လက်ခလယ်ထောင်ပြသဖြင့် ရီးယဲလ်မက်ဒရစ်အသင်း ကစားသမား ဂျိမ်းရိုဒရီဂွက်ဇ် ဝေဖန်ခံရ

ရီးယဲလ်မက်ဒရစ်နှင့် ကိုလံဘီယာ ကွင်းလယ်လူ ဂျမ်းရိုဒရီဂွက်ဇ်။ ဓာတ်ပုံ - အေအက်ဖ်ပီရီးယဲလ်မက်ဒရစ်နှင့် ကိုလံဘီယာ ကွင်းလယ်လူ ဂျမ်းရိုဒရီဂွက်ဇ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ရီးယဲလ်မက်ဒရစ်ကွင်းလယ်လူ ဂျိမ်းရိုဒရီဂွက်ဇ်သည် ၄င်းဇာတိမြေ ကိုလံဘီယာတွင် လက်ရွေး
စင်အသင်းနှင့် လေ့ကျင့်ခန်းဆင်းနေစဉ် သတင်းထောက်များကို မဖွယ်မရာလုပ်ပြသည့်ဓာတ်ပုံ
များ တနင်္လာနေ့က ထွက်ပေါ်လာသဖြင့် ဝေဖန်ခံရလျက်ရှိသည်။

ပြီးခဲ့သည့်အင်္ဂါနေ့က ကစားခဲ့သော အီကွေဒေါနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် လေ့ကျင့်နေ
သော ကိုလံဘီယာလက်ရွေးစင် အသင်း၏ လေ့ကျင့်ရေးကွင်း အပြင်ဘက်တွင် ရိုဒရီဂွက်ဇ်သည်
သတင်းထောက်များကို လက်ခလယ်ထောင်ပြခဲ့ခြင်းဖြစ်သည်။

အဆိုပါအမူအရာကို ကိုလံဘီယာနိုင်ငံတွင် ''ပစ္စတိုသေနတ်'' ဟုခေါ်ကြပြီး ကလေးမျက်နှာပေး
နှင့် လူချစ်လူခင်ပေါများသော ရိုဒရီဂွက်ဇ်အပေါ် ဝေဖန်မှုများတိုးပွားလာလျက်ရှိ၏။

''ဂျိမ်းက စိတ်နည်းနည်းလွတ်သွားတယ်။ သူ့အမူအရာကလည်း မထိန်းနိုင်မသိမ်းနိုင်ဖြစ်သွားခဲ့
ပါတယ်''ဟု ကိုလံဘီယာသတင်းစာ အယ်တီအမ်ပိုက အားကစားအယ်ဒီတာ ဂေဘရီယယ်မယ်
လက်က သတင်းတွင် ရေးသားဖော်ပြသည်။

လူမှုကွန်ရက်မီဒီယာများ၌လည်း ဝေဖန်သူများကတစ်ဖက်၊ ရိုဒရီဂွက်ဇ်ကို ကာကွယ်ပြောဆိုသူများ
ကတစ်ဖက်နှင့် အငြင်းအခုံများဖြစ်ပွားလာခဲ့သည်။ ၄င်းအား ထောက်ခံသူများကမူ ရိုဒရီဂွက်ဇ်မှာ
ပြိုင်ပွဲမတိုင်မီ ဖိအားအလွန်များနေခဲ့ကြောင်း၊ လာမည့်နှစ်တွင် ရုရှား၌ကျင်းပမည့် ကမ္ဘာ့ဖလား
ဘောလုံးပြိုင်ပွဲအတွက် တောင်အမေရိကဇုန်က ခြေစစ်ပွဲအောင်မည့်အသင်းများတွင် ကိုလံဘီယာ
မှာ နောက်ဆုံးအဆင့်၌ရပ်တည်နေသော်လည်း ကျန် အီကွေဒေါနှင့်ချီလီနိုင်ငံများနှင့် ရမှတ်
တစ်မှတ်သာ ကွာခြားလျက်ရှိကြောင်း၊ သို့အတွက် ရိုဒရီဂွက်ဇ်အပေါ်တွင် ဖိအားများနေကြောင်း
ပြောဆိုကြသည်။

''ဂျိမ်းရိုဒရီဂွက်ဇ်က လူသားတစ်ယောက်ပါ။ ဒါကြောင့် သူဟာ ပြီးပြည့်စုံခြင်းမရှိဘူး။ အားကစား
ရဲ့အတင်းအဖျင်း သတင်းမီဒီယာနဲ့ အနှောင့်အယှက်ပေးနေတဲ့ သတင်းတွေကို သူအများကြီး
သည်းညည်းခံနေခဲ့ရပါတယ်'' ဟု မာရင်အမ်ရီဗာရိုဆိုသူက တွစ်တာတွင် ရေးသားဖော်ပြသည်။

ဂျိမ်းသည် ကိုလံဘီယာဘောလုံးအဖွဲ့ချုပ် ဒုတိယထပ်အားကစားခန်းထဲမှ သတင်းထောက်များကို
ယင်းကဲ့သို့ လက်ခလယ်ထောင်ပြခဲ့ခြင်းဖြစ်ကြောင်း အဆိုပါဓာတ်ပုံကို ရိုက်ယူခဲ့သည့် အေ
အက်ဖ်ပီဓာတ်ပုံဆရာ လူဝစ်အကော့စတာက ဆိုသည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ရိုဒရီဂွက်ဇ် နှင့် ကိုလံဘီယာ ဘောလုံးအဖွဲ့ချုပ်သို့ဆက်သွယ်
မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။


 

– ဇော်ညွန့် ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း