ဘာစီလိုနာနဲ့ ချန်ပီယံလိဂ် ကစားထားရတဲ့ ဂျူဗင်တပ်ကို လက်ရှောင်သင့်တယ်

 

ဂျူဗင်တပ်ကစားသမား ကွာဒရာဒို(ယာ)၏ ထိုးဖောက်မှုကို ပက်စ်ကာရာ ကစားသမား လိုက်လံဖျက်ထုတ်နေစဉ်။ ဓာတ်ပုံ – အေအက်ဖ်ပီဂျူဗင်တပ်ကစားသမား ကွာဒရာဒို(ယာ)၏ ထိုးဖောက်မှုကို ပက်စ်ကာရာ ကစားသမား လိုက်လံဖျက်ထုတ်နေစဉ်။ ဓာတ်ပုံ – အေအက်ဖ်ပီ

ဂျူဗင်တပ် – ဂျီနိုအာ
တနင်္လာ၊ နံနက် ၁း၁၅

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပကျော့ပွဲစဉ်တွင် နာမည်ကျော်ဘာစီလိုနာကို သုံးဂိုးပြတ်အနိုင်ရပြီး
နောက် ဂျူဗင်တပ်သည် နောက်တစ်ဆင့်တက်ရောက်ရန် အလားအလာကောင်းသွားသည်။

စီးရီးအေကိုဦးဆောင်နေရင်းက တစ်ဖက်ကလည်း ကိုပါအီတာလျံရှုံးထွက်ဖလား ဗိုလ်လုပွဲသို့
တက်ရောက်သွားသောကြောင့် ဂျူဗင်တပ်သည် ယခုရာသီတွင် ဖလားသုံးလုံးအိပ်မက်နှင့်နီးစပ်
လာပြီဖြစ်သည်။

ဧပြီလဆန်းပိုင်းတွင် ဂျူဗင်တပ်သည် နာပိုလီကို လေးရက်အတွင်း စီးရီးအေနှင့်ကိုပါအီတာလျံပွဲ
စဉ်များအဖြစ် အဝေးကွင်းနှစ်ပွဲဆက်တိုက် ကစားခဲ့ရသည်။ သို့ရာတွင် ဂျူဗင်တပ်သည် စီးရီးအေ
ပွဲစဉ်၌ နာပိုလီကို အရန်လူအတော်များများထည့်သွင်းကာ ၁–၁ သရေကစားပြီး ကိုပါအီတာလျံပွဲ
တွင် ၃–၂ ဖြင့် ရှုံးနိမ့်သော်လည်း နှစ်ပွဲပေါင်း ၅–၄ ဖြင့်နိုင်ကာ ဗိုလ်လုပွဲတက်သွားသည်။

ယင်းနောက်ပိုင်းတွင် ဂျူဗင်တပ်သည် ချီယေဗိုကို ၂–ဝ၊ ဘာစီလိုနာကို ၃–ဝ၊ ပက်စ်ကာရာကို
၂–ဝ ဖြင့် ဆက်တိုက်နိုင်ခဲ့သည်။ ယင်းသုံးပွဲတွင် ဂျူဗင်တပ်သည် ပေးဂိုးမရှိဘဲ ခုနစ်ဂိုးသွင်းနိုင်ခဲ့
တာကိုတွေ့ရသည်။ အထူးသဖြင့် နာမည်ကျော် ဘာစီလိုနာကို သုံးဂိုးသွင်းယူပြီး တစ်ဂိုးမျြှ့ပန်သွင်း
ခံရခြင်းမရှိသောကြောင့် များစွာသောပရိသတ်တို့ အံ့သြခဲ့ရသည်။

ဝါရင့်တိုက်စစ်မှူးဟီဂူအင်သည် ဂျူဗင်တပ်အတွက် အရေးကြီးချိန်နှင့်တိုက်ဆိုင်စွာပင် ဂိုးပြန်မြူး
လာသည်။ ပက်စ်ကာရာနှင့်ချီယေဗိုတို့ကို နှစ်ဂိုးပြတ်နိုင်ခဲ့ရာ၌ ဂိုးအားလုံးကို ဟီဂူအင်တစ်ယောက်
တည်းက သွင်းယူပေးခဲ့သည်။ တစ်ဖန် ဘာစီလိုနာနှင့်ပွဲတွင် ဟီဂူအင်နှင့်တစ်နိုင်ငံတည်းသား
ဒိုင်ဘာလာက နှစ်ဂိုးသွင်းယူပေးခဲ့သည်။

ဂျူဗင်တပ်နည်းပြ အယ်လီဂရီသည် ဘောလုံးရာသီပန်းဝင်ချိန်နှင့် တိုက်ဆိုင်စွာပင် အသင်းကို
အကောင်းဆုံးပုံစံနှင့် ခြေစွမ်းရရှိအောင် ပြုပြင်ပြောင်းလဲနိုင်ခဲ့သည်။ အထူးသဖြင့် ၄–၂–၃–၁
ပုံစံသည် ဂျူဗင်တပ်နှင့်အံဝင်ခွင်ကျရှိရုံတင်မက တိုက်စစ်ရောခံစစ်ပါ စွယ်စုံထက်မြက်နေသည်။

ဟီဂူအင်ကို တိုက်စစ်မြားဦးတွင် 'အထောင်' တင်ပြီး ဒိုင်ဘာလာ၊ မန်ဇူကစ်၊ ကူအာဒါဒိုတို့ဖြင့်
ပံ့ပိုးပေးသော ကစားကွက်သည် စီးရီးအေမှာရော ချန်ပီယံလိဂ်မှာပါ အောင်မြင်နေသည်။ အစော
ပိုင်းက ကွင်းလယ်ဖန်တီးရှင်အဖြစ် ကစားခဲ့ရသော ပီဂျာနစ်ကို ကွင်းလယ်ဗဟိုသို့ပြောင်းရွှေ့ ပြီး
'အထိုင်ချ'ကာ ဝါရင့်လူများဖြစ်သော ဂျာမန်လက်ရွေးစင် ခီဒီရာ၊ အီတလီလက်ရွေးစင် မာချီစီယို
တို့ဖြင့် တွဲဖက်ကစားစေသည်။

၎–၂–၃–၁ ကစားကွက်ကို ပြောင်းလဲကျင့်သုံးပြီးနောက် ခြေစွမ်းပြနိုင်ကာ နေရာရလာသူမှာ
ကိုလံဘီယာလက်ရွေးစင် ကူအာဒါဒို ဖြစ်သည်။ တစ်ဦးချင်း ဘောလုံးစွမ်းရည်မြင့်မားပြီး အတွေ့
အကြုံ၊ ပရိယာယ်ကြွယ်သော ကူအာဒိုသည် အံဝင်ခွင်ကျလာခြင်းကြောင့် ဂျူဗင်တပ်တိုက်စစ်
ပရိယာယ်သည် ပြောင်းလဲလာပြီး တောင်ပံများတွင် ပိုမိုဖြန့်ကြက်ကစားလာနိုင်သည်။

ဝါရင့်ခရိုအေးရှား တိုက်စစ်မှူးမန်ဇူကစ်သည် ညာတောင်ပံတိုက်စစ်တွင် ထိထိရောက်ရောက်
ကစားလာနိုင်သကဲ့သို့ အာဂျင်တီးနားလက်ရွေးစင် ဒိုင်ဘာလာကလည်း နောက်ချန်တိုက်စစ်နှင့်
ကစားကွက်ဖန်တီးရှင်နေရာ နှစ်ခုစလုံးကို ကျွမ်းကျင်ထိရောက်စွှာ ကစားနိုင်ခြင်းကြောင့် ဂျူဗင်
တပ်သည် ထိန်းချုပ်ရန်ခက်ခဲကြောင်း ဘာစီလိုနာကို သုံးဂိုးပြတ်နိုင်သောပွဲက မီးမောင်းထိုးပြနေ
သည်။

ယခုတစ်ပတ်တွင်မူ ဂျူဗင်တပ်သည် ချန်ပီယံလိဂ် ပွဲစဉ်အဖြစ် ဘာစီလိုနာကွင်း၌ ရေကုန်ရေခမ်း
ကစားပြီးနောက် အပြန်ခရီးတွင် ဂျီနိုအာကိုရင်ဆိုင်ရမည်ဖြစ်သောကြောင့် ပွဲပန်းမှုဒဏ်ကို
အနည်းနှင့်အများခံရမည် ဖြစ်သည်။

ဂျီနိုအာသည် ယခုရာသီ ဒုတိယ ထက်ဝက်ခြမ်းတွင် ခြေစွမ်းရော ဂိုးသွင်းနှုန်းပါ သိသိသာသာ
ကျဆင်းသွားသည်။ အာဂျင်တီးနား လူငယ်ခြေတက် ဂျီယိုဗန်နီ ဆင်မြွန်နီကိုတိုက်စစ်မြားဦးတင်ပြီး
၃–၄–၃ ကစားကွက်ကို အထိုင်ချခဲ့သော ဂျီနိုအာသည် ဝါရင့်လူအများအပြား ပါဝင်ကစားနေသော်
လည်း အချိတ်အဆက် မမိဘဲ ရုန်းကန်ခဲ့ရသည်။

ရှုံးပွဲများဆက်နေသည့်ကြားမှ နောက်ဆုံးကစားခဲ့သော လာဇီယိုနှင့်ပွဲတွင် ၂–၂ သရေကျရာ၌ ဂျီနို
အာအတွက် ဂိုးများကို ဆီမြွန်နီနှင့်ဝါရင့်တိုက်စစ်မှူးပန်ဒက်ဗ်တို့ သွင်းယူနိုင်ခဲ့သည်။ တစ်ဖက်တွင်
ဂျီနိုအာခံစစ်ကြောင်းသည် ရုန်းကန်နေရပြီး၊ စီးရီးအေ၌ ပေးဂိုးအများဆုံးငါးသင်း စာရင်းဝင်နေ
သည်။

ခြုံကြည့်လျှင် အမှတ်ပေးဇယားထိပ်ဆုံးမှ ရှစ်မှတ်ဖြတ်ထားသော ဂျူဗင်တပ်သည် ဘာစီလိုနာကို
ရေကုန်ရေခမ်းကစားပြီးနောက် ဂျီနိုအာကို ရင်ဆိုင်ရမည်ဖြစ်သောကြောင့် အရန်လူများထည့်သွင်
ပြီး ကစားအား 'ချို' သွားဖွယ်ရှိသည်။ သို့ကလိုကြောင့် ဂျီနိုအာဘက်က အရဲစွန့်သင့်ပြီး ဂိုးနည်း
ဖွယ်ရှိသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း