အဝေးကွင်းပေမဲ့ နာပိုလီကိုပဲ ရွေးသင့်တယ်

 အတ္တလန္တာ – ဘိုလော့နာ (စနေ၊ ည ၁ဝး၃ဝ)

ရိုးမားကွင်းမှာတောင် အဖွင့်ဂိုးသွင်းပြီး ပထမပိုင်းတစ်ပိုင်းလုံးကို တစ်ဂိုးအသာနဲ့ ဦးဆောင်
ခဲ့ပြီးမှ ၁–၁ သရေကျခဲ့တဲ့ အတ္တလန္တာခြေစွမ်းက အတက်ဘက်မှာရှိတယ်။ အထူးသဖြင့် လူငယ်
ခြေတက် အများစု ပါဝင်နေတဲ့ အတ္တလန္တာတိုက်စစ်ကို တော်ရုံတန်ရုံခံစစ်ကြောင်း တောင့်ခံ
နိုင်ဖို့ မလွယ်ဘူး။ ဘိုလော့နာကတော့ ပွဲကျပ်တွေဆက်ပြီး သုံးပွဲဆက်တိုက် သွင်းဂိုးပျောက်
သွားတယ်။ ပုံမှန်အတိုင်းဆိုရင် အတ္တလန္တာအတွက် သုံးမှတ်သေချာတဲ့ပွဲပါ။

ဖီအိုရင်တီးနား – အင်တာမီလန် (တနင်္ဂနွေ၊ နံနက် ၁း၁၅)

ဆမ်ဒိုးရီးယားကို ၂–၂ သရေကစားပြီး အိမ်ကွင်းမှာ အသင်းငယ် အမ်ပိုလီကို ၂–၁ နဲ့ အရေးနိမ့်
ခဲ့တဲ့ ဖီအိုရင်တီးနားခြေစွမ်းကို ဘယ်လိုမှ ယုံစားလို့မရတော့ဘူး။ အင်တာမီလန်ကလည်း လေးပွဲ
ဆက်တိုက် နိုင်ပွဲပျောက်နေတယ်။ တိုက်စစ်အားနဲ့ ဂိုးသွင်းနှုန်းကတော့ ကျဆင်းသွားခြင်းမရှိပေမဲ့
အင်တာမီလန်ခံစစ်ကြောင်းက တစ်ပွဲကို ပုံမှန်နှစ်ဂိုးနှုန်းသွင်းခံရတယ်။ အခြေအနေအရ အင်တာ
မီလန်ကို ပိုကြိုက်တယ်။

ဆက်စူလို – နာပိုလီ (တနင်္ဂနွေ၊ ညနေ ၅းဝဝ)

ခြေစွာနေတဲ့ အတ္တလန္တာကွင်းမှာ ၁–၁ ကစားပြီး အိမ်ကွင်းမှာ ဆမ်ဒိုးရီးယားကို ၂–၁ နဲ့ နိုင်ခဲ့တဲ့
ဆက်စူလို ခြေစွမ်းက အတက်ဘက်မှာရှိတယ်။ အီတလီလူငယ်အများစုကို ပွဲထုတ်တာကြောင့်
လျင်မြန်တက်ကြွပြီး ကစားကွက်ထောင့်စေ့တယ်။ နာပိုလီကလည်း လာဇီယိုနဲ့ယူဒီးနိစ်ကို ၃–ဝ နဲ့
ဂိုပြတ်နှစ်ပွဲဆက်တိုက် နိုင်ထားတာကြောင့် ခြေစွမ်းရော ဂိုးသွင်းနှုန်းပါပြန်တက်လာတယ်။
ဆက်စူလို အများဆုံးသွားနေတဲ့ ဖော်မြူလာက အိမ်ကွင်းအရေးမလှဘဲ အဝေးကွင်းမှာအနိုင်ရ
အောင် ဖျစ်ညှစ်ကစားလေ့ရှိတယ်။ ဒါကြောင့် နာပိုလီကိုပိုကြိုက်တယ်။

ယူဒီနီးစ် – ကက်ဂလီယာရီ (တနင်္ဂနွေ၊ ည ၇း၃ဝ)

နာပိုလီကို သုံးဂိုးပြတ်ရှုံးလိုက်လို့ ခြေတက်နေတဲ့ ယူဒီးနိစ်တို့ 'တန့်'သွားနိုင်တယ်။ ဒါပေမဲ့ ယူဒီး
နိစ်တို့ကစားကွက်မိပြီး ဂိုးလိုချင်ပြီဆိုရင် ပြိုင်ဘက်တိုင်းကို ဖိအားပေးနိုင်စွမ်းရှိတယ်။ တန်းဆင်း
အန္တရာယ်က လွတ်မြောက်သွားတဲ့ ကက်ဂလီယာရီကတော့ အသင်းငယ်တွေကို ဖိဖိစီးစီးအနိုင်
ကစားပေမဲ့ ကစားအားရှိပြီး တိုက်စစ်ကောင်းတဲ့ အသင်းမျိုးတွေကို ရင်ဆိုင်တဲ့အခါ ရလဒ်ကောင်း
လေ့မရှိဘူး။ ယူဒီးနိစ်ကို ရွေးချယ်သင့်တယ်။

ဆမ်ဒိုးရီးယား – ခရိုတိုနီ (တနင်္ဂနွေ၊ ည ၇း၃ဝ)

ဖီအိုရင်တီးနားကို ၂–၂ သရေကျပြီး ဆက်စူလိုကွင်းမှာ ၂–၁ နဲ့ ရှုံးနိမ့်သွားတဲ့ ဆမ်ဒိုးရီးယား ခြေ
စွမ်းနဲ့ဂိုးသွင်းနှုန်း လျှော့မတွက်ရဲပေမဲ့ ခံစစ်လုံခြုံမှုအနည်းငယ်ကျဆင်းသွားတယ်။ ခရိုတိုနီက
တော့ လတ်တလော ခြေပြန်တက်လာတယ်။ ပြီးခဲ့တဲ့ သုံးပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့ဘူး။ တန်းမဆင်း
ရဖို့ ဖျစ်ညှစ်ကစားလာတဲ့ ခရိုတိုနီဘက်က အရဲစွန့်သင့်တယ်။

အေစီမီလန် – အမ်ပိုလီ (တနင်္ဂနွေ၊ ည ၇း၃ဝ)

ပြီးခဲ့တဲ့ လေးပွဲဆက်တိုက် ခြေစွမ်းနဲ့ ရလဒ်ပေါ်မှာကောက်ချက်ဆွဲရင် အေစီမီလန်တို့ အိမ်ကွင်း
အနိုင်၊ အဝေးကွင်းမှာ သရေ 'ဖော်မြူလာ'နဲ့ သွားနေတယ်။ အိမ်ကွင်းပွဲတွေမှာ အေစီမီလန်တို့
တိုက်စစ်ရော ခံစစ်ပါ တိုးတက်ကောင်းမွန်နေတယ်။ အမ်ပိုလီကတော့ ပြီးခဲ့တဲ့ပွဲစဉ်မှာ မထင်မှတ်
ဘဲ ဖီအိုရင်တီးနားကို ၂–၁ နဲ့ နိုင်လိုက်ပေမဲ့ ခြေစွမ်း၊ ဘောလုံးပိုင်ဆိုင်မှု၊ ကစားကွက်ဖော်ဆောင်
မှုအရ တပန်းရှုံးနေတယ်။ အေစီမီလန်ကို ရွေးချယ်သင့်တယ်။

လာဇီယို – ပါလာမို (တနင်္ဂနွေ၊ ည ၇း၃ဝ)

အိမ်ကွင်းမှာ နာပိုလီကို သုံးဂိုးပြတ်ရှုံးပြီးနောက် ဂျီနိုအာနဲ့ ၂–၂ သရေကျခဲ့တဲ့ လာဇီယိုတို့ ကိုပါ
အီတာလျံဖလားကို အာရုံစိုက်လိုက်လို့ စီးရီးအေဘက်မှာ ကစားအား ကျဆင်းသွားတယ်။ ဒါပေမဲ့
ပါလာမိုကလည်း တောက်လျှောက်ခြေစွမ်း စိုက်ဆင်းနေပြီး တိုက်စစ်ပါ ပျောက်သွားတယ်။ လာဇီ
ယိုတို့ အခုပွဲအနိုင်ကစားပြီး အသင်းကို ပြန်ဆွဲတင်မယ်လို့ ယူဆမိတယ်။

ချီယေဗို – တိုရီနို (တနင်္ဂနွေ၊ ည ၇း၃ဝ)

ပြီးခဲ့တဲ့ လေးပွဲဆက်တိုက်ရှုံးခဲ့ရာမှာ ချီယေဗိုတို့ ၁၂ ဂိုး သွင်းခံလိုက်ရလို့ အစောပိုင်းက ခြေစွမ်း၊
အနေအထားမျိုးမှာ ရှိမနေတော့တာ အသေအချာပါ။ လတ်တလော ချီယေဗိုတို့ တိုက်စစ်ပါပျောက်
သလောက်ရှိနေလို့ တန်ပြန်တိုက်စစ်ကွက်က အလုပ်မဖြစ်တော့ဘူးလို့ယူဆရတယ်။ တိုရီနိုလည်း
နိုင်ပွဲကျဲပြီး သရေပွဲများပေမဲ့ အဓိကတိုက်စစ်မ·း ဘယ်လော့တီ ဂိုးပြန်မြူးနေတယ်။ တိုက်စစ်
ကောင်းပြီး ပရိယာယ်ပြို<ွကယ်တဲ့ တိုရီနိုကို ပိုကြိုက်တယ်။

ပက်စ်ကာရာ – ရိုးမား (အင်္ဂါ၊ နံနက် ၁း၁၅)

မတ်လကုန်ပိုင်းမှာ ပက်စ်ကာရာတို့ ခြေစွမ်းပြန်တက်လာပေမဲ့ အသင်းကြီးတွေကိုတောင့်ခံနိုင်စွမ်း
မရှိသေးဘူး။ ရိုးမားကတော့ အတ္တလန္တာကို၁–၁ သရေကျလိုက်လို့ အောက်ဘက်က ကပ်လိုက်
လာတဲ့ နာပိုလီနဲ့ နှစ်မှတ်ကွာ အနေအထားကို ရောက်လာတယ်။ ဒါကြောင့် တန်းဆင်းလက်မှတ်
ရသွားပြီဖြစ်တဲ့ ပက်စ်ကာရာကို အနိုင်ကစားပြီး အသင်းကို ပြန်ဆွဲတင်မယ်လို့ ယူဆမိတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016