်းနှုန်းက စီးရီးအေမှာ အမြင့်ဆုံးရောက်နေ
ပြီး သုံးပွဲဆက်တိုက်အတွင်း ၁၄ ဂိုးသွင်းထားတယ်။ ဆမ်ဒိုးရီးယားလည်း ခြေပြန်တက်လာပေမဲ့
ခြေစွမ်းအရ တိုက်စစ်ထက်မြက်တဲ့ အသင်းကြီးတွေကို ကြံ့ကြံ့ခံနိုင်စွမ်းမရှိသေးတာကို ဖော်ပြနေ
တယ်။ အင်တာမီလန်အတွက် သုံးမှတ်သေချာတဲ့ပွဲပါ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း