ဂေါက်သီးကစားသမားတွေအတွက် စည်းမျဉ်းစည်းကမ်းများ အသစ်ထုတ်ပြန်ရန် လိုအပ်သည်ဟု ဖဲလ်ဒိုပြောကြား

ဗြိတိသျှဂေါက်သီးကစားသမားကျော် နခ်ဖဲလ်ဒိုက ဂေါက်သီးရိုက်ပြိုင်ပွဲများတွင် အငြင်းပွား
မှုများ မကြာခဏဖြစ်နေမှုကို နောက်မဖြစ်စေရန်အတွက် ဂေါက်သီးအားကစား၏ ရှုပ်ထွေး
နေသည့်စည်းမျဉ်းစည်းကမ်းစာအုပ်ကို ကစားသမားများ လျင်မြန်စွာသိရှိနားလည်စေရန် 
လိုအပ်သည်ဟု ထင်မြင်ကြောင်းပြောကြားခဲ့သည်။

ယခုလအစောပိုင်းကကျင်းပခဲ့သော ANA Inspiration ပြိုင်ပွဲတွင် အမေရိကန်နိုင်ငံသူ
လက်ဇီသော့ပ်ဆန်ကို ယမန်နေ့က ဖြစ်စဉ်တစ်ခုကြောင့် လေးချက်ပို ပြစ်ဒဏ်ချမှတ်ခဲ့သည်။
သော့ပ်ဆန်သည် ယမန်နေ့က ကျင်းစိမ်သည့်အချိန်တွင် သူမဂေါက်သီးကို မူလနေရာနှင့်
တစ်ပေကွာပြီး မှားယွင်းအစားထိုးခဲ့သည်ကို တီဗီကြည့်ရှုသူတစ်ယောက်က တာဝန်ရှိသူ
များကို အီးမေးလ်ပို့ပြောကြားခဲ့သည်။ ထိုအဖြစ်အပျက်ကြောင့် သူ့ကို ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း
ဖြစ်သည်။

အမျိုးသားဂေါက်သီးအကျော်အမော်များဖြစ်သည့် ဖီးလ်မစ်ကယ်ဆန်နှင့် ရစ်ကီဖောင်လာ
တို့က တီဗီကြည့်သူတစ်ယောက်၏ ပြောစကားနှင့် ကစားသမားတစ်ယောက်ကိုပြစ်ဒဏ်
ပေးရန်မဆုံးဖြတ်သင့်ကြောင်း သော့ပ်ဆန်ဘက်က ခုခံပြောကြားခဲ့သည်။

စည်းကမ်းချိုးဖောက်မှုကို ဆုံးဖြတ်ပေးရမည့်သူက တာဝန်ရှိသူတွေပဲဖြစ်သည်ဟုလည်း
ပြောကြားသည်။

ယခုအခါ ဂေါက်အားကစားစည်းမျဉ်းများကို ကြီးကြပ်သည့် အဖွဲ့နှစ်ဖွဲ့ဖြစ်သော R&A
(Royal and Ancient) နှင့် အမေရိကန်ပြည်ထောင်စု ဂေါက်သီးအားကစားအဖွဲ့
R&A(Royal and Ancient) တို့က စည်းကမ်းချက်များပြောင်းလဲလိုက်သည်ကို ကြေညာ
ခဲ့ပြီး ထိုစည်းကမ်းသစ်များမှာ ရမှတ်ကတ်ပြားတွင် ရမှတ်များရေးသားပြီးဖြစ်ပါက အပြစ်
ဟောင်းများကို ပြန်လည်အပြစ်ဒဏ်ပေးခြင်းများ ပြုလုပ်၍မရကြောင်း၊ စည်းကမ်းထိန်းသိမ်း
ရေးအကြီးအကဲများကလည်း ကြည့်ရှုသူများ၏ စကားကို ဂရုစိုက်အာရုံပြုစရာမလိုအပ်
ကြောင်း ဆိုသည်။

'' ကစားသမားတွေက စည်းမျဉ်းစည်းကမ်းဆိုင်ရာဆွေးနွေးပွဲတွေ သွားဖို့လိုတယ်'' ဟု
ဖဲလ်ဒိုက တနင်္လာနေ့က ပြောကြားခဲ့သည်။

''Tour ပွဲတွေမှာ သက်ဆိုင်တဲ့စည်းမျဉ်းတွေဆိုလို့ စည်းမျဉ်းပေါင်းနှစ်ဒါဇင်ပဲရှိတယ်။ အဲဒါ
တွေကို ကစားသမားတွေသိအောင် အလျင်အမြန်ပြုလုပ်ရမှာဖြစ်ပြီး ကယ်ဒီတွေကလည်း
သိသင့်တယ်''ဟု ဖဲလ်ဒိုက ပြောကြားခဲ့သည်။

''အခုပြဿ    နာက ဘယ်လိုဖြစ်တာလဲဆိုတော့ ကျွန်တော်တို့တွေက မနက် ၈ နာရီစကစား
တဲ့အချိန်မှာ ကျွန်တော်တို့ကို ရိုက်နေတဲ့ကင်မရာတွေမရှိကြသေးဘူး။ ညနေ ၄ နာရီမှာ
ကစားဖို့ထွက်တဲ့အခါမျိုးဆိုရင်တော့ ကင်မရာတွေရှိတော့ စည်းမျဉ်းတွေက ပြောင်းသွား
တာပေါ့။ ဒီတော့ တူညီတဲ့စည်းမျဉ်းကို စထွက်ချိန်မတူတဲ့ အချိန်နှစ်ချိန်မှာစည်းကမ်းတွေကို
ချိုးဖောက်နိုင်တယ်။ ပထမချိုးဖောက်တဲ့အကြိမ်က တီဗီပေါ်မှာမြင်ရတဲ့အချိန်၊ နောက်
အကြိမ်က တီဗီမရိုက်မိတဲ့အချိန်မှာ၊ အဲဒီအခါ စည်းကမ်းတွေ၊ စီရင်တာတွေ မတူညီတဲ့
ဆုံးဖြတ်ချက်တွေ ဖြစ်ကုန်တာပေါ့''ဟု ဆက်လက်ပြောကြားသည်။


 

အေအက်ဖ်ပီ

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း