ကံတရားနဲ့ အားထုတ်မှုကောင်းနေတဲ့ ရီးယဲလ်ကို ရင်ဆိုင်ဖို့ ဘာစီလိုနာ အဆင်သင့်ရှိနိုင်ပါ့မလား

 

ရီးယဲလ်နောက်ခံလူ မာဆယ်လို(လယ်) နှင့် ဘာစီလိုနာ ကစားသမားများ ဘောလုံးယှဉ်လုနေစဉ်။ ဓာတ်ပုံ - အီးပီအေရီးယဲလ်နောက်ခံလူ မာဆယ်လို(လယ်) နှင့် ဘာစီလိုနာ ကစားသမားများ ဘောလုံးယှဉ်လုနေစဉ်။ ဓာတ်ပုံ - အီးပီအေ

ရီးယဲလ်မက်ဒရစ် – ဘာစီလိုနာ
တနင်္လာ၊ နံနက် ၁း၁၅

ဒီပွဲကတော့ ကြည့်ကောင်းမယ်။ နှစ်သင်းစလုံးအတွက် လာလီဂါချန်ပီယံအဆုံးအဖြတ်လို့တောင်
ပြောနိုင်တယ်။ အထူးသဖြင့်တော့ ဘာစီလိုနာအတွက် ဒီတစ်ပတ်အတွင်းမှာ ချန်ပီယံဆုတွေ
အတွက် နောက်ထပ် အဆုံးအဖြတ်ပေးမယ့်ပွဲပါပဲ။

ဒီပွဲမတိုင်မီမှာ ဘာစီလိုနာဟာ ချန်ပီယံလိဂ်အဆုံးအဖြတ်ပွဲအဖြစ် ဂျူဗင်တပ်နဲ့ကစားထားရပြီး အခု
ရီးယဲလ်နဲ့ပွဲကလည်း လာလီဂါချန်ပီယံဆုကို အဆုံးအဖြတ်ပေးသွားနိုင်တယ်။ ရီးယဲလ်ကတော့ ဒီပွဲ
မတိုင်မီ ဘာစီလိုနာကို သုံးမှတ်ဖြတ်ထားနိုင်ပြီး ပွဲကျန်တစ်ပွဲလည်း ကစားဖို့ရှိနေသေးလို့ ဘာစီလို
နာလောက်တော့ ဖိအားမရှိဘူး။ ဒီပွဲကိုအနိုင်ရလိုက်ရင်ခြောက်မှတ်ဖြတ်ပြီး ပွဲကျန်တစ်ပွဲနဲ့ရီးယဲလ်
ချန်ပီယံဖြစ်ရေးအတော်လေးကို အားကောင်းသွားတော့မှာဖြစ်ပြီး ရှုံးလိုက်ရင်ပဲဖြစ်ဖြစ်၊ သရေကျ
ခဲ့ရင်ပဲဖြစ်ဖြစ် လက်ကျန်တစ်ပွဲကြောင့် ချန်ပီယံမျှော်လင့်ချက်က အပြည့်ရှိနေသေးတယ်။

ဘာစီလိုနာအတွက်ကတော့ ဒီပွဲကို အနိုင်မကစားထားနိုင်ရင်ကို အခြေအနေက သိပ်မကောင်း
နိုင်တော့ဘူး။ ဒါကြောင့် အခုပွဲက ရီးယဲလ်ထက် ဘာစီလိုနာအတွက် မနိုင်မဖြစ်အနိုင် ကစားထား
နိုင်ဖို့လိုနေတဲ့ပွဲလို့ ပြောနိုင်တယ်။ ဒါပေမဲ့ ဘာစီလိုနာရဲ့ လက်ရှိခြေစွမ်းကိုကြည့်ရင်တော့ သိပ်
အားရစရာမရှိလှတာ အမှန်ပဲ၊ နောက်ဆုံးကစားထားတဲ့ ပြိုင်ပွဲစုံအဝေးကွင်းနှစ်ပွဲစလုံးမှာလည်း
မာလာဂါနဲ့ဂျူဗင်တပ်လို အသင်းတွေကို အရှုံးပေးခဲ့ရသလို အဲဒီနှစ်ပွဲစလုံးမှာလည်း တိုက်စစ်က
တစ်ဂိုးမျှမရခဲ့တာကလည်း ဘာစီလိုနာတိုက်စစ်အတွက် စိန်ခေါ်မှုလိုဖြစ်နေတယ်။

နောက်ပြီး ဒီပွဲမှာ နေမာပွဲပယ်ခံထားရလို့ မကစားနိုင်တာကလည်းရှိနေပြန်လို့ ဘာစီလိုနာတိုက်
စစ်က အားလျော့နေပြန်တယ်။ နောက်ထပ် ဘာစီလိုနာအတွက် စိုးရိမ်စရာကတော့ တိုက်စစ်ပိုင်း
သာမကပါဘူး၊ ခံစစ်ကလည်း နောက်ဆုံးကစားထားတဲ့ မာလာဂါ၊ ဂျူဗင်တပ်နဲ့ ဆိုစီဒက်အသင်း
တွေနဲ့ ပွဲတွေမှာ တစ်ပွဲအနည်းဆုံး နှစ်ဂိုးနှုန်းပေးထားရပြီး စုစုပေါင်းပေးဂိုး ခုနစ်ဂိုးအထိရှိနေတာ
ကလည်း ရီးယဲလ်လို အသင်းကြီးကိုရင်ဆိုင်ဖို့ ဘာစီလိုနာခံစစ်မှာပါ အဆင်သင့်ရှိနိုင်ပါ့မလား
ဆိုတာ စဉ်းစားစရာဖြစ်လာတယ်။

ရီးယဲလ်ကတော့ ဘာစီလိုနာလောက် ဖိအားသိပ်မရှိတဲ့အပြင် ဒီရာသီမှာရီးယဲလ်ရဲ့အနေအထားက
ကံတရားကပါ ဖေးမမှုရှိနေတယ်လို့ပြောလို့ရတယ်။ ရီးယဲလ်ဟာ ဒီရာသီမှာ ကစားပုံသိပ်မကောင်း
လှတဲ့အပြင် အသင်းမှာလည်း ဒဏ်ရာတွေကြောင့် လူစုံမကစားနိုင်တာကများ နေတဲ့ကြားမှ နိုင်ပွဲ
တွေရအောင်ကစားပြနေနိုင်တဲ့အပြင် နောက်ဆုံးမိနစ်ပိုင်းသွင်းဂိုးတွေကလည်း ရီးယဲလ်ဘက်က
ကံတရားကိုရော အသင်းရဲ့နောက်ဆုံးမိနစ်အထိ အားထုတ်နိုင်မှုကိုပါ ပြနေသလို ဖြစ်နေတယ်။

နောက်တစ်ချက်ကတော့ ရီးယဲလ်ရှေ့က ခြေချော်ခဲ့ရင်တောင် ဘာစီလိုနာက အခွင့်အရေးမယူနိုင်
ခဲ့တာမျိုးကိုလည်း ပူပူနွေးနွေး ရီးယဲလ်အလက်တီကိုနဲ့ သရေကျသွားချိန်မှာ ဘာစီလိုနာက မာလာ
ဂါကိုသွားရှုံးလိုက်တာမျိုး တွေ့ခဲ့ရတယ်။ ချန်ပီယံဖြစ်နိုင်တဲ့ အသင်းတစ်သင်းဟာ အဲဒီလိုအခွင့်
အရေးမျိုးလည်း ရနေတတ်တဲ့သဘောတရားနဲ့ ကြည့်မယ်ဆိုရသင်တော့ ဒီရာသီဟာ ရီးယဲလ်ရဲ့
ချန်ပီယံဖြစ်ရေးဟာ အတော်လေးကို အားကောင်းနေတယ်လို့တောင် ပြောနိုင်နေတယ်။

ခုပွဲကိုသာ ရီးယဲလ်အနိုင်ရအောင် ကစားနိုင်လိုက်ရင် ပွဲကပြီးသလောက်ကိုဖြစ်သွားမှာဖြစ်လို့
ရီးယဲလ်အနေနဲ့လည်း စောစောစီးစီးသေချာမှုတစ်ခုကို အရယူနိုင်ဖို့ ကြိုးစားမှာတော့သေချာတယ်။
ရီးယဲလ်ဟာ နည်းပြဇီဒန်းလက်ထဲမှာ ဘာစီလိုနာကို နှစ်ကြိမ်ရင်ဆိုင်ခဲ့ဖူးရာမှာလည်း တစ်ပွဲနိုင်
တစ်ပွဲသရေကစားထားနိုင်တဲ့အပြင် အဲဒီနှစ်ပွဲစလုံးကလည်း အဝေးကွင်းမှာချည်းဖြစ်နေလို့ အခု
တစ်ကြိမ် ဇီဒန်းအတွက် အိမ်ကွင်းမှာ ဘာစီလိုနာကို ပထမဆုံးရင်ဆိုင်ရမယ့်ပွဲမှာ ဇီဒန်းနဲ့ရီးယဲလ်
ယုံကြည်မှုပိုရှိနေကြဖို့လည်း များနေပြန်တယ်။ ရီးယဲလ်ရဲ့ခြေစွမ်းကို ပြန်ကြည့်ရင်တော့ အပေါ်မှာ
ပြောခဲ့သလိုပဲ အားရစရာသိပ်မကောင်းလှပေမဲ့ ကံတရားနဲ့ အားထုတ်မှုကောင်းနေတယ်ဆိုတာ
ကိုတော့ ပြီးခဲ့တဲ့ စပို့တင်းဂီဂျွန်ကို ၃–၂ နဲ့နိုင်လိုက်တဲ့ပွဲမှာပဲ တွေ့ခဲ့ရပြန်တယ်။

အဲဒီပွဲမှာ လူမစုံတဲ့ရီးယဲလ်ဟာ ဂီဂျွန်ကို နှစ်ကြိမ်တိုင် နောက်မှလိုက်ကစားပြီးမှ နောက်ဆုံးမိနစ်
သွင်းဂိုးနဲ့ အနိုင်ရလိုက်တာမျိုးဖြစ်တယ်။ ဒါကြောင့် ရီးယဲလ်ဆိုရင် နောက်ဆုံးမိနစ်တွေအထိ
လျှော့တွက်ထားလို့မရတော့ဘူးလို့တောင် ပြောလို့ရတဲ့အထိဖြစ်နေတယ်။ လက်ရှိ ရီးယဲလ်တိုက်
စစ်အနေအထားကတော့ ပြောစရာသိပ်မရှိလှဘူး။ ဘီဘီစီတိုက်စစ်ဒဏ်ရာတွေနဲ့ မကစားနိုင်ရင်
တောင်မှ မိုရာတာ၊ အစ်စကိုတို့နဲ့အလုပ်ဖြစ်နေပြီး ဂိုးသွင်းနှုန်းက ပုံမှန်ရှိနေတယ်။ ပြောစရာရှိတာ
က ခံစစ်ပါပဲ။

ရီးယဲလ်ခံစစ်ကတော့ ဒီရာသီမှာ သိပ်အားရစရာမရှိလှတဲ့အပြင် အခုနောက်ပိုင်းပွဲတွေဆိုရင်လည်း
ဆက်တိုက်ဆိုသလို ဂိုးတွေပေးနေရတယ်။ ချန်ပီယံလိဂ်ဘိုင်ယန်နဲ့ ပထမအကျော့အပါအဝင်
နောက်ဆုံးလေးပွဲစလုံး ဂိုးပေးထားရတဲ့အပြင် ခံစစ်မှာလည်း ဒဏ်ရာပြဿနာတွေရှိနေလို့ ဘာစီ
လိုနာလို အသင်းရဲ့တိုက်စစ်ကို ထိန်းနိုင်ဖို့တော့ ရီးယဲလ်ခံစစ်မှာ အခက်အခဲရှိနေဦးမှာပဲ။

ဒါပေမဲ့ နည်းပြဇီဒန်းဟာ တစ်ပွဲချင်းစီကို အကောင်းဆုံးချဉ်းကပ်နိုင်သူဖြစ်နေပြီး အသင်းကို
ပြင်ဆင်ထားရာမှာလည်း ကောင်းမွန်လေ့ရှိတယ်။ ရှုံးနေချိန်မှာ အနိုင်ပြန်ရအောင် လုပ်ပြနိုင်သလို
အနိုင်ရနေရင်လည်း အဲဒီအနိုင်ကို အတတ်နိုင်ဆုံး ထိန်းကစားနိုင်အောင် ဖန်တီးနိုင်လို့ ဒီရာသီမှာ
ရီးယဲလ်ဟာ အရင်ကလို တိုက်စစ်ပဲကစားပြီး ဂိုးတွေသွင်းပြနေတာမျိုးထက် အနိုင်ရအောင်ပဲ
အဓိကထား ကစားလာတာကို ပိုတွေ့နေရတယ်။ ဒါကြောင့် ခုပွဲမှာလည်း သရေကျရင်တောင်
အခြေအနေမဆိုးလှတဲ့ အနေအထားမှာ ရီးယဲလ်ဟာ ဘာစီလိုနာကို စွန့်စားပြီး ဖွင့်တိုက်မယ့်ပုံမျိုး
မမြင်မိဘူး။

ထိန်းထိန်းသိမ်းသိမ်းနဲ့ပဲ ကစားသွားဖို့များပြီး လျင်မြန်တဲ့တန်ပြန်တိုက်စစ်တွေကိုပဲ အဓိကအားပြု
ဖို့များလိမ့်မယ်။ ဘာစီလိုနာကတော့ မနိုင်မဖြစ် အနိုင်ကစားရမယ့်ပွဲဖြစ်လို့ ဖွင့်တိုက်ဖို့ရှိနေပေမဲ့
အဝေးကွင်းမှာ ဂိုးသွင်းနှုန်း ပုံမှန်မရှိတတ်တာ တိုက်စစ်မှာ လူမစုံနိုင်တာအပြင် ချန်ပီယံလိဂ်မှာ
လည်း ဂျူဗင်တပ်နဲ့ပွဲကို ရေကုန်ရေခန်း ကစားထားရဦးမှာဆိုတော့ ဘာစီလိုနာအတွက် ပီအက်စ်
ဂျီနဲ့ချန်ပီယံလိဂ်ပွဲအပြီး ဒီပို့တီဗိုကို ရှုံးခဲ့ရတဲ့ပွဲက အနေအထားမျိုးလည်း ဖြစ်နေနိုင်ပါတယ်။

နောက်ပြီး အခုနောက်ပိုင်း ဘာစီလိုနာရဲ့ပုံစံကလည်း စုစည်းမှုအနည်းငယ်လျော့နေသလိုတွေ့နေ
ရလို့ ရီးယဲလ်လို ကံတရားရော အားထုတ်မှုပါကောင်းနေတဲ့အသင်းမျိုးကို ရင်ဆိုင်နိုင်ဖို့ အဆင်
သင့်ရှိနိုင်ပါ့မလားဆိုတာက ဒီပွဲရဲ့ အဖြေဖြစ်သွားနိုင်ပါတယ်။ ရီးယဲလ်နဲ့ဂိုးအများကိုပဲ ရွေးထား
လိုက်ချင်တယ်။ 

အခြားပွဲစဉ်များ

စနေ၊ နံနက် ၁း၃ဝ
ဆီဗီလာ – ဂရန်နာဒါ

စနေ၊ ညနေ ၅း၃ဝ
မာလာဂါ – ဗလင်စီယာ

စနေ၊ ည ၈း၄၅
ဗီလာရီးယဲလ် – လီဂါနက်စ်

စနေ၊ ည ၁၁းဝဝ
အိုဆာဆူနာ – ဂီဂျွန်

တနင်္ဂနွေ၊ နံနက် ၁း၁၅
အက်စ်ပန်ညို – တီကို

တနင်္ဂနွေ၊ ညနေ ၄း၃ဝ
ဆိုစီဒက် – ဒီပို့တီဗို

တနင်္ဂနွေ၊ ည ၈း၄၅
ဆယ်လ်တာ – ဘက်တစ်

တနင်္ဂနွေ၊ ည ၁၁းဝဝ
လက်စ်ပါးလ်မားစ် – အလာဗတ်စ်

အင်္ဂါ၊ နံနက် ၁း၁၅
အိုင်ဘာ – ဘီလ်ဘာအို

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း