Monday, April 24, 2017

ချန်ပီယံလိဂ် ဝင်ခွင့်ရနေပြီဖြစ်တဲ့ လိုက်ပဇစ် အမှားခံမှာမဟုတ်ဘူး

ဖရိုင်းဘတ်မှ နိုက်ဒိုက်လက်ခ်ျနာ(လယ်)၏ ထိုးဖောက်မှုကို လိုက်ပဇစ်ကစားသမားများ လိုက်လံ ဖျက်ထုတ်နေစဉ်။ ဓာတ်ပုံ – အီးပီအေဖရိုင်းဘတ်မှ နိုက်ဒိုက်လက်ခ်ျနာ(လယ်)၏ ထိုးဖောက်မှုကို လိုက်ပဇစ်ကစားသမားများ လိုက်လံ ဖျက်ထုတ်နေစဉ်။ ဓာတ်ပုံ – အီးပီအေ

ပြီးခဲ့တဲ့ဘွန်ဒက်စ်လီဂါပွဲစဉ် (၃ဝ) မှာတော့ နှစ်သင်းပေါင်း သွင်းဂိုးများမှု ရှစ်ပွဲအထိရှိခဲ့ပါ
တယ်။ အဖြေမထွက်တဲ့ပွဲကတော့ ဘိုင်ယန်ပွဲပါပဲ။ အခုလာမယ့် ပွဲစဉ် (၃၁) မှာ ပွဲကြီး
ပွဲကောင်းဖြစ်မယ့်ပွဲတွေကတော့ ကိုလုံး – ဟော့ဖန်ဟိမ်း၊ ဟမ်းဘတ် – ဒမ်းစတက်ဒ်၊
မွန်ချင် – ဒေါ့မွန်၊ ရှော်လ်ကေး – လိုက်ပဇစ်တို့ပွဲတွေပဲ ဖြစ်ပါတယ်။

ကိုလုံး – ဟော့ဖန်ဟိမ်းစနေ၊ 
နံနက် ၁းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ ဟော့ဖန်ဟိမ်း ၄–ဝ ကိုလုံး

ကိုလုံးက အော့စ်ဘတ်ကိုရှုံးခဲ့ပေမဲ့ အဆင့် (၇) နေရာမှာ ရပ်တည်နေတာပါ။ ဒါကြောင့်
ဥရောပဝင်ခွင့် တစ်နေရာရဖို့ မျှော်လင့်ချက်ထားနေတယ်။ ဒီလိုပါပဲ၊ ဟော့ဖန်ဟိမ်းက
နံပါတ် (၃) နေရာကို ဆုပ် ကိုင်ထားချင်တဲ့သဘောရှိတယ်။ ထိပ်တန်း ၁ဝ သင်းထဲက
အသင်းတွေဖြစ်လို့ အကြိတ်အနယ်ရှိမယ်။ ကိုလုံးရဲ့ သွင်းဂိုးကဟော့ဖန်ဟိမ်းကို မယှဉ်
နိုင်သလို ခံစစ်ပိုင်းကလည်း ဟော့ဖန်ဟိမ်းထက် နည်းနည်းလျော့နည်းပါတယ်။ ဒါကြောင့်
ဟော့ဖန်ဟိမ်းနဲ့ နှစ်သင်းပေါင်း ဂိုးအများကိုရွေးချယ်ချင်ပါတယ်။

ဘိုင်ယန်မြူးနစ် – မိန့်ဇ်
စနေ၊ ည ၈းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ မိန့်ဇ် ၁–၃ ဘိုင်ယန်

ဘိုင်ယန်ဟာ ကြားရက်မှာ ချန်ပီယံလိဂ်ကစားထားရလို့ ပွဲပန်းနေဖွယ်ရာ ရှိနေပါတယ်။
ဒါ့ပြင် အဓိက နောက်ခံလူဟမ်းမဲလ် ပါဝင်ဖို့မသေချာပါဘူး။ မိန့်ဇ်ဟာ ပြီးခဲ့တဲ့ပွဲ မှာ
ဟာသာဘာလင်ကို ၁–ဝ နဲ့ နိုင်ခဲ့လို့ နောက်ဆုံးခုနစ်ပွဲမှာ ပထမဆုံး Clean Sheet ဖြစ်ခဲ့
ရပါတယ်။ မိန့်ဇ်ကတော့ အဆင့် (၁၅) နေရာမှာ ရပ်တည်နေတာပါ။ ဘိုင်ယန်အိမ်ကွင်းမှာ
နိုင်ခြေရှိပေမဲ့ ဂိုးမပြတ်လောက်ဘူး။

ဟာသာဘာလင် – ဝုဖ်ဘတ်
စနေ၊ ည ၈းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ ဝုဖ်ဘတ် ၂–၃ ဟာသာဘာလင်

ဟာသာဘာလင် အဆင့် (၅) နေရာမှာ ရပ်တည်နေပြီး နံပတ် (၄) နေရာက ဒေါ့မွန်နဲ့ ၁ဝ
မှတ်ပြတ်နေလို့ အသည်းအသန် ကြိုးစားရမယ့်အနေအထားပါ။ ၂၉ ပွဲကစားပြီးချိန်မှာ
တိုက်စစ်က ၃၇ ဂိုးသွင်းပြီး ခံစစ်က ၃၅ ဂိုး ပြန်ပေးထားရတာမို့ သိပ်အခြေအနေကောင်း
ကြီးမဟုတ်ပါဘူး။ ဝုဖ်ဘတ်က ဇယားအလယ်မှာ ဟိုမရောက်ဒီမရောက်ဖြစ်နေပြီး ပြီးခဲ့တဲ့
အင်ဂိုလ်စတက်ဒ်နဲ့ပွဲမှာတော့ သုံးဂိုးပြတ်သွင်းယူနိုင်ခဲ့တယ်။ ဟာသာဘာလင် နိုင်ပွဲပြန်ရ
ဖို့ ကြိုးစားလိမ့်မယ်လို့ ထင်တယ်။

ဟမ်းဘတ် – ဒမ်းစတက်ဒ်
စနေ၊ ည ၈းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ ဒမ်းစတက်ဒ် ဝ–၂ ဟမ်းဘတ်

ပြီးခဲ့တဲ့ပွဲစဉ်မှာတော့ ဟမ်းဘတ်က ဝါဒါဘရီမင်ကိုရှုံးခဲ့ပြီး အဆင့် (၁၄) နေရာရောက်နေ
ပါတယ်။ ဇယားအောက်ဆုံးက ဒမ်းစတက်ဒ်ကတော့ မမျှော်လင့်ဘဲ ရှော်လ်ကေးကို ၂–၁
နဲ့နိုင်ခဲ့တယ်။ ဒမ်းစတက်ဒ်ဟာ ရှော်လ်ကေးနဲ့ပြိုင်ပွဲစုံ ကိုးပွဲတွေ့ဆုံခဲ့ရာမှာ ပထမဦးဆုံး
အကြိမ်နိုင်ပွဲစရတာပါပဲ။ ဒါကြောင့် စိတ်ဓာတ်ခွန်အား တက်ကြွနေနိုင်တယ်။ ပွဲကအကြိတ်
အနယ်ရှိနိုင်ပြီး ဒမ်းစတက်ဒ်အောက်ကနေ လှန်ခွပ်လိမ့်မယ်။

အင်ဂိုလ်စတက်ဒ် – ဝါဒါဘရီမင်
စနေ၊ ည ၈းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ ဝါဒါဘရီမင် ၂–၁ အင်ဂိုလ်စတက်ဒ်

အိမ်ရှင်ဖြစ်တဲ့ အင်ဂိုလ်စတက်ဒ်ဟာ တန်းဆင်းဇုန်အဆင့် (၁၇) မှာရှိနေပြီး ဝုဖ်ဘတ်ကို
ဂိုးပြတ်ရှုံးခဲ့လို့ ခံစစ်ကြောင်းက ပေါက်ပြဲနေတာ သိသာတယ်။ သူတို့ဟာဒီပွဲမှာ ဘွန်ဒက်စ်
လီဂါပွဲစဉ်တစ်လျှောက် ပထမဆုံး ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တာဖြစ်လို့ အတော်ဆိုးဝါးတဲ့အနေ
အထားပါပဲ။ ဝါဒါဘရီမင်က အဆင့် (၈) မှာရပ်တည်နေပြီး စိုးရိမ်စရာတစ်ချက်ကတော့
ထိပ်တန်း ၁ဝ သင်းထဲမှာ ပေးဂိုး ၄၉ ဂိုးအထိရှိလို့ အများဆုံးဖြစ်နေတယ်။ ဝါဒါဘရီမင်နဲ့
နှစ်သင်းပေါင်း သွင်းဂိုးအများကို ရွေးချယ်သင့်တယ်လို့ထင်တယ်။

ဖရန့်ဖတ် – အော့စ်ဘတ်
စနေ၊ ည ၈းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ အော့စ်ဘတ် ၁–၁ ဖရန့်ဖတ်

ဖရန့်ဖတ်ဟာ ထိပ်ဆုံး ၁ဝ သင်းဝင်လာခဲ့ပြီး ၂၉ ပွဲမှာ ၂၉ ဂိုးပဲသွင်းနိုင်လို့ တစ်ပွဲတစ်ဂိုးနှုန်း
တော့သွင်းဂိုးရှိပါတယ်။ ဖရန့်ဖတ်တိုက်စစ်မှူးဖာဘီယန်ကို သတိထားရမှာဖြစ်ပြီး သူက
ပြိုင်ဘက်နောက်ခံလူတွေကို ကောင်းကောင်းဒုက္ခပေးနိုင်တယ်။ အော့စ်ဘတ်ကလည်း
အဆင့် (၁၆) မှာ ရှိနေပေမဲ့ သူတို့ရဲ့ နောက်ခံလူတွေရဲ့သွင်းဂိုးက တိုက်စစ်မှူးတွေထက်
တောင်မြင့်နေလို့ ဂိုးရဖို့ သိပ်မခက်ခဲလောက်ဘူး။ အဲဒီည အိမ်မှာ ထမင်းမစားတော့ဘူး။

မွန်ချင်ဂလက်ဘတ် – ဒေါ့မွန်
စနေ၊ ည ၁၁းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ ဒေါ့မွန် ၄–၁ ဂလက်ဘတ်

အဆင့် (၉) နေရာမှာရှိနေတဲ့ မွန်ချင်ဟာ သော်ဂန်ဟာဇက်ကို အားထားနေတယ်။
ဒီဘယ်လ်ဂျီယံသားဟာ မွန်ချင်အတွက် ၁ဝ၄ ပွဲကစားပြီး ၂၁ ဂိုး သွင်းပေးထားတယ်။
ဒေါ့မွန် အဆင့် (၄) နေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ်တစ်နေရာအတွက် ဟာသာ
ဘာလင်နဲ့ အပြိုင်အဆိုင်ဖြစ်နေလို့ အမှားခံလို့မရဘူး။ အူဘာမီယန်းရှိနေတဲ့ ဒေါ့မွန်က
ကြားရက်မှာ ချန်ပီယံလိဂ်ရှိနေတဲ့အတွက် ပွဲပန်းနေနိုင်တယ်။ ဒေါ့မွန်ရဲ့နောက်ခံလူဆိုကာ
ရာတစ်ဟာစွမ်းဆောင်ရည်ကောင်းနေပြီး ပြိုင်ဘက်တိုက်စစ်မှူးတွေရဲ့ထိုးဖောက်မှုတွေကို
ကောင်းကောင်း ဟန့်တားနိုင်တယ်။ ဒေါ့မွန်ဘက်က ရပ်တည်မယ်။

ဖရိုင်းဘတ် – လေဗာကူဆင်
တနင်္ဂနွေ၊ ည ၈းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ လေဗာကူဆင် ၁–၁ ဖရိုင်းဘတ်

ဖရိုင်းဘတ်က အဆင့် (၆) မှာရပ်တည်နေပြီး ၂၉ ပွဲမှာ ၃၆ ဂိုးသွင်းကာ ၅၁ ဂိုး ပြန်ပေးခဲ့ရ
တာကတော့ ခံစစ်ပိုင်းမှာ ပြောစရာဖြစ်နေတယ်။ လေဗာကူဆင်က အဆင့် (၁၂) ဇယား
အလယ်မှာ ဟိုမရောက် ဒီမရောက်ဖြစ်နေတယ်။ ဖရိုင်းဘတ်ကိုပဲ အားပေးချင်တယ်။

ရှော်လ်ကေး – လိုက်ပဇစ်
တနင်္ဂနွေ၊ ည ၁ဝးဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ လိုက်ပဇစ် ၂–၁ ရှော်လ်ကေး

ရှော်လ်ကေးဟာ ကြားရက်မှာ ယူရိုပါလိဂ်ပွဲကစားစရာရှိလို့ ပွဲပန်းနေနိုင်တာကို သတိပြုရ
မယ်။ ရှော်လ်ကေးမှာ ခါရာ၊ နယ်လ်ဒို၊ အမ်ဘိုလိုတို့ ပါဝင်ဖို့မသေချာဘူး။ လိုက်ပဇစ်က
ဖရိုင်းဘတ်ကို လေးဂိုးပြတ်သွင်းပြပြီး သူတို့တိုက်စစ်စွမ်းရည်ကို ထုတ်ပြခဲ့တယ်။ ပေါလ်
ဆင်၊ ဝါနာ၊ ကီတာ၊ ဒီယေဂိုဒမ်မီတို့ရဲ့ ခြေစွမ်းတွေကို သတိထားရလိမ့်မယ်။ သူတို့ဟာ
ပထမဆုံးတန်းတက်လာတဲ့ရာသီမှာပဲ ပထမဆုံး ချန်ပီယံလိဂ်ဝင်ခွင့်ရတဲ့အသင်းအဖြစ်
မှတ်တမ်းဝင်ခဲ့ပါပြီ။ ဒါဟာ သူတို့အတွက်တော့ စိတ်ဓာတ်၊ခွန်အား တက်ကြွစရာဖြစ်ခဲ့ပြီး
လိုက်ပဇစ်ရဲ့နောက်ဆုံးသွင်းယူတဲ့ ရှစ်ဂိုးက ငါးဂိုးဟာ ခေါင်းတိုက်ဂိုးတွေဖြစ်နေလို့ အမြင့်
ဘောတိုက်စစ်တွေကို ပိုင်နိုင်တဲ့သဘောရှိတယ်။ အဲဒီည ဂယ်လ်ဆင်ကာချန်ကွင်းမှာ
လိုက်ပဇစ်လို့ အကျယ်ကြီးအော်လိုက်မယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း