Monday, April 24, 2017

အန်တိုနီယို ကွန်တီကို ပိုချက်တီနို အမီလိုက်နိုင်ပါ့မလား

 

၂ဝ၁၆–၁၇ ဘောလုံးရာသီ ပရီမီယာလိဂ်ကတော့ အကြိတ်အနယ်ဖြစ်နေတာ တစ်ရာသီလုံးပဲဖြစ်
ပါတယ်။ အခုတော့ရာသီကုန်ဆုံးဖို့ ခြောက်ပွဲသာလိုပါတော့တယ်။ (တချို့အသင်းများ ခုနစ်ပွဲ) ပရီ
မီယာလိဂ်ကို ဦးဆောင်နေတဲ့အီတလီနည်းပြ အန်တိုနီယိုကွန်တီရဲ့ ချယ်လ်ဆီးဟာ အစောပိုင်းမှာ
ဒုတိယနေရာက တော့တင်ဟမ်ဟော့စပါးကို ၁ဝ မှတ်ဖြတ်ဦးဆောင်ထားရာက ချယ်လ်ဆီးက
ခရစ္စတယ်ပဲလေ့စ်ကိုရှုံးပြီး ခုနစ်မှတ်ကွာဟ၊ အခု နောက်ဆုံးမန်ယူကိုရှုံးလိုက်လို့ အခုတော့
ချယ်လ်ဆီးနဲ့တော့တင်ဟမ်ဟော့စပါးဟာ လေးမှတ်အကွာပဲရှိသွားတော့လို့ ပရီမီယာလိဂ်ချန်ပီယံ
နေရာက စိတ်ဝင်စားဖို့ကောင်းလာခဲ့ပြီဖြစ်ပါတယ်။ ပြီးတော့ ပရီမီယာလိဂ် နောက်ဆုံးပန်းအဝင်
မှာ ချယ်လ်ဆီး၊ တော့တင်ဟမ်ဟော့စပါးနဲ့အတူ အဆင့် (၃) နဲ့ အဆင့် (၄) နေရာတွေကို ဘယ်
အသင်းတွေရယူသွားမလဲဆိုတာကပါ စိတ်ဝင်စားစရာဖြစ်လာတဲ့ဇာတ်ထုပ်ကို ရောက်လာခဲ့ပြီ ဖြစ်
ပါတယ်။

နည်းပြအန်တိုနီယိုကွန်တီရဲ့ ချယ်လ်ဆီးဟာ ရာသီအစ လီဗာပူးနဲ့အာဆင်နယ်ကို ရှုံးပြီးတဲ့နောက်
ပိုင်း ခြေမှန်မှန်နဲ့ ဖြတ်သန်းလာခဲ့တဲ့အသင်းပါ။ ၂–ဝ၊ ၂–၁ ဆိုတဲ့ရလဒ်တွေ ဆုပ်ကိုင်ပြီးဖြတ်သန်း
ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ခံစစ်ပိုင်းတောင့်တင်းတဲ့ ချယ်လ်ဆီးဟာ နောက်ပိုင်းမှာ ၂–၁ ရလဒ်
တွေအများအပြားနဲ့နိုင်ပွဲရပြီး ခံစစ်ပိုင်းလျော့ရဲလာခဲ့တာက ခရစ္စတယ်ပဲလေ့စ်နဲ့တွေ့တဲ့ပွဲမှာတော့
ချယ်လ်ဆီးဟာ မထင်မှတ်ဘဲ အိမ်ကွင်းမှာ ရှုံးပွဲတွေ့သွားတာက ဒုတိယနေရာကတော့ တင်ဟမ်
ဟော့စပါးအသင်း ဖိအားပေးဖို့ ဖြစ်သွားခဲ့ပါတယ်။

တကယ်တော့ အဲဒီပွဲဟာ ချယ်လ်ဆီးညံ့ခဲ့တဲ့ပွဲတော့မဟုတ်ခဲ့ပါဘူး။ ဖာဘရီဂတ်စ် ဂိုးသွင်းဦးဆောင်
တာကို ပဲလေ့စ်က နှစ်ဂိုးပြန်သွင်းပြီး ဦးဆောင်သွားပေမဲ့ ချယ်လ်ဆီးတိုက်စစ်ဟာ တစ်ချိန်လုံး
ပဲလေ့စ်ကို ဂိုးတွေသွင်းနိုင်ဖို့ ဖိအားပေးခဲ့နိုင်ခဲ့ကြပါတယ်။ ပဲလေ့စ်ဂိုးသမား ဟန်နက်ဆီလက်စွမ်း
ပြကောင်းလွန်းတာရယ်၊ ပဲလေစ့်ခံစစ်ကြောင်းက အစွမ်းကုန် ခုခံကစားနိုင်ခဲ့တာရယ်ကြောင့်
ချယ်လ်ဆီးဟာ ပဲလေ့စ်ကို မထင်မှတ်ဘဲရှုံးနိမ့်သွားတာ ဖြစ်ပါတယ်။ ပဲလေ့စ်ပွဲ ရှုံးပြီးလို့ နောက်
နှစ်ရက်အကြာမှာ မန်စီးတီးနဲ့ကစားတော့ ချယ်လ်ဆီးဟာ ၂–၁ နဲ့ အနိုင်ရသွားခဲ့ပါတယ်။

ပဲလေ့စ်ပွဲ ခြေပျက်ခဲ့ရင် မန်စီးတီးပွဲဟာ အခက်အခဲရှိခဲ့မှာပဲဖြစ်ပါတယ်။ ဒါပေမဲ့ ချယ်လ်ဆီးဟာ
အခက်အခဲမရှိခဲ့ဘဲ အနိုင်ရခဲ့ပါတယ်။ နောက်တစ်ပွဲဖြစ်တဲ့ ဘုန်းမောက်ပွဲမှာလည်း ချယ်လ်ဆီးဟာ
ဂိုးပြတ်အနိုင်ရခဲ့ပြန်ပါတယ်။ ဒါပေမဲ့ ချယ်လ်ဆီးရဲ့ခံစစ်ကြောင်းက ပြဿနာရှိနေခဲ့ပါတယ်။
နောက်ဆုံးကစားခဲ့တဲ့ကိုးပွဲမှာ တောင့်တင်းပါတယ်ဆိုတဲ့ ချယ်လ်ဆီးခံစစ်ဟာ ဂိုးတွေဆက်တိုက်
ပေးခဲ့ရပါတယ်။ ဒါပေမဲ့ တိုက်စစ်က ဂိုးတွေသွင်းနိုင်ပွဲတွေရလို့ မသိသာပေမဲ့ မန်ယူနဲ့ပွဲမှာတော့
ချယ်လ်ဆီးဟာ ရှုံးပွဲထပ်ကြုံလိုက်ပြီး ခံစစ်ကြောင်းအားနည်းချက်ကို တွေ့လိုက်ရပါတယ်။

တကယ်တမ်း တိုက်ပွဲတစ်ခုလို နင်လားငါလား အပြိုင်ကြဲနေကြချိန်မှာ ကိုယ့်ရဲ့သနားကြင်နာမှု
အပြုအမူကို ရန်ဘက်က သတိမမူဘူး၊ ဂရုမစိုက်ဘူးဆိုရင် ကိုယ့်ရဲ့ သနားကြင်နာမှုအပြုအမူက
ကိုယ့်အသင်းကို ရှုံးနိမ့်စေတယ်ဆိုတာ ချဲလ်ဆီးနောက်တန်း အတွင်းလူ ကာဟေးလ်တစ်ယောက်
သင်ခန်းစာရသွားလောက်ပြီဖြစ်ပါတယ်။ တကယ်လို့ သူသာလဲကျနေတဲ့ လင်းဂတ်ကိုဆွဲမထူဘဲ
ဘောလုံးကိုသာ အာရုံစိုက်ထားမယ်ဆိုရင် ဟာရဲရားသွင်းတဲ့ဂိုးဟာ ဂိုးချင်မှဂိုးမှာပါ။ ဒါပေမဲ့
ကာဟေးလ်အာရုံတွေက လဲကျနေတဲ့ လင်းဂတ်ဆီရောက်နေခဲ့တော့ သူ့ရဲ့ကာကွယ်ဖျက်ထုတ်မှု
ပျောက်သွားပြီး ဂိုးပေးလိုက်ရပြီး မန်ယူကိုရှုံးနိမ့်ခဲ့သလို ဒုတိယနေရာက တော့တင်ဟမ်ဟော့စပါး
ရဲ့ဖိအားပေးတာကို ကြုံတွေ့လိုက်ရပြီ ဖြစ်ပါတယ်။

၁ဝ မှတ်ဖြတ်ထားတဲ့အသင်းဟာ နှစ်ပွဲရှုံးလိုက်တာနဲ့ လေးမှတ်ပဲကွာသွားတယ်ဆိုတာကြည့်
လိုက်ရင် ပြိုင်ဘက်တွေဟာ အားကောင်းမောင်းသန်တွေ ဖြစ်နေကြတယ်ဆိုတာကို တွေ့ရမှာဖြစ်
ပါတယ်။ မနှစ်က ရာသီကတည်းက အခွင့်အရေးကောင်း တွေ ပေါ်ပေါက်ကြုံတွေ့ ခဲ့ရတဲ့ တော့တင်ဟမ် ဟော့စပါးဟာ အခွင့် ကောင်းတွေ လက်လွှတ်ခဲ့ရတဲ့ သင်ခန်းစာတွေရယူနိုင်ခဲ့ပြီး ဒီနှစ်မှာတော့ နည်းပြပိုချက်တီနိုဟာ
သူ့အသင်းကို ဂရုတစိုက်နဲ့ အမှားအယွင်းမရှိ ဖြတ်သန်းလာနိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်း လီဗာပူး၊ မန်စီးတီးတို့ဟာ တော့တင်ဟမ်ဟော့စပါးကို မကျော်နိုင်ဘဲဖြစ်ခဲ့သလို
ချယ်လ်ဆီးနဲ့ လေးမှတ်အကွာဆိုတဲ့အခြေအနေတွေ ပေါ်ပေါက်လာခဲ့ရတာပဲဖြစ်ပါတယ်။ လီဗာပူး
ကို အဝေးကွင်းမှာ ၂–ဝ နဲ့ ရှုံးနိမ့်ပြီးနောက်ပိုင်းကစလို့ တော့တင်ဟမ်ဟော့စပါးရဲ့ ခြေစွမ်းက
အံ့မခန်းဖြစ်လာခဲ့ပါတယ်။ ဟယ်ရီကိန်း ဒဏ်ရာရသွားလို့ ပြဿနာတွေ့သွားပြီထင်ထားပေမဲ့
ပိုချက်တီနိုမှာ လက်နက်ကောင်းတွေ ပိုင်ဆိုင်ထားခဲ့ပြီး ပရီမီယာလိဂ်ကို ဖြတ်သန်းသွားခဲ့တာ
ခုနစ်ပွဲဆက်တိုက် နိုင်ပွဲတွေ့လာခဲ့ ရပါတယ်။

အယ်လေ၊ အဲရစ်ဆင်၊ ဆန်းဆိုတဲ့ တောင်ပံနဲ့ကွင်းလယ်တိုက်စစ်အတွဲကြီးက ပရီမီယာလိဂ်မှာ
အကောင်းဆုံး တိုက်စစ်အတွဲလို့တောင် ဆိုရမလိုဖြစ်သွားစေခဲ့ပါတယ်။ ၁ဝ ပွဲ ၂၂ ဂိုး လေးဂိုး
ဆိုတဲ့စွမ်းဆောင်ရည်ဟာ ထိပ်တန်းအရည်အသွေး ဖြစ်နေခဲ့ပါတယ်။ ချယ်လ်ဆီးသာ နောက်
တစ်ပွဲခြေခေါက်သွားမယ်ဆိုရင် ပိုချက်တီနိုအနေနဲ့ အခွင့်ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

မန်ယူကိုရှုံးခဲ့တဲ့ပွဲကတော့ ချယ်လ်ဆီးရဲ့အညံ့ဆုံးပွဲတစ်ပွဲပဲ ဖြစ်ပါတယ်။ မန်ယူဂိုးစသွင်းချိန်ဟာ
အစောကြီးဖြစ်လို့ အကောင်းဆုံးကစားနိုင်ခဲ့မယ်ဆိုရင် ချယ်လ်ဆီးဟာ သရေကစားနိုင်ခဲ့မှာပဲဖြစ်
ပါတယ်။ ဟာဇတ်ကို ဟာရဲရား လှုပ်လို့မရအောင် ခပ်မာမာထိန်းချုပ်ကစားလိုက်ခြင်းက
ချယ်လ်ဆီးရဲ့ တိုင်မင်တွေပျက်သွားပြီး ဂိုးသွင်းခွင့်ပျောက်ဆုံးသွားခဲ့တာပဲ ဖြစ်ပါတယ်။ အခုတော့
လေးမှတ်သာကွာဟသွားပြီး ပွဲကျန်တွေက ကွန်တီအတွက် သိပ်ကိုအရေးပါလာခဲ့ပြီဖြစ်ပါတယ်။

လက်ကျန်ခြောက်ပွဲစီမှာ ချယ်လ်ဆီးဟာ ပြိုင်ဘက်အသင်းကြီးတွေနဲ့ ကစားဖို့မရှိတော့တာတွေ့ရပြီး
တော့တင်ဟမ်က မန်ယူ၊ အာဆင်နယ်တို့ကို အိမ်ကွင်းပွဲတွေ ကစားဖို့ကျန်ရှိနေသေးတာ တွေ့ရ
ပါတယ်။ ဒီအခြေအနေမှာ ချယ်လ်ဆီးက တော့တင်ဟမ်ထက်သာနေခဲ့ပါတယ်။ ချယ်လ်ဆီးက
အိမ်ကွင်းလေးပွဲ (ဆောက်သမ်တန်၊ ဝက်ဖို့ဒ်၊ မစ်ဒယ်ဘရော့၊ ဆန်းဒါးလန်း) ကစားရမှာဖြစ်ပြီး
တော့တင်ဟမ်ဟော့စပါးက အိမ်ကွင်းနှစ်ပွဲသာ (မန်ယူ၊ အာဆင်နယ်) ကစားရမှာဖြစ်လို့
ချယ်လ်ဆီးကပဲ အသာစီးရှိနေခဲ့ပါတယ်။

ချယ်လ်ဆီးကအဝေးကွင်းနှစ်ပွဲ (အဲဗာတန်၊ ဝက်စ်ဘရွန်း) သာကစားရမှာဖြစ်ပြီး တော့တင်ဟမ်က
လေးပွဲ (လက်စတာ၊ ဝက်စ်ဟမ်း၊ ခရစ္စတယ်ပဲလေ့စ်၊ ဟားလ်စီးတီး) ကစားရမှာဖြစ်လို့ ချယ်လ်ဆီး
သာနေပါတယ်။ ချယ်လ်ဆီးဟာ လောလောဆယ် လေးမှတ်အသာစီးရှိနေတယ်။ လက်ကျန်ပွဲတွေ
မှာ အဓိကပြိုင်ဘက်တွေနဲ့ ကစားဖို့မရှိတော့ဘူး။ အဲဒီအချိန်မှာ တော့တင်ဟမ်က နှစ်ပွဲကစားဖို့
ရှိနေတယ်။ ချယ်လ်ဆီးက အိမ်ကွင်းလေးပွဲကစားဖို့ရှိချိန်မှာ စပါးက နှစ်ပွဲသာရှိတော့တယ်။

ချယ်လ်ဆီးက အဝေးကွင်းနှစ်ပွဲရှိချိန်မှာ စပါးက လေးပွဲရှိနေတယ်ဆိုတဲ့ အခြေအနေက အန်တိုနီ
ယိုကွန်တီနဲ့ ပိုချက်တီနိုအားပြိုင်ပွဲမှာ ကွန်တီဟာ ပွဲစဉ်အနေအထားမှာ အသာစီးရှိနေပါတယ်။
လက်ကျန်ခြောက်ပွဲအနေအထားမှာ ချယ်လ်ဆီးထက် တော့တင်ဟမ်ဟော့စပါးဟာ ရှုံးပွဲတွေပေါ်
လာနိုင်တယ်ဆိုတာကို တွေ့နေရပါတယ်။ သရေပွဲတွေ ကြုံလာနိုင်တယ်ဆိုတာကို တွေ့နေရလို့
ကွန်တီဟာ မော်ရင်ဟိုကို ရှုံးခဲ့လို့ ပိုချက်တီနိုနဲ့ လေးမှတ်သာကွာဟနေသည့်တိုင်အောင်
နောက်ဆုံးမှာတော့ ပရီမီယာလိဂ်ချန်ပီယံဟာ ချယ်လ်ဆီးသာဖြစ်လာမှာဖြစ်သလို ခုနစ်ပွဲ
ဆက်တိုက်နိုင်ပွဲတွေရယူထားတဲ့ တော့တင်ဟမ်ဟော့စပါးဟာ လက်ကျန်ခြောက်ပွဲမှာ သရေပွဲ
တွေ၊ ရှုံးပွဲတွေ ကြုံလာမယ်လို့ သုံးသပ်လိုက်ရပါရဲ့။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း